Comments

Tuesday, June 5, 2012

သွားကြဦးမလား ဘူဂေးရီယားရဲ့ နှင်းဆီပွဲတော်


          ဘူဂေးရီးယားနိုင်ငံ ကာဇန်လခ်မြို့ကလေးဟာ နှင်းဆီတွေကြောင့် နာမည်ကြီးပါတယ်။  ဒီမြိုကလေးမှာ နာမည်ကြီးတာကတော့ နှင်းဆီတောင်ကုန်းလေးလို့ခေါ်တဲ့ Rose Valley ပါ။  ဒီတောင်ကုန်းလေးပေါ်ကို သင်သွားလိုက်ရင် နှင်းဆီစိုက်ခင်းတွေနဲ့ မွှေးမြမြနှင်းဆီရနံလေးတွေက သင့်ကို လွှမ်းခြုံထားမှာ ဖြစ်ပါတယ်။  ဘူဂေးရီးယားက နှင်းဆီတွေဟာ ရနံမွှေးပျံလှတာမို့ နိုင်ငံတကာက ရေမွှေးထုတ်လုပ်သူတွေက ၀ယ်ယူကြပါတယ်။  တကမ္ဘာလုံးမှာတော့ ဘူဂေးရီယားနိုင်ငံဟာ နှင်းဆီတင်ပို့မှု့အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးတော့ အဆိုပါ ကာဇန်လခ်မြို့ကလေးကတော့ နှင်းဆီစိုက်ပျိုးထုတ်လုပ်မှု့အများဆုံးပါတဲ့။
          ဒီမြို့လေးရဲ့ ထူးထူးခြားခြားပွဲတော်ကတော့ နှင်းဆီပွဲတော်ဖြစ်ပါတယ်။  ဇွန်လရဲ့ ပထမပတ်ဆိုရင်တော့ နှင်းဆီတွေလှိုင်လှိုင်ပွင့်ပါပြီ။  ဒီအချိန်မှာတော့ အရောင်စုံ၊ ရနံစုံလှတဲ့ နှင်းဆီပန်းတွေကို သင်တစ်နေ့၊ တစ်မျိုး မရိုးရအောင်ကို တွေ့ရမှာပါ။  နှင်းဆီပွဲတော်ကလေးမှာ အထူးခြားဆုံးကတော့ နှင်းဆီဘုရင်မကို ရွေချယ်တာပါ။  သူတို့ မြို့ကလေးရဲ့ အချောဆုံးသော မိန်းကလေးကို နှင်းဆီသခင်မ အဖြစ်တင်မြှောက်ကြတာပါပဲ။
          ၁၉၀၃ ခုနှစ်ထဲက စခဲ့တဲ့ ဒီ နှင်းဆီပွဲတော်လေးဟာ ခုဆိုရင် နှစ်ပေါင်း ၁၁၀ ရှိပါပြီ။  နှစ်စဉ်နှစ်တိုင်း နှင်းဆီပွဲတော်ရက်ဆိုရင် တစ်ကမ္ဘာလုံးက အလည်အပတ်လာရောက်ကြတဲ့လူတွေနဲ့ စဉ်ကားလေ့ရှိပါသတဲ့။  ကဲ.. နှင်းဆီပွဲတော်လေးကို ဓာတ်ပုံထဲကတစ်ဆင့် သွားကြရအောင်လား…..

၂၀၁၂ ဇွန်လ ၃ရက်နေ့၊ နှင်းဆီပွဲတော်မှာ ကခုန်နေကြတဲ့ ဘူဂေးရီယား လုံမငယ်များ
နှင်းဆီခြင်းလေးတွေကိုင်လို့ နှင်းဆီတောင်ကုန်းပေါ်ကို လမ်းလျှောက်လာကြတဲ့ ဘူဂေးရီးယား သူလေးတွေ
သူလေးကတော့ ၂၀၁၂ နှင်းဆီပွဲတော်ရဲ့ နှင်းဆီဘုရင်မဘွဲ့ကို ရရှိသူလေးပါ။
Share:

Related Posts:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts