ဘယ်သူလိုချင်လည်းပေါ့ လူတော်များများကတော့လိုချင်ကြောင်း လက်ထောင်ပြတယ်
ဟောပြောသူက ဒေါ်လာ(၂၀)တန်ကိုလုံးချေပြီး ဘယ်သူယူမလည်းမေးပြန်တယ်
ပရိတ်သတ်ကြီးကတော့ယူကြမယ့် လူတွေချည်းပဲလေ
ဒါနဲ့ပဲ ဒေါ်လာ(၂၀)တန်ကိုခြေထောက်နဲ့ နင်းခြေလိုက်တယ် ညစ်ပေသွားအောင်လုပ်လိုက်တယ်
ဘယ်သူယူဦးမလဲ မေးလိုက်တော့ပရိတ်သတ်ကြီးက ယူမယ်လို့ပဲဖြေကြတယ်
ဘယ်လိုအနေထားမှာပဲဖြစ်ဖြစ်ဒေါ်လာ(၂၀)ဟာ(၂၀) ပါပဲ ၊ဘယ်လိုပဲ ညစ်ပေသွားပါစေ တန်ဖိုးမလျော့သွားပါဘူး
ဒါကိုဆိုလိုချင်တာပါ ၊ လူ့ဘ၀ခရီးလမ်းပေါ်မှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေဟာ
ဘယ်လိုပဲမှားမှား ဘယ်လိုပဲမှန်မှန် ဘယ်လိုပဲဖြစ်ဖြစ် သင်က သင်ပါပဲလို့ဆိုလိုတာပါ၊
ညစ်ပေနေတဲ့အ၀တ်အစားဝတ်ထားလည်း သင်က သင်ပါပဲ
ကောင်းမွန်တောက်ပြောင်နေတဲ့ အ၀တ်အစားတွေ ၀တ်ထားလည်းသင်က သင်ပါပဲ လို့ဆိုလိုတာပါ။
0 comments:
Post a Comment