ဂဏန်းကို ရေစင်အောင်ဆေး၊ သန့်ရှင်းရေးလုပ်ပြီးတော့မှ ရေနွေးနဲ့ အရင်ပြုတ်ပါတယ်။ အချိန် ခဏတာပြုတ်ပါတယ်.
ကျွန်မက ဂဏန်းကို ဆီသတ်ပြီး မချက်ဘဲ အဆာပလာ အားလုံးထည့်နယ်ပြီး ချက်တဲ့နည်းနဲ့ ချက်ပါတယ်။ ပြုတ်ပြီး ဂဏန်းများကို ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်း၊ ငရုပ်သီးစိမ်းများများထောင်း၊ ခရမ်းချဉ်သီးတစ်လုံး တောက်တောက်စင်းထည့်၊ ဆီ အနည်းငယ်၊ နံနံ၊ ပင်စိမ်း၊ဖက်ဖယ်စတဲ့ ဟင်းခတ်ရွက်တွေထည့်၊ တိုကျန်ခေါ် တရုတ်ပဲငပိ အနည်းငယ်၊ ဆား၊ အရသာမှုန့်များထည့်ပြီး နယ်ပါတယ်။
အဆာပလာ အားလုံးစုံရင် ရေထည့်ပြီး တည်လိုက်ပါတယ်။မကြာခင်မှာတော့ အနံ့လေး မွှေးလာပါပြီ။
ဂဏန်းတွေကျက်လို့ ချကာနီပြီဆိုတော့မှ သံပုရာသီး မိမိနှစ်သက်တဲ့ ပမာဏကို အရည်ညှစ်ပြီး ရောမွှေလိုက်ပါတယ်။
ဂဏန်းကိုမကြာခင်
သံပုရာနံ့လေး မွှေးနေတဲ့ ဂဏန်းချဉ်စပ်ပါ။
ဂဏန်းချဉ်စပ်
အရင်က ချက်စားဖြစ်တဲ့ ဂဏန်းကို မဆလာလေးနဲ့ ချက်နည်းကတော့ ပထမဦးဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ပါတယ်။ ပြီးတာနဲ့ဂဏန်းတွေကို ထည့်၊ မကျည်သီးအနှစ်အရည်ကိုထည့်ပြီး မဆလာလေးအုပ်ကာ ချက်ထားတာပါ။
ဒါကတော့ ဂဏန်း မဆလာချက်ပါ။
အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
0 comments:
Post a Comment