Thursday, September 27, 2018
Saturday, September 22, 2018
Saturday, June 2, 2018
Facebook ရဲ့ ပြောင်းလဲတော့မယ့် Algorithm ပေါ်မူတည်ပြီး Ad cost ကိုလျှော့ချနည်း ********************************
Mark Zuckerberg ရဲ့ပြောကြားချက်အရ လူအများဟာ Facebook မှာအချိန်ကုန်ရာတွင် အကျိုးရှိစွာ အသုံးချနိုင်ဖို့အတွက် အသုံးမဝင်တဲ့ post များလို့ထင်ရတဲ့ post များကို Newsfeed မှာ ပြသရာတွင် အကြိမ်အရေအတွက်နဲ့ Reach များကို လျှော့ချသွားမယ့် Algorithm အသစ်ပြုလုပ်မယ်လို့ပြောထားပါတယ်။
ဒီ Algorithm နဲ့ အညီ မိမိ page အတွက် အထောက်အကူဖြစ်မယ့်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။ Ad များရဲ့ အဓိကအသက်က Engagement အပိုင်းဖြစ်ပါတယ်။
Custom Audience ကိုပြုလုပ်ရာတွင် "Everyone who engaged with your Page" ဖြစ်တဲ့ option ကိုရွေးပြီး publish ပြုလုပ်ပေးပါ။
Engagement နည်း ဖြင့် Target ပြုလုပ်ပါက Cost per Lead သာမက Number of Leads မှာပါ အကျိုးသက်ရောက်မှု ရစေမှာပါ။
နောက်တစ်နည်းကတော့ မိမိ အရင်ကပြုလုပ်ခဲ့တဲ့ ad များကို ဆန်းစစ်ပြီး အခြေအနေကြည့်ကာ အသုံးပြုပေးသင့်ပါတယ်။ အဲ့အတွက် Page ထဲသွားကာ Insights ကိုကြည့်ပါ။
Scroll ဆက်လုပ်ပြီး Your 5 Most Recent Posts မှ See All Posts ကိုနှိပ်ကာ မိမိအရင်ကပြုလုပ်ခဲ့တဲ့ Reach အကောင်းဆုံး post ကိုရွေးပါ။
အဲ့အတွက် Drop-down button ၃ ခုထဲမှ အရှေ့ဆုံးရဲ့ drop-down ကိုနှိပ်ကာ Reach ကိုနှိပ်ပါ။
ဒုတိယ drop-down button မှ Engagement ကိုရွေးပါ။ ၂ ချက်လုံးလုပ်ပြီးတဲ့အခါမှာ စတင်ပြီး ရွေးလို့ရပါပြီ။
Percentage အများဆုံးရတဲ့ post များမှာသာ မိမိရဲ့ ငွေကိုများများအသုံးပြုပေးပါ။ ဒီနည်းကိုအသုံးပြုပြီး ပြောင်းလဲတော့မယ့် Facebook algorithm အသစ်ကို ကောင်းစွာအသုံးချလိုက်ပါ။ မိမိ post ရဲ့ Percentage Rate များလေ Facebook Algorithm အသစ်နဲ့ ကိုက်ညီလေဖြစ်တဲ့အတွက် ထိုနည်းအတိုင်းသာ ဆက်သုံးပေးဖို့အကြံပြုပါရစေ။
Facebook Group စီမံရာတွင် မဖြစ်မနေ သိရမယ့် အချက် (၈) ချက် ************************
မိမိရဲ့ Group ကို ထိထိရောက်ရောက်စီမံကာ ကောင်းမွန်တဲ့ Facebook Community တည်ဆောက်နိုင်ဖို့အတွက် သိရမယ့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Notification များကို On ပေးပါ။
- Member Request နဲ့ New Post တို့နှင့် ပတ်သက်တဲ့ Notification ၂ ခုလုံးကို On ပေးပါ။ Group Admin နှင့် Moderator တို့က ထို Notification ရဲ့တာဝန်များ တစ်ယောက်တစ်ခုစီ ခွဲယူကာ စနစ်ကျကျစီမံသင့်ပါတယ်။ Post အတွက် Notification On ရာမှာ Page ရဲ့ Notification မှ All Posts ကို on ပေးနိုင်သလို ထို post ကိုသွားပြီး down arrow ကိုနှိပ်ကာ Turn On Notification ကိုလည်းရွေးလို့ရပါတယ်။
Member Request အတွက် Notification On ရန်အတွက် Group ရဲ့ အစက် ၃ စက် button မှ Manage Group option ကိုရွေးပေးပြီး Select Notification မှ Get notifications when people ask to join ကိုနှိပ်ပါ။
Admin မှာသာမက Moderator ဆီမှာပါ Notification ပေါ်စေမှာဖြစ်ပါတယ်။
(၂) Question Form ဆောက်ပါ။
- မိမိ Group ရဲ့ Quality ကိုမြှင့်တင်နိုင်ဖို့အတွက်သာမက မိမိ ရဲ့ Group title ကို အမှန်အကန် စိတ်ဝင်စားတဲ့သူများကိုသာ ရွေးချယ်နိုင်ဖို့အတွက် Member Request လုပ်သူများကို မေးခွန်း ၃ ခုအရင်ဖြေခိုင်းကာ ထိုအဖြေများကို Admin က တဖန်ဆန်းစစ်ပြီးမှ Group ထဲသွင်းသင့်ပါတယ်။
Question Form ပြုလုပ်ဖို့အတွက် Group မှ အစက် ၃ စက် button ကိုနှိပ်ပြီး Manage Group ကိုနှိပ်ပါ။ ပြီးနောက် Member Request ကိုရွေးပြီး Setting ကိုနှိပ်ကာ Question များဖြည့်ထည့်ပါ။
Member Request ရောက်လာတာနဲ့ ဒီမေးခွန်းများဖြေထားတာကိုတွေ့ရပါလိမ့်မယ်။
(၃) Filter ပြုလုပ်ပြီး Approve လုပ်ပါ။
- Member များကို Approve ပြုလုပ်ရာတွင် သူတို့ရဲ့ အချက်အလက်များကို ဆန်းစစ်သင့်ပါတယ်။
(၄) Problem Member များကိုဖယ်ထုတ်ပါ။
- Group ထဲမှာ ပြသာနာရှာတတ်တဲ့ Member များ ရှိနေပါက ဖယ်ထုတ်ပါ။ အဲ့အတွက် Member ထဲသွားကာ မိမိဖယ်ထုတ်ချင်တဲ့ Member ကို ရွေးပြီး Remove from group နှိပ်ကာ ဖယ်ထုတ်လိုက်ပါ။
မိမိ Remove လုပ်လိုက်သူရဲ့ Post နှင့် Comment များကိုပါဖျက်ဖို့ option ကျလာပါလိမ့်မယ်။ အဲ့အခါမှာ မိမိအလိုရှိတဲ့ Information ကိုထပ်ထည့်ကာ confirm နှိပ်ပေးပါ။
Admin ကို အခြားသူများ Report လုပ်ထားတဲ့ member များကိုလည်း Group ထဲမှ ထုတ်ပေးလို့ရပါတယ်။ အဲ့အတွက် အစက် ၃ စက်မှ Manage Group ကိုနှိပ်ပြီး Reported to Admin ကို ဝင်ကြည့်ပါ။
(၅) Group type များဖြည့်ပါ။
- မိမိ Group ရဲ့ type နဲ့ About များကို လူအများသိအောင်ဖြည့်ထည့်ပေးရပါမယ်။
အဲ့အတွက် မိမိ Group နှင့်သက်ဆိုင်တဲ့ အဆင်အပြေဆုံး Group type တစ်ခုရွေးပါ။
ပြီးတဲ့အခါ Tag ရွေးပေးရမှာဖြစ်တဲ့အတွက် အများဆုံး 5 ခုအထိရွေးပေးပါ။
အချို့လုပ်ငန်းတွေကတော့ Location နေရာတွေရှိတဲ့အတွက် address ဖြည့်ပေးရပါမယ်။
📷
(၆) Page (သို့) အခြား Group များနှင့်ချိတ်ပါ။
- Group မှာ အခြားသော Page (သို့) Group အနေနဲ့ Post တင်ခြင်း comment ပေးခြင်းများပြုလုပ်ချင်ပါက Link လုပ်ပေးသင့်ပါတယ်။
ဒါမျိုးတွေမလုပ်ခင်မှာတော့ Account ပြောင်းပေးသင့်ပါတယ်။
link လုပ်ပြီးပါက မိမိ Page ရဲ့ ဘယ်ဘက်ဘေးမှ Group အနေနဲ့ ပေါ်လာပါလိမ့်မယ်။
Page သာမက အခြား Group နှင့်လည်း ချိတ်လို့ရပါတယ်။ အဲ့အတွက် မိမိ Group ရဲ့ အစက် ၃ စက်မှ Link Existing Group option ကို ရွေးပါ။ မိမိချိတ်ချင်တဲ့ Group ကိုရွေးကာ Link နှိပ်ပါ။
ဒီလိုချိတ်ထားခြင်းဖြင့် Group အတွင်းရှိ Member များကို မိမိ ချိတ်လိုက်တဲ့ Group အား join လုပ်ဖို့ အလိုအလျောက် Recommend ပေးသွားမှာဖြစ်တယ်။
Facebook Page လိုမျိုး Group မှာလည်း မိမိအလိုရှိတဲ့ Email address ကို ပြင်ပိုင်ခွင့်ရှိပါတယ်။
