Comments

Monday, September 17, 2012

မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်

  ကိုလင်း - သလာဝတီ

မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွယ်ပါတယ်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ

(1)(နောက်ပြီးတော့ setting ကို သွားပါ.....

(2) account and Import tab ထဲကို ၀င်လိုက်ပါ......

(3) add POP3 email account button ကို click လိုက်ပါ....

(4) ပြီးတာနဲ gmail အဟောင်းရဲ့ mail add ကိုထည့်လိုက်ပါ ....

(5) Next step ကို ကလစ်နှိပ်လိုက်ပါနော် ....

(6) Gmail အဟောင်းက password အဟောင်းကို ထည့်ပြီး Label Incoming massage box ရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ........

(7) ပြီးတာနဲ ကိုယ်ကြိုက်တဲ့ Dropdown မှာကိုယ်စိတ်ကြိုက် label
နာမည်ကို ပေးလိုက်နော် ...

(8) Add account မှာကလစ်နှိပ်ပြီး

(9) နာမည်ဖြည့်... Next step ကိုသွားနော်

(10) Send Verification button ကို click ပါ

(11) code ကိုထည့်ရန်နေရာနဲ Verification button တစ်ခုကျလာမယ်၊ code ကိုရရန်အတွက် မူလအကောက်ထဲ ပြန်ဝင်ပါ၊ Inbox မဟုတ် span mail ထဲသို့code နံပါတ်ပါသော မေးတစ်စောင်ရောက်ပါမယ်..

(12) code နံပါတ်ဖြည်ပြီး Verify လုပ်လိုက်ပါ မိနစ်ပိုင်းအတွင်း မေးရောက်လာပါလိပ်မယ်..

မှတ်ချက်......တော်ကြာ ဖျက်ထာတဲ့ ရည်စာစာတွေ ပြန်ပေါ်လာလို့ ကွိုင်တတ်ရင် ကျနော် မသိဘူးနော်...
ဟိဟိ
Share:

Saturday, September 15, 2012

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ .

၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။

အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ စိတ်ဖိစီးမှုတွေ လျော့နည်းလာခြင်းပါပဲ။ လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

၂။ ဦးနှောက်စွမ်းရည် တိုးတက်စေမယ်။

စိတ်ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ဦးနှောက် ဉာဏ်စွမ်းရည် လျော့နည်းမှု ဆက်စပ်မှုရှိကြောင်း လေ့လာချက်တချို့အရ သိရှိခဲ့ရသလို အပန်းဖြေခရီးထွက်ခြင်းဟာ ဦးနှောက်မှတ်ဉာဏ် စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

၃။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။

နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရာကနေ အပန်းဖြေခရီး ထွက်လိုက်တဲ့အခါမှာတော့ သင်ဟာ အိပ်ရေး၀၀အိပ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့အကျင့်ကို ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် နာကျင်ကိုက်ခဲမှုတွေလည်း လျော့နည်းလာနိုင်ပါတယ်။ လေကောင်းလေသန့်လည်း ရရှိစေတဲ့အတွက် ပိုပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။

၎။ မိသားစု သံယောဇဉ်ကြိုး ခိုင်မာစေတယ်။

နေ့စဉ်နေ့တိုင်း ကျောင်းသွားလိုက်၊ ရုံးသွားလိုက်နဲ့ မိသားစုဝင်အချင်းချင်း တယောက်နဲ့တယောက် တွေ့ဆုံကြတဲ့အချိန်က ရှားပါးလွန်းပါတယ်။ မိသားစုနဲ့ အပန်းဖြေခရီးထွက်တဲ့အခါ မိသားစုဝင်အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ခင်မှုတွေရကာ အမှတ်တရ ဖြစ်ရပ်လေးတွေနဲ့ သံယောဇဉ်ကြိုး မြဲမြံလာစေ နိုင်ပါတယ်။ ဒီလိုပဲ မိတ်ဆွေအချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုပိုကာ ပိုခင်မင်လာနိုင်ပါတယ်။

၅။ ဘ၀မှာ ပိုနေပျော်လာတယ်။

အပန်းဖြေခရီး ထွက်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးပွားပြီး အတွေ့အကြုံအသစ်တွေ ခံစားရနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုကတည်းက ဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တဲ့အတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရယ်မောလာနိုင်ကာ ကိုယ်နှစ်သက်ရာ လုပ်နိုင်ကြပါတယ်။

credit - forward mail
Share:

ခေါင်းတုံး(ဂတုံး)မြို့တော် Mg Linnith

အခန်း(၁)

ဒီမြို့ထဲကိုစဝင်လာကတည်းက သူသတိထားမိတဲ့ အချက်တွေရှိသည်။ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့်

ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ကြောင်းသိရသည်။ နောက်ပြီး အများစုကိုကြည့်ရတာ လူကုံထံ လူချမ်းသာပုံစံတွေချည်းဖြစ်သည်။

နောက်တစ်ချက်ကတော့ အလွန်ထူးခြားသည်။ အားလုံးက ခေါင်းတုံး (ဂတုံး) တွေချည်း ဖြစ်နေသည်။ ထို့ကြောင့် ခေါင်းတုံး

(ဂတုံး)မြို့တော် ဟုစိတ်ထဲကသူ့ဖာသာသူ နာမည် ပေးလိုက်သည်။

လူစိမ်းဖြစ်ခြင်းကြောင့်လား၊ သူတို့နှင့်ပုံစံမတူသည့် ဆံပင်နှင့်လူတစ်ယောက်ကို မမြင်ဖူးခြင်းကြောင့် လားမသိ အားလုံး၏ မျက်လုံးများက သူ့ဆီကိုသာ ရောက်နေကြသည်။ အချင်းချင်း တီးတိုးပြောဆို၍ ရယ်မော နေကြသည်။ ကလေးတွေ (ဂတုံးလေးတွေ) ကလည်း သူ့နောက်ပြေးလိုက်ကြသည်။ သေချာသတိထား ကြည့် တော့ လူကြီးတွေ(ဂတုံးကြီးတွေ)လည်း မလှမ်းမကမ်းမှ သူ့နောက်လိုက် နေကြောင်း သိ လိုက်ရသည်။ အချို့ ကလည်း(သူ့တို့မိသားစုတွေ မမြင်ဖူးလိုက်မှာစိုး၍ထင်သည်) အိမ်ထဲသို့ လှမ်းအော် ခေါ် နေကြသည်။ သူ့အနေ နှင့်လည်း တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ခေါင်းတုံး (ဂတုံး)သီးသန့် လူအုပ်ကြီးကို မမြင်ဖူးပေ။ ဒီလိုနဲ့ ခေါင်းတုံး(ဂတုံး)တွေကို သူက တစ်အံ့တစ်သြ ကြည့်ရင်း ခေါင်းတုံး(ဂတုံး)တွေက သူ့နောက်ကို ရယ်မော ပျော်ရွှင်စွာ လိုက်ပါကြရင်း မြို့အတွင်းပိုင်းကို တစ်ဖြည်းဖြည်းရောက်လာလေတော့သည်။

လူကကြာလေများလေ ဖြစ်လာသောကြောင့် သူ့စိတ်ထဲမှာအနည်းငယ်လန့်သလိုဖြစ်လာသည်။ သို့သော် ရန်လိုသည့် အပြုအမူမရှိကြောင်းကို သူတို့၏မျက်နှာပေါ်ကအပြုံးတွေကိုကြည့်ရင်းသူတွေးမိလာသည်။ တစ်စပ်တည်းတွေးမိလာသည်က ရုပ်ရှင်တွေ ကာတွန်းတွေထဲကလို သူတို့လူမျိုးတွေရဲ့ နိမိတ်အရ (သို့) ကျမ်းဂန်အရရောက်လာသည် ဟုယူဆပြီးသူ့ကို ဘုရင် ဝိုင်းမြှောက်ကြလေမလား ဟုတွေးမိသည်။ သူ့ဆီမှာ ပါလာသော ပစ္စည်းတွေထဲက အထူးအဆန်းဖြစ်မည့် ပစ္စည်းတွေကို အလျှင်အမြန် စဉ်းစားကြည့်သည်။ မီးခြစ်၊ Android Phone စသည်ဖြင့် သူတို့မမြင်ဖူးလောက်သည့် ပစ္စည်းများပါကြောင်းတွေးရင်း အခြေအနေကြည့် လှုပ်ရှားဖို့ စဉ်းစားလိုက်သည်။ ထိုသို့ဖြင့် မြို့၏အစည်ကားဆုံး နေရာဟုယူဆရသော ဈေးတန်းတွေ၊ စားသောက်ဆိုင်တန်း တွေရှိသည့် နေရာသို့ရောက်လာလေသည်။

“ ကျွန်တော်တို့ဆိုင်ထဲကိုကြွပါဧည့်သည်…. လူကြီးမင်းနှစ်သက်ရာကို အခမဲ့သုံးဆောင်နိုင်ပါတယ် ”

“ ကျွန်တော်တို့ဆိုင်မှာ တရုတ်စာအစုံရှိပါတယ်အခမဲ့ပါဧည့်သည် “

“ ဒီကိုလာပါဧည့်သည်……………………….”

ဥရောပအစားအစာ၊ တရုတ်အစားအစာ၊ ပင်လယ်စာ စသည်ဖြင့် စုံလင်လှသော စားသောက်တန်းကို သူတစ်အံ့တစ်သြ

ငေးကြည့်ရင်း ကြက်သေသေသွားသည်။ ပြီးတော့အားလုံးက သူ့ကိုအခမဲ့စားသောက်ဖို့ အလု အယက်ခေါ်နေကြသည်။ ဒီဇာတ်လမ်းသည် သူထင်ထားသလို သူ့ကို ဘုရင်မြှောက်မည့် ဇာတ်လမ်းမဟုတ်နိုင် ကြောင်းတွေးရင်း စိတ်ညစ်သွားသည်။ မတတ်နိုင်ဘူး မီးစင်ကြည့်ကရမှာပဲ ဟုသူဘာသာရေရွှတ်ရင်း လော လောဆယ် ဗိုက်ထဲဆာလောင်မှုကို အရင်ဖြေရှင်းဖို့ စဉ်းစားလိုက်သည်။ အားလုံးကအခမဲ့ဆိုတော့ သူ့စိတ်ထဲ နည်းနည်း တော့ ထူးဆန်းနေသော်လည်း ဆာလောင်မွတ်သိပ်မှုက သံသယစိတ်တွေကို အနိုင်ယူပြီး ဖြစ်ချင် ရာဖြစ် ဆိုင်တစ်ဆိုင်ဆိုင် ကိုဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလိုနဲ့သူ စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးပြီးဝင်လိုက်သောအခါ သူဝင်လိုက်သည့် ဆိုင်ထဲသို့ အစောပိုင်းက သူ့နောက်လိုက်လာသော ခေါင်းတုံး(ဂတုံး)အုပ်ကြီးလည်း လိုက်ဝင်လာလေတော့သည်။ ဆိုင်တစ်ဆိုင် လုံး ထိုင်စရာနေရာပင် မရှိအောင် ပြည့်သွားသည့်အပြင် ဆိုင်အတွင်း၌ မတ်တပ်စားသုံးသူများပါပြည့်ကျပ်နေ လေတော့သည်။ ဆိုင်အပြင်၌လည်း သူ့ကိုကြည့်နေသည့် လူအုပ် (ဂတုံးအုပ်)ကလည်းမနည်း။ ဆိုင်ရှင်ဆိုတာ ပါးစပ်နားရွက်မချိတ်ယုံတမယ် သူ့ကိုအစွမ်းကုန် ဝန်ဆောင်မှု ပေး နေလေတော့သည်။ အခမဲ့ဆိုတာကို သူနည်းနည်း သဘောပေါက်သလိုဖြစ်သွားပြီး တစ်ချက်ပြုံးလိုက်သည်။ ဒီလိုနဲ့ စားသောက်ဖွယ်ရာတစ်ချို့ကို သူမှာယူ လိုက်သည်။ တစ်ဆိုင်လုံးလည်း အစားအသောက်မှာသံ၊ ဆိုင်ရှင်နှင့် စားပွဲထိုးများအော်ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်နေသည်။

“ ပေါက်စီနှစ်လုံး ကတ်ကြေးတစ်လက်”

“သင်တုန်းဓါးရော ယူဦးမလားအစ်ကိုတို့ “

“ မယူတော့ပါဘူးကွာ“

ဘေးဝိုင်းက ထူးဆန်းသော မှာပုံမှာနည်းနှင့် စားပွဲထိုးကောင်လေး၏ ပြန်မေးသော မေးခွန်းပုံစံကြောင့် ရုတ်တရက် သူကြောင်သွားသည်။ ကတ်ကြေး၊ သင်တုန်းဓါးနှင့် ပေါက်စီ ဘယ်လိုမှဆက်စပ်၍မရ။ တစ်ခြားဝိုင်း တွေကို မသိမသာ အကဲခတ် ကြည့်တော့လည်း ဝိုင်းတိုင်းတွင် ကတ်ကြေး(သို့)သင်တုန်းဓါး တစ်လက်မဟုတ် တစ်လက် ရှိနေကြောင်းတွေ့လိုက်ရသဖြင့် သူလန့်သွား သည်။ တည်ငြိမ်စပြုနေသောကြောက်စိတ်သည်လည်း ပြန်လည်အသက်ဝင်လာပြီး ရင်ထဲမှာဗလောင်ဆူသွားသည်။ အားလုံး၏ မျက်လုံးတွေကသူ့ကို သိသိသာသာ ရော မသိမသာပါကြည့်ရင်း ပြုံးရွှင်ရယ်မောနေကြသည်။ သူအတွေးတွေယောက်ယက်ခတ်ဗျာများ

နေပြီဖြစ် သည်။

“ မှားထားတာတွေ ရပါပြီအစ်ကို..”

စားပွဲထိုးလေးက စားစရာတွေလာချသည်။ သူမှာထားတွေရော မမှာထားတာတွေပါဖြစ်သည်။ ထို့နောက် ဆိုင်ရှင်က သူ့အနား ရောက်လာပြီး

“ အေးအေးဆေးဆေးစားပါ ဧည့်သည်… လိုအပ်တာရှိရင်လည်းပြောပါ ”

သူစားချင်စိတ်လုံးဝမရှိတော့။ စားလို့လည်းလုံးဝမဝင်တော့။ သူ့ကိုကြည့်နေသော မျက်လုံးတွေကို ခိုးကြည့်လိုက် တို့ကနန်း ဆိတ်ကနန်းစားလိုက်လုပ်ရင်း ဇောချွေးတွေပြန်လာသည်။ တစ်ခုခုတော့ လုပ်မှဖြစ် မည်။ သို့သော် ဘာလုပ်ရမှန်းလည်းမသိ။ ထွက်ပြေးဖို့ကြည့်ပြန်တော့ ဒီလူအုပ်နှင့် ဆိုင်ထဲကတောင် မနည်းတိုး ထွက်ရမည်ပုံ။ (ဘာလုပ်ကြမယ်မှန်းမသိသောလည်း) တစ်ခုခုထူးထူးခြားခြား လုပ်လိုက်ကာမှ တရားဝင်အစပြု ပေးလိုက်သလို လည်းဖြစ်သွားနိုင်သည်။ မျက်နှာကို ခပ်တင်းတင်းထားပြီး ခပ်တည်တည်ဖြင့် ဆိုင်ထဲက ထွက်သွားဖို့ စဉ်းစားလိုက်သည်။ ဒီလိုနဲ့စားလက်စကို လက်စသတ်ပြီး ရေတစ်ခွက် မော့သောက်

လိုက်သည်။

“ စားလို့ပြီးသွားပါပြီလား ဧည့်သည် အချိုပွဲသုံးဆောင်ဦးမလား ”

ဆိုင်ရှင်၏ ပျူငှာသောမေးခွန်းကိုပင် “ မလိုဘူး ” ဟုခပ်ပြတ်ပြတ်ပြန်ဖြေပြီး ဆိုင်ထဲက ထွက်ဖို့ပြင်လိုက် သည်။

“ ဧည့်သည်စားလို့ပြီးပြီတဲ့ဟေ့ ”

ဆိုင်ရှင်၏ အော်သံအဆုံးတွင် တစ်ဆိုင်လုံး “ဟေး” ခနဲဖြစ်သွားသည်။ စားပွဲထိုးလေးတွေအားလုံး ဆိုင်ရှင်အနားသို့

ပြေးလာကြသည်။ တစ်ချို့က သူ့စားပွဲပေါ်က ပန်းကန်တွေကို လျင်မြန်စွာသိမ်းသွားသည်။ သူလည်းကျောပိုးအိတ်ကိုလွယ်၍ ထမည်အပြု ‘ရွှက်' ခနဲမြည်သံနှင့်အတူ တခုခုဟာသွားသလို ခံစားလိုက်ရ သည်။ တစ်ယောက်ယောက်က ကတ်ကြေးဖြင့် ညှပ်လိုလိုက် သဖြင့် သူ့နောက်ကဆံပင်တစ်ချို့ ပါသွားခြင်း ဖြစ်သည်။

“ ဟင်…ဒါဘာလုပ်တာလဲ ”

သူလည်း အနောက်သို့ ကမန်းကတန်း လှည့်ကြည့်လိုက်ရာ သူ့ဆံပင်ကို ကိုင်မြှောက်ပြီး အော်ဟစ် ပျော်ရွှင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ဆိုင်လုံးလည်း အားပေးသံအော်ဟစ်သံများဆူညံ နေသည်။

“ရွှက်”

ဆံပင်အချို့ထပ်ပါသွားပြန်သည်။ ဒီတစ်ခါတော့ သူ့အရှေ့က လူက ထညှပ်သွားခြင်းဖြစ်သည်။ သူက အနောက်သို့ လှည့်လိုက်သဖြင့် ရှေ့တည့်တည့်ကလူကို ကျောခိုင်းလိုက်သလိုဖြစ်သွားချိန်တွင် ထိုလူက ထညှပ်လိုက်ခြင်းဖြစ်သည်။ သူလည်း ဒေါသဖြင့် ဝုန်းကနဲ ထရပ်လိုက်သည်။

“ ခင်ဗျားတို့ဘာလုပ်ကြတာလဲဗျ ဟင်.. ရိုင်းလှချေလား ”

သူ၏ အော်ဟစ်ပြောဆိုမှု မဆုံးခင်မှာပင် စားပွဲထိုးလေးတွေက သူ့ကိုချုပ်ပြီး စားပွဲပေါ်မှောက်တင်လိုက် ကြသည်။ တစ်ဆိုင်လုံး ထိန်းမနိုင်သိမ်းမရဆူညံနေပြီဖြစ်သည်။ အားလုံးကသူ့အနားကပ်လာကြသည်။ သူ့ဆံပင် ကို ကတ်ကြေးဖြင့်ညှပ်ယူကြသည်။ သင်တုန်းဓါးဖြင့် ရိတ်ယူကြသည်။ ဟိုပုံဖော်ကွာ ဒီပုံညှပ်ဟေ့ စသဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်သံများကြား သူလည်းရုန်းရင်းကန်ရင်း အော်ဟစ်ဆဲဆိုနေမိသည်။

“ အားလုံးတစ်ယောက်တစ်ခါပဲနော်…ငါ့အတွက်လည်း နည်းနည်းချန်ထားပါဦးဟ.. ဓါးလည်းမထိစေနဲ့ဦး….”

