Comments

Friday, June 29, 2012

Windows 7 ကို USB Drive ဖြင့်အလွယ်တကူတင်နည်း


ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..

 အရင်ဆုံး Flash Drive ကနေ Windows 7 မတင်ခင် လိုအပ် တာလေးတွေကို ပြောပြပေး သွားပါမယ်..
1. Windows 7  image ISO  File
2. USB Drive  ( 4 GB )
3.WinToFlash  Software တို့လိုအပ် မှာဖြစ်ပါတယ်..

ကျွန်တော်တို့ Windows 7 image ISO File မရှိသေးတဲ့ သူများကတော့ ဒီအောက် ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Collection ဆိုပြီး တင်ပေးထားတာ ရှိပါတယ်.. မိမိတို့ တင်ချင်တဲ့ Windows အမျိုးအစား ကိုရွေးပြီးတော့ သာဒေါင်းလော့ ချသွားလိုက်ပါ..

Windows 7 Collection  Download 

Windows ခွေကို ဒေါင်းလော့ချပြီးရင် အောက်ကပုံ မှာပြထားသလို ဖိုင်ဖြည်လိုက်ပါ.. ပြီးရင်အဲ့ဒီ Folder လေးကို Partation တစ်ခုထဲမှာ ထည့်ထားပေးပါ..


 အောက်ကပုံမှာ ပြထားသလို Folder လေးပေါ်လာပါလိမ့်မယ်..


အောက်ကပုံကတော့ ပေါ်ကပြထားတဲ့ ဖိုဒါထဲမှာပါတဲ့ Windows setup File တွေပဲ ဖြစ်ပါတယ်..


နောက်တစ်ချက် USB Flash Drive ကတော့ မိမိတို့ အစီအစဉ်နဲ့ ၀ယ်မယ်ဆိုရင်လဲ ၀ယ်လိုက်ပါ..။ ဒါမှမဟုတ် သူငယ်ချင်းဆီက ယူပြီးငှားသုံးမယ် ဆိုရင်လဲသုံးပါ အဆင်ပြေသလိုသာ လုပ်ပါ.. USB Drive ( 4 GB ) ဆိုအဆင်ပြေပါတယ် 

နောက်တစ်ချက် WinToFlash ကိုတော့ သူရဲ့မူရင်း ဆိုဒ်မှာသွားပြီး ဒေါင်းလော့ ချရင်လဲရပါတယ်..ကျွန်တော် အောက်မှာလဲ တင်ပေးထားတာရှိပါတယ်..


WinToFlash  Download


Download Ifile.itDownload MediafireDownload Multiupload

ကျွန်တော်အပေါ် မှာပြောခဲ့တဲ့ အဆင့်သုံးဆင့် ကိုပြင်ဆင်ပြီး  သွားပြီဆိုရင်တော့ Windows 7 ကို USB Drive မှဘယ်လို Install လုပ်ရမယ်ဆိုတာကို အောက်မှာတစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်..

အရင်ဆုံး ဒေါင်းလော့ချထားတဲ့ WinToFlash လေးကိုမိမိတို့ရဲ့ စက်မှာ Run ပေးလိုက်ပါ..

 
အောက်ကပုံ အတိုင်းပေါ် လာပြီဆိုရင်တော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ပြထားသလို အဆင့်ဆင့် လုပ်ပေး လိုက်ပါ..




ဒီအောက်က အဆင့်ကို ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့က စောစောက ဒေါင်းလော့ချပြီး ဖိုင်ဖြည်ထားတဲ့ Windows 7 image ဖိုင်ကို USB Drive ထဲကိုထည့်ပေး ရမှာဖြစ်ပါတယ်..ကျွန်တော် အောက်မှာ 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ်..1 ကတော့ စောစောက ဖိုင်ဖြည်ထားတဲ့ Windows 7  image Folder ကိုရွေးပေးရမှာဖြစ်ပါတယ်.. 2 ကတော့ ကျွန်တော်တို့ Windows တင်တဲ့အခါ အသုံးပြုမဲ့ USB Drive ကိုရွေးပေးရမှာ ဖြစ်ပါတယ်..





အောက်ကပုံအတိုင်း ရွေးပေးပြီးပြီ ဆိုရင်တော့ Next ကိုပေးလိုက်ပါ..









အောက်ကပုံအတိုင်း  License တောင်ရင်တော့ Next time ပေးလိုက်ပါ..



အပေါ်က အဆင့်တွေကတော့ USB Drive ထဲမှာ Windows image ဖိုင်ကိုထည့်ပြီး ပြင်ဆင်တဲ့ အပိုင်းပါ..ကျွန်တော်တို့ နောက်တစ်ဆင့် Windows Installation လုပ်တဲ့အခါမှာ First Boot ကို USB HDD  လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်..ဒါမှသာ Boot လုပ်ငန်းစဉ်ပြီးလို့ Bios ကိုဝင်စစ်တဲ့အခါမှာ USB Drive ကိုတွေ့ မှာဖြစ်ပါတယ်..ကျွန်တော်ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါ တယ်.. အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြီးရင် Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ.. ဒါဆိုရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်..




အောက်ကပုံ အတိုင်း USB HDD ကိုရွေးပေးပြီးရင် Enter ခေါက်လိုက်ပါ..



ပြီးရင် Second Boot Device ကို Hard Disk လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်. အခုအတိုင်းပဲ ပြောင်းပေးလိုက်ပါ..





အောက်က ပုံအတိုင်းပြောင်းပြီးသွား ပြီဆိုရင်တော့ Keyboard မှ F10 ကိုနှိပ်ပြီး Save  လိုက်ပါ..



အောက်ကပုံ အတိုင်းပေါ်လာပြီ ဆိုရင်တော့ Y ကိုနှိပ်ပြီး Enter ခေါက်ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် BIOS ထဲမှာလည်း ပြင်ဆင်ပြီးသွားပါပြီ..



အားလုံးပြီး သွားပြီဆိုရင်တော့ ပုံမှန်အတိုင်း Wondows တင်လို့ရသွားပါပြီ..။ Windows 7 မတင်တက် သေးဘူးဆိုရင်တော့ ဒီအောက်ကလင့်မှာ ကျွန်တော်ရှင်းပြပေး ထားတာရှိပါတယ်..


