မြင်နေရတာက Desktop တွေမှာ အသုံးပြုတဲ့ Processor အမျိုးအစားဖြစ်ပါတယ်။ Processor က Heat(အပူ) ကို အေးအောင်လုပ်တဲ့အနေနဲ့ (Fan) ပန်ကာနဲ့အုပ်ထားပြီး အအေးခံပေးထားရပါတယ်။
Processor ဆိုတာ ကွန်ပျူတာရဲ့ ဦးနှောက်လို့ဆိုရင် ရပါတယ်။ Mouse က ကလစ်နှိပ်ပြီး ခိုင်းလိုက်တိုင်း၊ Keyboard က ရိုက်ထည့်လိုက်တိုင်း ဒါမှမဟုတ် ကိုယ်ကကွန်ပျူတာကို Function တစ်ခုခုလုပ်ဖို့ ခိုင်းလိုက်တိုင်း Processor က အဲဒီ Function ကို အလုပ်လုပ်ပေးတာဖြစ်ပါတယ်။
RAM (Random Access Memory)
RAM (ရမ်) ဟာဆိုရင် ကွန်ပျူတာထဲမှာ Data(အချက်အလက်)တွေကို ခဏတာ သိမ်းပေးထားတဲ့ နေရာဖြစ်ပါတယ်။ ကွန်ပျူတာကို Shut down လုပ်လိုက်ရင်၊ အကြောင်းတစ်ခုခုကြောင့် ကွန်ပျူတာပိတ်သွားရင် အဲဒီထဲမှာ ခဏတာ သိမ်းပေးထားတဲ့ အချက်အလက်တွေဟာ ပျောက်ဆုံးသွားတတ်ပါတယ်။ အလွယ်အားဖြင့်ပြောရင် Copy, Cut နဲ့ Paste လုပ်မယ့် အချက်အလက်တွေဟာ ဒီ RAM ထဲမှာ ခေတ္တသိမ်းဆည်းပေးထားတဲ့အတွက် ကွန်ပျူတာက အဲဒီအချက်အလက်တွေကို ကိုယ်ခိုင်းလိုက်တိုင်း မှတ်မိနေပြီး အလုပ်လုပ်ပေးတာဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ကွန်ပျူတာပိတ်သွားတဲ့အခါ အဲဒီ ကိုယ်ခိုင်းထားခဲ့တဲ့ အချက်အလက်တွေကို စက်ပြန်ဖွင့်ပြီးခေါ်လဲ ကွန်ပျူတာက မမှတ်မိတတ်ပါဘူး။ ဒါဟာ RAM ထဲမှာ ခေတ္တခဏ သိမ်းဆည်းပေးထားတဲ့ အချက်အလက်တွေ ဖြစ်နေလို့ပါ။ RAM ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေ၊ ဖိုင်တွေဟာ ယာယီသိမ်းဆည်းပေးထားတာသာဖြစ်ပြီး စက်ပိတ်တာနဲ့ ပျောက်သွားတတ်ပါတယ်။
Hard Drive
Motherboard
Video Card / Graphic Card
Video Card ကို Motherboard ရဲ့ Video Card Slot မှာ ထည့်ပြီးတဲ့အခါ Desktop အနောက်ဖက်မှာ Video Card ရဲ့ အပြာရောင် Port ကို မြင်နေရမှာ ဖြစ်ပါတယ်။
Audio Card / Sound Card
Power Supply
သူ့ရဲ့ Function ကတော့ မီးပလပ်ထိုးလိုက်တာနဲ့ ဆားကက်ကိုလာတဲ့ Voltage က ကွန်ပျူတာနဲ့ Processor အအေးခံထားတဲ့ ပန်ကာကို သွားအလုပ်လုပ်ပေးပါတယ်။ Desktop တွေမှာ Power Supply လုပ်ပြီး ပလပ်ပေါက်ထိုးထားမှ ကွန်ပျူတာတွေက အလုပ်လုပ်တာပါ။
CD / DVD Player
CD / DVD Player ဟာ CD / DVD တို့ ကြည့်ရုံအပြင် DVD ကို Burn ပြီး Create လုပ်လို့လဲရပါတယ်။ DVD ကို Burn ဖို့ဆိုရင် DVD Disc နဲ့ DVD Player ရှိဖို့ လိုပါတယ်။ DVD ပေါ်မှာ RW လို့ ဖော်ပြထားရင် (Rewritable) လို့ ဆိုလိုပါတယ်။ ဒါဆို DVD ကို Burn ပြီး Create လုပ်လို့ ရပါတယ်။
USB
ဓါတ်ပုံများကို Google Image ကနေ အသုံးပြုထားတာ ဖြစ်ပါတယ်။
စေတနာ(burmesehearts.com)
The Good Post...Bro
ReplyDelete