Comments

Showing posts with label ဗေဒင်ကဏ္ဍ. Show all posts
Showing posts with label ဗေဒင်ကဏ္ဍ. Show all posts

Monday, August 6, 2012

လက္ခဏာ ဗေဒင်လေ့လာကြမယ်

 ကျွန်တော် တင်ပြထားသော  အချက်များမှ တစ်ချက်ခြင်းစီကို မဟုတ်ပဲ အားလုံးပေါင်းစပ်ပြီး မိမိဘယ်လိုလူမျိုးလဲ ဆိုတြာ့ကည့်ပါ။ 
၁။လေးထောင့်လက်ဖ၀ါး
 လက်ကောက်ဝတ်တွင် ၄င်း ၊ လက်ချောင်းများတွင်၎င်း၊ လေးထောင့်ပုံသဏ္ဍန်ရှိသည်။                     တာဝန်နှင့်အလုပ်ကို တိတိကျကျ ဇွဲသန်သန်နဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်တယ် ။                       ရှည်လျှားသောလက်မရှိ၍ ပထမဆစ်ကျစ်လစ် စေပါက စီးပွား ၊ပညာ၊ တရားဥပဒေ၊ ဆရာဝန်၊စသည်တို့ တတ်ကျွမ်း၍ တင့်တယ်စွာနေရခြင်း။
၂။ ၀ိုင်းသောလက်ဖ၀ါး
      ကျယ်ပြန့်၍၀ိုင်းပြီး၊ လက်ချောင်းအဖျားများ အရင်းထက်ပို၍ကျယ်ပြန့် လျှက်ရှိသည်။ အလုပ်နှင်လက်နှင့်မပြတ် လုပ်ရတတ်သည်။ သူတစ်ပါးက လုပ်ကိုင်ပေးသော်လည်းမရ၊  မိမိကိုယ်တိုင်လုပ်ရမှ စိတ်ကျေနပ်သည်။ ဇွဲနှင့် လုပ်ကိုင်တတ်၍ အလုပ်အကိုင်အောင်မြင်မည်။
၃။ရှည်သောလက်
       ကျဉ်းမြောင်း၍ ရှည်လျှားသောလက်ပုံစံရှိ ပြီး လက်ချောင်းသေးသိမ် ၍ ရှည်လျှားသည်။ လုံလ၀ရိယ    ညဏ်ပညာ နည်းတတ်သည်။ သူတစ်ပါးကိုအားကိုးသည်။ ဇွဲသတ္တိမရှိ ၊အောင်မြင်မှုနည်းပါးတတ်သည်။
၃။ ကတော့ချွန်လက်ဖ၀ါ
      အရင်းဘက်ကျယ်၍ အဖျားဘက် ကတော့သဏ္ဍန်ချွန်တက်သွားသည်။ အလှအပနှစ်သက်၊ ပန်းချီ၊ အနုပညာ၊ ဂီတ၊ နှစ်သက်မည်။
၎။ နူးညံ့သည့်လကိဖ၀ါး
               စိတ်သိမ်မွေ့၊ပြေပြစ်စွာ ပြောဆိုတတ်သည်။ ညာဏ လုပ်သား ကောင်း၊ သူတစ်ပါးကိုသြဇာပေး၍  ခိုင်းစားရမည်။
၅။ ကြမ်းတမ်းသောလက်ဖ၀ါး
              စိတ်နေမြင့်ခက်ထန် ၊ အလုပ်ကိုမိမိကိုယ်တိုင် လုပ်ကိုင်တတ်၊ ပစ်စည်းဥစ်စာ ရှိပေမယ့် အငြိမ်မနေတတ် ဇွဲသတ္တိရှိ သဖြင့် အစစအောင်မြင်မည်။
၆။ လက်ချောင်းသည် ရှိသင့်သည်ထက်ပိုရှည်လျှင်
               (သူတစ်ပါးအပေါ်သြဇာ တိကမ ရှိခြင်း၊ တိုနေပါမူ အကြံမအောင်တတ်)
 ၇။ လက်ခလယ်ရှည်မူ
                  ပညာသင်ရာ၌ လုံလ၀ီရိယ ရှိခြင်း ၊ တိုနေပ်မူ ကြမ်းတမ်းစွာလုပ်ကိုင်ရ တတ်သည်။     လက်ခလယ်ရှည်လွန်းလျှင် လည်း ငွေကြေးအတွက် ပူပန်ရတတ်တယ်၊
၈။ လက်သူကြွယ်
                   ကောက်ကွေးနေပါမူ အသိညဏ်ပညာ ကောင်း၊ လက်ဖ၀ါးထက်လက်ချောင်းများရှည်နေလျှင် အသ်ပညာညဏ်ထူးကဲ တိုနေပါမူ ညဏ်ပညာနည်းပါး။
၉။ ပုတိုသောလက်မ
                 တင်းပုတ်နှင့်တူသောကြောင့် ဒေါသမချုပ်တည်းနိုင်၍ ရာဇ၀တ်မှု ကျူးလွန်တတ်သည်။ (များသောအားဖြင့် ရာဇ၀တ်သားများတွင် တွေ့ရသည်)
၁၀။လက်ညိုးနှင်လက်မကြား…..ကျယ်ပြန့်နေမူ ဇွဲ သတ္တိရှိခြင်း ။
၁၁။ လက်မ ….ဒုတိယအဆစ်ပျော့ပြောင်းမူ လူအများနှင့် ပြေပြစ်စွာ ဆက်ဆံတတ်သဖြင့် အောင်မြင်မှုကိုရမည်။ 
 (အဆင်ပြေကြပါစေ) (နောက် ကဏ္ဍ များတွင် ဗေဒင် လက္ခဏာ အကြောင်းများကို ဆက်လက်တင်ပေူပါမည်..)
အားလုံးပဲရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ..။(YTZK*)
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Labels