Windows 7 တင်နည်း 

ဒီလောက် ဆိုရင်တော့ USB Drive ကနေ Windows တင်တာနဲ့ ပါတ်သတ်ပြီး အားလုံးပဲ အဆင်ပြေပြေ နဲ့လုပ်တက်သွားမယ်လို့ ထင်ပါတယ်..
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  Ifile.itDownload  MediafireDownload Multiupload


အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ကိုနေမင်းမောင်ဆိုက် မှ ကူယူတင်ပြခြင်းဖြစ်သည်။...။
Share:

Sql injection attack {ဟက်ကာဝါသနာရှင် သူငယ်ချင်းများအတွက်သီးသန့်}



Sql injection attack ဆိုတာ လက်ရှိ web လောကကို အန္တရယ် အပေးဆုံး code injection attack တမျိုးပါ ။ xss attack ပြီးရင် လူသုံးအများဆုံးလို့  ကျွန်တော်ထင်ပါတယ် ။ ဒီအကြောင်းရေးရတဲ့ ရည်ရွယ်ချက်ကတော့ သူတပါးအကျိုးမဲ့စေရန်မဟုတ်ပဲ မိမိကြုံတွေ့ လာရင် ကာကွယ်နိုင်အောင်ပဲဖြစ်ပါတယ် ။ မြန်မာအချင်းချင်းပြန်ရိုက်မယ့် တုတ်မျိုးတော့ ဖြစ်မှာ ကျွန်တော်ကြောက်ပါတယ်။ ဒီတော့ နည်းပညာတရပ်အနေနဲ့တာ လေ့လာစေချင်တဲ့ ဆန္ဒနဲ့  မျှဝေလိုက်ပါတယ်ခင်ဗျား.............။
ှsql injection ကို သုံးဖို့  တခြားဘာ tool မှ ထွေထွေထူးထူးမလိုပါဘူး ။ browser တခုရှိနေရင်ပဲ ရပါပြီ ။ sql injection attack ကို စတင်လေ့လာတော့မယ်ဆိုရင် sql database နဲ့  query တွေအကြောင်းကို မသိလို့ မဖြစ်ပါဘူး ။ဒါကြောင့် ဒီ အကြောင်းက အရင် စတင်ပါ့မယ် ။
website တခုကို စတင် တည်ဆောက်တော့မယ်ဆိုရင် database ဆိုတာက အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ ။ ဘာလို့ ဆိုတော့ website ရဲ့  data တွေ ၊ user တွေ ၊ post တွေ စတဲ့ အရေးကြီးအချက်အလက်တွေကို စုစည်းထားတဲ့နေရာဖြစ်လို့ပါ။ နောက်အပိုင်းကျမှသေချာရှင်းလင်းပြပါ့မယ် ။ database တခုမှာ table တခုကနေ များစွာ အထိပါဝင်နိုင်ပါတယ် ။ table တခုစီမှာ သက်ဆိုင်ရာ coloum တွေရှိပြီး coloum တခုစီရဲ့အောက်မှာdata တွေပါဝင်တဲ့ row ( တချို့က record လို့ ခေါ်ပါတယ်) တွေရှိပါတယ် ။ ဒီလောက်ပဲ မှတ်ထားပါအုံး ။
ကဲ...sql အကြောင်း စလိုက်ကြရအောင် ။ sql ဆိုတာ sever scripting language တခု ပါ ။ database တခုကို query တွေ သုံးပြီး table တွေကို ဖျက်မယ်၊ ပြင်မယ်၊ထပ်တိုးမယ်။ data တွေကို ဖျက်မယ်၊ပြင်မယ်၊ထပ်တိုးမယ်။ စတာတွေကို sql query တွေသုံးပြီး ပြုပြင်ပြောင်းလဲတဲ့ language တခုပါ ။ ဥပမာ ... vulnerability ရှိနေတဲ့ ဆိုဒ်တခုကို injection ထိုးလို့  ပေါက်ပြီဆိုရင် site admin ရဲ့ acc တွေကိုဖျက်မယ် ပြင်မယ် username နဲ့  password တွေကိုပြင်မယ်၊ အစားထိုးမယ် ။ ဒါတွေကို လုပ်ဆောင်ကြရပါမယ် ။ အဲလိုလုပ်ဆောင်ဖို့ ဆိုရင် အခုပြောမယ့် sql query တွေကိုနားလည်ထားရပါမယ် ။တကယ်လို့  မိမိ site ကို hack ခံထိပြီဆိုပါတော့၊ database ကို ဝင်လို့ ရသေးရင် ဒီ query တွေသုံးပြီး ပြန်ယူနိုင်ပါတယ်။နောက်ဆုံး မိမိဆိုဒ်ကို injection ပြန်ထိုးပြီး ပြန်ယူနိုင်ပါတယ် ။ ဒီတော့ ဒီနေရာကစပြီး သေချာနားလည်အောင် လေ့လာရမှာဖြစ်ပါတယ် ။
SQL select statement ကနေ စကြရအောင် ... အောက်က query လေးကိုကြည့်ပါ ။
select coloum_name
from table_name
ဒါက column တွေကိုပြသအောင်လုပ်တဲ့ query ပါ ။ column_name နေရာမှာ column ရဲ့  အမည်ကို ထည့်ရမှာဖြစ်ပြီး column အားလုံးကိုခေါ်ကြည့်မယ်ဆိုရင် * (ခရေပွင့် သင်္ကေတ) လေးကိုထည့်ပေးပါ ။ဒီကောင်က အားလုံးကိုမှတ်ပါဆိုတဲ့ အဓိပ္ပါယ်ပါ ။ table_name နေရာမှာ table ရဲ့ အမည်ကို ရေးရမှာပါ။
ကျွန်တော်တို့  database က table တခုရဲ့  အမည်က smf_1users ဆိုပါစို့ ဗျာ ။ smf_1users ဆိုတဲ့ table ရဲ့ ကော်လံတွေနဲ့ data တွေကို ခေါ်ကြည့်ချင်တယ်ဆိုရင်.............
select *
from smf_1users
ဒါဆိုရင် smf_1users ဆိုတဲ့ table ရဲ့  ကော်လံ အားလုံးနဲ့ row အားလုံး ကျလာပါလိမ့်မယ် ။လက်တွေ့လုပ်ဆောင်ကြည့်ချင်တယ်ဆိုရင် မိမိ database ရဲ့  php my admin ကိုသွားပါ ။ အဲဒီမှာ query ဆိုတဲ့ tab ကို နှိပ်ပြီး command တွေကို ရေးပြီး လေ့ကျင့်နိုင်ပါတယ် ။ database မရှိတဲ့သူများကတော့ w3school.com မှာလေ့ကျင့်ဖို့ နေရာပေးထားပါတယ်။ အသေးစိတ်လဲရေးသားထားပါတယ် ။web သမားတိုင်း w3school ဆိုရင်သိကြမှာပါ ။ beginner များကတော့ www.w3school.com လို့  ရိုက်ပြီး လေ့လာနိုင်ပါတယ် ။
ဒီတခါတော့ SQL where clause အကြောင်းလေးလေ့လာကြရအောင်......အသုံးပြုမယ့် syntax လေးကတော့ ဒီလိုပါ။
select*
from table_name
where column_name + operator +values
ထုံးစံအတိုင်း select * ဆိုတာကတော့ ကော်လံတွေ အကုန်လုံးကို ခေါ်ကြည့်ဖို့ command ပါ ။ table_name နေရာမှာ မိမိကြည့်မယ့် table ရဲ့ အမည်ကိုထည့်ပါ ။ where ဆိုတဲ့ command ကတော့ ကော်လံတခုရဲ့  အောက်ကတိတိကျကျသိထားတဲ့ row တခုကို ခေါ်ကြည့်ဖို့ပါ ။ ရှုပ်သွားပြီထင်ပါတယ်။အောက်မှာထပ်ရှင်းပါ့မယ်။
( စာကြွင်း ။ ။ Sql query command တွေကိုရေးတဲ့အခါမှာ တိတိကျကျရေးသားရမယ်လို့  မသတ်မှတ်ထားပါဘူး ။ javascript variables တွေကို ရေးတဲ့အခါ မှာ C အကြီးနဲ့c အသေးမတူပါဘူး ။ js ဟာ sensitive ဖြစ်ပါတယ် ။ စာလုံးအကြီးအသေး သေချာခွဲခြားရေးရပါတယ် ။ sql ကတော့ no sensitive ပါ ။ SELECT နဲ့ select တူတူပါပဲ ။ ဒါလေးတချက်လောက်သိထားရပါမယ်။ )
ကျွန်တော်တို့ SMF_1USERS ဆိုတဲ့ TABLE မှာ user တွေက ထောင်ချီရှိတယ်ဆိုပါတော့ဗျာ . ဆိုလိုတာက row တွေအများကြီးရှိတယ်ဆိုပါတော့ ။ ကော်လံ name တွေကလဲ အများကြီးပဲ ။ ကျွန်တော်တို့  မြင်ချင်တာက admin ရဲ့ data အချို့ပဲဗျာ ။ ဆိုလိုတာက admin ရဲ့ username ၊ password ၊ email စတာတွေပေါ့ ။ ကော်လံ name တွေအများကြီးထဲက ကျွန်တော်တို့ ခေါ်ကြည့်မှာက usernameရှိတဲ့ user_name ၊ password ရှိတဲ့ user_password၊ email ရှိတဲ့ user_email ဆိုတဲ့ ကော်လံတွေဆိုပါစို့  ။ ဒါ နမူနာပြောတာနော် ။ site တခုနဲ့တခုအမည်ပေးပုံခြင်းတူချင်မှတူမှာပါ ။ မိတ်ဆွေတို့ က မေးပါလိမ့်မယ် ။ သူများ site ရဲ့  ကော်လံ name တွေကို ဘယ်လို သိမှာလဲလို့  ..... ဟုတ်ကဲ့.... site မှာ vulnerability ရှိလို့  injection ထိုးပြီး ပေါက်ပြီဆိုရင်ဖြင့် query တွေ သုံးပြီး သိအောင်လုပ်နိုင်ပါတယ်။နောက်ပိုင်းရေးသားချက်တွေမှာတွေ့ ရမှာပါ ။အခုစကားစပ်မိလို့ပြောတာပါ။ကဲ...ဆက်ရအောင်....
select user_name, user_password, user_email
from smf_1users
where user_name='admin'
ဒါဆိုရင် user_name ဆိုတဲ့ ကော်လံအောက်မှာ admin ဆိုတဲ့ စာလုံးရှိတဲ့ row တခုပဲ ကျလာပါလိမ့်မယ် ။ ကျန်တဲ့ user တွေရဲ့ row တွေ ကျလာမှာမဟုတ်ပါဘူး ။ query command ကို ပြန်ရှင်းရရင် select user_name, user_password, user_email ဆိုတာက user_name, user_password, user_email ဆိုတဲ့ ကော်လံ 3 ခုကိုပဲ မှတ်ပြီး ပြပါလို့ ဆိုတာပါ ။ line 2 ကတော့ သိပြီးသားပါ ။ table ကိုညွှန်းတာပါ ။ line 3 ကတော့ user_name ဆိုတဲ့ ကော်လံဟာ admin ဆိုတဲ့ တန်ဖိုးရှိတယ်လို့  = operator နဲ့ ကြေငြာလိုက်တာပါ ။ ဆိုလိုတာက user_name ကော်လံအောက်မှာ admin ဆိုတဲ့ value ရှိနေတဲ့ row တခုပဲ မှတ်ပြီး ပြပါလို့  command ပေးလိုက်တာပါ ။ operators သင်္ကေတတွေနဲ့ အသုံးပြုပုံတွေ ကိုတော့ ကျွန်တော်ဆက်လက်ရေးသားမယ့် အပိုင်းမှာ လေ့လာကြပါ ။ where clause အခန်းဟာ အရေးကြီးပြီး အသုံးများသလို operator တွေနဲ့ တွဲသုံးပုံတွေကိုပါသေချာသိထားမှ အသုံးချနိုင်မှာဖြစ်လို့  သေချာလေ့လာရမယ့် အခန်းဖြစ်ပါတယ် ။
where clause နဲ့ operator တွေ တွဲသုံးတဲ့ အပိုင်းကို ဆက်ကြရအောင်.... တွဲသုံးရတဲ့ operator တွေကို အောက်မှာအရင် ကျက်မှတ်လိုက်ပါ ။ operator သင်္ကေတ တွေနောက်မှာ သုံးတဲ့ values တန်ဖိုးတွေကိုရေးတဲ့အခါမှာ စာလုံး (word) တွေဆိုရင် single quote (') ထည့်ပေးရပါမယ် ။ ကိန်းဂဏန်းတွေဆိုရင် single quote ( ' ) ထည့်စရာမလိုပါဘူး ။ဒီအချက်မှာမှားယွင်းရင် query လုပ်တဲ့အခါ အလုပ်လုပ်မှာမဟုတ်ပါဘူး ။
Operator Description
= Equal
<> Not equal > Greater than
< Less than
>= Greater than or equal
<= Less than or equal BETWEEN Between an inclusive range LIKE Search for a pattern IN If you know the exact value you want to return for at least one of the columns တချို့  version တွေမှာ < > ကို != ဒီလိုရေးပါတယ် ။ ဒါတွေကို w3school ကပဲ အလွယ်ကူးပေးလိုက်တယ်နော်..တခုချင်းကို where clause နဲ့ ဘယ်လိုတွဲသုံးရမယ်ဆိုတာကို အောက်မှာရေးသားပါ့မယ် ။
= operator
ဒီကောင်ကို သုံးပုံလေးအောက်မှာကြည့်ပါ ။ အပေါ်မှာလဲ ရှင်းပြီးပါပြီ .. ဒီမှာ ထပ်ပြီးရှင်းချင်ပါတယ် ။ post တွေများအောင်ရေးတာမဟုတ်ပဲ... ကဏ္ဍ လေးအလိုက်ရေးတော့ ဖတ်သူ မြင်သာပြီး မှတ်ရတာလွယ်ကူစေမှာမို့ ပါ ။
select*
from table_name
where column_name= value
line 1 နဲ့ line 2 က သိပြီးသားပါ ..မရှင်းတော့ပါဘူး ။ line 3 ကိုရှင်းပါ့မယ် ။ where column_name ဆိုတာကတော့ မိမိခေါ်ကြည့်မယ့် table က မိမိလိုချင်တဲ့ data ရှိမယ့် column_name ကို ရည်ညွှန်းတာပါ ။ တိတိကျကျထပ်ညွှန်းဖို့  = operator ကို သုံးလိုက်ပါတယ် ။ ဆိုလိုတာက table ရဲ့ ကော်လံတခုအောက်က တိတိကျကျ data တခုရှိတဲ့ row ကို မှတ်ပြီး ပြခိုင်းလိုက်တာပါ ။ ဥပမာ...ကြည့်ပါ ။
ကျွန်တော်တို့  smf_1users ဆိုတဲ့ table မှာ user_name ဆိုတဲ့ ကော်လံရှိနေတာတွေ့ ပြီဆိုပါစို့ ဗျာ ။ အဲဒီအောက်မှာရှိတဲ့ admin ဆိုတဲ့ user ရဲ့  data တွေကိုပဲကြည့်ချင်တယ် ။
select*
from smf_1users
where user_name='admin'
ဒါကတော့ query command ပါ ။ = operator ကို သုံးထားတဲ့အတွက် ဒီ column အောက်မှာ admin ဆိုတဲ့ value တခု သေချာရှိနေရပါမယ် ။ = ဆိုတာ ထပ်တူညီသင်္ကေတကိုဗျ .. စာလုံးတလုံးတောင် လွဲလို့မရပါဘူး ။ လွဲတာနဲ့ အလုပ်မလုပ်တော့ပါဘူး ။ ဒီ operator က အသုံးဝင်ပါတယ် ။ ကျွန်တော်တို့  စီးပွားရေးလုပ်ငန်းအတွက် မိမိ ဖောက်သည်တွေရဲ့  အချက်အလက်တွေကို database တခုဆောက်ပြီး customers လို့  table name ပေးထားမယ် ... column 3ခု ထားမယ်ဗျာ ... ဖောက်သည်ရဲ့  အမှတ်စဉ် နံပါတ်က တခု ၊ အမည်ကတခု ၊ လိပ်စာ address က တခု ပေါ့ဗျာ ... ဒီမှာ ကျွန်တော်တို့ က U Win ဆိုတဲ့ ဖောက်သည်ရဲ့  လိပ်စာကို အရေးတကြီး သိဖို့ လိုအပ်လာပြီဗျာ ... ခက်တာက သူရဲ့ အမှတ်စဉ်ကို မေ့နေပြီ row ဘယ်လောက်မှာ ရှိလဲမသိတော့ဘူး ။ တခုချင်းရှာရအောင်ကလဲ ROW တွေက ထောင်သောင်းချီနေတာကိုဗျ .။ အချိန်အဲလောက်မပေးနိုင်ဘူး ။ ဒါပေမယ့် သူ့ အမည်ကိုတော့ ကျွန်တော်တို့  သိနေတာပဲ .. ဒါကြောင့် QUERY နဲ့ရှာမယ်ဗျာ .. ။
SELECT*
FROM CUSTOMERS
WHERE CUSTOMER_NAME='U WIN'
ဒါဆိုရင် CUSTOMER_NAME ကော်လံအောက်မှာ ရှိနေတဲ့ U WIN ဆိုတဲ့ VALUE ရှိနေတဲ့ ROW တခုပဲ ကျလာပါလိမ့်မယ် ။ ဒါဆို သူလိပ်စာကို သိနိုင်ပြီပေါ့ ။ ဘာလို့ လဲဆိုတော့  ကော်လံတွေအကုန်ကျလာအောင်လို့  SELECT* ကို သုံးထားတယ်လေ ... ။ ဒီလောက်ဆိုရင် = OPERATOR ကို သုံးနည်းနဲ့ သဘောသဘာဝကို နားလည်လောက်ပြီထင်ပါတယ် ။ဒီလိုရေးပြရတာကလဲ စာဖတ်သူ တွေးတတ်အောင်ပါ ။ ချဲ့နိုင်သလောက်ချဲ့ပြီးတွေးရပါ့မယ် ။ SQL INJECTION ဟာ တွေးနိုင်သူတာ အောင်မြင်မှုရနိုင်ပါတယ် ။ ချဲ့ထွင်တွေးတောပြီး သုံးစွဲကြရပါမယ် ။
( ကျွန်တော် အခုရေးသားနေတာဟာ စာဖတ်သူအနေနဲ့ နှေးလွန်းတယ်လို့ ထင်ပါလိမ့်မယ် ။ စိတ်ရှည်ရှည်ထားပြီးလေ့လာကြပါ ။ ကျွန်တော် ဒီလိုအသေးစိတ်ရေးသားနေတာက လေ့လာသူတယောက်သေချာသဘောပေါက်စေချင်လို့ ပါ ။ ဒီနေရာမှာသဘောမပေါက်ရင် နောက်ပိုင်း ချာလည်လည်ဖြစ်ကုန်ပါလိမ့်မယ် ။ )
(ကျွန်တော်ဒီဖိုရမ်မှာ အချိန်ပေးပြီးသိသမျှရေးသားနေတာက မြန်မာလူမျိုးတွေထဲက မသိမတတ်သေးသူတွေတတ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ ။တခြားဘာရည်ရွယ်ချက်မှမရှိဘူး ။ ပြည်ပရောက်ကျွန်တော်တို့ တွေ အများဆုံးတွေ့ နေတာက မြန်မာဆိုရင် အခြားကောင်တွေက အထင်သေးချင်ကြတယ် ။ မြန်မာတွေ ကွန်ပြူတာကို မသိမမြင် မသုံးတတ်ဘူးလို့ ထင်နေတယ် ။ သုံးတတ်ရင်လဲ အပေါ်ယံလောက်ပဲလို့ ထင်နေကြတယ် ။ ဒါကို မခံချင်ပါဘူး ။မြန်မာအချင်းချင်းကြောင်လက်သည်းဝှက်မနေပဲ မျှဝေ ဖလှယ်ကြမှ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ ။ ကျွန်တော်ကတော့ ဘယ်သူတွေဘာလာပြောပြော ကျွန်တော်သိသမျှ တော့ ဆက်လက်မျှဝေသွားမှာပါ ။ မကောင်းတဲ့ပညာဆိုတာလောကမှာမရှိပါဘူး ။ သုံးစွဲသူအပေါ်လိုက်ပြီး ကောင်းခြင်း၊ မကောင်းခြင်းဆိုတာဖြစ်လာတာပါ ။ဒါကျွန်တော့်ခံယူချက်ပါ ။SQL INJECTION ကို တတ်သွားလို့  ကျွန်တော့ SITE ကို လာထိုးလို့ ပေါက်သွားရင်လဲ ကျွန်တော်ကတော့ ထိုသူ့ အတွက် ဂုဏ်ယူပါတယ်ဆက်လက်ရေးသားပါအုံးမယ်
ဝါသနာတူ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးတာပါ...ကျေးဇူးမသိတဲ့ ကောင်တွေ ငှက်ပျော်တုန်ဖက်သေကြပါစေ...........:D

From =>> အလင်းကမ္ဘာ
Share:

မိမိရဲ့ Firefox ကို အလှဆင်ကြရအောင်နော်

မိမိကွန်ပျုတာမှာ ရှိနေတဲ့ Firefox ကိုအသစ်အဆန်းလေးနဲ့တမျိုးထူးခြားတဲ့ပုံစံလေးနဲ့
အလှဆင်ကြည့်ရအောင်နော်

ထက်ထက်ရဲ့သူငယ်ချင်းမိန်းကလေးတွေအတွက် အရောင်နုနုလေးတွေပါ ရှိတယ်နော်
ပုံစံအမျိုးမျိုးနဲ့ဒီဇိုင်းပုံစံဆန်းဆန်းလေးတွေပါ စိတ်ဝင်စားမယ်ဆိုရင် ဒီနေရာလေးကို သွားကြည့်ရအောင်
Theme လှလှလေးတွေအများကြီးထဲက မိမိကြိုက်ရာကို Click ရွေးလိုက်ပါ
Continue to Download ကိုအရင်ဆုံး Click နှိပ်လိုက်ပါ
+ Add to Firefox ကိုထပ်နှိပ်လိုက်ပါ နောက်ဆုံး  ဒီလိုဘောက်စ်လေးထပ်ကျလာပါလိမ့်မယ်
Install Now ကို  Click နှိပ်ပါ
ပြီးရင် Shutdown ဘေးကဒေါင့်ကိုနှိပ်လိုက်ပါ   Restart Now ကိုထပ်နှိပ်လိုကပါ
ပြန်တက်လာရင် အောက်ကပုံလှလှလေးတွေအတိုင်း တွေ့ရပါလိမ့်မယ်
မိန်းကလေးတွေအတွက် အရောင်နုနုလေးတွေလည်းရှိပါတယ်နော် ဒီလိုလေးပေါ့

မူရင်းလင့်http://support.mozilla.org/en-US/kb/use-themes-change-look-of-firefox
သူငယ်ချင်းအားလုံးအဆင်ပြေပါစေနော်
မိမိရဲ့ ကွန်ပျုတာမှာရှိတဲ့ Firefox ကိုအလှဆင်နိုင်ပါစေ

From =>> အလင်းကမ္ဘာ
Share:

Facebook ၏လုပ်ဆောင်ချက်များ ebook လေးပါ


Facebook သုံးစွဲတဲ့ ညီအကိုမောင်နှမတွေအတွက် အသုံးဝင်မဲ့မြန်မာလိုရေးထားတဲ့စာအုပ်ကောင်းလေးပါ။ Facebook ကိုလူတွေတော်တော်များများသုံးနေကြပါတယ်။ အဲဒီတော့ ပေါ်ပြူလာဖြစ်ဖြစ် သုံးစွဲတတ်အောင်ဒီ Ebook လေးကိုဖတ်စေ ချင်ပါတယ်။

Share:

Ebook များ

 

ခုတလောခေတ်စားလာနေတဲ့  Joomla website ပြုလုပ်ပုံ မြန်မာလိုနှင့် မိမိ...

အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓါန် By Creator ကိုသားလေး
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း By Creator ကိုသားလေး
3Ds Max ( AutoDesk ) like ( AutoCAD )
AutoCAD 2011 ( Installation & Change settings )
AutoCAD 2011 ( line ,erase , circle , copy )
AutoCAD 2009 (same 2010) Installation
AutoCAD Settings ပြင်ခြင်း ..
AutoCAD Learning Page in Myanmar
A+ စာအုပ် ( ဦးဇော်လင်း )
A+ စာအုပ် (မျိုးသူရ)
A+ ဗဟုသုတနှင့် ကွန်ပြူတာပြုပြင်နည်းများ ( အမြန်တတ်ချင်တဲ့သူတွေအတွက် )
Adobe Acrobat အသုံးပြုနည်းစာအုပ်
Adobe Pagemaker 7.0 စာအုပ်
Adobe Pagemaker နဲ့ မွေးနေ့ဖိတ်စာလုပ်နည်း ( professional နည်းပါ )
Auto Power Shutdown ( Software နှင့် အသုံးပြုနည်း ) by ပစ်တိုင်းထောင်
Acronis True Image Workstation Backup Software အသုံးပြုနည်း
Blog ကိုယ်ပိုင်ရေးပြီး ကိုယ့်ကဗျာတွေတင်မယ်ဆိုရင်
Bluescreen ပေါ်လာခြင်း အကြောင်းရင်း
BAT file သင်ခန်းစာ by ( ကိုသားလေး ; Our Admin )
C++ Programming စာအုပ်
C++ Programming စာအုပ် by ( ကိုသားလေး ; Our Admin )
CSS ရေးနည်း စာအုပ်
Computer Screen ကို လိုသလောက်ပဲ Print Screen ဖမ်းမယ် (Software)
Computer မ၀ယ်ခင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်
CMS ( Content Management System ) စာအုပ် ( for Web Users )
Craagle Software ( Every Crack & Serial Finder & Very Useful )
Corel Draw Tutorial ( Video File )

