Facebook page မှာ chat bot တစ်ခု ပြုလုပ်ဖို့အတွက် နည်းမသိဘဲ လုပ်ရာမှာ တော်တော် အခက်တွေ့နိုင်ပါတယ်။ အချို့သော messenger bot များဟာဆိုရင် ငွေပေးပြီး အသုံးပြုရတာတွေဖြစ်တဲ့အတွက် free သုံးလို့ရတဲ့ messenger bot setting ချနည်းအကြောင်းကို ဒီ post မှာ ဖော်ပြသွားပါမယ်။ Messenger မှာ page admin မှ အကြောင်းအမျိုးမျိုးကြောင့် online ပေါ်မှာမရှိဘဲ Customer များကိုအလိုအလျောက် reply ပြန်ပေးဖို့အတွက် Messenger Bot ရဲ့ အကူအညီလိုအပ်ပါတယ်။ အဲ့အတွက် Customer များအား ပေးပို့မယ့် Welcome Message, Away Message, Greeting Message, Reminder Notification နဲ့ Bot Discoverability များစတဲ့ setting ထားနည်းများကိုပြောပြပါမယ်။ အဲ့အတွက် Page ရဲ့ Setting ကိုသွားပြီး Messaging ကိုနှိပ်ပါ။
ပြီးတဲ့အခါမှာ အထက်ဖော်ပြပါအချက် ၆ ချက်လုံးကို Yes ပေးလိုက်ပါ။ အကယ်၍ မိမိက Many Chat တို့ Chat Fuel တို့ကို chat bot အနေနဲ့ install လုပ်ပြီး အသုံးပြုလေ့ရှိသူကတော့ ဒါတွေကို လုပ်စရာမလိုပါဘူး။
ပြီးတဲ့အခါမှာ Messenger Platform ကိုသွားပြီး Response Method မှ အောက်ဆုံးအချက်ကိုရွေးပေးပါ။ ဒီ Messenger Platform မှာဆို မိမိကို Subscribed လုပ်ထားတဲ့ Chat bot များကိုကြည့်နိုင်ရုံသာမက Role အပိုင်းများကိုလည်း သတ်မှတ်နိုင်ပြီး အမျိုးမျိုးသော action များကိုလည်းပြုလုပ် လို့ရပါတယ်။
ပြီးတဲ့အခါမှ Discover Setting ပိုင်းကို setting ချမှတ်ဖို့အတွက် အောက်ကို Scroll လုပ်ပြီးသွားပါ။ ပြီးတဲ့အခါမှာ မိမိအလိုရှိတဲ့ အချက်အလက်များကို အဆင်ပြေသလိုဖြည့်သွင်းပါ။ ဖြည့်ပြီးနောက် Discover visibility ကို show ပေးလိုက်ပါ။ အထက်ဖော်ပြပါအဆင့်များဖြင့် ရိုးရှင်းတဲ့ Messenger Bot တစ်ခုကို လွယ်လွယ်ကူကူပြုလုပ်နိုင်မယ်လို့ထင်ပါတယ်။
0 comments:
Post a Comment