Comments

Monday, August 6, 2012

`ရူပသျှတ္တရ ဂမီရ ပညာ´ အင်္ဂါရုပ်ဖတ်နည်း(ဗေဒင်ပညာ)



ယောက်ကျာ်းမိန်းမ မခွဲခြားပဲ လူတိုင်းအတွက်ပါ.။..လွန်စွာ အသုံးတည့်မည်ထင်သောကြောင့် ကျွန်တော့်တတ်သိထားတဲ့ ပညာရပ်များကို ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ လက္ခဏာနှင့်ပတ်သတ်၍ လည်းသိရှိလိုလျှင်လည်း ပြန်လည်ဖြေကြားပေးမည်ဖြစ်သောကြောင့် လိုအပ်လျှင်ဆက်သွယ်နိုင်ပြီး မလိုအပ်လျှင်လည်းဘေးပုံထားနိုင်ပါသည်။ ဗေဒင်နှင့်ပတ်သတ်ပြီးတော့လည်းဆက်သွယ်နိုင်ပါသည်။ သို့ပေမယ့် ကျွန်တော်မအားလပ်ပါသဖြင့် ထိရောက်မှုရှိသော အနည်းငယ် အဖြေကိုသာဖြေကြားပေးပါ့မည်ဟု ပြောဆိုလိုပါသည်ခင်ဗျာ။*  junkichan@gmail.com သို. ဆက်သွယ်နိုင်ပါသည်။ 
ချမ်းသာခြင်းကိုပြသော အဓိကသော့ချက်သည် `နှာခေါင်း´ဖြစ်သည်။
`လင်းယုန်နှာခေါင်း၊
ကျောက်ပေါက်မျက်နှာ
၊ပါးမွှေးမပါ၊
ရှောင်ပါဝေးဝေးချမ်းသာရေး။´
လင်းယုန်နှာခေါင်း၊ကျောက်ပေါက်မျက်နှာ၊ပါးမွှေးမပါ၊သူတိုကိုရှောင်ရန်ဟူသော အချက်မှာ  တရုတ်ရှန်မီယင် ပညာ၇ှင်များ၏ တိုက်တွန်းထားချက်များဖြစ်သည်။
လင်းယုန်နှာခေါင်းရှိသူတို့၏ ဗီဇစရိုက်သည် ရက်စက်ခြင်း ၊သနားကြင်နာမှုနည်းခြင်း ရှိ၏။
ထို့ကြောင့်လင်းယုန်နှာခေါင်းရှိသူတို့သည်။ ကြင်နာမှုနည်းခြင်းရက်စက်တတ်ခြင်း ဗီဇကိုမချိုးနှိမ်နိုင်ခဲ့လျှင်  အသက်ကြီးပိုင်းမှာ အဖော်မဲ့ အထီးကျန်ဘ၀ဖြင့် နိဂုံးချုပ်ရလိမ့်ပါမည်။
နှာခေါင်းနှင့်ပတ်သတ်၍ ရှင်းပြပါ့မည်။
-ကြောင်နှာခေါင်းနှင့်တူမူ………..ပညာရှိတတ်၏။
- သစ်နှာနှင့်တူမူ…………. အမှုပြီးစီးအောင်ဆောင်ရွက်တတ်၏။
- သမင်နှာနှင့်တူမူ ………….ကြွယ်ဝတတ်သည်။
- နှာပွမူ………….ကြမ်းကြုတ်တတ်သည်။
- နှာပိန်မူ …………ယုတ်မာသည်။
- နှာဖြူမူ………ပညာကြီးသည်။
၎င်းသည် `သုတသန္ဒိစယမူကျမ်း´ မှ အဓိပါယ် ဖွင့်ဆိုဖော်ပြချက်ဖြစ်သည်။
       လူတစ်ယောက်၏ မျက်နှာဥပဓိရုပ်သည် လွန်စွာအရေး ကြီးသည်။ လူလူချင်းတွေ့ကြလျှင် မျက်နှာကိုအရင်ကြည့်ကြသည်..။ အကဲခတ်လေ့လာကြသည်။ ၄င်းမျက်နှာပိုင်ရှင်၏ စိတ်နေစိတ်ထား အကျင့်စရိုက်နှင့် ၄င်း၏ကုသိုလ်ကံ ကြိုတင်နိမိတ်ဖတ် ဟောပြောနိုင်မည်ဖြစ်သည်။  

ထို့ကြောင့် မျက်နှာကို စိတ်၏ကြေးမှုံဟု တင်စားခေါ်ဆိုခြင်းဖြစ်သည်။
(့Ye Tay Za Kyaw*) (YTZK*) ရွင်လန်းချမ်းမြေ့ကြပါစေ။
Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Blog Archive