Dream Weaver Tutorial ( WebPageသမားများအတွက်)
Deep Freeze ဘယ်လို သုံးကြမလဲ ( Ebook only )
Dolphin Installation Guide ( by Morris ) ( for Web Users )
မှားဖျက်မိတာပြန်ရှာတဲ့ Software ( Data Recovery )
Format အမျိုးမျိုးပြောင်းနိုင်စေဖို့ အတွက် software လေး ( eg. MP4,Mpeg,WMV to MP3,AVI,3GP )
Fruity Loop တီးနည်း ( for Hip Hop Music Creation )
Firewall အကြောင်းရေးထားတာလေးပါ။
Flash Song ပြုလုပ်ခြင်း( WYTU၏ flash song group မှ page ကို ပြန်လည်...
Flash Game ရေးနည်း မြန်မာလို

FaceBook တွင် Fan Page လုပ်ခြင်း
Folder Color Change တဲ့ Software
Gmail Gtalk လျှို့ ဝှက်ချက်လေးတွေ ( myanmar version) By Our Admin က...
Gmail Hacking ( password ခိုးနည်းမပါပါ )
Gmail, Facebook (all password hacking by sending mail ) Myanmar
Governer of Porker ( ဖဲရိုက်လို့တော်တော်ကောင်းတဲ့ Game )
Google Sketch Up
G Pass နဲ့ပေးမ၀င်တဲ့site တွေဝင်မယ်
Gmail ကို ကောင်းကောင်းသုံးတတ်သွားမယ့် Gmail Tips & Tricks
Hardware နဲ့ System အကြောင်း
Hard Disk Drive တွေ ပျက်ရခြင်း အကြောင်းရင်းများ
HTML ရေးနည်း by ကိုသားလေး : Our Admin
HTML ( latest Version ; But Big file size & More Better & M...
Hosting Sites ( eg.mediafire ; megaupload ) တို့မှ အချိန်စောင့်စရာမ...
Internet ပေါ်က threats များကို ကာကွယ်ရန်
Internet ပေါ်ကအားလုံး Download ဆွဲမယ် ( Internet Download Manager So... Updated
ICS ( Internet Connection Sharing ) Network ချိတ်နည်း
Java Learning ( မြန်မာလို )
Kaspersky offline update လုပ်နည်းစာအုပ်
Linux အကြောင်းမြန်မာလို
Mail Sever ( Using with VPOP .3 ) လမ်းညွှန်
Making Speed Up Ur Website
Mircrsoft Acess 2002 စာအုပ်
My SQL Installation & Usage Guide ( for Web users )

Microsoft Word & Excel 2003
Microsoft Visual Basic စာအုပ် by Blacbk
M&E Drawing Samples For AutoCAD Users
Multiple Installation ( Photoshop , Font , Pagemaker 7.0 , Microsof...
Networking စာအုပ် ( မျိုးသူရ )
Net Meeting 3.01 အသုံးပြုနည်း ( for Network )

Networking Knowledge ( 44 Pages )
Network အလွယ်ချိတ်မယ်
PhoXo ဆော့ဝဲလ်နှင့် အသုံးပြုနည်းစာအုပ်
PhotoShop 7.0 ( အခြေခံမရှိသူများစတင်လေ့ကျင့်ဖို့ )
Photoshop exercises from MMPHOTOSHOP.NET
Photoshop 2 Lessons ( စာရွက်လှန်သောပုံစံနှင့် တံဆိပ်ခေါင်းအတုလုပ်ခြ...
Photoshop Animation .gif file exercises
Photoshop Design Drawing ( for Designer )
ဖိုရမ်တခုတည်ဆောက်ပုံ ( phpbb forum website) မြန်မာလိုရေးထားတာ By Cr...
PHP စာအုပ် by ( ကိုသားလေး ; Our Admin )
Pdf Printer ( အင်တာနက်ကပေးမဒေါင်းတဲ့ ၀တ္တုစာအုပ်တွေ ကူးပစ်မယ် )
PHBB forum ဖန်တီးနည်း စာအုပ် ( for Web Users )
Remote Desktop အကြောင်းနဲ့ အသုံးပြုနည်း
SDLC ( software Depelopment Life Circle ) Knowledges ( for Web Users )
Silver Strip Installation Guide in Local Host ( for Web Users )
Small Home or Office Network (အိမ် ( သို့ ) ရုံးအသေးစားလေးမှာ Netwo...
Streaming Sever ( Networking )
Turbo C++ Programming စာအုပ်
Task Bar ကို မြန်မာမှုပြုမယ် ... ( Window XP only )
Ultrasurf ( Access Denied ဖြစ်တဲ့ဆိုဒ်တွေ ကျော်မယ် )
သူများစက်ထဲ stick ထိုးလိုက်တာနဲ့ .. သူ့ password တွေအကုန်သိတဲ့ ... ...
Virus အပျော်ရေးမယ်
Primary Hardisk ထဲက Data တွေကို အကုန်ဖျက်မယ့် Virus
Dangerous Virus တွေရေးမယ် ..
Vbulletin Cracked Version Installation Guide ( for Web Users )
Video Conferening sever အသုံးပြုနည်း ( Networking )
Windows Shortcut များ
Window XP, Vista , 7 တင်နည်းစာအုပ်
Window Password ဖျက်တဲ့ Software
Web Development Practise ( for Web Users )

Word Press စာအုပ် သုံးအုပ်စလုံး ... ( by Layeik , zuzu aung , mmwor...
ကိုကောင်ကလေးရဲ့ Blog Post များ
ကိုကောင်ကလေးရဲ့ Blog Post များ ( 2 )
ကိုကောင်ကလေး Blog Post ထဲက Virus အကြောင်းများ
MIRC chat အသုံးပြုနည်း မြန်မာလို
Flash Song (or) Flash Game ကူးနည်း .. ( လွယ်ကူပြီး software မလိုပါ )
Typing လေ့ကျင့်တဲ့ ဆော့ဝဲလ် ( သို့ ) ဂိမ်း
Mediafire ကိုဘလော့ခံထားရလို့ ဒေါင်းလို့မရရင် .. ဖြေရှင်းနည်း
Oxford Dictionary ( also can find IDIOM usage - Eng to Eng Dictiona...
Eng-Myanmar (or) Myanmar-Eng Dictionary
FLV/SWF to All Media file (eg. MP4,MP3,WMV,WMA,MPEG,AVI,3GP) ပြောင်...
HTML အကြောင်း Introduction
ကွန်ပြူတာအမေးအဖြေများ
Internet Download Manager ( Portable ; Full Version )
Flash Song & Game ကူးနည်း ( Full Screen မပေါ်သော၊သူများ Page ပေါ်...
Blog ရေးနည်း ( Blogger လုပ်မည့်သူများအတွက်စာအုပ်နှစ်အုပ် )
Flash Button လေးတွေ ( swismax 4 အတွက် ) by ကိုဂျွန်ဖြိုး
Flash Button Software ဖြင့်ပြုလုပ်နည်း ( for website decoration ) by ကိုဂျွန်ဖြိုး
ှScreen Capture Software ( သင်ခန်းစာ လုပ်လိုသူများအတွက် )
Photoshop CS5 Portable
Photoshop CS4 မြန်မာလို စာအုပ်
မိမိ Page ( web page ) မှာ Flash နာရီလေးတွေ ထည့်ရအောင်
Window XP တင်ထားတဲ့သူတိုင်း တက်တဲ့ Error ကိုဖြေရှင်းမယ်
Firefox သုံးတဲ့သူတွေ ကွန်နှစ်ဆမြန်အောင်လုပ်မယ် .. ( ကျွန်တော်အာမခံသ...
Photoshop CS 1+2+3+4+5 ( Portable ) Stick ထဲထည့်ပြီး အင်တာနက်ဆိုင်တိုင်းမှာ သုံးလို့ရသွားတာပေါ့နော် .. သူငယ်ချင်းများ
PDF to Microsoftword Coverter Softwares
ဓာတ်ပုံများကို အရည်အသွေးမပျက်စေပဲ ပုံကြီးချဲ့တဲ့ Software ( For Pho...
စောက်ရမ်းလန်ထွက်တဲ့ Window Theme ( for EVERY WINDOW )
Nitro PDF Converter ( PDF to Microsoft Word & Excel & Jpeg ...

Requested Ebook ( English Version only )


Adobe Photoshop CS3&CS4 Tutorial

IUAT Software & User Manual


အောက်ပါစာအုပ်နှစ်အုပ်သည် .. ကူးယူနေတုန်း တန်းလန်းမှာပင် .. မှားဖျက်သည့်အထဲပါသွားပါသဖြင့် ..အချိန်များပိုနှောင့်နှေးမည် ဖြစ်ပါသည် .. သည်းခံတော်မူကြပါကုန်

M&E Knowledge for AutoCAD Users
M&E Equations for AutoCAD Users



( IT နှင့်ပတ်သတ်သမျှ သိလိုသောအရာအားလုံးကို မေးမြန်နိုင်ပါသည် .. ဒီနေရာလေးကို Click နှိပ်ပြီး .. Add Discussion နှိပ်ကာ မေးမြန်းနိုင်ပါသည် .. မည်သူမဆိုဝင်ရောက်ဖြေဆိုပေးနို
င်ပါသည် ... )
( Photoshop နှင့် Illustrator များကို အသေးစိတ်သင်လိုပါက .. Photoshop Society Group ကိုလာ
AutoCAD နှင့် တခြား Engineering Software များ အသေးစိတ်သင်လိုပါက AutoCAD Workshop ကိုလာခဲ့ပါ ... )

i-phone နဲ့ ပတ်သတ်တဲ့ application လေးတွေသုံးတာတို့ i-phone နဲ့ပတ်သတ်တာတို့ ကို လေ့လာမယ်ဆိုရင်တော့ .. i-devices' tips & trick ဆိုတဲ့ နေရာလေးမှာ လေ့လာနိုင်ပါပြီခင်ဗျာ
 
From=>>depelyin
Share:

Free E book download links

Share:

အသုံးဝင်တဲ့websiteလေးတွေ





 
ကျွန်တော် http://myanfri.ning.com/က link လေးတွေ ဝေလိုက်တယ်ဗျာ လိုတဲ့နေရာတာ သုံးပေတော့ဗျာ။

***ဖတ် လို ကောင်းတဲ့ ဂျာနယ် များ...
www.myanmar.mmtimes.com (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
www.first-11.com
www.weeklyeleven.com (eleven ဂျာနယ်စုံ)
www.snapshop.com(လျှပ်တစ်ပြက်
ဂျာနယ်)
www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
၁၀www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
၁၁www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
၁၂www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
၁၃www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
၁၄www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
၁၅www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
၁၆www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
၁၇www.hird.hypermart.net
၁၈www.serenapowers.com
၁၉www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
၂၀www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
၂၁www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
၂၂www.foreverspace.com.mm
၂၃www.redmyanmar.net
၂၄www.thanlwin.com
၂၅www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
၂၆www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
၂၇www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
၂၈www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်
၂၉www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
၃၀www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
၃၁www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
၃၂www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
၃၃ www.dhamadarna.net ( ဓမ္မဒါန )
၃၄www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း )
၃၅www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
၃၆www.ourmandalay.net (ကျွန်ုတို့ ရဲ့ မန္တလေး )
၃၇www.myanmarchatonline.org (online သတင်းလေးတွေ )
၃၈www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
၃၉www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
၄၀www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )

***သီ ချုင်းတွေ နားထောင်ချင် ၇င်.....
www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
၃.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
www.myanmar-music.com(သီချင်းလေးတွေပါပဲ)
www.nyakabyar.com ဒါလဲသီချင်းဆိုက်ပါပဲ။ သူငယ်ချင်းအတွက်နော်။
www.khayanpyareinmet.com
www.myanmarmp3.net ဒါလေးကလည်းအတူတူပါပဲနော်။ သီးချင်းပါပဲ။
www.myanmar-music.com ဒါကတော့မြန်မာသီးချင်းဆိုက်လေးပါပဲ။
၁၀www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
၁၁www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
၁၂www.shwedream.com(vcd လေးတွေကြည့်မယ်)
၁၃www.burmeseclassic.com(ဓမ္မသီချင်းများ)
၁၄www.shweclassic.com (ဓမ္မသီချင်းများ)

***အလုပ် အကိုင် အတွက် ....
www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
www.thanzinhlaing.com
www.naykabyar.com
www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
၉.www.iburmese.com
၁၀www.mymyanmar.net
၁၁www.etrademyanmar.com