(၇) Schedule ချပါ။
- Group မှာတင်မယ့် post များကို အချိန်များသတ်မှတ်ပြီး ဆိုင်းငံ့ထားလို့ရပါတယ်။
Schedule ချထားတဲ့ post များကို Scheduled Post ထဲဝင်ပြီး Down arrow ကိုနှိပ်ကာ Edit ၊ Delete စတဲ့ option အမျိုးမျိုးကိုပြုလုပ်လို့ရပါတယ်။
(၈) Group Insights ကိုဆန်းစစ်ပါ။
- Group Insights မှာ Growth details ၊ Engagement Details ၊ Member Details နှင့် Download Details စတာတွေကို ဆန်းစစ်ကြည့်ရှုကာ Group ရဲ့ အခြေအနေများကိုသိနိုင်ပါတယ်။
WordPress မှာ Pixel Caffeine plugin install ပြုလုပ်နည်း *********************
Facebook Pixel install ပြုလုပ်ရခြင်းရဲ့ အဓိပ္ပါယ်ကို Social Media Marketer တိုင်းသိကြမှာပါ။ Facebook Pixel ဟာဆိုရင် မိမိရဲ့ Website တစ်ခုခုကို လူများများရောက်ရှိအောင်ပြုလုပ်နိုင်ပြီး အခြေအနေများကိုလည်းဆန်းစစ်လို့ရတာဖြစ်ပါတယ်။ ဆန်းစစ်ရာတွင် မိမိ Website မှ ဖြစ်စဉ်များကို အချိန်နှင့်အညီ တိုင်းတာနိုင်ပြီ Facebook နှင့် ဆက်ကာ Ads Manager မှာ result ကို ကြည့်လို့ရနိုင်တာဘဲဖြစ်ပါတယ်။ အခုတစ်ခေါက်ကတော့ Facebook Pixel နှင့်ဆင်တူ အလုပ်များကိုလုပ်ဆောင်နိုင်သော Pixel Caffeine အား install ပြုလုပ်နည်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Facebook Pixel လိုမျိုးတော့ code ရေးစရာမလိုဘဲ မိမိရဲ့ WordPress website မှာ plugin သဘောမျိုးနှင့် install လုပ်မှာ ဖြစ်တဲ့အတွက် လုပ်ရလွယ်ကူမယ်လို့ထင်ပါတယ်။ ပထမဆုံး မိမိရဲ့ WordPress Website ကို login လုပ်ပြီး Plugin မှ Add New ကို နှိပ်ပါ။
ထို့နောက် Pixel Caffeine ကိုရှာပြီး Install Now ကိုနှိပ်ပါ။
ပြီးတဲ့အခါ General setting ထဲမှ Facebook Pixel Setup ကို Enable ပေးပြီးဖွင့်ပေးလိုက်ပါ။
ပြီးတဲ့အခါ Facebook Connect ကို နှိပ်ပြီး မိမိ Facebook Account နှင့် ချိတ်ဆက်ဖို့အတွက် login ဝင်လိုက်ရမှာဖြစ်ပါတယ်။ Audience အပိုင်းနှင့် Conversion အပိုင်းများကို ကြည့်နိုင်ဖို့အတွက် ၂ ခုလုံးကို Enable ပေးပြီး Save ပေးလိုက်ပါ။
ဒီ Caffeine ကို အသုံးပြုခြင်းဖြင့် Custom Audiences များကို Facebook မှာမဟုတ်ဘဲ မိမိရဲ့ WordPress website မှာဘဲ ပြုလုပ်လိုက်လို့ရပါတယ်။
Audience များကို track လုပ်နိုင်သည်သာမက Conversion များကိုပါ အမျိုးမျိုးသော လုပ်ဆောင်ချက်များကိုရွေးကာ Track လုပ်လို့ရပါတယ်။
General Setting မှာ ဆိုရင်လည်း Filter ရွေးကာ Category အမျိုးမျိုးဖြင့် လွယ်လွယ်ကူကူ track လုပ်လို့ရပါတယ်။
Facebook Pixel Install ပြုလုပ်နည်း *****************************
Marketer များဟာ မိမိရဲ့ website ကို ဝင်ရောက်လာမယ့် Audience အရေအတွက်ရဲ့ အခြေအနေများကို တိုင်းတာပြီး မိမိ website ရဲ့ အခြေအနေကိုလေ့လာစောင့်ကြည့်လျှက်ရှိကြပါတယ်။ အခုလို Ads Manager မှ စောင့်ကြည့်နိုင်ဖို့အတွက် Facebook Pixel ကို install ပြုလုပ်ပေးရပါတယ်။ Install ပြုလုပ်ချိန်ဟာ အများဆုံး ၁ နာရီလောက်သာ ကြာမြင့်မှာဖြစ်တဲ့အတွက် လွယ်ကူတယ်လို့ပြောလို့ရပါတယ်။ ပထမဆုံး Ads Manager ရဲ့ Assets tab မှ Pixels ကိုနှိပ်ပါ။
မိမိက Pixel ကို install ပြုလုပ်ထားခြင်းမရှိပါက Create Pixel ဟုပေါ်နေမှာဖြစ်တဲ့အတွက် Create Pixel ကိုနှိပ်ပေးလိုက်ပါ။
ပြီးတဲ့အခါမှာ Name သတ်မှတ်ပြီး Next button ကိုနှိပ်ပါ။
Facebook Pixel ကို install ပြုလုပ်ချိန်တွင် နည်း ၂ နည်းနဲ့ install ပြုလုပ်လို့ရပါတယ်။ အကယ်၍ မိမိက Copy Paste နည်းကိုအသုံးပြုချင်ပါက ဒုတိယနည်းကိုရွေးပါ။
Install လုပ်ရာတွင် မိမိကိုယ်တိုင်လုပ်နိုင်သလို မိမိ Company ရဲ့ Programmer များအား Email ပို့ပြီးလည်း ကူညီခိုင်းလို့ရပါတယ်။
Code များကို Copy လုပ်ပြီး မိမိ website ရဲ့ header tag <head>....</head> ထဲသွားပြီး paste လုပ်ရပါမယ်။ မိမိ website တစ်ခုခုရဲ့ Setting ထဲမှ Insert Header and Footer page ဆိုတာလေးရှိပါလိမ့်မယ်။ ထိုနေရာမှာ မိမိ copy လုပ်လာတဲ့ code များကို Paste လုပ်ပြီး Save ကို နှိပ်လိုက်ပါ။
Audience ကိုသာမက အခြားသော feature များပါကြည့်နိုင်ဖို့အတွက် Function အသေးလေးများကိုပါ Code ထဲမှာ ထပ်မံထည့်သွင်းလို့ရပါတယ်။
Facebook Pixel ကို install လုပ်ပြီးပါက Facebook ရဲ့ Ads Manager အပိုင်းမှာ Standard Event များကို လက်တွေ့ကြည့်ရှု အသုံးပြုလို့ရပါပြီ။ အကယ်၍ မိမိက Custom အပိုင်းများကို Rule များဆောက်ပြီး ကြည့်ချင်ပါက Ads Manager မှ Facebook Pixel Tab ကိုသွားပါ။ ပြီးတဲ့အခါ Create Conversion ကို နှိပ်ပါ။
Rule မှာ မိမိ ဆန်းစစ်ချင်တဲ့ Keyword URL ကို ထည့်သွင်းပါ။ Category အပိုင်းမှာလည်း URL နဲ့ ပတ်သက်တဲ့ အဆင်ပြေတဲ့အရာကိုဖြည့်ပါ။ ပြီးတဲ့အခါ Custom Conversion name ကိုပေးလိုက်ပါ။
Standard သဘောတရားဖြစ်တဲ့ Facebook Pixel Page ရဲ့အကြောင်းကို ဆက်လက် ပြောပြပါမယ်။ Assets tab အောက်မှ Pixels page ကိုသွားပါ။
Pixel Page ဟာဆို အချက် ၆ ချက်နှင့် ကြည့်လို့ရပါတယ်။
(၁) Time frame - Conversion လုပ်ရန် အချိန်အပိုင်းများကိုချိန်ညှိလို့ရပါတယ်။
(၂) Toolbar - Create Ad နဲ့ Create Audiences စတဲ့ function များကိုပြုလုပ်နိုင်ပြီး Action အပိုင်းမှာ Facebook Pixel name နဲ့ code များကိုပြင်လို့ရပြီး Email ပို့လို့ရမှာပါ။
(၃) Traffic data - မိမိ website မှာ traffic ဘယ်လောက်ရပြီလဲဆိုတာကြည့်လို့ရတာပါ။
(၄) Facebook Pixel details - Facebook Pixel ရဲ့ အချို့သော အခြေခံအချက်အလက်များကို ကြည့်လို့ရတာပါ။
(၅) Custom Audiences - Facebook Pixel နှင့်ပတ်သက်တဲ့ မိမိဖန်တီးထားတဲ့ Audiences များဖြစ်ပါတယ်။
(၆) Data filters - Data များကို URL ၊ Devices ၊ Domain နဲ့ Event များအလိုက် count အရေအတွက်များကို ကြည့်လို့ရတာဘဲဖြစ်ပါတယ်။