Facebook Pixel install ပြုလုပ်ရခြင်းရဲ့ အဓိပ္ပါယ်ကို Social Media Marketer တိုင်းသိကြမှာပါ။ Facebook Pixel ဟာဆိုရင် မိမိရဲ့ Website တစ်ခုခုကို လူများများရောက်ရှိအောင်ပြုလုပ်နိုင်ပြီး အခြေအနေများကိုလည်းဆန်းစစ်လို့ရတာဖြစ်ပါတယ်။ ဆန်းစစ်ရာတွင် မိမိ Website မှ ဖြစ်စဉ်များကို အချိန်နှင့်အညီ တိုင်းတာနိုင်ပြီ Facebook နှင့် ဆက်ကာ Ads Manager မှာ result ကို ကြည့်လို့ရနိုင်တာဘဲဖြစ်ပါတယ်။ အခုတစ်ခေါက်ကတော့ Facebook Pixel နှင့်ဆင်တူ အလုပ်များကိုလုပ်ဆောင်နိုင်သော Pixel Caffeine အား install ပြုလုပ်နည်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Facebook Pixel လိုမျိုးတော့ code ရေးစရာမလိုဘဲ မိမိရဲ့ WordPress website မှာ plugin သဘောမျိုးနှင့် install လုပ်မှာ ဖြစ်တဲ့အတွက် လုပ်ရလွယ်ကူမယ်လို့ထင်ပါတယ်။ ပထမဆုံး မိမိရဲ့ WordPress Website ကို login လုပ်ပြီး Plugin မှ Add New ကို နှိပ်ပါ။
ထို့နောက် Pixel Caffeine ကိုရှာပြီး Install Now ကိုနှိပ်ပါ။
ပြီးတဲ့အခါ General setting ထဲမှ Facebook Pixel Setup ကို Enable ပေးပြီးဖွင့်ပေးလိုက်ပါ။
ပြီးတဲ့အခါ Facebook Connect ကို နှိပ်ပြီး မိမိ Facebook Account နှင့် ချိတ်ဆက်ဖို့အတွက် login ဝင်လိုက်ရမှာဖြစ်ပါတယ်။ Audience အပိုင်းနှင့် Conversion အပိုင်းများကို ကြည့်နိုင်ဖို့အတွက် ၂ ခုလုံးကို Enable ပေးပြီး Save ပေးလိုက်ပါ။
ဒီ Caffeine ကို အသုံးပြုခြင်းဖြင့် Custom Audiences များကို Facebook မှာမဟုတ်ဘဲ မိမိရဲ့ WordPress website မှာဘဲ ပြုလုပ်လိုက်လို့ရပါတယ်။
Audience များကို track လုပ်နိုင်သည်သာမက Conversion များကိုပါ အမျိုးမျိုးသော လုပ်ဆောင်ချက်များကိုရွေးကာ Track လုပ်လို့ရပါတယ်။
General Setting မှာ ဆိုရင်လည်း Filter ရွေးကာ Category အမျိုးမျိုးဖြင့် လွယ်လွယ်ကူကူ track လုပ်လို့ရပါတယ်။
0 comments:
Post a Comment