***အခြား သော Links များ..။
www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
www.mandalaygazette.com
www.shopping.com.mm
www.healthymyanmar.com
www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
www.myanmarbible.net
www.myanmargoal.com
www.myanmarscholarship.com
www.myanmarmyanmar.com
၁၀www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
၁၁www.mysuboo.com
၁၂www.myanmarelibrary.com
၁၃http://livescore.com ဒါလေးကလည်းဘောလုံးဆိုက်တွေပါပဲ။
၁၄http://mmopenlibrary.com
၁၅http://en.wikipedia.org/wiki/main_Page
၁၆www.moemaka.com
၁၇http://shwesagar.com
၁၈http://www.mutdfan.com ဒါကတော့ဘောလုံးဆိုက်လေ။
၁၉http://kopyaesone.co.ccဒါလေးကလည်းကျနော်တို့ကိုပြည့်စုံရဲ့ဆိုက်လေးပါပဲ။
၂၀www.searchmyanmar.com ဒီဆိုက်ကလဲကောင်းတယ်နော်။ အသုံးများကတော့ linkပုံစံလုပ်ပေးထားတယ်နော်။
၂၁www.aungsan.com ဒါကတော့ဗိုလ်ချုပ်ဆိုက်လေ။
၂၂http://komoethee.blogspot.comဒါကတော့ ကိုရီးယာမင်းသားမင်းသမီးများရဲ့ဆိုက်တွေပါ။
www.hancinema.com (or) net
www.hanfever.con
၂၃http://lee-junki.com ဒါကတော့ကိုရီးယားစတားလီဂျွန်ကီဆိုက်လေ။
၂၄http://yeinjee.com ဒါလဲကောင်းတာပဲနော်။
၂၅www.thefreesite.com ဆိုက်ပေါ့နော်။ အကုန်လုံး free ရတယ်ပြောတာပဲနော်။
၂၆www.myochitmyanmar.org ဆိုက်ကတော့နိုင်ငံရေးဆန်တယ်ဗျ။ကြည့်ချင်လည်းကြည့်ပေါ့နော်။
၂၇http://www.ramonnya.co.cc ဆိုက်ကတော့မွန်အကြောင်းထင်တာပဲနော်။ ယူထားလိုက်။
၂၈www.wiki-mysteryzillion.org
၂၉www.edu-mysteryzillion.org ဒီဆိုက်ကတော့နည်းပညာအခမဲ့သင်တယ်ပြောတာပဲနော်။
၃၀www.mmopenxteam.com ဒီဆိုက်ကတော့ဘာသာပြန်တွေများပါတယ်နော်။
၃၁www.mmenglish.net ဒီဆိုက်ကတော့အင်္ဂလိပ်စာသင်ကြားရေးပါ။
၃၂www.ornagai.com ဒါကတော့အဘိဓာန်တွေဝေငှပေးတယ်နော်။ အကုန်လုံးပေါ့။
၃၃www.dems.net.mmဒီဆိုက်ကတော့ကိုယ့်စာရောက်မရောက်ကြည့်လို့ရတယ်ပြောတယ်နော်။ codeနံပါတ်နဲ့ကြည့်လေ။ အမြန်ချောစာမှကြည့်လို့ရတာနော်။
၃၄www.myanmaritpros.com ဆိုက်ကတော့ကွန်ပျူတာအကြောင်းဆွေးနွေးချက်တွေပါနော်။
၃၅www.en.worpress.com ဆိုက်လည်းကောင်းပါတယ်။
၃၆www.photoro.com ဆိုက်လည်းဓာတ်ပုံကောင်းတယ်ပြောတယ်နော်။


***နောက် ထပ် ၇ှာလို ၇တဲံ့  ဆိုဒ် လေးတွေပါ..။
မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေးတွေပါ။ ဟုတ်လည်းဟုတ်ပါတယ်။
http://kyawnux.blogspot.com
http://tahkharka.blogspot.com
http://platonicloveaugust4.blogspot.com
http://soehtet.blogspot.com
http://khaingzaw.blogspot.com
http://natshinnaung.blogspot.com
http://www.rhythmless.isgreat.org
http://www.peacefulforever.co.cc
http://nyameeeain.blogspot.com
၁၀http://kyawthetlatt.blogspot.com
၁၁http://shwepyithu.blogspot.com
၁၂http://www.winzaw-mdy.blogspot.com
၁၃http://phoelapyae.isgreat.org
၁၄http://www.mgtaryar.iblogger.org
၁၅http://www.koyinnyein.blogspot.com
၁၆http://aungmyohan.myanmarbloggers.org
၁၇http://thuratun.22web.net
၁၈http://noway.mmeyes.net
၁၉http://zawlay.mmeyes.net
၂၀http://kokyawmyintoo.blogspot.com/
၂၁http://zawthureintun.googlepages.com ဆိုက်လည်းကောင်းတယ်.။ အိုင်တ်ီမန်းကိုတည်ထောင်သူလေ။
၂၂http://nnyioo.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
***အွန် လိုင်း ဂိမ်း
http://www.physicsgames.net/
www.123peppy.com
http://www.ferryhalim.com/orisinal/g2/crab.htm
Share:

Marine Engineering စာအုပ်တွေပါ









ကျွန်တော်ေ၇ကြောင်းအင်ဂျင်နီ၇ာစာအုပ်လေးတွေ ကိုကျော်ဇင်ထွန်းဆီက၇လို့တင်ပေးလိုက်ပါတယ်ခင်ဗျာ..
အ၇င်တစ်ခါကတင်ပေးဘူးပါတယ်ဒါပေမယ့်လင့်တွေသေနေလို့..အခုကျွန်တော် Mediafire ကနေပြန်တင်ပေး
လိုက်ပါတယ်။လိုအပ်တဲ့သူများအောက်ကလင့်လေးမှာဒေါင်းလော့ချလိုက်ပါခင်ဗျာ.......











Gas Turbine Engineering Handbook 2ed.pdf


Constraint Management for Marine Design Applications


Design Operation Regulation for Safety - SAFEDOR


Advanced Gas Turbine Cycles


AotS_The ships of Christopher Columbus


AotS_The_24-gun_Frigate_Pandora_1778


Standard Handbook of Petroleum & Natural Gas Engineering

DSTO-TR-1622

Dictionary_of_Engineering-2E

Load Generation Strategy for Propeller Induced Pressure Fluctuations


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ......
 
နေမင်းမောင်
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Blog Archive