Comments

Sunday, April 1, 2018

Device Protection (သို့မဟုတ်) Factory Reset Protection (FRP) Feature ဆိုတာဘာလဲ.......





- Android Devices တွေမှာ Built-in
ပါဝင်တဲ့ လုံခြုံရေး Feature အဲ့ဒါက
ဘာလဲဆိုတော့ Device Protection
(သို့)Factory Reset Protection (FRP)
Feature ပဲဖြစ်ပါတယ်။

- သူ့ကိုဘာအတွက်သုံးတာလဲဆိုတော့
ကိုယ့်ဖုန်း Device နဲ့သတင်းအချက်အ
လက်(information)တွေကိုကာကွယ်ဖို့
အတွက်ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ Screen
Lock နဲ့ Data Encryption တို့ပါဝင်ပါတယ်။

- FRP ကို Android ဗားရှင်း Lollipop 5.1 နဲ့
အထက်ဖုန်းတွေအတွက် လုံခြုံရေး Feacture
အဖြစ်အသုံးပြုပါတယ်။

- တစ်ကြိမ် Google Account ကို Set up လုပ်
လိုက်တဲ့အချိန်မှာပဲ FRP Feature ဟာ အလို
အလျောက် Activated ဖြစ်သွားမှာဖြစ်ပါတယ်။

FRP ဘယ်လိုအလုပ်လုပ်သလဲ?
<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>

Factory Data Reset လုပ်လိုက်တဲ့အချိန်မှာ
Download လုပ်ထားတဲ့App နဲ့ Data အားလုံး
ဟာပျက်သွားမှာဖြစ်ပြီး ဖုန်းSettings အားလုံး
ဟာစက်ရုံကထုတ်လိုက်တဲ့အတိုင်းပြန်ဖြစ်သွား
မှာဖြစ်ပါတယ်။

တကယ်လို့ ဒီ Device မှာ Google Account
တစ်ခုထည့်သွင်းပြီးသားရှိနေရင် FRP ဟာ
active ဖြစ်နေမှာဖြစ်ပါတယ်။ ဆိုလိုတာက
သင် Resetလုပ်ပြီးရင် Google Account
User Name နဲ့ Password ပြန်ဝင်ရမှာဖြစ်
ပါတယ်။ ၀င်သုံးဖူးတဲ့ multiple account ရှိ
ရင်လည်း အဲ့ဒီအကောင့်နဲ့ဝင်လည်းရပါတယ်။

ကိုယ်က ဒီဖုန်းပိုင်ရှင်မဟုတ်ရင်တော့ reset ချ
လိုက်မိပြီး ပြန်တက်လာတဲ့အခါဖုန်းကိုပြန်ဝင်ဖို့
ယခင်သုံးထားဖူးတဲ့ Google Acccount ပြန်
တောင်းမှာဖြစ်ပါတယ်။

ဒီအဓိပ္ပါယ်ကတော့ ကိုယ့်ဖုန်းပျောက်သွားတာ
ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကခိုးယူသွားတာ
ပဲဖြစ်ဖြစ် ထိုသူကအဲ့ဒီဖုန်းကို အသစ်ပြန်သုံးချင်လို့
Reset လုပ်လိုက်မယ်ဆိုရင် သင့် Google Account 

မသိရင်လုပ်လို့ရမှာမဟုတ်ပါဘူး။

FRP အကြောင်းဘာကြောင့်သိဖို့လိုအပ်တာလဲ....
<<<<<<<<<<<<<<<<>>>>>>>>>>>

တကယ်လို့သင်ဟာ Factory Reset လုပ်မယ်
ဆိုရင် သင့်Google Account နဲ့Password ကိုသေ

ချာအောင်အရင်လုပ်ထားဖို့လိုအပ်ပါမယ်။
ဘာကြောင့်လဲဆိုတော့ Reset လုပ်ပြီးဖုန်းပြန်ဖွင့်
တဲ့အခါမှာ သင့် Gmail Account ကိုတောင်းမှာ
မို့လို့ပါ။