ဆိုင်ရှင်က အော်ဟစ်သတိပေးနေသည် ။ ဒီလိုနဲ့ တဖြည်းဖြည်းသူ့ဆံပင်များကုန်သွားပြီး နောက်ဆုံး ဆိုင်ရှင်အလှည့်ပြီးသွားချိန်တွင်

တော့ သူကိုယ်တိုင် ခေါင်းတုံး(ဂတုံး)တစ်ယောက်ဖြစ်သွားလေတော့သည်။ စားပွဲထိုးလေးတွေက သူ့ကိုလွှတ်ပေးလိုက်ပြီဖြစ်သည်။

“ ခင်ဗျားတို့ ဒါသက်သက် အုပ်စုဖွဲ့ အနိုင်ကျင့်တာ

ခင်ဗျားတို့ကို မကျေနပ်ဘူး တိုင်မယ် တရားစွဲမယ် ”

သူတစ်ယောက်တည်း အရူးလိုအော်ဟစ်ရင်း ပေါက်ကွဲနေသည်။ ဘယ်သူ့ကို ဘာလုပ်ရမှန်းလဲမသိ။ အများနှင့်တစ်ယောက်ဖြစ်သောကြောင့် လက်ပါကြစတမ်းဆိုလျှင်လည်း သူပဲနာမည်ဖြစ်ကြောင်း သူသိသည်။ ခုတော့သူ့ကို ဘယ်သူမှ ဂရုမစိုက်ပဲ ဝိုင်းအသီးသီးက ပိုက်ဆံရှင်းကျ စားပွဲထိုးလေးတွေက ပိုက်ဆံလိုက်သိမ်း နှင့် သူတို့ဟာသူတို့ အလုပ်ရှုပ်နေကြသည်။ ဆိုင်ရှင်က ကတ်ကြေးနှစ်လက် ပျောက်သွားသဖြင့် စားပွဲထိုးတွေ ကို ဆူနေသည်။ တစ်ချို့ကလည်း သူတို့ မညှပ်လိုက်ရ မတုံးလိုက်ရသဖြင့် ကတ်ကြေး(သို့)သင်တုန်းဓါး (ငှားရမ်းခ)ဖိုး လျှော့ပေးရန်ပြောနေကြသည်။ သူကတော့ တစ်ယောက်ထဲ

အော်ဟစ်တုန်းပေါက်ကွဲတုန်း။ ကြာလာတော့ သူလည်းမောပန်းလာပြီး ခေါင်းငိုက်စိုက်ကြသွားသည်။ ဆိုင်ထဲတွင်လည်း လူရှင်းသွားပြီဖြစ် သည်။ ခေါင်းအေးအေးထားပြီး သူဘာလုပ်ရ မည်ကိုစဉ်းစားပြီး တရားဥပဒေအရရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့သူတို့ နစ်နာကြေးပေးရတာ မျိုးဖြစ်နိုင်သည်။ ဒီလိုနဲ့ တရားစွဲဖို့ဆုံးဖြတ်ပြီး ဆိုင်ထဲကထွက်လာ ခဲ့သည်။ ဆိုင်နာမည်ကိုလည်း အသေအချာ မှတ်လိုက်သည်။

ဆိုင်မှ သူထွက်လာပြီး လမ်းမှာတွေ့တဲ့ ဆိုက်ကားသမားလေးတစ်ယောက်ကိုမေးလိုက်သည်။

“ ညီလေး..ဒီမှာ တရားရုံး ဘယ်နားမှာရှိလဲ ”

“ ဟို.. တရားရုံးတော့ မရှိဘူးဗျ ကျွန်တော်တို့ဆီမှာက မကျေနပ်တာရှိရင် ဘုရင်ကြီးဆီပဲသွားကြတာ ”

“ အေး..အဲဒါဆိုလည်း မင်းတို့ဘုရင်ကြီးဆီပို့ပေးကွာ ဆိုက်ကားခ မင်းတောင်းသလောက်ပေးမယ် ”

“ ဟို..ဟို…ဆိုက်ကားခကို ပိုက်ဆံမပေးပါနဲ့ အစ်ကို.. ကျန်သေးတဲ့ ဆံပင်နည်းနည်းလောက် ကျွန်တော် ရိတ်လို့ရမလား ”

သူ့တစ်ခေါင်းလုံးကို သူပြန်ပွတ်ကြည့်တော့ နားသယ်မွှေး အနည်းငယ်နှင့် လယ်ဂုတ်နားတွင် ဆံပင် အနည်းငယ် ကျန်သေးကြောင်းသိလိုက်သည်။ ဆိုက်ကားသမားလေးကို ကြည့်ပြီး သူသက်ပြင်း တစ်ချက်ချ လိုက်သည်။ ပေါက်တဲ့နဖူး မထူးတော့။

ဆိုက်ကားသမားလေး၏ ကောင်းမှုဖြင့် သူသည် လုံးဝ ခေါင်းတုံး(Absolute ဂတုံး)ဖြစ်သွားပြီဖြစ်သည်။ ဆိုက်ကား စီးရင်း သူနားမလည်သည့် အချက်များကို ဆိုက်ကားသမားလေးကိုမေးလာသည်။ ဆံပင်ကို ဘာ့အတွက်လိုချင် ကြသည်ကိုမေးကြည့်တော့ ဒီလိုပဲ ဧည့်သည်လာရင်ကြွားဖို့ပြဖို့ပါတဲ့။ မင်းတို့ကရော ဆံပင်မပေါက်ကြဘူးလား.. အားလုံးက ဘာလို့ခေါင်းတုံးတွေ ဖြစ်နေတာလဲ.. စသော တစ်ခြားမေးခွန်း များကိုလည်း သူက သေသေချာချာ ရှင်းမပြချေ။ “ဘုရင်ကြီးဆီရောက်တော့ အစ်ကိုသိလိမ့်မယ်” ဟုသာပြန်ဖြေရင်း ဆိုက်ကားကိုသာ လှိမ့်နင်း လာလေတော့သည်။

ဒီလိုနဲ့ နန်းတော့်ရှေ့သို့ ရောက်လာခဲ့သည်။ အစောင့်တွေကို သူတရားစွဲဆိုမည့်အကြောင်း ပြောတော့ နည်းနည်းပါးပါး စစ်ဆေးပြီး အစောင့်တစ်ယောက်က ဘုရင်ကြီးဆီသို့ သူ့ကိုခေါ်ဆောင် ခဲ့လေသည်။ နန်းတွင်း သူ နန်းတွင်းသားတွေသည်လည်း ထူးမခြားနား အားလုံးက ခေါင်းတုံး(ဂတုံး) ချည်းသာ ဖြစ်သည်။ ဒီလိုနဲ့ ဘုရင်ကြီးရှေ့ကိုရောက်လာတော့ ခွိ ခနဲ တစ်ချက် သူရယ်မိသွားသည်။ အော်ရယ်ချင်စိတ်ကိုလည်း မနည်း အောင့်ထားရသည်။ ဟုတ်တယ်လေ ဘုရင်ကြီးကလည်း ခေါင်းတုံး(ဂတုံး) မိဘုရားကြီးလည်း ခေါင်းတုံး (ဂတုံး)။ မျက်လုံးထဲမှာ ကန့်လန့်ကြီး ဖြစ်နေသည်။ ဒါကို ဘုရင်ကြီးက သိပုံရသည်။ မျက်နှာလည်း သိပ်မကောင်း…

“ ကျွန်ုပ်က ဟမ်မူယာဘီ(Hammurabi)ဖြစ်ပါတယ် အသင်က မည်သည့် အရပ်က လာရောက်ပါသလဲ နောက်ပြီး ဘာအတွက် တရားစွဲဆိုလိုပါသလဲ ”

“ ဟင်…ဟမ်မူယာဘီ(Hammurabi) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး လက်တစ်ဖက်အတွက် လက်တစ်ဖက် ဆိုတဲ့ ကိုဒ ဥပဒေ(Code of Laws)ကို ပြဌာန်းခဲ့တဲ့ ဘုရင်ကြီး ဟမ်မူယာဘီလားဗျ”

သူအံသြသင့်စွာ ပြန်မေးမိလိုက်သည်။

“ အမှန်ပါပဲ မိတ်ဆွေ”

“ ဒါဆို… ကျွန်တော်ရောက်နေတာ ဘေဘီလုံမြို့ပေါ့။ ဒါပေမယ့် စာထဲမှာဖတ်ဖူးတာ ဘေဘီလုံက ခေါင်းတုံး(ဂတုံး)တွေ လို့မပါပါလားဗျ ဘယ်လိုဖြစ်ကုန်ကြတာလဲဗျာ ”

ဟမ်မူယာဘီ ဘုရင်ကြီးက သက်ပြင်းရှည်ကြီးချပြီး လေးပင်စွာပြောသည်။

“ ကျွန်ုပ်တို့မြို့ကို လူတစ်ယောက်ရောက်လာတာကစတာပါပဲ”

ထို့နောက် တစ်မြို့လုံး ခေါင်းတုံး(ဂတုံး)ဖြစ်ရခြင်း (ဝါ) ခေါင်းတုံး(ဂတုံး)မြို့တော် ဖြစ်တည်လာ ခြင်းကို ဇာတ်စုံခင်း ပြောပြလေသည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(၂)

ဂန္ဒီရောက်ရှိလာခြင်း

“ ဒီထက်တရားတဲ့ တရားဥပဒေ ရှိနိုင်ပါ့မလားကွာ ”

“ ဒါဟာ မှားယွင်းတဲ့ ဥပဒေတစ်ခုဆိုတာ ဘုရင်ကြီးမကြာခင်သိလာမှာပါ ”

လူစိမ်းက ပြုံးပြီးပြောသည်။ ထို့နောက် ဘုရင်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ သူပြန်သွားပြီး နောက် ဘုရင်ကြီး စိတ်လက်မအီမသာ ဖြစ်ကျန်ခဲ့သည်။ သူဥပဒေကို မှားယွင်းကြောင်း ပြောခံရတာ ဒါပထမ ဆုံးဖြစ်သည်။

ထိုလူစိမ်း သူ့ကိုတွေ့ခွင့်တောင်းစဉ်က သာမန်တရားစွဲဆိုမည့်သူတစ်ဦးဟု သူထင်ပြီး လက်ခံတွေ့ဆုံ ခဲ့သည်။ တစ်ကယ်တမ်းတွေ့တော့ သူ၏ ဥပဒေကို မှားယွင်းကြောင်း အကိုးအကားများစွာဖြင့် လာပြောသူတစ် ဦး ဖြစ်နေသည်။ သူ့ကိုယ်သူ မိတ်ဆက်ပေးမှုအရ သူ၏အမည်မှာ ဂန္ဒီ ဖြစ်ကြောင်း သိရသည်။ သူပြောသွား သည့် အချက်များကို ဘုရင်ကြီး အနေဖြင့် သိပ်မရှင်းလင်း နားမလည်သော်လည်း သူ၏ အခိုင်အမာ ရဲဝံ့စွာ ပြောသွားပုံ ကြောင့် တွေးစရာများစွာဖြင့်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ဒီလိုနဲ့ ဂန္ဒီ တစ်ယောက် ဘေဘီလုံမြို့တွင် ဆံပင်ညှပ်ဆိုင်လာဖွင့်သည်။ ဆိုင်ပထမဆုံးဖွင့်သည့်နေ့ တွင်ပင် ပြဿနာစတက်ပါတော့သည်။

နန်းတော်ထဲသို့ လူတစ်ယောက် ခေါင်းတုံး(ဂတုံး)ဖြင့် ဝင်လာပြီး ဂန္ဒီကိုတရားစွဲလိုကြောင်းပြောသည်။ သူဖြစ်ကြောင်းကုန်စင်ပြောလို့ မဆုံးခင်မှာပင် နောက်ထပ်ခေါင်းတုံး(ဂတုံး)တစ်ယောက် ထပ်ဝင်လာပြီး ဂန္ဒီကို ပင်တရားစွဲလိုကြောင်းပြောပြန်သည်။ နှစ်ယောက်စလုံးကပြောကြသည်မှာ ဂန္ဒီ၏ ဆံပင်ညှပ်ဆိုင်သို့ ဆံပင် သွားညှပ်ကြရာမှ ဂန္ဒီက ခေါင်းတုံး တုံးလိုက်ခြင်းကို မကျေနပ်ကြ၍ ဖြစ်သည်။ ဘုရင်ကြီးလည်း အမှုစစ်ရန် ဂန္ဒီကို အခေါ်လွှတ်ရလေသည်။ ရဲမက်တွေ ဂန္ဒီ၏ ဆံပင်ညှပ်ဆိုင်ကိုရောက်သွားချိန်မှာတော့ ဂန္ဒီက တတိယမြောက် ခေါင်းတုံး (ဂတုံး)ကို တုံးပြီး၍ ထိုသူနှင့်ပင် ရန်ဖြစ်နေလေပြီ….။

ဒီလိုနဲ့ ဘုရင်ကြီး၏ရှေ့မှောက်၌ ခေါင်းတုံး(ဂတုံး)သုံးယောက်နှင့်ဂန္ဒီတို့ အမှုစစ်ခံရလေ၏။ ဂန္ဒီ၏ မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် မြင်မကောင်း။ အပြန်အလှန် စစ်ဆေးပြီးသောအခါ ဆုံးဖြတ်ချက် အောက်ပါအတိုင်း ထွက်လာသည်။

ပထမခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ ပထမခေါင်းတုံး(ဂတုံး)က ဂန္ဒီကို မျက်လုံးတစ်ဖက်ရောင်ကိုင်းအောင် ထိုးခဲ့သည့်အတွက် သူ့မျက်လုံးကို ရောင်ကိုင်းအောင်ပြန်ထိုးစေရမည်။

ဒုတိယခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ ဒုတိယခေါင်းတုံး(ဂတုံး)က ဂန္ဒီကို နှာခေါင်းသွေးထွက်အောင် ထိုးခဲ့သည့်အတွက် သူ့ကိုနှာခေါင်းသွေးထွက်အောင် ပြန်ထိုးစေရမည်။

တတိယခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ တတိယခေါင်းတုံး(ဂတုံး)က ဂန္ဒီကို သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့သည့်အတွက် သူ့ကို သွားတစ်ချောင်း ပြန်နှုတ်စေရမည်။

ဘုရင်ကြီး ဟမ်မူယာဘီ၏ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသောအခါ ခေါင်းတုံး(ဂတုံး)သုံးကောင် လည်း မျက်လုံးပြူးကုန်ကြလေ၏။ ကန့်ကွက်သံများလည်း ဆူညံကြကုန်လေ၏။

“ ဘုရင်ကြီး မတရားဘူး သူကနဂိုထဲက ခေါင်းတုံး(ဂတုံး)လေ”

“ ဟုတ်တယ် ကျွန်တော်တို့က ခေါင်းတုံး(ဂတုံး)ဖြစ်ချင်တာမဟုတ်ဘဲ ဖြစ်ရတာ”

“ ကျွန်ုပ် မတရားတာဘာများ လုပ်မိလို့တုန်းမောင်မင်းတို့ ဒါဟာ တရားဥပဒေ အတိုင်းဆုံးဖြတ်တာပဲ။ မောင်မင်းတို့ ပြောပြချက်အရ ဂန္ဒီက လက်ပြန်တောင် ပြန်မရွယ်ဘူးဆို။ နောက်ဆုံးအမှုဆို ရဲမက်တွေ တောင် မျက်မြင်ရှိသေးတယ်”

ထိုအခါ ဂန္ဒီက ပြုံး၍တစ်ခုဝင်ပြောသည်။

“ အရှင်မင်းကြီး သူတို့ကသာ ကျွန်တော့်ကို တရားစွဲဆိုတာဖြစ်ပါတယ် ကျွန်တော်က သူတို့ကို ပြန်တရားမစွဲပါဘူး ဒါကြောင့် တရားခံဖြစ်တဲ့ ကျွန်ုပ်ကိုသာ အပြစ်ပေးတော်မူပါ”

ဒီလိုနှင့် ဂန္ဒီကို ခေါင်းတုံးသုံးကြိမ် တုံးပြီး အမှုသည်လည်း မအီမလည်နှင့် ပြီးသွားရလေ၏။ ခေါင်းတုံး တွေက မကျေနပ်လှသော်လည်း ဂန္ဒီသာ ဝင်မကယ်လျှင် သူတို့မစားသာသည့် အဖြစ်ကိုတွေးပြီး ဂန္ဒီကိုပင် ကျေးဇူးတင်ရမလိုလို ဖြစ်ကုန်၏။ ထို့နောက်ဂန္ဒီက သူတို့ကို တောင်းပန်ပြီး သူ၏ဆံပင်ညှပ်ဆိုင်ရှိ ပစ္စည်းများ ကို ခေါင်းတုံး(ဂတုံး)သုံးယောက်အား လက်ဆောင်ပေးခဲ့ပြီး ဆိုင်ပိတ်ကာ မြို့မှထွက်ခွာသွားလေတော့သည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(၃)

ဟမ်မူယာဘီ နှင့် ဒီမိုကရေစီစနစ်

“ အဲဒီ ဂန္ဒီ ဆိုတဲ့လူပြန်သွားပြီး နောက်ပိုင်းက ပြဿနာစတော့တာပါပဲ ဂန္ဒီ တုံးခဲ့တဲ့ ခေါင်းတုံး(ဂတုံး)သုံးယောက်က သူတို့ မကျေနပ်တဲ့သူတွေကို ဂတုံးပြန်တုံးကြရော..ဒီလိုနဲ့ပဲ…”

ဘုရင်ကြီးပြောပြသည်မှာ ခေါင်းတုံး(ဂတုံး)သုံးယောက်က အစပြု၍ ခေါင်းတုံး တုံးသည့်အမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ကြောင်း။ အစပိုင်းက လာရောက်တိုင်ကြားကြသော်လည်း ခေါင်းတုံး တစ်လုံး အတွက် ခေါင်းတုံး တစ်လုံးသာဖြစ်ရမည့် သူ၏ ကိုဒ ဥပဒေ(Code of laws)ကြောင့် ကြာတော့ မည်သူမျှ အထူး တလည် မတိုင်ကြားကြတော့ကြောင်း။ နောက်တော့ နေရာအနှံ့အပြား ခေါင်းတုံး တုံးမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး အခကြေးငွေဖြင့် ခေါင်းတုံး တုံးပေးသော လူမိုက်ဂိုဏ်းဆန်ဆန် အဖွဲ့တစ်ခုပင် ပေါ်ပေါက်ခဲ့သေး

ကြောင်း။

နောက်တော့ ခေါင်းတုံး တုံးခံရမည်ကိုကြောက်၍ ရှောင်ရှားရင်း အလုပ်ပျက် အကိုင်ပျက် ဖြစ်ကုန်ကြကြောင်း။ တစ်ချို့ကတော့ လာမယ့်ဘေးပြေးတွေ့ဟု သဘောဆောင်ကာ သူများတုံး သည်အထိ မစောင့်တော့ပဲ ကိုယ့်ဘာသာကိုယ် ခေါင်းတုံး တုံးပစ်သူများလည်း ရှိကြောင်း။

နောက်ဆုံး ခေါင်းတုံး ပြဿနာသည် နန်းတွင်းထိ ကူးစက်လာကာ နန်းတော်တစ်ခုလုံးလည်း

ခေါင်းတုံးတွေ ဖြစ်ကုန် ကြောင်း။ နောက်ဆုံး မိဘုရားကြီး အိပ်ပျော် နေစဉ် နန်းတွင်းသူတွေစုပြီး အလစ်အငိုက် ခေါင်းတုံး တုံးခဲ့ရာမှ မိဘုရားကြီးခေါင်းတုံးဖြစ်သွားရပြီး သူမက ရှက်တော်မူသဖြင့် အဖော်ရအောင် သူပါ ခေါင်းတုံး လိုက်တုံးလိုက်ခြင်းဖြစ်ကြောင်း။ (ကြည့်ရတာ ဟမ်မူယာဘီ ဘုရင်ကြီး လည်း မိန်းမကြောက်ရပုံရသည်။) ထိုမှစ၍ မည်သူမျှ ဆံပင်အရှည် မထားဖြစ်တော့ပဲ ထားသည့် သူကို အားလုံးက ဝိုင်းချုပ်၍ ခေါင်းတုံး တုံးကြခြင်းဖြင့် ရယ်စရာလုပ်ကြကြောင်း။

“ နောက်တော့ မြို့ကိုလာတဲ့ ဧည့်သည်တွေကိုပါ ခေါင်းတုံး တုံးပြီးရယ်စရာလုပ်ကြပြန်ရော။ ကြာလာတော့ အပြိုင်အဆိုင်ဖြစ်လာကြတယ်။ အဲဒီကိစ္စကိုလည်း ဂုဏ်ယူစရာအဖြစ်အားလုံးက တစ်ညီတစ်ညွတ်တည်း ယူဆလာကြပြီး သူတို့ ဧည့်သည်ဘယ်နှစ်ယောက်ကို ခေါင်းတုံး(ဂတုံး)တုံး ဖူးကြောင်းကြွားဝါကြတယ်။ သူတို့ရခဲ့တဲ့ ဆံပင်တွေကိုလည်း သေချာသိမ်းဆည်ထားလေ့ရှိပြီး အချင်းချင်း ပြိုင်ဆိုင်ကြလေ့ရှိတယ်။ ခုဆိုရင် ကျွန်ုပ်တို့ မြို့အကြောင်းကိုသိတဲ့ လူတွေက မလာဝံ့ ကြတော့ဘူး။ ဒါကြောင့် ကုန်သွယ်ရေးမှာလည်း ကျွန်ုပ်တို့ကပဲ သွားရောက်ကုန်သွယ်ရတဲ့အတွက် စားရိတ်စားက ပိုများလာပြီး စီးပွားရေးလည်း ကျဆင်းလာတယ်။ ဒါတောင် ကျွန်ုပ်တို့ မြို့သူမြို့သား တွေက နောင်တမရသေးပဲ ဧည့်သည်တွေကို စောင့်ပြီးခေါင်းတုံး တုံးခြင်းကို ပြုလုပ်နေကြတုန်းပဲ။ အိမ်နီးချင်းနိုင်ငံတွေကလည်း ကျွန်ုပ်တို့ကို ခေါင်းတုံး(ဂတုံး)မြို့တော်၊ ကျွန်ုပ်ကိုလည်း ခေါင်းတုံး(ဂတုံး) ဘုရင်ကြီး စသဖြင့် နောက်ပြောင်ခေါ်ဝေါ်ကုန်ကြပြီ။ ”

ဘုရင်ကြီးသည် သူ့ကို အများကြီးရှင်းပြလိုက်ရ၍ မောသွားပုံရသည်။ သက်ပြင်းရှည်ကြီးချပြီး တစ်နေရာကို အဓိပ္ပါယ်မဲ့ ငေးမောနေလေသည်။ သူလည်း သူ၏တရားစွဲဆိုမှုသည် အချည်းနှီးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“ ဒါနဲ့…ဂန္ဒီက တစ်ခေါင်းလုံး ခေါင်းတုံး တုံးနေတာကို အတုံးခံရတဲ့သူတွေက မသိဘူးလား အားလုံးပြီးမှပဲ သိသလားဗျာ ” သူက မရှင်းသည့်အချက်ကို မေးမိသည်။

“ အင်း ကျွန်ုပ်လည်း အဲ့ဒါကို ပထမတော့ အံ့သြတာပဲ။ ဒီလိုပါမိတ်ဆွေ… ဂန္ဒီက ဆံပင်စညှပ်ထဲက သူတို့ကို ကွာလတီမဂ္ဂဇင်းစာအုပ်လို့ ခေါ်တဲ့အရာတွေကို လက်ထဲထည့်ပေးထားပါတယ်။ သူတို့တွေလည်း အဲ့ဒီ မဂ္ဂဇင်းထဲက ပုံတွေကြည့်ရင်း သတိလက်လွတ်ဖြစ်ပြီး ခေါင်းတုံး အတုံးခံရတာကို ပြီးမှပဲ သိကုန်ကြတာပါ။ အဲဒီစာအုပ်တွေကိုတော့ သက်သေအနေနဲ့ ကျွန်ုပ်ကပဲ သိမ်းထားပါတယ် ”

မိဘုရားကြီး မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သည်ကို သူတွေ့လိုက်ရသည်။ ဟိုတစ်လောက ပန်ဆိုးတန်းမှာ စာအုပ်အဟောင်းရောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပြောတာကို ခုမှသွားသတိရသည်။ သူ့ဆိုင် ကို ဂန္ဒီလာသွားကြောင်းနှင့် မဂ္ဂဇင်းအဟောင်းတွေ လာဝယ်သွားကြောင်း သူပြောပြတုန်းက ကိုယ်က မယုံခဲ့။ ခုတော့ အားလုံးသဘောပေါက်သွားသည်။ မိတ်ကပ်နှင့် ဖိုတိုရှော့(Photo Shop)အစွမ်းပေါင်းစပ်ပြီး လှချင်တိုင်း လှနေသော (ကွာလတီမဂ္ဂဇင်းခေါ် ကြော်ငြာမဂ္ဂဇင်းများထဲမှ) ပေါင်တံဖြူ မမတွေကို သတိလက်လွတ် ငမ်းရာမှ ဘေဘီလုံသား သုံးကောင် ခေါင်းတုံး တုံးခံလိုက်ရခြင်းဖြစ်ကြောင်းတွေးမိပြီး သူပြုံးလိုက်သည်။ အကြံပိုင်သော ဂန္ဒီပင် ဖြစ်သည်။

“ ခုဆိုရင် ကျွန်ုပ်ရဲ့ အုပ်ချုပ်ရေးစနစ်ကို အားလုံးက ဝေဖန်နေကြပြီ။ ဒီထက်ပိုကောင်းတဲ့ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ဖို့ အကြံပြုချက်တွေလည်း နားမဆန့်အောင်ပါပဲ”

ဘုရင်ကြီးက ညည်းညည်းညူညူပြောသည်။

“ အဟမ်း.. ဒါကဒီလိုရှိပါတယ်ဗျ။ ဘုရင်ကြီးအနေနဲ့ စိတ်ဝင်စားမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ပြောင်းပြီးကျင့်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ခေတ်မှာဆို ကမ္ဘာ့နိုင်ငံတော်တော် များများဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြတယ်ဗျ”

“ ဒီမိုကရေစီစနစ်…”

“ ဟုတ်တယ်ဗျ… ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက အုပ်ချုပ်တဲ့သဘောပေါ့ ”

“ မဖြစ်နိုင်တာဗျာ… ကျွန်ုပ်တို့ နန်းတွင်းက လူနည်းနည်းလေးကို ပြည်သူအားလုံးက ပြန်အုပ်ချုပ်ရင် သူတို့အမိန့်တွေနာခံရတာနဲ့ ကျွန်ုပ်တို့အားလုံး ပင်ပန်းပြီး သေဖို့ပဲရှိတယ် ”

“ ဟာ…အဲ့ဒီလိုမျိုးမဟုတ်ဘူးဗျ။ ဒီမိုကရေစီစနစ် ဆိုတာ……………………..”

