Comments

Saturday, June 2, 2018

Facebook Group စီမံရာတွင်​ မဖြစ်​မ​နေ သိရမယ့်​ အချက်​ (၈) ချက်​ ************************

မိမိရဲ့ Group ကို ထိထိ​ရောက်​​ရောက်​စီမံကာ ​ကောင်းမွန်​တဲ့ Facebook Community တည်​​ဆောက်​နိုင်​ဖို့အတွက်​ သိရမယ့်​အချက်​များကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။
(၁) Notification များကို On ​ပေးပါ။
- Member Request နဲ့ New Post တို့နှင့်​ ပတ်​သက်​တဲ့ Notification ၂ ခုလုံးကို On ​ပေးပါ။ Group Admin နှင့်​ Moderator တို့က ထို Notification ရဲ့တာဝန်​များ တစ်​​ယောက်​တစ်​ခုစီ ခွဲယူကာ စနစ်​ကျကျစီမံသင့်ပါတယ်​။ Post အတွက်​ Notification On ရာမှာ Page ရဲ့ Notification မှ All Posts ကို on ​ပေးနိုင်​သလို ထို post ကိုသွားပြီး down arrow ကိုနှိပ်​ကာ Turn On Notification ကိုလည်း​ရွေးလို့ရပါတယ်​။


Member Request အတွက်​ Notification On ရန်​အတွက်​ Group ရဲ့ အစက်​ ၃ စက်​ button မှ Manage Group option ကို​ရွေး​ပေးပြီး Select Notification မှ Get notifications when people ask to join ကိုနှိပ်​​ပါ။

Admin မှာသာမက Moderator ဆီမှာပါ Notification ​ပေါ်​စေမှာဖြစ်​ပါတယ်​။

(၂) Question Form ​ဆောက်​ပါ။
- မိမိ Group ရဲ့ Quality ကိုမြှင့်​တင်​နိုင်​ဖို့အတွက်​သာမက မိမိ ရဲ့ Group title ကို အမှန်​အကန်​ စိတ်​ဝင်​စားတဲ့သူများကိုသာ​ ​ရွေးချယ်​နိုင်​ဖို့အတွက်​ Member Request လုပ်​သူများကို ​မေးခွန်း ၃ ခုအရင်​​ဖြေခိုင်းကာ ထိုအ​ဖြေ​များကို Admin က တဖန်​ဆန်းစစ်​ပြီးမှ Group ထဲသွင်းသင့်​ပါတယ်​။

Question Form ပြုလုပ်​ဖို့အတွက်​ Group မှ အစက်​ ၃ စက်​ button ကိုနှိပ်​ပြီး Manage Group ကိုနှိပ်​ပါ။ ပြီး​နောက်​ Member Request ကို​ရွေးပြီး Setting ကိုနှိပ်​ကာ Question များဖြည့်​ထည့်​ပါ။

Member Request ​ရောက်​လာတာနဲ့ ဒီ​မေးခွန်းများ​ဖြေထားတာကို​တွေ့ရပါလိမ့်​မယ်​။
(၃) Filter ပြုလုပ်​ပြီး Approve လုပ်​ပါ။
- Member များကို Approve ပြုလုပ်​ရာတွင်​ သူတို့ရဲ့ အချက်​အလက်​များကို ဆန်းစစ်​သင့်​ပါတယ်​။
(၄) Problem Member များကိုဖယ်​ထုတ်​ပါ။
- Group ထဲမှာ ပြသာနာရှာတတ်​တဲ့ Member များ ရှိ​နေပါက ဖယ်​ထုတ်ပါ။ အဲ့အတွက်​ Member ထဲသွားကာ မိမိဖယ်​ထုတ်​ချင်​တဲ့ Member ကို ​​ရွေးပြီး Remove from group နှိပ်​ကာ ဖယ်​ထုတ်​လိုက်​ပါ။
မိမိ Remove လုပ်​လိုက်​သူရဲ့ Post နှင့်​ Comment များကိုပါဖျက်​ဖို့ option ကျလာပါလိမ့်​မယ်​။ အဲ့အခါမှာ မိမိအလိုရှိတဲ့ Information ကိုထပ်​ထည့်​ကာ confirm နှိပ်​​ပေးပါ။
Admin ကို အခြားသူများ Report လုပ်​ထားတဲ့ member များကိုလည်း Group ထဲမှ ထုတ်​​ပေးလို့ရပါတယ်​။ အဲ့အတွက်​ အစက်​ ၃ စက်​မှ Manage Group ကိုနှိပ်​ပြီး Reported to Admin ကို ဝင်​ကြည့်​ပါ။
(၅) Group type များဖြည့်​ပါ။
- မိမိ Group ရဲ့ type နဲ့ About များကို လူအများသိ​အောင်​ဖြည့်​ထည့်​​ပေးရပါမယ်​။

အဲ့အတွက်​ မိမိ Group နှင့်သက်​ဆိုင်​တဲ့ အဆင်​အ​ပြေဆုံး Group type တစ်​ခု​ရွေးပါ။

ပြီးတဲ့အခါ Tag ​ရွေး​ပေးရမှာဖြစ်​တဲ့အတွက်​ အများဆုံး 5 ခုအထိ​ရွေး​ပေးပါ။

အချို့လုပ်​ငန်း​တွေက​တော့ ​Location နေရာ​တွေရှိတဲ့အတွက်​ address ဖြည့်​​ပေးရပါမယ်​။
📷
(၆) Page (သို့) အခြား Group များနှင့်​ချိတ်​ပါ။
- Group မှာ အခြား​သော Page (သို့) Group အ​နေနဲ့ Post တင်​ခြင်း comment ​ပေးခြင်း​များပြုလုပ်​ချင်​ပါက Link လုပ်​​ပေးသင့်​ပါတယ်​။
ဒါမျိုး​တွေမလုပ်​ခင်​မှာ​တော့ Account ​ပြောင်း​ပေးသင့်​ပါတယ်​။

link လုပ်​ပြီးပါက မိမိ Page ရဲ့ ဘယ်​ဘက်​​ဘေးမှ Group အ​နေနဲ့ ​ပေါ်လာပါလိမ့်​မယ်​။
Page သာမက အခြား Group နှင့်​လည်း ချိတ်​လို့ရပါတယ်​။ အဲ့အတွက်​ မိမိ Group ရဲ့ အစက်​ ၃ စက်​မှ Link Existing Group option ကို ​ရွေးပါ။ မိမိချိတ်​ချင်​တဲ့ Group ကို​ရွေးကာ Link နှိပ်​ပါ။
ဒီလိုချိတ်​ထားခြင်းဖြင့်​ Group အတွင်းရှိ Member များကို မိမိ ချိတ်​လိုက်​တဲ့ Group အား join လုပ်​ဖို့ အလိုအ​လျောက်​ Recommend ​ပေးသွားမှာဖြစ်​တယ်​။
Facebook Page လိုမျိုး Group မှာလည်း မိမိအလိုရှိတဲ့ Email ​address ကို ​ပြင်​ပိုင်​ခွင့်​ရှိပါတယ်​။
(၇) Schedule ချပါ။
- Group မှာတင်​မယ့်​ post များကို အချိန်​များသတ်​မှတ်​ပြီး ဆိုင်းငံ့ထားလို့ရပါတယ်​။
Schedule ချထားတဲ့ post များကို Scheduled Post ထဲဝင်​ပြီး Down arrow ကိုနှိပ်​ကာ Edit ၊ Delete စတဲ့ option အမျိုးမျိုးကိုပြုလုပ်​လို့ရပါတယ်​။
(၈) Group Insights ကိုဆန်းစစ်​ပါ။
- Group Insights မှာ Growth details ၊ Engagement Details ၊ Member Details နှင့်​ Download Details စတာ​တွေကို ဆန်း​စစ်​ကြည့်​ရှုကာ Group ရဲ့ အ​ခြေအ​နေများကိုသိနိုင်​ပါတယ်​။
Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts