မိမိရဲ့ Group ကို ထိထိရောက်ရောက်စီမံကာ ကောင်းမွန်တဲ့ Facebook Community တည်ဆောက်နိုင်ဖို့အတွက် သိရမယ့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Notification များကို On ပေးပါ။
- Member Request နဲ့ New Post တို့နှင့် ပတ်သက်တဲ့ Notification ၂ ခုလုံးကို On ပေးပါ။ Group Admin နှင့် Moderator တို့က ထို Notification ရဲ့တာဝန်များ တစ်ယောက်တစ်ခုစီ ခွဲယူကာ စနစ်ကျကျစီမံသင့်ပါတယ်။ Post အတွက် Notification On ရာမှာ Page ရဲ့ Notification မှ All Posts ကို on ပေးနိုင်သလို ထို post ကိုသွားပြီး down arrow ကိုနှိပ်ကာ Turn On Notification ကိုလည်းရွေးလို့ရပါတယ်။
Member Request အတွက် Notification On ရန်အတွက် Group ရဲ့ အစက် ၃ စက် button မှ Manage Group option ကိုရွေးပေးပြီး Select Notification မှ Get notifications when people ask to join ကိုနှိပ်ပါ။
Admin မှာသာမက Moderator ဆီမှာပါ Notification ပေါ်စေမှာဖြစ်ပါတယ်။
(၂) Question Form ဆောက်ပါ။
- မိမိ Group ရဲ့ Quality ကိုမြှင့်တင်နိုင်ဖို့အတွက်သာမက မိမိ ရဲ့ Group title ကို အမှန်အကန် စိတ်ဝင်စားတဲ့သူများကိုသာ ရွေးချယ်နိုင်ဖို့အတွက် Member Request လုပ်သူများကို မေးခွန်း ၃ ခုအရင်ဖြေခိုင်းကာ ထိုအဖြေများကို Admin က တဖန်ဆန်းစစ်ပြီးမှ Group ထဲသွင်းသင့်ပါတယ်။
Question Form ပြုလုပ်ဖို့အတွက် Group မှ အစက် ၃ စက် button ကိုနှိပ်ပြီး Manage Group ကိုနှိပ်ပါ။ ပြီးနောက် Member Request ကိုရွေးပြီး Setting ကိုနှိပ်ကာ Question များဖြည့်ထည့်ပါ။
Member Request ရောက်လာတာနဲ့ ဒီမေးခွန်းများဖြေထားတာကိုတွေ့ရပါလိမ့်မယ်။
(၃) Filter ပြုလုပ်ပြီး Approve လုပ်ပါ။
- Member များကို Approve ပြုလုပ်ရာတွင် သူတို့ရဲ့ အချက်အလက်များကို ဆန်းစစ်သင့်ပါတယ်။
(၄) Problem Member များကိုဖယ်ထုတ်ပါ။
- Group ထဲမှာ ပြသာနာရှာတတ်တဲ့ Member များ ရှိနေပါက ဖယ်ထုတ်ပါ။ အဲ့အတွက် Member ထဲသွားကာ မိမိဖယ်ထုတ်ချင်တဲ့ Member ကို ရွေးပြီး Remove from group နှိပ်ကာ ဖယ်ထုတ်လိုက်ပါ။
မိမိ Remove လုပ်လိုက်သူရဲ့ Post နှင့် Comment များကိုပါဖျက်ဖို့ option ကျလာပါလိမ့်မယ်။ အဲ့အခါမှာ မိမိအလိုရှိတဲ့ Information ကိုထပ်ထည့်ကာ confirm နှိပ်ပေးပါ။
Admin ကို အခြားသူများ Report လုပ်ထားတဲ့ member များကိုလည်း Group ထဲမှ ထုတ်ပေးလို့ရပါတယ်။ အဲ့အတွက် အစက် ၃ စက်မှ Manage Group ကိုနှိပ်ပြီး Reported to Admin ကို ဝင်ကြည့်ပါ။
(၅) Group type များဖြည့်ပါ။
- မိမိ Group ရဲ့ type နဲ့ About များကို လူအများသိအောင်ဖြည့်ထည့်ပေးရပါမယ်။
အဲ့အတွက် မိမိ Group နှင့်သက်ဆိုင်တဲ့ အဆင်အပြေဆုံး Group type တစ်ခုရွေးပါ။
ပြီးတဲ့အခါ Tag ရွေးပေးရမှာဖြစ်တဲ့အတွက် အများဆုံး 5 ခုအထိရွေးပေးပါ။
link လုပ်ပြီးပါက မိမိ Page ရဲ့ ဘယ်ဘက်ဘေးမှ Group အနေနဲ့ ပေါ်လာပါလိမ့်မယ်။
Page သာမက အခြား Group နှင့်လည်း ချိတ်လို့ရပါတယ်။ အဲ့အတွက် မိမိ Group ရဲ့ အစက် ၃ စက်မှ Link Existing Group option ကို ရွေးပါ။ မိမိချိတ်ချင်တဲ့ Group ကိုရွေးကာ Link နှိပ်ပါ။
ဒီလိုချိတ်ထားခြင်းဖြင့် Group အတွင်းရှိ Member များကို မိမိ ချိတ်လိုက်တဲ့ Group အား join လုပ်ဖို့ အလိုအလျောက် Recommend ပေးသွားမှာဖြစ်တယ်။
Facebook Page လိုမျိုး Group မှာလည်း မိမိအလိုရှိတဲ့ Email address ကို ပြင်ပိုင်ခွင့်ရှိပါတယ်။
(၇) Schedule ချပါ။
- Group မှာတင်မယ့် post များကို အချိန်များသတ်မှတ်ပြီး ဆိုင်းငံ့ထားလို့ရပါတယ်။
Schedule ချထားတဲ့ post များကို Scheduled Post ထဲဝင်ပြီး Down arrow ကိုနှိပ်ကာ Edit ၊ Delete စတဲ့ option အမျိုးမျိုးကိုပြုလုပ်လို့ရပါတယ်။
(၈) Group Insights ကိုဆန်းစစ်ပါ။
- Group Insights မှာ Growth details ၊ Engagement Details ၊ Member Details နှင့် Download Details စတာတွေကို ဆန်းစစ်ကြည့်ရှုကာ Group ရဲ့ အခြေအနေများကိုသိနိုင်ပါတယ်။