Factory Reset လုပ်ချင်တယ် ဒါပေမယ့် Google
Account မမှတ်မိဘူးဆိုရင်အောက်ပါနည်းတွေထဲ
က တစ်ချက်ကိုလုပ်ဆောင်နိုင်ပါတယ်။
<<<<<<<<<<<<<<<>>>>>>>>>>>>

၁) ပထမဆုံး ကိုယ့် device က account Settings
ကိုစစ်ဆေးပါ။ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့
အကောင့် user name နဲ့ Password ကို resetပြန်
လုပ်ဖို့ပဲဖြစ်ပါတယ်။Google Account Reset လုပ်
ပြီးရင်တော့ 24 နာရီစောင့်ရမှာပါဘာလို့လဲဆိုတော့
သူ Registered လုပ်ထားတဲ့ Device တွေအားလုံး
သိရှိဖို့ အသိပေးရမှာမို့ဖြစ်ပါတယ်။

၂) ဖုန်းကို reset မလုပ်ခင် အကောင့်ကို ဖုန်းကနေ
remove လုပ်ရမှာဖြစ်ပါတယ်။

တကယ်လို့ ကျွန်တော်တို့က ဖုန်းကို reset လည်း
လုပ်ပြီးပြီ ဒါပေမယ့် Google အကောင့်နဲ့
Passoword ကိုမမှတ်မိဘူးဆိုရင် Device ကိုအသုံးပြုနိုင်

မှာမဟုတ်ပါဘူး။ ဒီအခြေအနေမှာတော့အောက်ပါအချက်များ
အတိုင်းလုပ်ဆောင်နိုင်
ပါတယ်။......
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>

၁) တကယ်လို့သင်က သင့် Google Account ရဲ့
User Name ကိုမှတ်မိတယ် ဒါပေမယ့် password
ကိုမမှတ်မိဘူးဆိုရင် ဒီ Device မှာ မင်း Password ကို 

reset ပြန်လုပ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် www.google
.com မှာလုပ်လို့ရပါတယ်။ Google Account
Reset လုပ်ပြီးရင်တော့ ၂၄နာရီစောင့်ရမှာပါဘာ
လို့လဲဆိုတော့ သူ Registerd လုပ်ထားတဲ့ Device
တွေအားလုံးသိရှိဖို့ အသိပေးရမှာမို့ဖြစ်ပါတယ်။ ၂၄ နာရီ
ကြာပြီးရင်တော့ ဖုန်းကို Password အသစ်နဲ့ Login
ပြန်ဝင်နိုင်ပါပြီ။

၂) တကယ်လို့သင့်မှာ Multi Account ရှိမယ် ဘယ်အ
ကောင့်နဲ့ Device ကို Setup လုပ်ခဲ့တာလဲမမှတ်မိဘူး
ဆိုရင် ဒီ https://www.google.com/android/devicemanager 

မှာဘယ်အကောင့်နဲ့ ဒီ Device ကို Login ၀င်ပြီး
registered လုပ်ခဲ့လဲဆိုတာကိုစာရင်းအလိုက်သွား
ကြည့်လို့ရပါတယ်။တကယ်လို့အကောင့်ကို registered လုပ်ထား

တာမတွေ့ရင် အခြားအကောင့်နဲ့ လုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။

၃) တကယ်လို့မင်းက အခြားအကောင့်ရဲ့အချက်အလက်
တွေကိုလည်းမမှတ်မိခဲ့ဘူးဆိုရင် မင်းဖုန်းဝယ်ယူခဲ့တဲ့ သက်သေ

အဖြစ်Samsung Service Centerကိုအကြောင်း
ကြားရမှာပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာ သူတို့ကသင့်​ဖုန်းကို 

အထူးစီမံပြုလုပ်ထားတဲ့ Tools တွေနဲ့ factory defaults
ဖြစ်ဖို့နဲ့ ဖုန်းထဲဝင်ဖို့ အခက်အခဲမဖြစ်အောင်လုပ်ဆောင်
ပေးမှာဖြစ်ပါတယ်။

Copy Writer : Future Myanmar Leader(Mr.KyawSwar)
Source : Samsung
Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts