Marketer များဟာ မိမိရဲ့ website ကို ဝင်ရောက်လာမယ့် Audience အရေအတွက်ရဲ့ အခြေအနေများကို တိုင်းတာပြီး မိမိ website ရဲ့ အခြေအနေကိုလေ့လာစောင့်ကြည့်လျှက်ရှိကြပါတယ်။ အခုလို Ads Manager မှ စောင့်ကြည့်နိုင်ဖို့အတွက် Facebook Pixel ကို install ပြုလုပ်ပေးရပါတယ်။ Install ပြုလုပ်ချိန်ဟာ အများဆုံး ၁ နာရီလောက်သာ ကြာမြင့်မှာဖြစ်တဲ့အတွက် လွယ်ကူတယ်လို့ပြောလို့ရပါတယ်။ ပထမဆုံး Ads Manager ရဲ့ Assets tab မှ Pixels ကိုနှိပ်ပါ။
မိမိက Pixel ကို install ပြုလုပ်ထားခြင်းမရှိပါက Create Pixel ဟုပေါ်နေမှာဖြစ်တဲ့အတွက် Create Pixel ကိုနှိပ်ပေးလိုက်ပါ။
ပြီးတဲ့အခါမှာ Name သတ်မှတ်ပြီး Next button ကိုနှိပ်ပါ။
Facebook Pixel ကို install ပြုလုပ်ချိန်တွင် နည်း ၂ နည်းနဲ့ install ပြုလုပ်လို့ရပါတယ်။ အကယ်၍ မိမိက Copy Paste နည်းကိုအသုံးပြုချင်ပါက ဒုတိယနည်းကိုရွေးပါ။
Install လုပ်ရာတွင် မိမိကိုယ်တိုင်လုပ်နိုင်သလို မိမိ Company ရဲ့ Programmer များအား Email ပို့ပြီးလည်း ကူညီခိုင်းလို့ရပါတယ်။
Code များကို Copy လုပ်ပြီး မိမိ website ရဲ့ header tag <head>....</head> ထဲသွားပြီး paste လုပ်ရပါမယ်။ မိမိ website တစ်ခုခုရဲ့ Setting ထဲမှ Insert Header and Footer page ဆိုတာလေးရှိပါလိမ့်မယ်။ ထိုနေရာမှာ မိမိ copy လုပ်လာတဲ့ code များကို Paste လုပ်ပြီး Save ကို နှိပ်လိုက်ပါ။
Audience ကိုသာမက အခြားသော feature များပါကြည့်နိုင်ဖို့အတွက် Function အသေးလေးများကိုပါ Code ထဲမှာ ထပ်မံထည့်သွင်းလို့ရပါတယ်။
Facebook Pixel ကို install လုပ်ပြီးပါက Facebook ရဲ့ Ads Manager အပိုင်းမှာ Standard Event များကို လက်တွေ့ကြည့်ရှု အသုံးပြုလို့ရပါပြီ။ အကယ်၍ မိမိက Custom အပိုင်းများကို Rule များဆောက်ပြီး ကြည့်ချင်ပါက Ads Manager မှ Facebook Pixel Tab ကိုသွားပါ။ ပြီးတဲ့အခါ Create Conversion ကို နှိပ်ပါ။
Rule မှာ မိမိ ဆန်းစစ်ချင်တဲ့ Keyword URL ကို ထည့်သွင်းပါ။ Category အပိုင်းမှာလည်း URL နဲ့ ပတ်သက်တဲ့ အဆင်ပြေတဲ့အရာကိုဖြည့်ပါ။ ပြီးတဲ့အခါ Custom Conversion name ကိုပေးလိုက်ပါ။
Standard သဘောတရားဖြစ်တဲ့ Facebook Pixel Page ရဲ့အကြောင်းကို ဆက်လက် ပြောပြပါမယ်။ Assets tab အောက်မှ Pixels page ကိုသွားပါ။
Pixel Page ဟာဆို အချက် ၆ ချက်နှင့် ကြည့်လို့ရပါတယ်။
(၁) Time frame - Conversion လုပ်ရန် အချိန်အပိုင်းများကိုချိန်ညှိလို့ရပါတယ်။
(၂) Toolbar - Create Ad နဲ့ Create Audiences စတဲ့ function များကိုပြုလုပ်နိုင်ပြီး Action အပိုင်းမှာ Facebook Pixel name နဲ့ code များကိုပြင်လို့ရပြီး Email ပို့လို့ရမှာပါ။
(၃) Traffic data - မိမိ website မှာ traffic ဘယ်လောက်ရပြီလဲဆိုတာကြည့်လို့ရတာပါ။
(၄) Facebook Pixel details - Facebook Pixel ရဲ့ အချို့သော အခြေခံအချက်အလက်များကို ကြည့်လို့ရတာပါ။
(၅) Custom Audiences - Facebook Pixel နှင့်ပတ်သက်တဲ့ မိမိဖန်တီးထားတဲ့ Audiences များဖြစ်ပါတယ်။
(၆) Data filters - Data များကို URL ၊ Devices ၊ Domain နဲ့ Event များအလိုက် count အရေအတွက်များကို ကြည့်လို့ရတာဘဲဖြစ်ပါတယ်။
0 comments:
Post a Comment