Comments

Thursday, June 28, 2012

အရောင်းသမားကောင်း


အမေရိကန်နိုင်ငံ New York မြို့တော်မှာ ကုန်တိုက်အကြီးကြီးတစ်ခု ရှိတယ်။ ဘယ်လောက်ထိကြီးလည်းဆိုတော့ အဲဒီ ကုန်တိုက်ထဲမှာ အပ်ကစ လေယာဉ်ပျံ အထိဝယ်လို့ရတယ်တဲ့။ တစ်နေ့မှာတော့ အဲဒီကုန်တိုက်ကို ကုလားလေးတစ်ယောက်က အလုပ်လာလျှောက်ပါလေရော။ အဲဒီတော့ ထုံးစံအတိုင်းသူဌေးမင်းက အင်တာဗျူးတာပေါ့။ သူဌေးမင်းက သူစိတ်တိုင်းကျ မေးမြန်းပြီးတော့မှ ကုလားလေးကို အိုကေ ဒါဆိုရင် မင်းမနက်ဖြန်ကစပြီး ငါ့ကုန်တိုက်မှာ အလုပ်စဆင်းတော့လို့ ပြောလိုက်ပြီးအလုပ်ခန့်လိုက်တယ်။ နောက်နေ့မနက် လည်းရောက်ရော ကုလားလေးက ကုန်တိုက်ကြီးမှာ အရောင်းစာရေးလေး အဖြစ်နဲ့လုပ်ငန်းခွင် ဝင်နေပါပြီ။ ဒီလိုနဲ့ကုလားလေးက သူ့ရဲ့ တစ်နေ့တာအလုပ်ချိန်ကို ပင်ပန်းကြီးစွာနဲ့ ကြိုးစားဖြတ်ကျော်လာတာ ညနေအလုပ်ဆင်းချိန်တောင် ရောက်မှန်းမသိရောက်လာပါသတဲ့။ အဲဒီအချိန်ကျတော့ သူဌေးကြီးက သူ့ကုန်တိုက်ထဲကို လှည့်လည်စစ်ဆေးရင်း လမ်းမှာ မနေ့ကသူအလုပ်ခန့်လိုက်တဲ့ ကုလားလေးနဲ့ဆုံမိပါလေရော ဒါနဲ့သူဌေးကြီးက ကုလားလေးကို "ဘယ်လိုလည်း ဒီနေ့အလုပ်လုပ်ရတာအဆင်ပြေရဲ့လား?" လို့မေးလိုက်တယ်။ ကုလားလေးက အရမ်းညိုးငယ်တဲ့မျက်နှာလေးနဲ့ "ဟုတ်ကဲ့ ပြေပါတယ် သူဌေးမင်း" လို့ပြန်ပြောတာပေါ့။ ဒါနဲ့သူဌေးက "မင်းဒီနေ့ ဈေးဝယ်ဘယ်နှစ်ယောက်လောက်ကို ရောင်းပေးလိုက်နိုင်လည်း" လို့မေးတော့ကုလားလေးက ခုဏကထက် ညိုးငယ်တဲ့မျက်နှာသေလေးနဲ့ "ကျွန်တော်ဒီနေ့ ဈေးဝယ်တစ်ယောက်ထဲကိုပဲ ရောင်းလိုက်ရလို့ စိတ်မကောင်းဖြစ်နေတာပါ" လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ သူဌေးမင်းက ထကောပါလေရော မင်းအရမ်းညံ့တဲ့ကောင်ဘဲ ငါကုန်တိုက်ထဲမှာရှိတယ့် သူတွေအားလုံး တစ်နေ့ကို ဈေးဝယ်အယောက် ထောင်နဲ့သောင်းနဲ့ချီပြီးရောင်းပေးနေတယ့် အချိန်မှာမင်းက တစ်ယောက်ကိုပဲ ရောင်းနိုင်တယ်ဆိုတော့ မင်းလောက်ညံ့တဲ့ကောင် ငါ့ကုန်တိုက်မျာမရှိဖူးသေးဘူး လို့ပြောပါသတဲ့။ ဒါနဲ့ကုလားလေးလည်း မျက်နှာငယ်လေးနဲ့ သူဌေးမင်းကိုတောင်းပန် ရှာတာပေါ့ ဒါနဲ့သူဌေးနဲနဲစိတ်ပြေသွားပြီး ကုလားလေးကို "မင်းဆီကိုလာဝယ်တဲ့ တစ်ဦးတည်းသော ဈေးဝယ်ကို မင်းဘယ်လောက်ဖိုး ရောင်းပေးလိုက်တုန်း" လို့ထပ်မေးလိုက်တယ်။ ဒီတော့ကုလားလေးက လေသံတိုးတိုးလေးနဲ့ "ဒေါ်လာသန်း နှစ်ရာ့ငါးဆယ်ဖိုးပါ သူဌေးမင်း" လို့ဖြေလိုက်တယ်။ စကားလည်းဆုံးရော သူဌေးမင်းက အရမ်းအံ့သြသွားပြီး "ဟေ............ ဒေါ်လာသန်း ၂၅၀ ဟုတ်လား မင်းဈေးဝယ် တစ်ယောက်ထဲကို ဒေါ်လာသန်း ၂၅၀ ဖိုးလုံးဘယ်လို ရောင်းလိုက်တုန်းဆိုတာ ငါ့ပြောပြပါလား" ဆိုတော့ ကုလားလေးက"ဟုတ်ကဲ့သူဌေးမင်း... ... ... အဲဒီဈေးဝယ်ကိုစစချင်းကျွန်တော် ငါမျှားချိတ်အသေး စရောင်းပေးပါတယ် ပြီးတော့ အဲထက်နဲနဲဆိုက်ကြီးတယ့် ငါမျှားချိတ်ရောင်းပေးပါတယ်. . . နောက်ဆုံးငါးမန်း တွေကိုဖမ်းနိုင်တယ့် ငါ့မျှားချိတ်အထိ ဆက်တိုက်ရောင်းပေးလိုက်ပါတယ် ငါမျှားချတ်ပြီးတော့ ငါမျှားကြိုးရယ် ငါးမျှားတန်ရယ် ကိုလည်းဆိုက်အသေးဆုံးကနေစပြီး ဆိုက်အကြီးဆုံးထိ ဆက်ရောင်းပေးလိုက်ပါတယ် ပြီးတော့ကျွန်တော်က ဈေးဝယ်ကို ခင်ဗျားငါးကိုကမ်းစပ်ကနေ မျှားချင်တာလား ပင်လယ်ထဲ သွားမျှားချင်တာလား လို့မေးတော့ ဈေးဝယ်က ပင်လယ်ထဲမှာ မျှားချင်တယ်ဆိုတာနဲ့ ကိုယ်ပိုင်မော်တော် မရှိသေးတယ့်ဈေးဝယ်ကို မော်တော်ဘုတ်တစ်စင်း ထပ်ရောင်းပေးလိုက်တယ်ဗျာ။ ဖြစ်ချင်တော့ ကျွန်တော်ရောင်းလိုက်တဲ့ မော်တော်က အရမ်းလေးနေတော့ ဈေးဝယ်ရဲ့ကားက မော်တော်ကိုမဆွဲနိုင်တော့ ကျွန်တော်က ဈေးဝယ်ကို ခင်ဗျားကားက ဟောင်းနေပြီ ပြီးတော့ခင်ဗျားငါးမျှားထွက်တိုင်း မော်တော်ကို ဆွဲဖို့ကားကောင်းကောင်း တစ်စင်းလောက် လိုမယ်ထင်တယ်နော် လို့အကြံပေးလိုက်ပြီး ဈေးဝယ်ကို ကားအသစ်တစ်စီး ထပ်ရောင်းပေးလိုက်ပါတယ်။ ပြီးတော့ကျွန်တော်က ဈေးဝယ်ကို ခင်ဗျားငါးမျှားရင် ပင်လယ်ထဲမှာပဲ မော်တော်ပေါ်မှာအိပ်မှာလား ကမ်းစပ်ပေါ်မှာ အိပ်ချင်လားလို့ထပ်မေးကြည့်တော့ ဈေးဝယ်က ကမ်းစပ်ပေါ်မှာအိပ်ချင်တယ်ဆိုတာနဲ့ကျွန်တော်တို့ ကုန်တိုက်ကဆောက်ထားတဲ့ ပင်လယ်ကမ်းစပ်ဘေးက တိုက်တစ်လုံးကို ထပ်ရောင်းပေးလိုက်ပါတယ်။ ပြီးတော့တိုက်က အသစ်စက်စက် ဆိုတော့ အိမ်အတွက်လိုအပ်တယ့် ပရိဘောဂ တွေ တီဗွီ ၊ ရေခဲသေတ္တာ ၊ အဲကွန်း ၊ ဂြိုလ်တုစလောင်း ကအစ အိုးခွက်ပန်းကန် ၊ ခုတင် ၊ မွေ့ယာ ၊ ခြေသုတ်ဖုံ အဆုံး ရောင်းပေးလိုက်ပါတယ်။ ပြီးတော့ သူငါးမျှားထွက်တယ့်အချိန်မှာ စားဖို့သောက်ဖို့ စားသောက်ကုန်တွေ ကိုလည်း ထပ်ရောင်းပေးလိုက်ပါတယ်။" လို့လည်းပြောလိုက်ရော အရမ်းအံ့သြနေတဲ့သူဌေးက ဝမ်းသာအားရနဲ့ မင်းတော်တယ်ကွာ ခုဏက ငါမင်းကိုအပြစ်တင် စောသွား တာ တောင်းပန်တယ်ကွာသိလား ဒီငါးမျှားချိတ်လေးလာဝယ်တယ့် ဈေးဝယ်ကို ဒေါ်လာသန်း ရာချီပြီး ရောင်းနိုင်တယ့်မင်းလို အရောင်းစာရေးမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး လို့ချီးကျူးတဲ့အခါ ကုလားလေးက သူ့သူဌေးမင်းကို "သူဌေးမင်းခင်ဗျာ တစ်ကယ်တော့ဈေးဝယ်က ငါမျှားချိတ်လာဝယ်တာမဟုတ်ပါဘူး" လို့ပြောသတဲ့ ကုလားလေးစကားလည်းကြားရော သူဌေးမင်းက မျက်မှောင်ကြီးကုပ်ပြီး "ဟေ.. ဒါဆိုဘာလာဝယ်တာတုန်း" လို့ပြန်မေးသတဲ့။ ဒီတော့မှ ကုလားလေးကလည်း အဖြစ်မှန်ကို ရှင်းပြတာပေါ့"တစ်ကယ်တော့ ဈေးဝယ်က သူ့မိန်းမအတွက် မိန်းမတွေ ရာသီသွေးလာရင် သုံးတဲ့ ဂွမ်းထုပ်လာဝယ်တာပါ ဒါနဲ့ကျွန်တော်က ဈေးဝယ်ကို ဆရာ..... ဆရာ့မိန်းမ ရာသီသွေး လာနေတယ်ဆိုတော့ ဆရာတစ်ပါတ်လောက်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတော့ အပြင်းပြေ ငါးမျှားထွက်ပါလားလို့အကြံ ပေးလိုက်ရင်းနဲ့ သန်း ၂၅၀ ဖိုးရောင်းလိုက်ရတာပါ" လို့လည်းပြောလိုက်ရော သူဌေးကြီးက အိုကေ မနက်ဖြန်ကစပြီး မင်းငါ့ထိုင်ခုံမှာထိုင်နိုင်ပြီ။ ငါမင်းလက်အောက်မှာ အလုပ်လုပ်တော့မယ်ဆိုပြီး ကုလားလေးကို သူ့ဆရာတင်လိုက်သတဲ့ကွယ်။ ပုံပြင်လေးကတော့ဒါပါပဲကွယ် ....ဒီအရောင်းသမားကောင်းဆိုတဲ့ပုံပြင်လေးကို ကျွန်တော့ အစ်ကိုတစ်ယောက်ပြောပြထားတာပါ ကျွန်တော်အရမ်းကြိုက်လို့ အားလုံးဖတ်ရစေရန် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ အားလုံးကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ (ဖတ်သူများမျက်စေ့ ညောင်းစေရန်ရည်ရွယ်၍ လက်ညောင်းခံရေးသားသည် ------ လဝန်းညို) အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ (လဝန်းညို) :)
Share:

1 comment:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Blog Archive