သူလည်း ဒီမိုကရေစီစနစ်အကြောင်းကို ရှည်လျားစွာရှင်းပြလိုက်သည်။ ဘုရင်ကြီးလည်း ပထမတော့ မျက်မှောင်ကြီးကျုံ့ပြီး သူရှင်းပြတာကို နားထောင်နေသည်။ နောက်တော့ တစ်ဖြည်းဖြည်းချင်းပြုံးလာပြီး သူ့စကားဆုံးသွားတော့ ဝမ်းသာအားရဖြင့်

“ ဟာဗျာ ကောင်းလိုက်တဲ့ ဒီမိုကရေစီစနစ်ဗျာ…နောက်နေ့ပဲစပြီ အမတ်တွေနဲ့တိုင်ပင်ပြီး အခြေခံဥပဒေစရေးတော့မယ် ပြီးရင်ပါတီထောင်မယ်ဗျာ…ဒါနဲ့ မိတ်တွေတို့ဆီမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီပေါ့နော် ”

“ ဒါပေါ့ဗျ..လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ကျင့်သုံးတာ” သူက ဂုဏ်ယူစွာ ပြန်ပြောသည်။

“ ဟာဗျာ…ဒီလောက်ကောင်းတဲ့စနစ်ကို ဘာလို့များ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ စပြီး ကျင့်သုံးရတာလဲဗျာ။ အချိန်တွေ နှမြောဖို့ကောင်းလိုက်တာ။ ဒါထက် လွှတ်တော်အမတ်တွေ အာလုံးကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ကြတာပေါ့နော် ”

“ အင်း…အဲ…ဆိုပါတော့ ”

“ သူတို့တွေက ကိုယ့်ဒေသအသီးသီးအတွက် အကျိုးရှိတဲ့အဆိုတွေတင်သွင်းကြ။ အကျိုးရှိတဲ့ ဥပဒေတွေပြဌာန်းကြ…. ဟာ…တွေးရင်းတောင် ပျော်စရာကောင်းတယ် မိတ်ဆွေနဲ့ တွေ့တာ နောက်ကျလိုက်တာဗျာ.. ”

သူ ဘာစကားမှပြန်မပြောတော့ပဲ ပြုံးရုံသာပြုံးပြလိုက်သည်။ ထို့နောက် ဟမ်မူယာဘီ ဘုရင်ကြီးက ဒီမိုကရေစီစနစ် အကြောင်းကို သူသိလိုသမျှ အငမ်းမရမေးပါတော့သည်။ သူလည်း ခွေးအကြီးလှည်းနင်း ဖြစ်နေပြီး သူသိသလောက် တတ်သလောက် မှတ်သလောက်ဖြင့် ဒီမိုကရေစီစနစ် အကြောင်းကို ထော့ကျိုး ထော့ကျိုး ရှင်းပြနေရလေသည်။ နောက်တော့ ဘုရင်ကြီးက သူ့ကို အလွန်ကျေးဇူးတင်ပြီး ဂုဏ်ပြုညစာစားပွဲ လုပ်ပေးရန် စီစဉ်ခိုင်းလေသည်။ သို့သော်သူက ညအိပ်၍မဖြစ်ကြောင်း၊ ဧည့်စာရင်းတိုင်ရန် မှတ်ပုံတင်မပါလာ ကြောင်းပြောရာ ဟမ်မူယာဘီက အံသြသွားပြီး ဒီမိုကရေစီစနစ်မှ ဧည့်စာရင်း တိုင်ခြင်းအကြောင်းကို မေးပြန်သဖြင့် (မပြောချင်ပြောချင်ဖြင့်) ရှင်းပြရပြန်လေသည်။ သို့နှင့်…..

@@@@@@@@@@@@@@@@@@@@@

ဒီလိုနဲ့ ခေါင်းတုံး(ဂတုံး)မြို့တော်မှ သူပြန်လာခဲ့သည်။ သူမျက်နှာကိုကြည့်ရတာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပုံရသည်။

(ခေါင်းတုံး(ဂတုံး)အတုံး ခံလိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။)

Credit : လင်းနစ်
PM 3:02
6.9.12
Original Post ► http://on.fb.me/PvuLsB
 
Photo: ခေါင်းတုံး(ဂတုံး)မြို့တော်   Mg Linnith

.
.
.
.
 
Share:

စတိဂျောကဗုဒ္ဓဘာသာနင့်လူသိနည်းသောသူဘဝအကြောင်းများ

 Innovation မှာတူမတူအောင်စွမ်းဆောင် နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆိုမသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့ လူသိနည်းတဲ့အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။

၂။စတိဗ်ဂျော့ဟာ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာအဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်းဖြစ်ပြီးတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ ရဲ့ ပိုင်ဆိုင်မှုဟာ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။

၃။စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့သူ့ရဲ့ Annual Salary ဟာ၁ ဒေါ်လာပဲ ရှိပါတယ်။သူ့ ရဲ့ အဓိကဝင်ငွေက သူပိုင်သော Disneyမှဖြစ်ပြီးဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူဖြစ
်ပါတယ်။

၎။စတိဗ်ဂျော့ဟာကျောင်းထွက်ခဲ့သူဖြစ်ပါတယ်။Reed ကောလိပ်မှာsemester တစ်ခုသာဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

၅။စတိဗ်ဂျော့ရဲ့ တကယ့်ဝါသနာအစစ်က နည်းပညာဘက်မှာမဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။စာလုံးကိုပုံစံလှလှရေးပြီး ယင်းစာရွက်များကိုစုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။

၆။HP ကွန်ပျူတာကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်းက စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲရှိပါသေးတယ်။သူဟာ အသက်ငယ်ငယ်နဲ့နည်း ပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

၇။ဂျော့ဟာမွေးစားသားဖြစ်ပါတယ်။သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့အခြားမိဘများကပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။

၈။ဂျော့ဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာဖြစ်ပြီးထေရ၀ါဒမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။

၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာအာရုံစူးစိုက်မှု အားနည်းသောရောဂါ ဖြစ်ပါတယ်။Dyslexia မှာ အကြားအားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်းတို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာအားနည်းသူ ဖြစ်ပါတယ်။ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက်ရှိတယ် လို့ဆိုကြပြီးအိုင်းစတိုင်းဟာလည်းDyslexia ရောဂါသည်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

၁၀။ ဂျော့မှာ အဆီးရီးယားသွေးတစ်ဝက်ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယားလူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများဖြစ်တယ်လို့ သိရပါတယ်။မိခင်ကတော့ အမေရိကန်

လူဖြူဖြစ်ပါတယ်။

Share:

Tuesday, September 11, 2012

လက်ကောက်ဝတ်ရိုးကျိုးခြင်း (Fractured Scaphoid)

ထိခိုက်ဒဏ်ရာရတာကြောင့် လက်ကောက်ဝတ်ရိုးကျိုးတာပါ။ လက်ပုံသဏ္ဍာန် ပျက်နေတာကြောင့် အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
ရောဂါလက္ခဏာ
လက်ကောက်ဝတ် နာကျင်ပြီး အထိမခံနိုင်ခြင်း၊ လက်မအောက်ခြေနေရာမှာ ပိုပြီး သိသာပါတယ်။
ရောဂါကြာချိန်
ကုသမှုခံယူရင် ရှစ်ပတ်အကြာမှာ အရိုးပြန်ဆက်တတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
လက်ဆန့်တန်းပြီး လိမ့်ကျတာကြောင့် လူငယ်တွေမှာ အဖြစ်များပါတယ်။
အိမ်မှာ ဘယ်လိုကုမလဲ
အကိုက်အခဲပျောက်ဆေးတိုက်ထားပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
အရိုးကျိုးတယ်လို့ သံသယဝင်ရင်
ဆရာဝန်ဘာလုပ်ပေးမလဲ
ဆေးရုံသို့ သွားခိုင်းပြီး လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်ခိုင်းပါမယ်။ တချို့လူတွေမှာ ဓာတ်မှန်မှာ အရိုးကျိုးတာ မပေါ်တတ်တဲ့အတွက် ၁၀ ရက်အကြာမှာ ဓာတ်မှန် ပြန်ရိုက်ရပါတယ်။
လက်ချောင်းလေးတွေကို လွတ်လွတ်လပ်လပ်ထားပြီး လက်ကောက်ဝတ်ကို ပလတ်စတာ (POP) ကိုင်ပေးပါတယ်။ Scaphoid အရိုးကို သွေးရောက်ရှိမှုနည်းရင် ဒါမှမဟုတ် (POP) ကိုင်တာနောက်ကျရင် အရိုးဆက်တာလည်း နှေးသွားနိုင်ပါတယ်။
Ref: Good Health
Share:

ပုံမှန်ထက် ပိုမိုတောက်ပသော မျက်နှာအပြင်အဆင် ဖြစ်စေရန်

မျက်နှာအလှ ပြင်ဆင်ရာမှာ ပုံမှန်ထက် ပိုပြီး တောက်ပတဲ့ ပြင်ဆင်မှု ဖြစ်စေဖို့အတွက် အရောင်တူရောစပ်မှုတွေကို ပြုလုပ်ရမှာပါ။ အနီရောင်နဲ့ လိမ္မော်ရောင်ကတော့ မျက်နှာကို ပိုပြီးတောက်ပနေစေတဲ့ အရောင်မျိုးဖြစ်ပြီး နှုတ်ခမ်းကို ထပ်မံဖြည့်စွက်ပြီး ဆိုးပေးလို့ရတဲ့ အရောင်မျိုးတွေပဲ ဖြစ်ပါတယ်။ သင့် အသားအရေအရောင်ပေါ်မူတည်ပြီး အရောင်ရွေးချယ်ရမယ်ဆိုပေမယ့် အရောင်ရောစပ်မှုကြောင့်လည်း သင့်မျက်နှာကို ပိုပြီးတောက်ပကာ လှပနေစေမှာပါ။
အနီနဲ့လိမ္မော်ရောင် ရောစပ်မှု
အနီရောင်နှုတ်ခမ်းနီကို အရင်ဆုံး ဆိုးပြီးမှ လိမ္မော်ရောင်သန်းတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို အနားသတ်ဆိုးပေးတာကြောင့် သင့်နှုတ်ခမ်းသားအရောင်ကို ပိုမိုတောက်ပနေအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။ မျက်လုံးတစ်ဝိုက်ကို ခြယ်သမယ်ဆိုရင်လည်း အနီရောင် အရင်ဆိုးပြီးမှ လိမ္မော်ရောင်နဲ့ လိုက်ညှိပေးပါ။
ခရမ်းရောင်ကို ပိုမိုတောက်ပအောင်
ခရမ်းရောင်လို၊ သစ်ခွရောင်လို အရောင်မျိုးတွေကို ရွေးချယ်မယ်ဆိုရင် ပထမဆုံး ပုလဲပါတဲ့ ခရမ်းရောင်မျိုးကို မျက်ခွံအနှံ့ခြယ်သပြီးမှ ပုလဲမပါတဲ့ ခရမ်းရောင်ကို မျက်ခွံတစ်ဝိုက်နေရာအတွက် သုံးပေးပါ။ မျက်ခမ်းစပ်တစ်လျှောက်ကိုတော့ အနက်ရောင်ခဲတံနဲ့ ဆွဲပေးတာက ပိုပြီးတောက်ပတဲ့အသွင်ကို ရစေပါတယ်။
အဝါရောင်ရွေးချယ်မှု
အဝါရောင်လို၊ စိမ်းဝါရောင်လို အရောင်တွေက တောက်ပနေပေမဲ့ အေးမြမှုအသွင်ကို ဆောင်ပါတယ်။ အဝါရောင်ကို ရွေးမယ်ဆိုရင်တော့ ပုလဲမပါတဲ့ ရှဲဒိုးကို အရင်ဆုံးလိမ်းခြယ်ပြီးမှ ပုလဲပါဝင်တဲ့ ရှဲဒိုးကို အပေါ်ကထပ်မံ ခြယ်သပေးပါ။
အပြာရောင်ရွေးချယ်မှု
အပြာရောင်ဟာလည်း အဝါရောင်လိုပဲ ပုလဲမပါတာကို အရင်ဆုံးခြယ်သပေးရမှာပါ။ အပြာရောင်ကို ပိုပြီးတောက်ပဖို့ အနက်ရောင်ခဲတံနဲ့ မျက်ဝန်းအိမ်တစ်ဝိုက်ကို ဆွဲပြီးမှ Mascara ထပ်ဆိုးပါ။
ပါးနီအရောင်ပိုတောက်အောင်
ပါးနီကိုလည်း အနီနဲ့လိမ္မော်ရောစပ်ပြီး လိမ္မော်ရောင် အရင်ခြယ်သပြီးမှ အနီရောင်ကို ခပ်ပြေပြေလေး ထပ်မံခြယ်သပေးပါ။ ပါးအရောင်က နှုတ်ခမ်းနီအရောင်လောက် တောက်ပနေစရာမလိုပါဘူး။
အညိုရောင်ရွေးချယ်မှု
မျက်ဝန်းအတွက် အညိုရောင် ရွေးချယ်မယ်ဆိုရင် ပုလဲပါတဲ့အညိုရောင် ခပ်ဖျော့ဖျော့ကို အရင်သုံးပြီးမှ ပုလဲမပါတဲ့အညိုရောင်ကို မျက်ခွံတစ်ဝိုက် ခြယ်သပေးပါ။ ပုလဲပါတဲ့အညိုရောင်ပဲ မသုံးပါနဲ့။ မျက်ကွင်းညိုတယ်လို့ ထင်ရနိုင်တာကြောင့်ပါ။
Ref : Good Health
Share:

ပိုမို လှပရလေအောင်

သဘာဝဆန်တဲ့ လက်သည်းနီအရောင်
သံလွင်ဆီရောက် လက်သည်းဆိုးဆေးဟာ ဘယ်အရေပြားအသားအရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့ အရောင်ပါ။ နောက်ထပ် ရွေးသင့်တာက အညိုရောင် ပျော့ပျော့နဲ့ ရောင်ပြေးအသားရောင် လက်သည်းဆိုးဆေးတွေကို ရွေးချယ်ပါ။
ဆံပင်ပုံစံ ကြာရှည်ခံချင်ရင်
ဂျယ်ပါဝင်တဲ့ ခေါင်းလိမ်းဆီ အမျိုးအစားကို ဆံသားတွေ ခေါင်းလျှော်ပြီးလို့ ရေမခြောက်ခင်ကတည်းက လိမ်းပေးပြီး ပုံသွင်းကာ အခြောက်ခံလိုက်ပါ။ ဆံပင်မာဆတ်ဆတ်ကြီး ဖြစ်မနေဘဲ ပျော့ပျောင်းကာ ဆံပင်ပုံစံလည်း ကြာရှည်ခံစေပါတယ်။
နှုတ်ခမ်းနီအလွယ် ဖျက်နည်း
နှုတ်ခမ်းနီအရောင်ရင့်ရင့်တွေဆိုးထားရင် Petroleum Jelly (ရေနံဂျယ်လီ)ကို နှုတ်ခမ်းမှာ သုတ်လိမ်းပြီး မိနစ်အနည်းငယ်စောင့်ကာ ဂွမ်းလေးနဲ့ ပွတ်ဖျက်ပေးပါ။ နှုတ်ခမ်းနီအရောင်တွေကို အလွယ်တကူ ပျက်စေတဲ့အပြင် ရေဓာတ်လည်း ရရှိစေပါတယ်
Ref : Good Health
Share:

Saturday, September 8, 2012

လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေး

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း... ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်) မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....
Share:

Thursday, September 6, 2012

အာလူး ငါးဖယ်လိပ်ကြော်

ပါဝင်ပစ္စည်းများ
အာလူး၊
ငါးဖယ်ခြစ်၊
ဂျင်း၊
ကြက်သွန်ဖြူ၊
ငရုတ်ကောင်း၊
ဆား၊
ဆီ၊
ဟင်းခတ်မှုန်။
ပြုလုပ်နည်း
အာလူးခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီး အလွှာပါးပါးလေးတွေ ရအောင် လှီးထားပါ။ ငါးဖယ်ကို ညက်နေအောင် ထောင်းထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီး အနည်းငယ် ထောင်း ပေးပါ။
ပြီးရင် ပါးပါးလွှာထားတဲ့ အာလူးထဲကို အရသာသွင်းထားတဲ့ ငါးဖယ်ထည့်လိပ်ပါ။ အလိပ်မပြည်သွားအောင် ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးပါ။ အလိပ်လေးတွေ လိုသလောက် ရပြီဆိုရင် ဆီအိုးကိုတည်ပါ။
ဆီပူလာရင် ငါဖယ်လိပ်လေးတွေကို ထည့်ကြော်ပါ။ အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာရင် အိုးထဲက ဆယ်လို့ရပါပြီ။ ဒါဆိုရင် တော့ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ အရသာ ရှိလှတဲ့ အာလူးငါးဖယ်လိပ်ကြော်ရပါပြီ။
Share:

California Roll

ပါဝင်ပစ္စည်းများ
ရေညှိအပြားကြီး၊
ဆူရှီထမင်း၊
ပုစွန်ဥ၊
ပုစွန်၊
ကဏန်းချောင်း၊
ဂျပန်သခွားသီး၊
ထောပတ်သီး၊
ဆလတ်ရွက်၊
တရုတ်မျှစ်၊
မယောနိစ်၊
ရှလကာရည်။
ပြုလုပ်နည်း
ဆူရှီထမင်းရဖို့ ထိုင်းဆန်ကို ရှလကာရည် အနည်းငယ်နဲ့နှပ်ပြီး ချက်ပါ။ ရလာတဲ့ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်တင်ပြီး ကပ်သွားအောင် လက်နဲ့ တဖြည်းဖြည်းနှိပ်ပေးပါ။ ပြီးရင် ထမင်းပေါ်ကို အချောင်းသေးသေးလေး ဖြတ်ထားတဲ့ တရုတ်မျှစ်၊ သခွားသီး၊ ကဏန်းချောင်း၊ ဆလတ်ရွက်၊ ပုစွန်နဲ့ ထောပတ်သီးတို့တင်ပြီး လိပ်ပါ။ ရလာတဲ့ ထမင်းလိပ်ကို ပုစွန်ဥတွေနဲ့ရောမွေပြီး ခြောက်တုံး၊ ခုနစ်တုံးခန့် လှီးလိုက်ပါ။ တည်ခင်းဖို့အတွက် ပန်းကန်ထဲသို့ လှလှပပ စီထည့်ပြီး မယောနိစ်နဲ့ ပုစွန်ဥကို အပေါ်က ထပ်တင် ပြီးပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။ ပုစွန်ဥကျွတ်ကျွတ်လေးနဲ့ အရမ်းကိုနူးညံ့ပြီး ခပ်စိမ့်စိမ့်အရသာရှိတဲ့ ထမင်း၊ ပြီးတော့ ထည့်ထားတဲ့ အသားနဲ့ အသီးအရွက် တွေအားလုံးဟာ စားရတာ တကယ်ပဲအစပ်အဟပ် တည့်လှပါတယ်။
Share:

ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်

ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။
(၁) ကြိုတင်ပြင်ဆင်ပါ အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေလေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ ပြောရရင် စာမေးပွဲမဖြေခင် ကောင်း ကောင်းလေ့လာထားသလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင်ရတော့မယ့်အရာ တစ်ခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဥာဏ်ရည် ထက်မြက်နေမှာဖြစ်သလို အရာရာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။
(၂) ပူပင်သောကများကို ချရေးပါ မိမိခံစားနေရတဲ့ ပူပင်သောက ဖြစ်စရာအကြောင်းအချက်တွေကို ၁၀မိနစ်လောက် ချရေးလိုက်တာက ပူပင်မှုတွေ လျော့ပါးသွားပြီး စိတ်အေးချမ်းမှု ရရှိစေပါတယ်။ ပူပင်သောကနဲ့ ကြောက်ရွံ့မှုတို့ ခံစားနေရတဲ့အချိန်မှာ ဦးနှောက်ထဲက ကြောင်းကျိုးဆင်ခြင် နိုင်စွမ်းနဲ့ ဆုံးဖြတ်ဖြေရှင်းနိုင်စွမ်းစတဲ့ လုပ်ငန်းဆောင်တာတွေက ရှုပ်ထွေးနေပြီးမှ ဥာဏ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ အဖြေမှန်ရွေးရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအဖို့ ပိုမို အမှားအယွင်းများစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၃) အသက်ပြင်းပြင်းရှူပါ အံ့အားသင့်စရာ ကောင်းတဲ့အချက် က တစ်ခုခုကို ရင်ဆိုင်ဖြေရှင်းရတော့ မယ့်အခြေအနေမှာ စိတ်ဖိစီးမှုရှိတာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရှိတာက သင်္ချာဖြေဆိုရတဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်တာကို တွေ့ရ တယ်လို့ စိတ်ခံစားမှုဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းရမယ့်အရာတစ်ခုခုကို မကြုံတွေ့ခင်မှာ စိတ်ဖိစီးမှုရှိတာက ကောင်းပေမယ့် ရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာ အဆင်ပြေပါ့မလား၊ အောင်မြင်ပါ့မလား စသဖြင့် တွေးတော ပူပင်နေတာကတော့ မကောင်းပါဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ စိတ်အေးချမ်း တည်ငြိမ်မှုရှိစေဖို့ အသက်ပြင်းပြင်း ရှူပေးသင့်ပါတယ်။ ဒါမှမဟုတ် သင့်မျက်လုံးကို တစ်မိနစ်လောက်မှန်ထဲမှာ စိုက်ကြည့်ပြီး ''အောင်မြင်ရမယ်'' ဆိုတဲ့ စိတ်ကိုသွင်းပေးလိုက်ပါ။
(၄) စိတ်ခံစားချက်ကို ဆန်းစစ်ပါ ရင်ဆိုင်ဖြေရှင်းရတော့မယ့် အရာ တစ်ခုအတွက် အဆိုးဆုံးအခြေအနေကိုလည်း ကြိုတင်တွေးတောပြီး အဲဒီအခြေအနေမှာ ကိုယ့်စိတ်ခံစားချက်က ဘယ်လိုရှိမလဲဆိုတာ ပြင်ဆင်ထားပါ။ အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထားနိုင်တယ်ဆိုရင် ဘယ်လိုစမ်းသပ်မှုမျိုးကိုမဆို ဖြေရှင်းရဖို့ နောက်တွန့်နေတော့မှာ မဟုတ်ပါဘူး။ အကောင်းတွေကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ကြံ့ကြံ့ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားတာက ပူပင်သောကတွေ လျော့ပါးစေနိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်း ဖြစ်ပါတယ်။
Share:

ချောကလက်နို့၏ ကျန်းမာရေး အကျိုးကျေးဇူး

ဆိုင်တွေရောက်လို့ ဘာမှာရမလဲ မသိရင် ချောကလက်နို့ ပူပူတစ်ခွက်ကိုသာ မှာပြီးသောက်လိုက်ပါ။ ချောကလက်နို့တစ်ခွက်မှာ ကျန်းမှာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။
ကယ်လ်စီယမ်ပါဝင်မှု မြင့်မားခြင်း
ချောကလက်နို့ကို သောက်လိုက်တဲ့အခါ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူပြီး အဆီလျော့ကျအောင်နဲ့ အရိုးသန်မာအောင် လုပ်ဆောင်ပေးကြောင်း လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
ချောကလက်နို့မှာ ကယ်လ်စီယမ် ပါဝင်မှုမြင့်မားတာကြောင့် ခန္ဓာကိုယ်မှ အဆီစုပ်ယူနိုင်စွမ်းဟာလည်း လျော့ကျသွားပါတယ်။
ဗီတာမင်ဒီ ပါဝင်ခြင်း
ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ အဆီလျော့ကျအောင် လက်တွဲလုပ်ဆောင်ကြပါတယ်။ ဗီတာမင်ဒီဟာ စားလိုက်တဲ့ အစားအသောက်မှ ကယ်လ်စီယမ်စုပ်ယူအားကောင်းအောင် ပံ့ပိုးပေးပါတယ်။ နို့မှာ ဗီတာမင်ဒီများစွာ ပါဝင်တဲ့အတွက် ချောကလက်နို့သောက်တာဟာ နေရောင်ခြည်ထဲနေတာလိုပဲ ဗီတာမင်ဒီကို ရရှိစေပါတယ်။
အမောခံနိုင်ခြင်း
ချောကလက်နို့သောက်တာဟာ အမောခံနိုင်ပြီး သက်လုံကောင်းစေပါတယ်။ ဒါဟာ နို့မှာပါတဲ့ ဓာတ်ဆား(Electrolytes)တွေဟာ အချိန်ကြာကြာ ရေဓာတ်ပြည့်ဝနေစေတာကြောင့်ပါ။
အားကစားမလုပ်ခင်မှာ ရိုးရိုးရေသောက်တာထက် ချောကလက်နို့သောက်တာဟာ ကြွက်သားတွေကို စွမ်းအင်ပိုရရှိစေပြီး လန်းဆန်းကာ သက်လုံကောင်းစေပါတယ်။
အသားဓာတ်ပါဝင်ခြင်း
ချောကလက်နို့ ရှစ်အောင်စတစ်ခွက်မှာ အသားဓာတ်ရှစ်ဂရမ်ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွက်သားမျှင်အသစ်တည်ဆောက်နိုင်ဖို့ အသားဓာတ် ၁၀ ဂရမ်လိုအပ်တာကြောင့် ချောကလက်နို့ကို ရှစ်အောင်စသုံးခွက်သောက်ပေးးပါက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကောင်းကာ တစ်နေ့လုံး သန်မာပြီး မမောမပန်း အလုပ်လုပ်နိုင်ပါလိမ့်မယ်။
Share:

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ကျန်းမာရေး ဗဟုသုတ

လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။
လက်မထပ်ခင် ဆေးစစ်ခြင်း
လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။
ရောဂါတွေ့ခဲ့လျှင်
ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
သားသမီးရယူရေး
အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။
သားသမီးဦးရေ
ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။
စောင့်ထိန်းမှု
အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။
Ref: Good Health
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts