နက္ခတ္တဗေဒအခြေခံ (၁) ဆရာမင်း မှတ်စု
နက္ခတ္တဗေဒ တွင်
(၁) တွက်ချက်မှု(ဂဏိတ)နှင့်
(၂) ဟောပြောမှု (ဖလိတ) ဟူ၍ နှစ်ပိုင်းရှိသည်။
ကျွန်ုပ်အနေဖြင့် ၊ ဗေဒင်ဆောင်းပါးများကိုဗဟုသုတအနေဖြင့် လေ့လာလိုသော ဗေဒင်ဝါသနာရှင်များအတွက်
ကိုသာရည်ရွယ်၍ ဤနက္ခတ္တဗေဒအခြေခံကို ဖော်ပြမည် ဖြစ်ပါသဖြင့် တွက်ချက်မှုပညာ (ဂဏိတဗေဒ)ကိုချန်လှပ်၍
ဟောပြောမှုပညာ(ဖလိတဗေဒ) ၏ အခြေခံများကိုသာရေးသားဖော်ပြပေးပါမည် ။
အထူးသဖြင့် ကျွန်ုပ်ဖော်ပြနေသော “ကုန်းဘောင်မင်းဆက်ဇာတာတော်များ” ကို အချိန်တိုအတွင်း
လွယ်ကူစွာလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။
**************************************************************************************
ဤနေစကြာဝဠာတွင် Ecliptic ခေါ် နေ(sun)သွားရာ တစ်နှစ်ပတ် စက်ဝန်းလမ်းကြောင်းကို နောက်ခံကြယ်တာယာ
အစုအဝေး(နက္ခတ်)များအားအမှတ်အသားပြု၍ ၊ ၁၂ ပိုင်းညီညာစွာပိုင်းထားသည် ။
ကျွန်ုပ်တို့ ကမ္ဘာ ကို အလယ်ဗဟိုထားသောဤ စက်ဝန်းသည် ၃၆၀ံ (၃၆၀ အံသာ) ရှိ သောကြောင့် ၊ ၁၂ ပိုင်းညီညာစွာ
ပိုင်းသောအခါ ၊တစ်ပိုင်းကို ၃၀ံ (၃၀ အံသာ) စီရှိသော အပိုင်း ၁၂ ပိုင်း ရရှိသည်။
၎င်း ၃၀ံ ရှိသော အပိုင်းတစ်ခုကို တစ်ရာသီ ဟုသတ်မှတ်သည် ။ ထို့ ကြောင့် ၃၆၀ံ အတွက် ၁၂ ရာသီ စက်ဖြစ်ပေါ်လာသည် ။
ပုံ - ၁ -
မိဿ ရာသီမှ နာရီလက်တံပြောင်းပြန်(anticlockwise) ဦးတည်ဘက်အတိုင်းရေတွက်ပါသည်။ မိန်ရာသီနှင့်မိဿရာသီအစပ်သည် ၀ံ ဖြစ်သည်။ |
ရာသီအမည် ရာသီသင်္ချာသင်္ကေတ
မိဿ ဝ
ပြိဿ ၁
မေထုန် ၂
ကရကဋ် ၃
သိဟ် ၎
ကန် ၅
တူ ၆
ၿဗိစ ၦာ ၇
ဓနု ၈
မကာရ ၉
ကုမ် ၁၀
မိန် ၁၁
ဂြိုဟ်အမည် သင်္ချာသင်္ကေတ
တနင်္ဂနွေ (နေ) = ၁
တနင်္လာ (စန်း) = ၂
အင်္ဂါ = ၃
ဗုဒ္ဓဟူး = ၎
ကြာသပတေး = ၅
သောကြာ = ၆
စနေ = ဝ
ရာဟု = ၈ (အရိပ်ဂြိုဟ်)
ကိတ် = ၉
ကသစ်ဂြိုဟ်(ရာသီသခင်ဂြိုဟ်(သို့) အိမ်ရှင်ဂြိုဟ် )
မိဿရာသီမှစတင်၍ “စ ၊ သာ ၊ ရွှေ ၊ ကူ ၊ အင်း ၊ ဝ ၊ သူ ၊ ဆန် ၊ ဖြူ ၊ တ ၊ တင်း ၊ ပေး ” ဟု အလွယ်မှတ်သားနိုင်သည်။
ပုံ - ၂
လဂ်
ဇာတာခွင်တစ်ခုကိုကြည့်လျှင် “လ” ဟူသောအက္ခရာကို တွေ့မည်ဖြစ်သည် ။
“လ” သည် “လဂ်” ၏အတိုကောက်ဖြစ်သည် ။ လဂ် သည် ပေါ်ပေါက်ခြင်း ၊ စတင်ခြင်း ဟုအဓိပ္ပာယ်ရသော သက္ကဋစကားလုံး “လဂ္ဂဏ” ကိုအတိုကောက်ရေးထားခြင်းဖြစ်သည်။
ဗေဒင်ပညာတွင် “ဘဝစတင်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်သည် ။
မွေးဖွားချိန်အပေါ်မူတည်၍ တွက်ထားသော လဂ်ကို ဇနမလဂ် (တနည်း) ဥဒယလဂ် (တနည်း) မူလလဂ် ဟုခေါ်သည်။
အတန့်
လဂ် တည်သောရာသီမှ စတင်၍ ၁ တန့် ၊ ၂တန့် ၊ ၃တန့်……………………၊၁၂တန့် စည်ဖြင့် လက်ဝဲရစ် (anticlockwise)
အတိုင်းရေတွက်သည်။
ပုံ - ၃ -
ဘာဝ
ဤအတန့်များကို ပင် ဘာဝဟုအောက်ပါအတိုင်းအမည်သတ်မှတ်ထားပါသည်။
၁တန့်ဘာဝ = တနုဘာဝ ( ကျန်းမာရေး ၊ကိုယ်ခန္ဓာ၊ကိုယ်ရေးကိုယ်တာ၊အလုပ်ကိုင်၊သြဇာအာဏာ)
၂တန့်ဘာဝ = ကဋုမ္ဗဘာဝ ( အလုပ်အကိုင် ၊ စီးပွားဥစ္စာ ၊ အိမ်ထောင်ရေး၊စကားအပြောအဆို)
၃တန့်ဘာဝ = သဟဇဘာဝ (ညီအကိုမောင်နှမ ၊ ဆွေမျိုး ၊ရဲစွမ်းသတ္တိ)
၎တန့်ဘာဝ = ဗန္ဓုဘာဝ (မိခင် ၊ မိတ်ဆွေ ၊ အကြံအစည် ၊ အသည်း နှလုံး ၊
ပညာရေး၊နေအိမ်နှင့်မရွေှ့ပြောင်းနိုင်သောအရာ)
၅တန့်ဘာဝ = ပုတြဘာဝ (သားသမီး ၊ ပညာရေး ၊ ဘုန်းတန်ခိုး ၊ ပစ္စုပ္ပန်ဘဝကံပါရမီ )
၆တန့်ဘာဝ = အရိဘာဝ (ရန်သူ ၊အနှောက်အယှက်ခိုက်ရန်ဒေါသ၊အနာရောဂါ၊မိခင်ဘက်မှဦးလေး၊
ဒေါ်လေး )
၇တန့်ဘာဝ = ပထနီဘာဝ (လက်တပ်ခြင်း၊ အိမ်ထောင်ရေး ၊ အိမ်ထောင်ဖက်၏ကံကြမ္မာ ၊ သုခ)
၈တန့်ဘာဝ = မရဏဘာဝ (ဖျားနာခြင်း ၊ ရောဂါဝေဒနာခံစားရခြင်း ၊သေဆုံးခြင်း ၊နိုင်ငံခြားခရီး )
၉တန့်ဘာဝ = သုဘဘာဝ (ဖခင် ၊ဘာသာရေး ၊ အကျင့်စာရိတ္တ ၊ အတိတ်ကံပါရမီ ၊ဆရာ)
၁၀တန့်ဘာဝ = ကမ္မဘာဝ (အလုပ်အကိုင် ၊ အကြံအစည် ၊ ခရီးယာယီ ၊ မင်း အစိုးရနှင့်ပတ်သက်သောကိစ္စ ၊
နိုင်ငံရေးသြဇာအာဏာ၊ထင်ပေါ်ကျော်ကြားမှု)
၁၁ တန့်ဘာဝ = လာဘဘာဝ (လာဘ်ရွှင်ခြင်း ၊ လူချစ်လူခင်ပေါများခြင်း )
၁၂တန့်ဘာဝ = ဗျာယဘာဝ ( ပျက်စီးခြင်း ၊ ရောဂါခံစားရခြင်း ၊ စိတ်ဆင်းရဲမှုခံစားရခြင်း၊နိုင်ငံခြားခရီး )
(လောလောဆယ် ၁တန့်ဘာဝ ၊ ၂တန့်ဘာဝ၊ ၃တန့်ဘာဝ စသည့် ကိန်း များဖြင့်မှတ် လျှင်ရပါပြီ)
ဘာဝသခင်ဂြိုဟ်
ဘာဝသခင်ဂြိုဟ် ဆိုသည်မှာ ၁တန့် ၊ ၂တန့် ………၁၂တန့် ကျသော ရာသီ၏ ရာသီသခင်ဂြိုဟ်ပင်ဖြစ်သည် ။
ဥပမာ ၁ ။ ။ လဂ် တည်သောရာသီသည် ကရကဋ်ရာသီ ဖြစ်ပါက
၁ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂) (ကူ) ကရကဋ်
၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁) (အင်း) သိဟ်
၃တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) ( ဝ ) ကန်
၎ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ ) တူ
၅ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) ( ဆန် ) ဗြိစ္ဆာ
၆ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) (ဖြူ) ဓနု
၇တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တ ) မကာရ
၈တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တင်း) ကုမ်
၉ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) ( ပေး ) မိန်
၁၀ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) (စ) မိဿ
၁၁ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) (သာ) ပြိဿ
၁၂ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) (ရွှေ) မေထုန်
ဥပမာ ၂ ။ ။ လဂ် တည်သောရာသီသည် သိဟ်ရာသီ ဖြစ်ပါက
၁တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁) (အင်း) သိဟ်
၂တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) ( ဝ ) ကန်
၃တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ ) တူ
၎ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) ( ဆန် ) ဗြိစ္ဆာ
၅ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) (ဖြူ) ဓနု
၆ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တ ) မကာရ
၇ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တင်း) ကုမ်
၈ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) ( ပေး ) မိန်
၉ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) (စ) မိဿ
၁၀ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) (သာ) ပြိဿ
၁၁ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) (ရွှေ) မေထုန်
၁၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂) (ကူ) ကရကဋ်
၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
================================================================
ဥစ် နှင့် နိစ်
ြ၈ိုဟ်များနှင့် ၄င်းတို့၏ ဥစ်ရာသီများ၏
တနင်္ဂနွေ ၏ ဥစ်ရာသီ မှာ မိဿ ၊
တနင်္လာ ၏ ဥစ်ရာသီ မှာ ပြိဿ
အင်္ဂါ ၏ ဥစ်ရာသီ မှာ မကာရ ၊
အင်္ဂါ ၏ ဥစ်ရာသီ မှာ မကာရ ၊
ဗုဒ္ဓဟူး ၏ ဥစ်ရာသီ မှာ ကန်
ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
သောကြာ ၏ ဥစ်ရာသီ မှာ မိန်
စနေ ၏ ဥစ်ရာသီ မှာ တူ ၊
စနေ ၏ ဥစ်ရာသီ မှာ တူ ၊
ရာဟု ၏ ဥစ်ရာသီ မှာ မေထုန် နှင့်
ကိတ် ၏ ဥစ်ရာသီ မှာ ဓနု ရာသီ သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
(ကောင်း ၊ အောင် ၊သာ ၊ ဘယ် ၊ ညာ ၊ လက် ၊နှင့် ၊ ရေး )ကိတ် ၏ ဥစ်ရာသီ မှာ ဓနု ရာသီ သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
ဟု အလွယ် မှတ်နိုင်သည်။
(ကောင်း ၊ အောင် ၊သာ ၊ ဘယ် ၊ ညာ ၊ လက် ၊နှင့် ၊ ရေး ) |
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
ဥစ်၏ဆန့်ကျင်ဘက်သည် နိစ် ဖြစ်သည် ။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
တနင်္ဂနွေ ၏ နိစ်ရာသီ မှာ တူ ၊ တနင်္လာ ၏ နိစ်ရာသီ မှာ ဗြိစ္ဆာ
အင်္ဂါ ၏ နိစ်ရာသီမှာ ကရကဋ် ၊ ဗုဒ္ဓဟူး ၏ နိစ်ရာသီ မှာ မိန်
ကြာသပတေး ၏ နိစ်ရာသီ မှာ မကာရ ၊ သောကြာ ၏ နိစ်ရာသီ မှာ ကန်
စနေ ၏ နိစ်ရာသီ မှာ မိဿ ၊ ရာဟု ၏ နိစ်ရာသီ မှာ ဓနု နှင့်
ကိတ် ၏ နိစ်ရာသီ မှာ မေထုန် ရာသီ အသီးသီး ဖြစ်ကြပါသည် ။
(ပုံတွင်ရှု )
ကသစ် ၊ဥစ် နှင့် နိစ် ဂြိုဟ်များသည် ပုံသေဖြစ်ပါသည်။
အလွတ်မရသေးလျှင် ရာသီစက်နှင့်တိုက်ကြည့်ပါ ။
ဥပစ္စည်းအိမ်(ဥပစယ အိမ်)
လဂ် မှ ၃ တန့် ၊ ၆ တန့် ၊ ၁၀ တန့် ၊၁၁ တန့် ဘာဝ တို့ကို ဥပစ္စည်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို ဥပစ္စည်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
ကိန်းအိမ်
လဂ်မှ ၁ တန့် ၊ ၄တန့် ၊ ၇ တန့် ၊ ၁၀ တန့် ဘာဝ များကို ကိန်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
ကိန်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ ကိန်းအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၄)ခုသည် စတုရန်းပုံဖြစ်နေပါလိမ့်မည် ။
တြိကောဏအိမ်
လဂ်မှ ၁ တန့် ၊ ၅ တန့် ၊ ၉တန့် ဘာဝ များကို တြိကောဏအိမ် ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
တြိကောဏအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ တြိကောဏအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၃)ခုသည် တြိဂံပုံ ဖြစ်နေပါလိမ့်မည် ။
ဥပစ္စည်းအိမ်ရှင်၊ ကိန်းအိမ်ရှင် ၊ တြိကောဏအိမ်ရှင် ဂြိုဟ်များသည် လဂ်တည်သောရာသီအလိုက်ပြောင်းလဲနေမည်ဖြစ်သည် ။
၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
ဆက်လက်ဖော်ပြပါမည်။
********************************************************************************************
နက္ခတ္တဗေဒအခြေခံ ( ၂ )
ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် နှင့် ဂြိုဟ်သမ္ဗန္ဓ
ဂြိုဟ်ပူး (၁) ယေဘုယျအားဖြင့်လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များ
ရာသီဇာတာ၌ တစ်ရာသီတည်းတွင်အတူတကွရှိကြလျှင် ယင်းတို့ကို ပူးသည်ဟု ဆိုနိုင်ပါသည်။
(၂) အတိအကျ ဆိုရလျှင် လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
ဂြိုဟ်များတစ်ရာသီတည်းတွင်အတူတကွရှိကြ၍ ၄င်းတို့၏ အံသာခြားနားချက်မှာ ၈ အံသာ
(တချို့ဆရာများက ၁၀ အံသာ ) အတွင်းရှိမှ ၄င်းတို့ကို ပူးသည်ခေါ်သည်။
( မည်သို့ဆိုစေဂြိုဟ်တို့သည်တစ်လုံးနှင့်တစ်လုံးအံသာနီးလေပေူးပေါင်းမှုအားကောင်းလေလေဖြစ်သည်။)
(၃) လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များသည်ရာသီဇာတာ၊နဝင်းဇာတာနှစ်ခုစလုံးတွင် တစ်ရာသီတည်း၌ အတူတကွရှိကြ
လျှင် ပူးပေါင်းမှု အားကောင်းဆုံးဖြစ်သည် ။
ဂြိုဟ်မြင်
ဤနေရာတွင် မြင်မှုအားနည်းသော ၁ပါဒ် ၊ ၂ပါဒ် ၊ ၃ပါဒ် အမြင်များကို ချန်လှပ်၍ မြင်မှုအားကောင်းသော ရာနှုန်းပြည့် ၄ ပါဒ် အမြင်ကိုသာ ဖော်ပြပါမည် ။
တနင်္ဂနွေ မှ စနေ ဂြိုဟ် အထိ ဂြိုဟ်(၇)လုံးသည် ၁၂ရာသီစက်ဝန်းကို လက်ဝဲရစ် လှည့်ပတ်ကြသည်။ ထို့ကြောင့်ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင် ၄င်းတို့ရပ်တည်သောရာသီအိမ်မှစတင်၍ လက်ဝဲရစ်အတိုင်း ၁တန့် ၊ ၂တန့် စသည်ဖြင့် ရေတွက်ရပါမည် ။
(က) တနင်္ဂနွေ မှ စနေ အထိ ဂြိုဟ် (၇)လုံးသည် မိမိရပ်တည်သည့်ရာသီမှ (၇)တန့်ဘာဝ(သမသတ်ရာသီ) ကိုလည်းကောင်း၊ ၄င်းရာသီ၌ ရပ်တည်သော ဂြိုဟ်များနှင့် လဂ်ကိုသော်လည်းကောင်း (၄) ပါဒ်ပြည့် အမြင်ဖြင့် မြင်ကြလေသည် ။
(ခ) အင်္ဂါဂြိုဟ်သည် (၄)တန့်ဘာဝ နှင့် (၈)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏ ။
(ဂ) ကြာသပတေးဂြိုဟ်သည် (၅)တန့်ဘာဝ နှင့် (၉)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
(ဃ) စနေဂြိုဟ်သည် (၃)တန့်ဘာဝ နှင့် (၁၀)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
ဂြိုဟ်တို့၏ အမြင်ကင်းသော ဘာဝတို့ မှာ ၁တန့် ၊ ၂ တန့် ၊ ၆ တန့် ၊ ၁၁ တန့် နှင့် ၁၂ တန့် တို့ဖြစ်ပါသည် ဂြိုဟ်အမြင်များကို မှတ်မိလွယ်စေရန် အောက်ပါဇယား ကို ကြည့်ပါ ။
(င) ရာဟု ဂြိုဟ်သည် ၁၂ရာသီစက်ဝန်းကို လက်ယာရစ် လှည့်ပတ်သည်။
ထို့ကြောင့် ရာဟုဂြိုဟ်၏ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင်
၎င်းရပ်တည်သောရာသီအိမ်မှစတင်၍ လက်ယာရစ်အတိုင်း ၁တန့် ၊ ၂တန့်
စသည်ဖြင့် ရေတွက်ရပါမည် ။
ရာဟုဂြိုဟ်သည် ၅တန့် ၊ ၇တန့် ၊ ၉တန့် ၊ ၁၂တန့် ဘာဝတို့ကိုလည်းကောင်း ၊
၎င်းဘာဝတို့တွင်ရပ်တည်သော လဂ်နှင့်တကွ ဂြိုဟ်တို့ ကိုလည်းကောင်း (၄)ပါဒ်မြင်၏ ။
ဂြိုဟ်ပူးထက် ဂြိုဟ်မြင်က ပို၍ အားကောင်းပါသည်။
(၁)နာရီ ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
နက္ခတ္တဗေဒအခြေခံ ( ၃ )
ဂြိုဟ်သမ္ဗန္ဓ(ဂြိုဟ်အချင်းချင်းဆက်သွယ်မှု)
ဂြိုဟ်သမ္ဗန္ဓ (၄)မျိုးရှိသည် ။
(၁) ဂြိုဟ်၂လုံးသည် ရာသီအိမ်ချင်းဖလှယ်၍ ရပ်တည်ကြလျှင် ၄င်းဂြိုဟ် ၂ လုံးတို့ ပထမသမ္ဗန္ဓပြုကြသည် ။ (ပုံ တွင်ရှု)
တနင်္ဂနွေသည် ကြာပတေးပိုင်မိန်ရာသီတွင်ရပ်တည် ၍ ကြာသပတေးသည် တနင်္ဂနွေပိုင် သိဟ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္ဂနွေနှင့် ကြာသပတေး တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-တနလာင်္သည် အင်္ဂါပိုင်မိဿရာသီတွင်ရပ်တညိ၍ အင်္ဂါသည် တနင်္လာပိုင် ကရကဋ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္လာ နှင့် အင်္ဂါ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-ထိုနည်းတူစွာ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
(၂) ဂြိုဟ်နှစ်လုံးတို့သည် တစ်လုံးကိုတစ်လုံး အပြန်အလှန်၎ပါဒ်အပြည့်မြင်ကြလျှင်
၎င်းဂြိုဟ်၂လုံးသည်သည် ဒုတိယသမ္ဗန္ဓပြုကြသည် ။
(ပုံ တွင်ရှု)
-တနင်္လာ နှင့် သောကြာ တို့သည်အချင်းချင်း သမသတ်(၇တန့်)အမြင်ဖြင့် အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--အင်္ဂါသည် စနေကို ၄တန့် ဖြင့်လည်းကောင်း ၊ စနေသည် အင်္ဂါကို ၁၀တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--ကြာသပတေး သည် ရာဟုကို ၉တန့် ဖြင့်လည်းကောင်း ၊ ရာဟုသည် ကြာသပတေးကို ၅တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
မိမိရာသီ၌ရပ်တည်သော ဂြိုဟ်ကိုမမြင်လျှင် ၄င်းဂြိုဟ်၂လုံးသည် တတိယသမ္ဗန္ဓ ပြုသည် ။
(ပုံ တွင်ရှု)
- ကြာသပတေး က တနင်္ဂနွေကို မြင်၍ တနင်္ဂနွေက သြပတေးကိုမမြင်ပါ ။
ထို့ကြောင့် ကြာသပတေး နှင့် တနင်္ဂနွေ တတိယသမ္ဗန္ဓ ပြုသည် ။
- စနေ က တနင်္လာကိုမြင်၍ တနင်္လာက စနေကိုမမြင်ပါ ။
ထို့ကြောင့် စနေ နှင့် တနင်္လာ တတိယသမ္ဗန္ဓ ပြုသည် ။
(၄) ဂြိုဟ်၂လုံးသည် တစ်ရာသီတည်း၌ အတူရှိကြလျှင် ၄င်းတို့သည်စတုတ္ထသမ္ဗန္ဓပြုကြသည်။
ယုဂ် များ (YOGAS )
ဂြိုဟ်တို့၏ ရပ်တည်ခြင်း ၊ ပူးခြင်း ၊ မြင်ခြင်း ၊ သမ္ဗန္ဓပြု ခြင်း တို့ကိုအကြောင်းပြု၍ “ ယုဂ် ”
ဖြစ်ပေါ်လာသည် ။
ရာဇယုဂ် ရသော ဇာတာရှင်သည် ကာလ ၊ဒေသ အကြောင်းကိစ္စအားလျှော်စွာ
ထင်ပေါ်ကျော်ကြားခြင်း ၊ လူအများ၏ကြည်ညို လေးစားခြင်း ၊ ပူဇော်ခံရခြင်း ၊
စည်းစိမ် သုခနှင့်ပြည့်စုံခြင်း ၊ ကိုယ် စိတ် နှစ်ပါး ချမ်းသာခြင်း ၊ အခြွေ
အရံ များခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ အကျိုးကိုဆောင်ရွက်ခြင်း၊ ၊
မိတ်ဆွေ အပေါင်းအသင်းတို့၏ ချီးမြှင့် မြှောက်စားမှုကို ခံယူရခြင်း
စိတ်သဘောထားပြည့်ဝခြင်း ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊
ပညာဥာဏ်အမြော်အမြင်ရှိခြင်း ၊ မည်သည့်ပညာရပ်မဆို လွယ်ကူစွာတတ်မြောက်ခြင်း၊
ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခေါင်းဆောင်ဖြစ်ရခြင်း ၊ အမျိုး၌ထင်ပေါ်ခြင်း ၊
စသည့်အကျိုးများခံစားရလေသည် ။
စသည့်အကျိုးများခံစားရလေသည် ။
ဗြို့ ဟဇ်ဇာတက ကျမ်းပြု ဝရဟမိဟိရ ၏အလိုရ ရာဇယုဂ်များ
၁။ မွေးဖွားချိန်တွင် ဂြိုဟ် (၂)လုံး သို့မဟုတ် (၃) လုံးသည် မိမိဥစ် အိမ် ၊ သို့မဟုတ်
ကသစ်အိမ်တွင်ရပ်တည်ကြပြီး တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ
အနေအထားရှိလျှင် မင်းမျိုး ဖြစ်ပါက မင်းဖြစ်လိမ့်မည် ။
၂ ။ မွေးဖွားချိန်တွင် ဂြိုဟ်-၅လုံးနှင့်အထက်သည် မိမိဥစ် အိမ် ၊ သို့မဟုတ် ကသစ်အိမ်တွင်ရပ်တည်ကြပြီး
တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ အနေအထားရှိလျှင် မင်းမျိုးမဟုတ်သူပင်
မင်းဖြစ်လိမ့်မည် ။ ဂြိုဟ် ၅-လုံးထက်နည်းလျှင် ပစ္စည်းဥစ္စာ ချမ်းသာမည် ။ မင်းကားဖြစ်မည်မဟုတ်ပေ ။
၃။ မွေးဖွားချိန်တွင် +တနင်္ဂနွေဂြိုဟ်သည် လဂ် စန်းနှင့်အတူ မိဿရာသီတွင်ရပ်တည်၍ အင်္ဂါဂြိုဟ်သည်
ဥစ်အိမ် တွင်လည်းကောင်း ၊ စနေဂြိုဟ်သည် ကုံရာသီတွင်လည်းကောင်း ၊ ကြာသပတေးဂြိုဟ်သည်
ဓနုရာသီတွင်လည်းကောင်း ရပ်တည်ကြလျှင် မင်းသားသည် မင်းဖြစ်လိမ့်မည် ။
၎။ မွေးဖွားချိန်တွင် သောကြာဂြိုဟ်သည် ၄-တန့်ဘာဝ မိမိပိုင်အိမ်တွင်လည်းကောင်း ၊ တနင်္လာဂြိုဟ်သည်
၉-တန့်ဘာဝ ၊ကျန်ဂြိုဟ်များသည် ၁တန့် ၊၃ တန့် ၊၁၁တန့်ဘာဝများတွင်လည်းကောင်းရပ်တည်ကြလျှင်
ဇာတာရှင်သည် မင်းဖြစ်လိမ့်မည်။
၅ ။ မွေးဖွားချိန်တွင် အားရှိသော သောမဂြိုဟ်တစ်လုံးသည် လဂ်တွင်ရပ်တည်၍
အခြားသောမဂြိုဟ်တစ်လုံးသည် ၄-တန့်ဘာဝတွင်ရပ်တည်ပြီး ကျန်ဂြိုဟ်များသည် ၂တန့် ၊ ၃တန့် ၊
၆တန့် ၊ ၉တန့် ၊ ၁၀တန့် ၊ ၁၁တန့် ဘာဝတွင်ရပ်တည်ကြလျှင် မင်းမျိုးဖြစ်ကမင်းဖြစ်လိမ့်မည် ။
၆ ။ မွေးဖွားချိန်တွင် စန်း သည် လဂ်နှင့်အတူ ပြိဿရာသီတွင်ရပ်တည်၍ စနေဂြိုဟ်သည် ၆တန့်ဘာဝတွင်
လည်းကောင်း အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်း ရပ်တည်ကြလျှင်
ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၇။ မွေးဖွားချိန်တွင် ကြာသပတေးဂြိုဟ်သည် ၄တန့်ဘာဝတွင်လည်းကောင်း တနင်္ဂနွေဂြိုဟ်နှင့်
တနင်္လာဂြိုဟ်တို့သည် ၁၀တန့် ဘာဝ ၊ စနေဂြိုဟ်သည် ၁တန့်ဘာဝ တွင်လည်းကောင်း
၈။ မွေးဖွားချိန်တွင် တနင်္လာဂြိုဟ်သည် ၁၀တန့် ၊ စနေဂြိုဟ်သည် ၁၁တန့် ၊
ကြာသပတေးဂြိုဟ်သည် ၁တန့် ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူးဂြိုဟ်
တို့သည် ၂ တန့် ၊ တနင်္ဂနွေနှင့် သောကြာဂြိုဟ်တို့သည် ၄တန့်ဘာဝ များတွင် ရပ်တည်ကြလျှင်
ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၉။ မွေးဖွားချိန်တွင် အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ၁တန့် ၊ တနင်္လာဂြိုဟ်သည် ၄ တန့် ၊
ကြာသပတေးဂြိုဟ်သည် ၇တန့် ၊သောကြာဂြိုဟ်သည် ၉တန့် ၊ တနင်္ဂနွေဂြိုဟ်သည် ၁၀တန့် ၊
ဗုဒ္ဓဟူးဂြိုဟ်သည် ၁၁တန့် ဘာဝများတွင်ရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
(ဗြို့ဟဇ်ဇာတက ကျမ်း မှ ကောက်နှုတ်ထားပါသည် )
တခြားကျမ်းများမှဖော်ပြသောရာဇယုဂ်များကိုလက်လှမ်းမီသမျှ စုစည်း၍ ဆက်လက်ဖော်ပြပေးပါမည် ။From : http://www.lwintmgmg.com
0 comments:
Post a Comment