“အိုင်..” တကမ္ဘာလုံးက သတင်းအချက်အလက်ကို သင့် လက်တစ်ဝါးစာလောက်ရှိတဲ့ အရာဝတ္တုလေးက ရယူပေးနိုင်စွမ်းရှိမလားလို့ လွန်ခဲတဲ့ နှစ် ၂၀ လောက်ကမေးခဲရင်.. ပေါကြောင်ကြောင်မေးခွန်းလို့ လူတိုင်းပြောကြမှာပါ။ ကိုက်ရာတစ်ချက်နဲ့ ပန်းသီးရဲ့ ဖုန်းလေးကို စတိဂျော့က ထုတ်လိုက်တော့ ဖုန်းလောက ကမောက်ကမဖြစ်သွားခဲ့တယ်…။ လူတိုင်း အိုင် အိုင် အိုင်… အိုင် တစ်ခေတ်ဖြစ်လာခဲ့တယ်။ အိုင်ဖုန်း၊ အိုင်ပတ် ဒီလိုနဲ့ အိုင်လောကကြီးထွန်းကားလာခဲ့တယ်။ အိုင်မှ မကိုင်နိုင်ရင် ခေတ်မမှီတော့သလိုမျိုး လူတိုင်း အိုင် ကို လိုချင်လာကြတယ်။ ဈေးကွက်ထဲမှာ ပန်းသီးက အသစ်ထုတ်လိုက်ပြီဆိုတာနဲ့ တန်းစီပြီးတော့ကို ၀ယ်ကြရတယ်။ ကျွန်တော်တို့ ၀ယ်ရတဲ့ ဈေးတွေကလည်း ဖုန်းတစ်လုံးအတွက် ၆ သိန်းခွဲလောက်ပေးနေရတယ်။ ဒီတော့ အိုင်ဖုန်း တစ်လုံးထုတ်လုပ်မှု့ စရိတ် ဘယ်လောက်ကုန်ပါသလဲ? အောက်မှာတော့ ကုန်ကျစရိတ်ခန့်မှန်းချက်လေးတွေကို techngagets နဲ့ isuppli တို့မှာတွေ့လို့ အိုင်ဖုန်း 4s နဲ့ အိုင်ဖုန်း 4 တို့ရဲ့ ထုတ်လုပ်မှု့ ကုန်ကျစရိတ်ကို ဖော်ပြပေးလိုက်ပါတယ်။ ဟင်.. ဒီလောက်ပဲလားလို့တော့ တွေးချင်ရင်တွေးကြမှာပေါ့လေ။ သို့ပေမယ့် တီထွင်မှု့နောက်ကွယ်က ကုန်ကျစရိတ်တွေ၊ ရင်းနှီးမြှုပ်နှံမှု့တွေ၊ ကြော်ငြာစရိတ်တွေ၊ အလုပ်သမားခတွေ ဒါတွေ ထည့်သွင်းတွက်ချက်လိုက်ရင်တော့ ဒီထက်မက ကုန်ကျစရိတ်များမှာပါ။ သို့ပေမယ့် အိုင် ကတော့ အောင်ပွဲခံနေဆဲပါပဲ…
Source : Link 1
0 comments:
Post a Comment