Sunday, April 1, 2018
Home »
» ၀က်သားစားစောလွန်းခဲ့တယ်.....
ဝက်သားစားစောလွန်းခဲ့တယ်.....
တစ်ခါတုန်းက ရွာတစ်ရွာမှာအောင်အောင်
နဲ့ကျော်ကျော်ဆိုတဲ့ အလွန်ချစ်ကြတဲ့သူငယ်
ချင်းနှစ်ယောက်ရှိကြတယ်။
သူတို့ကနေ့စဉ်တောထဲသွားသစ်ခုတ်ပြီး ရွာထဲ
ကထင်းလိုအပ်တဲ့အိမ်တွေကို ပြန်လည်ရောင်းချ
တဲ့အလုပ်နဲ့အသက်မွေးနေကြသူတွေဖြစ်ပါတယ်။
အောင်အောင်က၀က်သားဆီပြန်ဟင်းအလွန်ကြိုက်
လို့ တစ်ပတ်ကို ၃ ရက်လောက်အိမ်မှာချက်စားလေ့
ရှိပေမယ့် ကျော်ကျော်ကတော့ နေ့တိုင်းလိုလိုပင်
ငရုတ်သီးစိမ်းနဲ့ ဆားတို့ကာ ထမင်းစားလေ့ရှိပါတယ်။
တစ်ခါတစ်လေတော့ ကျော်ကျော်က ပဲဟင်းနဲ့ထမင်း
စားလေ့ရှိတယ်။
ကျော်ကျော်ထမင်းစားနေတာကိုကြည့်ပြီးအားမလိုအားမရ
ဖြစ်နေတဲ့အောင်အောင်က ကျော်ကျော်ကို "မင်းပိုက်ဆံရှာ
နေတာသုံးဖို့မဟုတ်ဘူးလား၊ ကိုယ့်အတွက်တောင်ကိုယ်မ
သဒ္ဒါဘဲဘာလို့စုနေတာလဲ မင်းတကယ်လို့ မတော်တဆတစ်
ခုခုဖြစ်သွားရင် မင်းစုထားတာတွေမသုံးရဘဲနေတော့မှာပဲလို့"
ပြောတဲ့အခါ ကျော်ကျော်ကတော့ပြုံးနေတယ်လေ။....
ဒီလိုပြောပြီး ၅ နှစ်လောက်အကြာမှာပဲကျော်ကျော်မြို့ကိုထွက်
သွားတော့တယ်...အဲ့ဒီနောက်တော့ကျော်ကျော်သတင်းကိုအောင်
အောင်အစအနပင်မကြာရတော့ပေ...
ဒီလိုနဲ့ အောင်အောင်လည်းအိမ်ထောင်တွေကျ သားတွေသမီးတွေ
ရနဲ့ပေါ့....နောက်ငါးနှစ်လောက်ကြာတော့ အောင်အောင်ကျန်းမာ
ရေးကသိပ်မကောင်း စီးပွားရေးကလည်းအဆင်မပြေ အရင်လိုအလုပ်
မလုပ်နိုင်တော့ဘူး။ ဒါနဲ့မြို့မှာဆေးတက်ကုရင်း ရွာမှာထင်းခုတ်ဖို့လို
အပ်တဲ့ ပစ္စည်းမြို့မှာဝယ်မယ်ဆိုပြီး ဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်။
အဲ့ဆိုင်ကတော်တော်ကြီးတယ့်အပြင် ပစ္စည်းတွေကလည်းအခြားဆိုင်
ထက်စုံ ရောင်းသူကလည်းဖော်ရွှေတယ်ဆိုတော့ ၀ယ်ယူသူတွေလည်း
ကြိတ်ကြိတ်တိုးနေပါတယ်။
အောင်အောင်ကိုတွေ့တွေ့ချင်းပဲ ဆိုင်ရှင်ကပြုံးပြပြီး "မိတ်ဆွေဘာဝယ်
မလိုလဲ လိုအပ်တာအားလုံး ဒီမှာရှိပါတယ်လို့" ဆိုတယ်။
အောင်အောင်က "ဒီမှာထင်းခုတ်ဖို့အတွက် ဓားကောင်းကောင်းလေးတစ်
လက်လောက်လိုချင်လို့ပါ"လိုဆိုရင်ပဲ အမျိုးအစားစုံလင်လှပတဲ့ ဓားများ
ကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည်နဲ့ လိုက်ရှင်းပြပါတယ်။
ဓားတွေက သိပ်ကောင်းကြသလို ဈေးတွေကလည်းကြီးတော့အောင်အောင်
ပါတဲ့ ပိုက်ဆံလေးကိုတွက်ရင်း စိတ်မကောင်းစွာနဲ့ဆိုင်ကလှည့်ထွက်ဖို့ပြင်
ရပါတော့တယ်။
သူဆိုင်ကနေအထွက်မှာပဲ ဆိုင်ရှင်က "မိတ်ဆွေ ယူချင်ရင် ပိုက်ဆံပေးစရာ
မလိုပါဘူး။ ကျွန်တော်အခမဲ့ပေးလိုက်ပါ့မယ်။ မိတ်ဆွေကျုပ်ကိုမမှတ်မိဘူး
လားသေချာကြည့်စမ်းပါဦးဗျာ" လို့ပြောပါတယ်။
အောင်အောင်က အသားခပ်လတ်လတ် သားနားတည်ကြည်တဲ့ ပိုင်ရှင်ကိုကြည့်
ရင်း စိတ်မရှိပါနဲ့ဗျာ ကျွန်တော်ခင်ဗျားကို ဘယ်လိုမှမမှတ်မိလို့ပါ..ခင်ဗျားဘယ်
သူလဲလို့ပြန်မေးလိုက်တယ်။
ဆိုင်ရှင်လဲ အဲ့ဒီအခါမှာတော့ စိတ်ကိုထိန်းချုပ်မထားနိုင်တော့ဘဲ မျက်ရည်တွေနဲ့
"သူငယ်ချင်း ငါမင်းအချစ်ဆုံးသူငယ်ချင်း ကျော်ကျော်လေကွာ" ဆိုပြီးဖက်ငိုလိုက်
တယ်။
မင်း..မင်း...ကျော်ကျော်..တကယ်ပဲလား...၀မ်းသာလိုက်တာကွာ မင်းအခုလို
ချမ်းချမ်းသာသာနဲ့ ငါမြင်ရတော့ ငါအရမ်းပျော်တယ်သူငယ်ချင်း "မင်းနဲ့ငါ
အလုပ်အတူတူလုပ်ခဲ့တာပါကွာ ပိုက်ဆံလည်း သုံးလောက်ရုံပဲရတာ ဒါနဲ့မင်း
ဘယ်လိုချမ်းသာသွားတာလဲ ငါသိလို့ရမလား" လို့အောင်အောင်ကမေးလိုက်
တယ်။
ကျော်ကျော်က "အလုပ်အတူတူလုပ်တော့ ငါဆားနဲ့ ငရုတ်သီးကိုထမင်းနဲ့ရော
စားခဲ့တာမှတ်မိလား..အဲ့ဒါငါပိုက်ဆံစုနေတာကွ...နောင်တစ်ချိန်အရောင်းအ၀ယ်
လေးတစ်ခုလုပ်မယ်လို့စိတ်ကူးထားလို့ပါ။ မင်းဝက်သားအရမ်းကြိုက်တာသိလို့
ငါအဲ့ဒီအချိန်တုန်းကပြောမထွက်ခဲ့ဘူးကွာ" အခုငါတို့အိမ်မှာ မင်းကြိုက်တဲ့ဝက်
သားဆီပြန်ဟင်းချက်ထားတယ် အခုငါနေတိုင်းဝက်သားဟင်းစားနိုင်ပြီလေကွာ။
အခုငါတို့အတူ စားရအောင် အားမနာရဘူးနော်....လို့ဆိုပြီးထမင်းစားဝိုင်းကိုခေါ်
သွားတယ်။
ထမင်းစားဝိုင်းမှာ ကျော်ကျော်နဲ့ အောင်အောင်ထမင်းစားရင်း အောင်အောင်တစ်
ယောက်အတွေးထဲ စကားတွေပြောနေမိတယ်။ "ကျော်ကျော်ရယ်...ငါဝက်သား
စားစောလွန်ခဲ့တယ်ကွာ"..............
ဒီပုံပြင်ထဲကလိုပဲ ကျွန်တော်တို့ဘ၀မှာ အခုအချိန်အထိ ဘယ်လောက်တောင်
ဝက်သားစားတွေစောခဲ့ပြီလဲတွေးနေမိပါတော့တယ်။
Writer : Future Myanmar Leader(Mr.KyawSwar)
(မှတ်ချက်။ ငယ်ငယ်ကကျွန်တော်ဘကြီးပြောပြခဲ့တဲ့
ပုံပြင်တစ်ပုဒ်အားမှတ်မိသလောက် အနီး
စပ်ဆုံးပြန်ရေးခြင်းဖြစ်ပါတယ်)
0 comments:
Post a Comment