Comments

Saturday, September 29, 2012

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး

~

ဒေါက်တာခင်လက်ျာ

            သဘာဝဖြေဆေး ရှောက်ဘီလူး
 
   ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မသွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ်တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

              ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။

                ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ ရွာပတ်ဝန်းကျင်တစ်ဝိုက်လောက်ပဲ သွားစရာရှိတာကြောင့် ကျွန်မတို့အဖွဲ့က ၇ နာရီ ထိုးလောက်ကျမှ ရွာထဲ ကော်ဖီထွက်သောက်ကြပါတယ်။

                     ကျွန်မက နောက်မှလိုက်လာမယ်ပြောလိုက်ပြီး ကျွန်မလေ့လာချင်တဲ့ ဈေးဘက်ကို ဦးတည်ပြီး တစ်ယောက်တည်း သွားလိုက်ပါတယ်။ ကျွန်မလျှောက်သွားရင်း လမ်းမတန်းကြီးရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်၊ ဆေးဆိုင်လေးတွေ စဖွင့်နေတာ တွေ့ရပါတယ်။

                      အမျိုးသမီး ပျိုပျိုရွယ်ရွယ် အသက်ကြီးပါမကျန် ဦးတည်သွားနေကြတဲ့ လမ်းကြားလေးနောက်ကို ကျွန်မ လိုက်သွားလိုက်ပါတယ်။ အမျိုးသမီးတွေဆိုတော့ ဈေးကိုပဲ သွားနေတာဖြစ်မှာပါ။

                      ကျွန်မထင်တာမမှားပါဘူး။ ကျွန်မဆယ်လှမ်းလောက်သာ လျှောက်သွားပြီးတာနဲ့ ဈေးဝင်းထဲကို ရောက်သွားပါတော့တယ်။ ဝင်လိုက်တယ်ဆိုရင်ပဲ အလယ်လူလျှောက်လမ်း တစ်ဘက်တစ်ချက်မှာ ခင်းကျင်းရောင်းချနေတဲ့ ဆိုင်တွေကို တွေ့ရတော့တာပဲ။

                     ဈေးသည်တွေက အုတ်ခုံအမြင့်မှာ ခင်းရောင်းနေတာကို တွေ့ရပါတယ်။ အခြောက်အခြမ်း၊ ဟင်းသီးဟင်းရွက်၊ မုန့်သည်တွေကို ကျွန်မ ကြည့်ရုံသာ ကြည့်သွားလိုက်ပါတယ်။ ကျွန်မတကယ် စိတ်ဝင်စားတာက ဒီလိုဈေးရုံတွေ အပြင်ဘက်ကွက်လပ်မှာ လာပြီးရောင်းတတ်ကြတဲ့ တောသည်တွေကိုပါ။

                     ကျွန်မ ဈေးရုံကထွက်လိုက်တော့ အလယ်ကွက်လပ်ထဲမှာ လူတွေက ကျိတ်ကျိတ်တိုးစည်နေပါပြီ။
                     ဟန်ကျတာပဲ။
                    ဝေးဝေး မသွားရဘဲ ဒီထဲရှိတော့ တစ်ပတ်တော့ ပတ်ကြည့်မယ်ဆိုပြီး ကျွန်မ ညာဘက်က စပတ်လိုက်ပါတယ်။

                 အလယ်ဘက်မှာ ကျောချင်းကပ် ရောင်းနေကြတာကတော့ အသားငါးတွေပါ။ ကျွန်မဝယ်နေကျ ဈေးတွေမှာရှိတတ်တဲ့ အသားငါးတန်းလို့ ခေါ်ရမှာပေါ့။ သူ့ရဲ့ဘေးပတ်လည် တစ်ဘက်တစ်ချက်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ တိုတိုထွာထွာ အသုံးအဆောင်လေးတွေ ချရောင်းနေတာ တွေ့ရပါတယ်။

                   သားငါးရောင်းတယ် ဆိုရာမှာတော့ ငါးနဲ့ပုစွန်တွေပါ။ ရန်ကုန်က ဈေးသည်တွေလိုများများစားစား ပုံရောင်းကြတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာက ကိုယ်တိုင်ဖမ်းလို့ ရတာလေးတွေ လာချရောင်းတာနဲ့ တူပါတယ်။

                   တချို့ဆိုရင် ဗန်းလေးထဲမှာ ငါးခူလေး ငါးကောင်၊ ငါးရံ့မြီးတို တစ်ကောင်၊ နှစ်ကောင်၊ ပုစွန်သေးသေး လေးတစ်ပုံ၊ နှစ်ပုံလောက်သာ တွေ့ရတာပါ။ ကျွန်မပတ်ကြည့်ရင်း တစ်တောင်လောက်ရှိတဲ့ ငါးသလောက်လေးကောင် ချရောင်းနေတာတွေ့တော့ ကျွန်မခြေထောက် အလိုလို ရပ်သွားပါတော့တယ်။
                ''အကောင်တွေက ကြီးလိုက်တာ''
                ''ရန်ကုန်မှာတောင် ဒီအရွယ် တွေ့ရခဲတယ်''
                 ''ဝယ်ပြီး ထမင်းဆိုင်မှာ ချက်ခိုင်းရင်ကောင်းမလား'' ဆိုပြီး ကျွန်မ တွေးဖြစ်သွားပါတယ်။
                 အနားရောက်သွားတော့မှ ငါးသလောက်တွေက ငါးဆားနယ်တွေမှန်း သိလိုက်ရပါတယ်။

                 ကလေး ရေစပ်စပ်စားချင်တာမို့ ဈေးမမေးဘဲ ဆက်လျှောက်သွားလိုက်ပါတယ်။
                ''ဆရာမကြီး၊ ငါးသလောက်တွေက ကိုယ်တိုင်လုပ်ထားတာပါ''
                ''စားကြည့်ပါဦး''
                ''ဒီရောက်တုန်း စားသွားပါ။ ခရမ်းချဉ်သီးနဲ့ချက်ရင် ပြေပြီး မတက်တော့ပါဘူး'' လို့ ပြောပြီး ရောင်းနေပါတော့တယ်။

                 တကယ်တော့ ကျွန်မက ငါးသလောက်စားရင် တက်တယ် ပြောပေမယ့် စားနေကျပါ။ ကြိုက်လဲကြိုက်ပါတယ်။ တက်စာမို့ ရှောင်တာမဟုတ်ပါဘူး။ ငါးဆားနယ် မစားချင်လို့ မဝယ်လိုက်တာပါ။

                 တက်စာလို့ပြောလိုက်တော့ ကျွန်မတို့အရွယ်တော်တော်များများက သွေးတိုးမှာ၊ တက်မှာ ကြောက်ကြတာကြောင့် ငါးသလောက်၊ ငါး ပြေမ၊ အုန်းနို့၊ မျှစ်ချဉ်စသည်တို့ကို ရှောင်ကြတာ သတိထားမိပါတယ်။ ကျွန်မတို့ အိမ်သားတွေ အားလုံးက အစားမရှောင်ကြပါဘူး။ သတိထား ချင့်ချိန်ပြီးတော့ စားကြတာပါ။

                 အစားအသောက် မရှောင်တဲ့သူပေမယ့် ကျွန်မ ဘန်ကောက်ရောက်စက အခက်ကြုံခဲ့ရတာပါ။ သူတို့ဟင်း တော်တော်များများက အုန်းနို့ထည့်ချက်ကြပါတယ်။ ဟင်းအရည် သောက်တောင်မှ အုန်းနို့ထည့်ချက်တာကိုး။

                  ဆိုင်တွေမှာ ကျွန်မအတွေ့များတာက ငါးပြေမ၊ မယ်ဇလီ၊ ဝက်သားနဲ့ မျှစ်ချဉ်တို့ကို အုန်းနို့နဲ့ ချက်ကြတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ငါးပြေမဆီပြန်ဟင်း ရိုးရိုးတောင် တစ်ကောင်နှစ်ကောင်ထက် ပိုပြီး မစားလိုကြဘူး။ အုန်းနို့ထည့်ချက် လိုက်ရင်တော့ လုံးဝစားဝံ့ကြမှာ မဟုတ်ပါဘူး။

                   ဝက်သားနဲ့ မျှစ်ချဉ်ဆိုလဲ သိပ်မစားရဲလှဘူး။ အုန်းနို့ပျစ်ပျစ်ရော ချက်ထားတော့ ပွဲကသိမ်းသွားတာပေါ့။ တက်ပြီးရင်း တက်သွားမယ့်ဟင်း ဖြစ်နေတာကိုး။

                   နောက်အနေကြာတော့ ထိုင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားကြတဲ့အခါမှာ မရှောင်သာတော့ ကျွန်မအုန်းနို့ပါတဲ့ ဟင်းတွေကို မြည်းစမ်းတဲ့သဘောနဲ့ စစားဖြစ်ပါတယ်။ သူတို့က အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတို့ကို အများဆုံးချက်ကြတာပါ။ ဟင်းသီးဟင်းရွက်တွေတော့ တချို့ဟင်းမှာ ရောချက်လေ့ ရှိပါတယ်။

                  ကျွန်မ ဟင်းခပ်တဲ့အခါ အနည်းအကျဉ်းသာခပ်ပြီး တခြားအုန်းနို့ မပါတာတွေစားတာကို သတိထားမိတဲ့ ထိုင်းသူငယ်ချင်းက ''ခင်အုန်းနို့ကြောက်လို့လား။ ဆီးချို၊ သွေးတိုးမရှိရင် ရဲရဲသာ စားလို့ရတယ်။ တို့တွေရဲ့ တိုင်းရင်းဆေးမှာသုံးတဲ့ Ma krut အသီးနဲ့ အရွက်(ရှောက်ဘီလူး)ကို ထည့်ချက်ထားတာ။ ရဲရဲသာစားပါ''လို့ တိုက်တွန်းနေပါတော့တယ်။

                    သူက တိုင်းရင်းဆေးလို့ ပြောလိုက်တော့ ကျွန်မသိချင်တာလေးတွေ ဆက်မေးမိသွားတာပေါ့။ သူ့ အပြောအရ Ma krut ခေါ်တဲ့ Kaffir Lime အသီးရဲ့ အခွံနဲ့ အရွက်မှာပါတဲ့အဆီက ဆေးဖက်ဝင်တာ တဲ့။ သူ့ဓာတ်ကအစာကို ကျေစေပြီး သွေးကျဆေးတွေမှာ ထည့်သုံးရတယ်လို့ ပြောပြပါတယ်။

                      ဒါကြောင့် အုန်းနို့ပါတဲ့ ဟင်းတွေမှာ Ma Krut အသီးအလုံးလိုက် အရွက်ကို ပါးပါးလှီးပြီး ထည့်ချက်ကြတယ်။ တချို့ကဆိုရင် အခွံနဲ့အရွက်ကို ကြမ်းကြမ်းဖဲ့ပြီး ချက်တာလဲ ရှိဆိုပဲ။ တချို့ဆို အရွက်လိုက် ထည့်လိုက်တာတွေ့ရသေးတယ်။

                 ဘာပဲဖြစ်ဖြစ် Ma Krut  ရဲ့ အသီးအရွက်တစ်ခုခု ပါတာကြောင့် သူတို့က အဖြေရှိတော့လဲ အုန်းနို့ဟင်းတွေကို အားရပါးရ စားရဲကြတာလို့ ကျွန်မထင်မိပါတယ်။

                သူငယ်ချင်း ပြောပြပြီးမှ ကျွန်မ သူတို့ရဲ့အုန်းနို့ထည့်ချက်ထားတဲ့ ဟင်းတွေကို လေ့လာကြည့်မိသွားပါတယ်။ သူတို့က ဟင်းထဲမှာ တကယ့်ကို Ma Krut သီးကို အလုံးလိုက်တွေ ထည့်ချက်တာတွေ့ရတယ်။ ဟင်းခပ်တဲ့အခါ ပါမလာတော့ ကျွန်မ နဂိုက မသိခဲ့ဖူးပေါ့။

                  Ma Krut အရွက်ကိုတော့ အရွက်လိုက် ထည့်ထည့်၊ ဖဲ့ပြီးထည့်ထည့်၊ ပါးပါးလေးလှီးထည့်ထည့် ဟင်းထဲမှာတွေ့နေရတော့ အရွက်သာ သုံးကြတယ်လို့ ပထမက ကျွန်မ ထင်မိခဲ့တာပါ။

                  ကျွန်မတို့ မြန်မာဟင်းတွေကို နိုင်ငံခြားသားတော်တော်များများက Very Oily- ဆီသိပ်များတယ်ဆိုပြီး လက်တွန့်ကြပါတယ်။ မြန်မာဟင်း၊ ထမင်းစားချင်တဲ့ သူငယ်ချင်းတွေ ရန်ကုန်လာတဲ့အခါ ဆီပြန်ချက်ပြီး ပန်းကန်ထဲခပ်တဲ့အခါ အနှစ်နဲ့ အသားပဲ ထည့်ပေးရပါတယ်။

                ဒီသူငယ်ချင်းတွေအဖွဲ့ပဲ ထိုင်းမှာ ထမင်းအတူသွားစားကြတော့ အုန်းနို့ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတွေ့လို့ အံ့သြနေမိတာ ခုမှ သူတို့က ရှောက်ဘီလူးထည့်ချက် ထားမှန်းသိပြီး ဒီရှောက်ဘီလူးအာနိသင်ကို သိထားတာကြောင့်ကိုး။

              အရင်အဖြေမသိခင်ကတော့ အိမ်မှာ အမေနဲ့ အဒေါ်ကို ဒီဟင်းတွေအကြောင်း ပြောတော့ ဟင်းချက်ဝါသနာပါတဲ့ မေမေက ''သမီးတို့ ဟင်းတွေကလဲ ကြောက်စရာ၊ လန့်စရာပါလား။ စားလိုက်တာနဲ့ ဗိုက်ထဲလဲရောက် သွေးနားထင်က ပေါက်ထွက်ပြီး ကိစ္စချောမယ့်ပုံပဲ'' တဲ့လေ။

                  ဟင်းချက်ကောင်းတဲ့ အဒေါ်ကတော့ ''ဒီဟင်းတွေမှာ ဖြေဆေ တစ်ခုခုတော့ သုံးထားပါလိမ့်မယ်'' လို့ ကောက်ချက်ချဖူးပါတယ်။

                 အဖြေမသိခင်ကတော့ ပဟေဠိပေါ့လေ။ အခုတော့ အဖြေသိတော့လဲ ရှင်းသွားပါပြီ။

ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

http://www.zaygwet.com/diary.php?id=40
Share:

Friday, September 28, 2012

လျှို့ဝှက် ကင်မရာကာကွယ်ရေး

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Myanmar Express
Share:

Wednesday, September 26, 2012

သွယ်လျ လှပချင်သူတို့အတွက် ဗိုက်သားလှုပ်အက

ဒေါက်တာခင်လက်ျာ ~

photo: http://www.shanghaiexpat.com

                အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းတွေနား ထောင်ကြလို့ သမီးတို့က ဘာကြောင့်  ဒီ Hip Hop သီချင်းတွေကြိုက်တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက သီချင်းဆိုတာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။ ဟုတ်မှာပါ။

             သူခေတ်နဲ့ သူလိုက်ပြီး သီချင်း နဲ့ အဆိုတော်တွေကတာ၊ ခုန်တာ၊ လှုပ်ရှားတာတွေကို ကြိုက်စမြဲပါ။ ကျွန်မတို့ခေတ်က Rock and Roll ဘုရင်လို့ တင်စားခေါ်ခဲ့ကြတဲ့ Elvis Presley ကို ကြိုက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။

            သူ့ခေတ်ပြီးသွားတော့ Pop King ဆိုပြီး ထင်ရှားတဲ့ Michael Jackson က ပေါ်လာခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများက သီချင်းနဲ့ လှုပ်ရှားမှုကို ကြိုက်စမြဲပါ။

              သီချင်းနဲ့ အကအကြောင်းတွေးမိရင်း ကျွန်မအလုပ်တာဝန်နဲ့ ဗီယက် နမ်၊ ဟိုင်နွမ်းမြို့မှာ ရှိစဉ်က ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ဂျပန်အမျိုးသမီး သူငယ် ချင်း Juniကို မျက်စိထဲမြင်မိသွားပါတယ်။

            တစ်နေ့ ဟိုင်နွမ်းမြို့ထဲမှာ Juni ကို ကျွန်မတွေ့လိုက်တော့ သူ့ကို ဖြုန်းခနဲ မမှတ်မိပါဘူး၊ လှမ်းလှမ်းက စမြင်ကတည်းက ကျွန်မစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာပါ။ သူ့ကိုအရင် ကျွန်မသိခဲ့စဉ်က Juni က ဝဝကစ်ကစ် လုံးလုံးလေးနဲ့ အင်မတန်သွက်လက်ပြီး ချစ်စရာကောင်းသူပါ။ အခုတော့ သူက ဒီလို မဟုတ်တော့ပါဘူး။ ပိန်ပိန် သွယ်သွယ် ဖြစ်နေပါတယ်။ အနားရောက်တော့ Juni ကစပြီး ''ခင် တို့ကို မမှတ်မိဘူးလား၊ အရင် လာအိုမှာတုန်းက သိခဲ့ကြတာ လေ'' လို့ နှုတ်ဆက်ပါတယ်။ သူ့အသံ ကြားလိုက်မှ ကျွန်မ Juni ကို မှတ်မိသွားပါတော့တယ်။

              ကျွန်မက အားရက်မို့ အတော် ဖြစ်သွားပြီး Juni ကလဲ အားကြောင်း  ပြောတာနဲ့ ကျွန်မတို့နှစ်ယောက် အနီးအနားရှိ ကော်ဖီဆိုင်ကို သွား လိုက်ကြပါတယ်။

        ကျွန်မတို့ ကြာကြာစကားပြောချင်တာကြောင့် အေးအေးဆေးဆေး စကားပြောကောင်းမယ့်နေရာကို ရွေးပြီး၊ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ဆိုင်က ကော်ဖီအပြင် မုန့်တွေကပါ နာမည်ကြီးဆိုတော့ ကျွန်မတို့ မုန့်နှစ်မျိုး၊ သုံးမျိုးမှာဖြစ်သွားတယ်။

          သူက ငယ်ငယ်ကတည်းက ငြိမ်ငြိမ်မနေဘဲ အမြဲလှုပ်ရှားနေတတ် သူဆိုတော့ ဘဲလေး-Ballet အကကို  လေးငါးနှစ်လောက် သင်ခဲ့တယ်။ နောက် အပျိုဖြစ်လာတော့ ခေတ်စား နေတဲ့ Rock and Roll တို့ Cha Cha Cha တို့ကို ကပြန်သတဲ့။ တက္ကသိုလ်ရောက်တော့ စာများပြီး သိပ်မကဖြစ်တော့ဘူးလို့ ပြောပါတယ်။

             အလုပ်ထဲဝင်တော့ အများလုပ်ကြတဲ့ အဲဒီခေတ်က သိပ်ခေတ်စား ခဲ့တဲ့ Aerobic ကိုယ်လက်လှုပ်ရှား မှုကို မနက် Video တိတ်ခွေဖွင့်ပြီး TV ရှေ့မှာ ကြည့်ပြီး လုပ်ခဲ့ရသေး တယ်တဲ့။

              ရုံးအားရက်တွေမှာ ပန်းခြံထဲသွားပြီး အများနဲ့အတူ စင်မြင့်ပေါ်က လုပ်ပြနေတဲ့သူကိုကြည့်ပြီး လိုက်လုပ်ရသေးတာလဲရှိသေး။

          အဲဒီဟာမျိုး ရိုးသွားတော့တစ်ခါ တရုတ်ရိုးရာ ဖြည်းဖြည်း နှေးနှေး လှုပ်ရှားရတဲ့ Tai Chi ကို ခေတ်နဲ့ အမီတို့ ဆက်လုပ်သေးတယ်။ အဲဒီနောက်တော့ တရားအားထုတ်တဲ့ ကျင့်စဉ်တစ်မျိုးဖြစ်တဲ့ yoga ကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်း အဖြစ် လုပ်လာတော့လဲ ထုံးစံအတိုင်း တို့ဝင်နွှဲလိုက်တာပေါ့။ အဲဒါကျတော့ ဆရာဝန်က အဆင်မသင့်ရင် အရိုးတွေ အကြောတွေ ဒဏ်ဖြစ်နိုင်တယ် ဆိုလို့ ကြောက်ပြီး ဆက်မလုပ်ဘဲ ဖြတ်လိုက်တယ်လေ။

              နောက် ယူနီဆက်မှာ အလုပ် ဝင်လုပ်တော့ မကြာခဏ ခရီးထွက် ခဲ့ရတယ်။ ဟိုတိုင်းပြည်ပြောင်း၊ ဒီ တိုင်းပြည်ပြောင်းနဲ့ အလုပ်တွေက များလာပြီး ကိုယ်လက်လှုပ်ရှားမှုနည်း လာတော့တာပေါ့။ ဒါကြောင့် ခင့်ကို သိခါစ လာအိုမှာတုန်းက ဝနေတာပေါ့ သူငယ်ချင်းလို့ ရှင်းပြပါတယ်။

                အသက်လေးကလဲ ရလာတော့ ကျန်းမာရေးကို ပိုဂရုစိုက်ခဲ့ရတယ်။ ဒါကြောင့် ရောက်တဲ့နိုင်ငံတွေမှာ Health Club ဝင်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ရတယ်။ Thread mill  ပြေးလိုက်၊ စက်ဘီးစီးလိုက်ပေါ့လို့ ပြောပါတယ်။

             ဒါပေမယ့် သူ့ခမြာ အချိန်နဲ့ ငွေသာကုန်သွားတယ်။ ကိုယ်အလေး ချိန်က မကျတဲ့အပြင် တက်တောင်လာသေးတာဆိုပဲ။ ကြာတော့ စိတ် ပျက်ပြီး ဆက်မလုပ်ချင်တာနဲ့ ရပ်လိုက်သတဲ့။

               သူခွင့်နဲ့ ဂျပန်ပြန်တော့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူတို့ Belly dance အက သင်တန်း တက်နေတာကို သိပြီး လိုက်သွား လိုက်တယ်။ Belly အကက ဂျပန်မှာ ခေတ်စားလာတာဆိုပဲ။

              Juniက ကျွန်မလိုပဲ ဒီအကက အရှေ့ အလယ်ပိုင်းနိုင်ငံတွေမှာသာ ခေတ်စားတယ် ထင်မိကြတယ်။ ဘယ်ဟုတ်ပါ့မလဲ။ ၁၉၇ဝ ခုနှစ် လောက်ကတည်းက အမျိုးသမီးများရဲ့ သဘာဝအလှကို ဖော်ထုတ်တဲ့ အကဆိုပြီး အမေရိကန်နိုင်ငံမှာ ကခဲ့ကြတာတဲ့လေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9owkkxKkwmecpktdiTf-NWpD6avX8Fji3xcoK32bRiPHJFe-ttWtSIAHcirnUl3os5wngkKlxz4YanFEMPkLIVJ-srOFZsHjEN7eqwO1ToEVEwE1OOKdQ4HwRpP0_7offNLMF0b3O6YI/s400/IMG_0111.jpg            
 photo: http://propercourse.blogspot.com

Juniအပြောအရ ဒီအကက အီဂျစ်ကတစ်ဆင့် တူရကီရောက်သွားပြီး ဖင်လန်၊ သြစတေးလျ၊ ဘရာဇီး၊ ကနေဒါတို့မှာတောင် ဒီအကသင် တန်းတွေရှိပြီး ကနေကြတယ်။ ဂျပန်မှာလဲ အကသင်တန်းတွေ ဖွင့်ထားတာကြောင့် သူ့သူငယ်ချင်းတွေ သင်နေတာကို သိခဲ့ရတယ်။

          သူပြောတာ နားထောင်ရင်း ကျွန်မအရင်သိထားတဲ့ Arabian Nights  ရုပ်ရှင်တွေမှာ ကကြတဲ့ အာရပ် အမျိုးသမီးလေးတွေအစား ဂျပန်မလေးတွေ၊ အမေရိကန်မလေးတွေကို အစားထိုးကြည့်တာ အမြင်ဆန်းသလိုလို ဖြစ်နေပါတော့တယ်။

             ကျွန်မတို့ ကြည့်နေကျ ကုလားကားထဲက ဆာရီနဲ့ ကုလားမလေးတွေ ဗိုက်ကလေး၊ ချက်ကလေး ဖော်ပြီး ကကြတဲ့ စတိုင်နဲ့တော့ သိပ် မကွာလှပါဘူး။

              သူငယ်ချင်းတွေကလဲ ဆွယ်တဲ့ အပြင် သူကိုယ်တိုင် လိုက်သွားရင်း စိတ်ဝင်စားတာကြောင့် အခြေခံ သင်တန်းတက်ဖို့ စာရင်းသွင်းပြီး ဂျပန်ရောက်တုန်း Juni က ဘယ်လီအက သင်ဖြစ်သွားတယ်။

            သူက ငယ်ငယ်က ဘဲလေး အကကို ကြာကြာလေး သင်ခဲ့တာ ဆိုတော့ ဘဲလေးအကနဲ့ ဘယ်လီ အက ကွာခြားတာကို ချက်ချင်းနား လည်လိုက်တယ်လို့ ပြောပြပါတယ်။  ဘဲလေးအကက ဇာတ်ကွက်တစ်ခုမှာ ကိုယ်က ကကွက်တစ်ခု ပါဝင်လှုပ်ရှားပြီး ကရတယ်။ ဘယ်လီအကကျတော့ တစ်ယောက်ချင်း ကိုယ့်ကိုကိုယ် ပေါ်လွင်အောင် ကသွားကြရတာတဲ့။

        နောက်တစ်ခု သူသတိထားမိတာက ဘဲလေးကစဉ်က ခြေဖျားထောက်ထောက်ပြီး ကရတာကြောင့် ခြေထိပ်လေးတွေတောင် ကွေးပြီး ပုံပျက်သွားခဲ့တယ်။ ဒီဘယ်လီကရဲ့ လှုပ်ရှားမှုက အမျိုးသမီးများ သဘာဝ လှုပ်ရှားမှုကို လိုက်ပြီး ကရတာ တဲ့။ ခန္ဓာကိုယ်ရှိ ကြွက်သားစုများကို လှုပ်ရှားပြီး ကရတာကြောင့် ကျန်းမာရေးအတွက် သိပ်အထောက်အကူ ပြုတာဆိုပဲ။

            Juni က ဘယ်လီကတဲ့အခါ ဗိုက်ရှိကြွက်သားတွေ၊ တင်ပါး၊ ရင်ပတ်၊ ခါးရိုး၊ လည်ပင်းရှိကြွက် သားများကို အတင်းအလျှော့လုပ်ပြီး ကကြရတယ်။ ဒီအခါမှာ အဆစ်တွေ အရွတ်တွေကလဲ တဖြည်းဖြည်း လှုပ်ရှားကြရပြန်တယ် တဲ့။

               ဒါကိုကြားတော့ ကျွန်မခါးနာတာကို ဆရာဝန်များ လုပ်ခိုင်းတဲ့ ကြွက်သား၊ အဆစ်လေ့ကျင့်ခန်းများ ကို မြင်မိသွားတယ်။ ကျွန်မက ကတာမဟုတ်ပေမယ့် ကြွက်သား များသန်မာလာအောင်လုပ်ရတဲ့ လေ့ကျင့်ခန်းများပါ။ Juni ပြောသလို ဒီလှုပ်ရှားမှုတွေက ကျန်းမာရေးအတွက် အထောက်အကူပြုတာကို ကျွန်မသိပြီးသားပါ။

               ဒီအက ကဖို့ တီးလုံးတို့ သီချင်း တို့ကလဲ ဆွဲဆောင်မှု အပြည့်ရှိတာလို့ သူက ဆက်ပြောပါတယ်။ သီချင်း သံကြားလိုက်ရင်ပဲ အလိုလိုကလာချင်တာဆိုပဲ။ သီချင်းတင်ဆွဲဆောင်မှုရှိတာလားလို့ မေးတော့ မဟုတ်ကြောင်း၊ အဝတ်အစားတွေ ဆင်ယင်ထုံးဖွဲ့မှုကလဲ အသားပါနေပြန်သတဲ့။

            ဒီအကက တစ်ကိုယ်လုံး နွဲ့နွဲ့ နှောင်းနှောင်း လှုပ်ရှားကရတာကြောင့်  ကတဲ့အခါ ကချက်နဲ့အတူ အသံစုံ လေးတွေ ထွက်လာအောင် ဝတ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့မှာ ခြူလေးတွေ၊ ခေါင်းလောင်း၊ ဒင်္ဂါးပြား၊ ပုတီး စေ့တွေ နှစ်သက်သလို ထည့်ချုပ်ထားကြတယ်။ ဒီတော့ ကလိုက်တိုင်း အသံတွေကမြည်ပြီး နားထောင်လို့ တစ်မျိုးကောင်း ပြန်တာပေါ့။ အသံသာမက သူ့ထက် သူလှအောင် ဒီဇိုင်းလုပ်ကြတယ်လို့ ပြောပါသေးတယ်။

            သူပြောတာနားထောင်ရင်း ဘယ်လူမျိုးပဲဖြစ်ဖြစ်အက ကကြတဲ့ အခါမှာ လှသထက်လှအောင် တီထွင်ကြတာပါ။ ဒါက လူ့သဘာဝပေကိုး၊ ကျွန်မတို့ မြန်မာအကမှာလဲ ခါးထောင်အင်္ကျီ၊ ရင်ခံ၊ ထိုင်မသိမ်းဆိုရင်လဲ ရွှေခြည်ငွေခြည်၊ ပုတီးစေ့၊ ပုလဲလုံး၊ Health Club အရောင်တွေ အမျိုးမျိုးနဲ့ လှအောင်ချုပ်ကြသေး တာပဲ။ အမျိုးသမီးသဘာဝအတိုင်း လှချင်ကြတာမဆန်းပါဘူး။

photo: http://shes-got-hips.com
 
        သူက ဒီဘယ်လီအကကို စသင်ပြီးနောက်မှာ ကိုယ်အလေးချိန်က တဖြည်းဖြည်း ကျသွားခဲ့တာဆိုပဲ။ အရင်က လေ့ကျင့်ခန်းလုပ်ဖို့ Sequin တွေ အစုံဝင်ခဲ့ဖူးတယ်။ ဘာမှ မထူးခြားဘူး။ နေ့စဉ် ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းတွေချည်း လုပ်ရတာ ငြီးငွေ့လာခဲ့တယ်။ အခု ဘယ်လီအကက သူတို့အခေါ် Raks Sharki က သူ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလို သဘော ထားလာခဲ့တယ်။ အလုပ်တွေများပြီး စိတ်ရှုပ်လာတဲ့အခါ အိမ်ပြန်ရောက်ရင် သီချင်းဖွင့်ပြီး ကလိုက်တယ်ဆိုရင် စိတ်ပေါ့ပါးသွားတာဆိုပဲ။

             ''ခင်လဲ ဒီအက ကကြည့်ပါလား။ တို့သင်ပေးမယ်၊ သိပ်မခက်ပါ ဘူး'' လို့ ပြောလိုက်တာနဲ့ ကျွန်မ အာမာန်မြို့ ယူနီဆက်မှာ တာဝန်ကျစဉ်က သိကျွမ်းခဲ့တဲ့ စာရေးမလေး မိသားစုကို သွားသတိရမိသွားတယ်။ သူ့သားငယ်က ''အန်တီ ဒီအကက သိပ်လွယ်ပါတယ်'' လို့ ပြောပြီး သင် ပေးခဲ့ပေမယ့် ကျွန်မ မတတ်ခဲ့ပါဘူး။

              အဲဒီကတည်းက ဒီအကကဖို့ စိတ်လျော့ခဲ့တာကြောင့် Juni ကို ''သူငယ်ချင်း တို့အရွယ်နဲ့ သင်လို့မဖြစ်တော့ဘူး၊ သင်ပေးမယ်ဆိုတာ ကျေးဇူးတင်ပါတယ်။ တခြားကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပဲ လုပ်တော့မယ်'' လို့ ဖြေလိုက်ရတယ်။

        ကျွန်မ အရှေ့အလယ်ပိုင်းတစ်ခွင်မှာ တာဝန်ကျတုန်းက သဲကန္တာရထဲ ကားကျွမ်းသုံးပတ်လည်ပြီး မှောက်သွားပြီးကတည်းက ရထားခဲ့တဲ့ဒဏ်ရာဟောင်းတွေကြောင့် အရိုးတွေ၊ အကြောတွေက သိပ်မကောင်း တော့လို့ ကျန်းမာရေး လေ့ကျင့်ခန်း တွေတောင် နေ့စဉ်မနည်း ကြိုးစားပြီး လုပ်နေရတာပါ။

               ဒီဘယ်လီကကိုများ ကလိုက်လို့ကတော့ အမလေးနော် တွေးတောင် မတွေးရဲပါဘူး။ တစ်ခုခုများဖြစ်သွားလို့ကတော့ လူကြားမကောင်း သူ ကြားမကောင်း ဆရာဝန်ဖြစ်လျက်နဲ့ ဒီအသက်အရွယ်ကျမှ ဘယ်လီက ကရတယ်လို့ဆိုပြီး မသနားဘဲ မေးငေါ့ကြမှာ မြင်ယောင်ပါသေးတယ်။

ဈေးကွက်ဂျာနယ် အွန်လိုင်းတွင် ဖော်ပြထားသောဆောင်းပါးဖြစ်သည်။

http://www.zaygwet.com/diary.php?id=43
Share:

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင်.သည်.အချက်မျာ;

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
 
post from : facebook friend
Share:

Saturday, September 22, 2012

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်းအခုနော ခေတ်နဲ့ အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင် ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေး က ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှ လိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကို လေးစားလျှက်…
Good Idea

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။

ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက် ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။PC ကနေသွားမယ် ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။

အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။
ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံ ပြီးရေးပါသည်။

ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိ လိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။

credit:http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef... မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။

DDF File အနေနဲ့သိမ်းထာခြင်းတယ်ဆို အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်ဗျ
http://www.mediafire.com/view/?3xiqpejhjb5x7my

သူငယ်ချင်းတွေ အဆင်ပြေပါစေဗျာ...
Share:

Monday, September 17, 2012

ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....
(ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည်လို့ အကြံပြု့ပါသည် )

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်ေလ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မော ကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန် စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ် သတ္တိကို လျော့ကျ စေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင် ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ် ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွား စေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-

အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ဒါတွေကြောင့် နေတိုင်းစားနေတယ်ဆိုပြီး ကျန်းမာရေးအတွက် ဂုဏ်ယူပြောကြားပေးလိုက်ပါလား ခင်ဗျာ။

by-Mg Mandalay
Share:

မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်

  ကိုလင်း - သလာဝတီ

မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွယ်ပါတယ်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ

(1)(နောက်ပြီးတော့ setting ကို သွားပါ.....

(2) account and Import tab ထဲကို ၀င်လိုက်ပါ......

(3) add POP3 email account button ကို click လိုက်ပါ....

(4) ပြီးတာနဲ gmail အဟောင်းရဲ့ mail add ကိုထည့်လိုက်ပါ ....

(5) Next step ကို ကလစ်နှိပ်လိုက်ပါနော် ....

(6) Gmail အဟောင်းက password အဟောင်းကို ထည့်ပြီး Label Incoming massage box ရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ........

(7) ပြီးတာနဲ ကိုယ်ကြိုက်တဲ့ Dropdown မှာကိုယ်စိတ်ကြိုက် label
နာမည်ကို ပေးလိုက်နော် ...

(8) Add account မှာကလစ်နှိပ်ပြီး

(9) နာမည်ဖြည့်... Next step ကိုသွားနော်

(10) Send Verification button ကို click ပါ

(11) code ကိုထည့်ရန်နေရာနဲ Verification button တစ်ခုကျလာမယ်၊ code ကိုရရန်အတွက် မူလအကောက်ထဲ ပြန်ဝင်ပါ၊ Inbox မဟုတ် span mail ထဲသို့code နံပါတ်ပါသော မေးတစ်စောင်ရောက်ပါမယ်..

(12) code နံပါတ်ဖြည်ပြီး Verify လုပ်လိုက်ပါ မိနစ်ပိုင်းအတွင်း မေးရောက်လာပါလိပ်မယ်..

မှတ်ချက်......တော်ကြာ ဖျက်ထာတဲ့ ရည်စာစာတွေ ပြန်ပေါ်လာလို့ ကွိုင်တတ်ရင် ကျနော် မသိဘူးနော်...
ဟိဟိ
Share:

Saturday, September 15, 2012

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ .

၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။

အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ စိတ်ဖိစီးမှုတွေ လျော့နည်းလာခြင်းပါပဲ။ လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

၂။ ဦးနှောက်စွမ်းရည် တိုးတက်စေမယ်။

စိတ်ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ဦးနှောက် ဉာဏ်စွမ်းရည် လျော့နည်းမှု ဆက်စပ်မှုရှိကြောင်း လေ့လာချက်တချို့အရ သိရှိခဲ့ရသလို အပန်းဖြေခရီးထွက်ခြင်းဟာ ဦးနှောက်မှတ်ဉာဏ် စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

၃။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။

နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရာကနေ အပန်းဖြေခရီး ထွက်လိုက်တဲ့အခါမှာတော့ သင်ဟာ အိပ်ရေး၀၀အိပ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့အကျင့်ကို ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် နာကျင်ကိုက်ခဲမှုတွေလည်း လျော့နည်းလာနိုင်ပါတယ်။ လေကောင်းလေသန့်လည်း ရရှိစေတဲ့အတွက် ပိုပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။

၎။ မိသားစု သံယောဇဉ်ကြိုး ခိုင်မာစေတယ်။

နေ့စဉ်နေ့တိုင်း ကျောင်းသွားလိုက်၊ ရုံးသွားလိုက်နဲ့ မိသားစုဝင်အချင်းချင်း တယောက်နဲ့တယောက် တွေ့ဆုံကြတဲ့အချိန်က ရှားပါးလွန်းပါတယ်။ မိသားစုနဲ့ အပန်းဖြေခရီးထွက်တဲ့အခါ မိသားစုဝင်အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ခင်မှုတွေရကာ အမှတ်တရ ဖြစ်ရပ်လေးတွေနဲ့ သံယောဇဉ်ကြိုး မြဲမြံလာစေ နိုင်ပါတယ်။ ဒီလိုပဲ မိတ်ဆွေအချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုပိုကာ ပိုခင်မင်လာနိုင်ပါတယ်။

၅။ ဘ၀မှာ ပိုနေပျော်လာတယ်။

အပန်းဖြေခရီး ထွက်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးပွားပြီး အတွေ့အကြုံအသစ်တွေ ခံစားရနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုကတည်းက ဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တဲ့အတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရယ်မောလာနိုင်ကာ ကိုယ်နှစ်သက်ရာ လုပ်နိုင်ကြပါတယ်။

credit - forward mail
Share:

ခေါင်းတုံး(ဂတုံး)မြို့တော် Mg Linnith

အခန်း(၁)

ဒီမြို့ထဲကိုစဝင်လာကတည်းက သူသတိထားမိတဲ့ အချက်တွေရှိသည်။ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့်

ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ကြောင်းသိရသည်။ နောက်ပြီး အများစုကိုကြည့်ရတာ လူကုံထံ လူချမ်းသာပုံစံတွေချည်းဖြစ်သည်။

နောက်တစ်ချက်ကတော့ အလွန်ထူးခြားသည်။ အားလုံးက ခေါင်းတုံး (ဂတုံး) တွေချည်း ဖြစ်နေသည်။ ထို့ကြောင့် ခေါင်းတုံး

(ဂတုံး)မြို့တော် ဟုစိတ်ထဲကသူ့ဖာသာသူ နာမည် ပေးလိုက်သည်။

လူစိမ်းဖြစ်ခြင်းကြောင့်လား၊ သူတို့နှင့်ပုံစံမတူသည့် ဆံပင်နှင့်လူတစ်ယောက်ကို မမြင်ဖူးခြင်းကြောင့် လားမသိ အားလုံး၏ မျက်လုံးများက သူ့ဆီကိုသာ ရောက်နေကြသည်။ အချင်းချင်း တီးတိုးပြောဆို၍ ရယ်မော နေကြသည်။ ကလေးတွေ (ဂတုံးလေးတွေ) ကလည်း သူ့နောက်ပြေးလိုက်ကြသည်။ သေချာသတိထား ကြည့် တော့ လူကြီးတွေ(ဂတုံးကြီးတွေ)လည်း မလှမ်းမကမ်းမှ သူ့နောက်လိုက် နေကြောင်း သိ လိုက်ရသည်။ အချို့ ကလည်း(သူ့တို့မိသားစုတွေ မမြင်ဖူးလိုက်မှာစိုး၍ထင်သည်) အိမ်ထဲသို့ လှမ်းအော် ခေါ် နေကြသည်။ သူ့အနေ နှင့်လည်း တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ခေါင်းတုံး (ဂတုံး)သီးသန့် လူအုပ်ကြီးကို မမြင်ဖူးပေ။ ဒီလိုနဲ့ ခေါင်းတုံး(ဂတုံး)တွေကို သူက တစ်အံ့တစ်သြ ကြည့်ရင်း ခေါင်းတုံး(ဂတုံး)တွေက သူ့နောက်ကို ရယ်မော ပျော်ရွှင်စွာ လိုက်ပါကြရင်း မြို့အတွင်းပိုင်းကို တစ်ဖြည်းဖြည်းရောက်လာလေတော့သည်။

လူကကြာလေများလေ ဖြစ်လာသောကြောင့် သူ့စိတ်ထဲမှာအနည်းငယ်လန့်သလိုဖြစ်လာသည်။ သို့သော် ရန်လိုသည့် အပြုအမူမရှိကြောင်းကို သူတို့၏မျက်နှာပေါ်ကအပြုံးတွေကိုကြည့်ရင်းသူတွေးမိလာသည်။ တစ်စပ်တည်းတွေးမိလာသည်က ရုပ်ရှင်တွေ ကာတွန်းတွေထဲကလို သူတို့လူမျိုးတွေရဲ့ နိမိတ်အရ (သို့) ကျမ်းဂန်အရရောက်လာသည် ဟုယူဆပြီးသူ့ကို ဘုရင် ဝိုင်းမြှောက်ကြလေမလား ဟုတွေးမိသည်။ သူ့ဆီမှာ ပါလာသော ပစ္စည်းတွေထဲက အထူးအဆန်းဖြစ်မည့် ပစ္စည်းတွေကို အလျှင်အမြန် စဉ်းစားကြည့်သည်။ မီးခြစ်၊ Android Phone စသည်ဖြင့် သူတို့မမြင်ဖူးလောက်သည့် ပစ္စည်းများပါကြောင်းတွေးရင်း အခြေအနေကြည့် လှုပ်ရှားဖို့ စဉ်းစားလိုက်သည်။ ထိုသို့ဖြင့် မြို့၏အစည်ကားဆုံး နေရာဟုယူဆရသော ဈေးတန်းတွေ၊ စားသောက်ဆိုင်တန်း တွေရှိသည့် နေရာသို့ရောက်လာလေသည်။

“ ကျွန်တော်တို့ဆိုင်ထဲကိုကြွပါဧည့်သည်…. လူကြီးမင်းနှစ်သက်ရာကို အခမဲ့သုံးဆောင်နိုင်ပါတယ် ”

“ ကျွန်တော်တို့ဆိုင်မှာ တရုတ်စာအစုံရှိပါတယ်အခမဲ့ပါဧည့်သည် “

“ ဒီကိုလာပါဧည့်သည်……………………….”

ဥရောပအစားအစာ၊ တရုတ်အစားအစာ၊ ပင်လယ်စာ စသည်ဖြင့် စုံလင်လှသော စားသောက်တန်းကို သူတစ်အံ့တစ်သြ

ငေးကြည့်ရင်း ကြက်သေသေသွားသည်။ ပြီးတော့အားလုံးက သူ့ကိုအခမဲ့စားသောက်ဖို့ အလု အယက်ခေါ်နေကြသည်။ ဒီဇာတ်လမ်းသည် သူထင်ထားသလို သူ့ကို ဘုရင်မြှောက်မည့် ဇာတ်လမ်းမဟုတ်နိုင် ကြောင်းတွေးရင်း စိတ်ညစ်သွားသည်။ မတတ်နိုင်ဘူး မီးစင်ကြည့်ကရမှာပဲ ဟုသူဘာသာရေရွှတ်ရင်း လော လောဆယ် ဗိုက်ထဲဆာလောင်မှုကို အရင်ဖြေရှင်းဖို့ စဉ်းစားလိုက်သည်။ အားလုံးကအခမဲ့ဆိုတော့ သူ့စိတ်ထဲ နည်းနည်း တော့ ထူးဆန်းနေသော်လည်း ဆာလောင်မွတ်သိပ်မှုက သံသယစိတ်တွေကို အနိုင်ယူပြီး ဖြစ်ချင် ရာဖြစ် ဆိုင်တစ်ဆိုင်ဆိုင် ကိုဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလိုနဲ့သူ စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးပြီးဝင်လိုက်သောအခါ သူဝင်လိုက်သည့် ဆိုင်ထဲသို့ အစောပိုင်းက သူ့နောက်လိုက်လာသော ခေါင်းတုံး(ဂတုံး)အုပ်ကြီးလည်း လိုက်ဝင်လာလေတော့သည်။ ဆိုင်တစ်ဆိုင် လုံး ထိုင်စရာနေရာပင် မရှိအောင် ပြည့်သွားသည့်အပြင် ဆိုင်အတွင်း၌ မတ်တပ်စားသုံးသူများပါပြည့်ကျပ်နေ လေတော့သည်။ ဆိုင်အပြင်၌လည်း သူ့ကိုကြည့်နေသည့် လူအုပ် (ဂတုံးအုပ်)ကလည်းမနည်း။ ဆိုင်ရှင်ဆိုတာ ပါးစပ်နားရွက်မချိတ်ယုံတမယ် သူ့ကိုအစွမ်းကုန် ဝန်ဆောင်မှု ပေး နေလေတော့သည်။ အခမဲ့ဆိုတာကို သူနည်းနည်း သဘောပေါက်သလိုဖြစ်သွားပြီး တစ်ချက်ပြုံးလိုက်သည်။ ဒီလိုနဲ့ စားသောက်ဖွယ်ရာတစ်ချို့ကို သူမှာယူ လိုက်သည်။ တစ်ဆိုင်လုံးလည်း အစားအသောက်မှာသံ၊ ဆိုင်ရှင်နှင့် စားပွဲထိုးများအော်ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်နေသည်။

“ ပေါက်စီနှစ်လုံး ကတ်ကြေးတစ်လက်”

“သင်တုန်းဓါးရော ယူဦးမလားအစ်ကိုတို့ “

“ မယူတော့ပါဘူးကွာ“

ဘေးဝိုင်းက ထူးဆန်းသော မှာပုံမှာနည်းနှင့် စားပွဲထိုးကောင်လေး၏ ပြန်မေးသော မေးခွန်းပုံစံကြောင့် ရုတ်တရက် သူကြောင်သွားသည်။ ကတ်ကြေး၊ သင်တုန်းဓါးနှင့် ပေါက်စီ ဘယ်လိုမှဆက်စပ်၍မရ။ တစ်ခြားဝိုင်း တွေကို မသိမသာ အကဲခတ် ကြည့်တော့လည်း ဝိုင်းတိုင်းတွင် ကတ်ကြေး(သို့)သင်တုန်းဓါး တစ်လက်မဟုတ် တစ်လက် ရှိနေကြောင်းတွေ့လိုက်ရသဖြင့် သူလန့်သွား သည်။ တည်ငြိမ်စပြုနေသောကြောက်စိတ်သည်လည်း ပြန်လည်အသက်ဝင်လာပြီး ရင်ထဲမှာဗလောင်ဆူသွားသည်။ အားလုံး၏ မျက်လုံးတွေကသူ့ကို သိသိသာသာ ရော မသိမသာပါကြည့်ရင်း ပြုံးရွှင်ရယ်မောနေကြသည်။ သူအတွေးတွေယောက်ယက်ခတ်ဗျာများ

နေပြီဖြစ် သည်။

“ မှားထားတာတွေ ရပါပြီအစ်ကို..”

စားပွဲထိုးလေးက စားစရာတွေလာချသည်။ သူမှာထားတွေရော မမှာထားတာတွေပါဖြစ်သည်။ ထို့နောက် ဆိုင်ရှင်က သူ့အနား ရောက်လာပြီး

“ အေးအေးဆေးဆေးစားပါ ဧည့်သည်… လိုအပ်တာရှိရင်လည်းပြောပါ ”

သူစားချင်စိတ်လုံးဝမရှိတော့။ စားလို့လည်းလုံးဝမဝင်တော့။ သူ့ကိုကြည့်နေသော မျက်လုံးတွေကို ခိုးကြည့်လိုက် တို့ကနန်း ဆိတ်ကနန်းစားလိုက်လုပ်ရင်း ဇောချွေးတွေပြန်လာသည်။ တစ်ခုခုတော့ လုပ်မှဖြစ် မည်။ သို့သော် ဘာလုပ်ရမှန်းလည်းမသိ။ ထွက်ပြေးဖို့ကြည့်ပြန်တော့ ဒီလူအုပ်နှင့် ဆိုင်ထဲကတောင် မနည်းတိုး ထွက်ရမည်ပုံ။ (ဘာလုပ်ကြမယ်မှန်းမသိသောလည်း) တစ်ခုခုထူးထူးခြားခြား လုပ်လိုက်ကာမှ တရားဝင်အစပြု ပေးလိုက်သလို လည်းဖြစ်သွားနိုင်သည်။ မျက်နှာကို ခပ်တင်းတင်းထားပြီး ခပ်တည်တည်ဖြင့် ဆိုင်ထဲက ထွက်သွားဖို့ စဉ်းစားလိုက်သည်။ ဒီလိုနဲ့စားလက်စကို လက်စသတ်ပြီး ရေတစ်ခွက် မော့သောက်

လိုက်သည်။

“ စားလို့ပြီးသွားပါပြီလား ဧည့်သည် အချိုပွဲသုံးဆောင်ဦးမလား ”

ဆိုင်ရှင်၏ ပျူငှာသောမေးခွန်းကိုပင် “ မလိုဘူး ” ဟုခပ်ပြတ်ပြတ်ပြန်ဖြေပြီး ဆိုင်ထဲက ထွက်ဖို့ပြင်လိုက် သည်။

“ ဧည့်သည်စားလို့ပြီးပြီတဲ့ဟေ့ ”

ဆိုင်ရှင်၏ အော်သံအဆုံးတွင် တစ်ဆိုင်လုံး “ဟေး” ခနဲဖြစ်သွားသည်။ စားပွဲထိုးလေးတွေအားလုံး ဆိုင်ရှင်အနားသို့

ပြေးလာကြသည်။ တစ်ချို့က သူ့စားပွဲပေါ်က ပန်းကန်တွေကို လျင်မြန်စွာသိမ်းသွားသည်။ သူလည်းကျောပိုးအိတ်ကိုလွယ်၍ ထမည်အပြု ‘ရွှက်' ခနဲမြည်သံနှင့်အတူ တခုခုဟာသွားသလို ခံစားလိုက်ရ သည်။ တစ်ယောက်ယောက်က ကတ်ကြေးဖြင့် ညှပ်လိုလိုက် သဖြင့် သူ့နောက်ကဆံပင်တစ်ချို့ ပါသွားခြင်း ဖြစ်သည်။

“ ဟင်…ဒါဘာလုပ်တာလဲ ”

သူလည်း အနောက်သို့ ကမန်းကတန်း လှည့်ကြည့်လိုက်ရာ သူ့ဆံပင်ကို ကိုင်မြှောက်ပြီး အော်ဟစ် ပျော်ရွှင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ဆိုင်လုံးလည်း အားပေးသံအော်ဟစ်သံများဆူညံ နေသည်။

“ရွှက်”

ဆံပင်အချို့ထပ်ပါသွားပြန်သည်။ ဒီတစ်ခါတော့ သူ့အရှေ့က လူက ထညှပ်သွားခြင်းဖြစ်သည်။ သူက အနောက်သို့ လှည့်လိုက်သဖြင့် ရှေ့တည့်တည့်ကလူကို ကျောခိုင်းလိုက်သလိုဖြစ်သွားချိန်တွင် ထိုလူက ထညှပ်လိုက်ခြင်းဖြစ်သည်။ သူလည်း ဒေါသဖြင့် ဝုန်းကနဲ ထရပ်လိုက်သည်။

“ ခင်ဗျားတို့ဘာလုပ်ကြတာလဲဗျ ဟင်.. ရိုင်းလှချေလား ”

သူ၏ အော်ဟစ်ပြောဆိုမှု မဆုံးခင်မှာပင် စားပွဲထိုးလေးတွေက သူ့ကိုချုပ်ပြီး စားပွဲပေါ်မှောက်တင်လိုက် ကြသည်။ တစ်ဆိုင်လုံး ထိန်းမနိုင်သိမ်းမရဆူညံနေပြီဖြစ်သည်။ အားလုံးကသူ့အနားကပ်လာကြသည်။ သူ့ဆံပင် ကို ကတ်ကြေးဖြင့်ညှပ်ယူကြသည်။ သင်တုန်းဓါးဖြင့် ရိတ်ယူကြသည်။ ဟိုပုံဖော်ကွာ ဒီပုံညှပ်ဟေ့ စသဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်သံများကြား သူလည်းရုန်းရင်းကန်ရင်း အော်ဟစ်ဆဲဆိုနေမိသည်။

“ အားလုံးတစ်ယောက်တစ်ခါပဲနော်…ငါ့အတွက်လည်း နည်းနည်းချန်ထားပါဦးဟ.. ဓါးလည်းမထိစေနဲ့ဦး….”

ဆိုင်ရှင်က အော်ဟစ်သတိပေးနေသည် ။ ဒီလိုနဲ့ တဖြည်းဖြည်းသူ့ဆံပင်များကုန်သွားပြီး နောက်ဆုံး ဆိုင်ရှင်အလှည့်ပြီးသွားချိန်တွင်

တော့ သူကိုယ်တိုင် ခေါင်းတုံး(ဂတုံး)တစ်ယောက်ဖြစ်သွားလေတော့သည်။ စားပွဲထိုးလေးတွေက သူ့ကိုလွှတ်ပေးလိုက်ပြီဖြစ်သည်။

“ ခင်ဗျားတို့ ဒါသက်သက် အုပ်စုဖွဲ့ အနိုင်ကျင့်တာ

ခင်ဗျားတို့ကို မကျေနပ်ဘူး တိုင်မယ် တရားစွဲမယ် ”

သူတစ်ယောက်တည်း အရူးလိုအော်ဟစ်ရင်း ပေါက်ကွဲနေသည်။ ဘယ်သူ့ကို ဘာလုပ်ရမှန်းလဲမသိ။ အများနှင့်တစ်ယောက်ဖြစ်သောကြောင့် လက်ပါကြစတမ်းဆိုလျှင်လည်း သူပဲနာမည်ဖြစ်ကြောင်း သူသိသည်။ ခုတော့သူ့ကို ဘယ်သူမှ ဂရုမစိုက်ပဲ ဝိုင်းအသီးသီးက ပိုက်ဆံရှင်းကျ စားပွဲထိုးလေးတွေက ပိုက်ဆံလိုက်သိမ်း နှင့် သူတို့ဟာသူတို့ အလုပ်ရှုပ်နေကြသည်။ ဆိုင်ရှင်က ကတ်ကြေးနှစ်လက် ပျောက်သွားသဖြင့် စားပွဲထိုးတွေ ကို ဆူနေသည်။ တစ်ချို့ကလည်း သူတို့ မညှပ်လိုက်ရ မတုံးလိုက်ရသဖြင့် ကတ်ကြေး(သို့)သင်တုန်းဓါး (ငှားရမ်းခ)ဖိုး လျှော့ပေးရန်ပြောနေကြသည်။ သူကတော့ တစ်ယောက်ထဲ

အော်ဟစ်တုန်းပေါက်ကွဲတုန်း။ ကြာလာတော့ သူလည်းမောပန်းလာပြီး ခေါင်းငိုက်စိုက်ကြသွားသည်။ ဆိုင်ထဲတွင်လည်း လူရှင်းသွားပြီဖြစ် သည်။ ခေါင်းအေးအေးထားပြီး သူဘာလုပ်ရ မည်ကိုစဉ်းစားပြီး တရားဥပဒေအရရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့သူတို့ နစ်နာကြေးပေးရတာ မျိုးဖြစ်နိုင်သည်။ ဒီလိုနဲ့ တရားစွဲဖို့ဆုံးဖြတ်ပြီး ဆိုင်ထဲကထွက်လာ ခဲ့သည်။ ဆိုင်နာမည်ကိုလည်း အသေအချာ မှတ်လိုက်သည်။

ဆိုင်မှ သူထွက်လာပြီး လမ်းမှာတွေ့တဲ့ ဆိုက်ကားသမားလေးတစ်ယောက်ကိုမေးလိုက်သည်။

“ ညီလေး..ဒီမှာ တရားရုံး ဘယ်နားမှာရှိလဲ ”

“ ဟို.. တရားရုံးတော့ မရှိဘူးဗျ ကျွန်တော်တို့ဆီမှာက မကျေနပ်တာရှိရင် ဘုရင်ကြီးဆီပဲသွားကြတာ ”

“ အေး..အဲဒါဆိုလည်း မင်းတို့ဘုရင်ကြီးဆီပို့ပေးကွာ ဆိုက်ကားခ မင်းတောင်းသလောက်ပေးမယ် ”

“ ဟို..ဟို…ဆိုက်ကားခကို ပိုက်ဆံမပေးပါနဲ့ အစ်ကို.. ကျန်သေးတဲ့ ဆံပင်နည်းနည်းလောက် ကျွန်တော် ရိတ်လို့ရမလား ”

သူ့တစ်ခေါင်းလုံးကို သူပြန်ပွတ်ကြည့်တော့ နားသယ်မွှေး အနည်းငယ်နှင့် လယ်ဂုတ်နားတွင် ဆံပင် အနည်းငယ် ကျန်သေးကြောင်းသိလိုက်သည်။ ဆိုက်ကားသမားလေးကို ကြည့်ပြီး သူသက်ပြင်း တစ်ချက်ချ လိုက်သည်။ ပေါက်တဲ့နဖူး မထူးတော့။

ဆိုက်ကားသမားလေး၏ ကောင်းမှုဖြင့် သူသည် လုံးဝ ခေါင်းတုံး(Absolute ဂတုံး)ဖြစ်သွားပြီဖြစ်သည်။ ဆိုက်ကား စီးရင်း သူနားမလည်သည့် အချက်များကို ဆိုက်ကားသမားလေးကိုမေးလာသည်။ ဆံပင်ကို ဘာ့အတွက်လိုချင် ကြသည်ကိုမေးကြည့်တော့ ဒီလိုပဲ ဧည့်သည်လာရင်ကြွားဖို့ပြဖို့ပါတဲ့။ မင်းတို့ကရော ဆံပင်မပေါက်ကြဘူးလား.. အားလုံးက ဘာလို့ခေါင်းတုံးတွေ ဖြစ်နေတာလဲ.. စသော တစ်ခြားမေးခွန်း များကိုလည်း သူက သေသေချာချာ ရှင်းမပြချေ။ “ဘုရင်ကြီးဆီရောက်တော့ အစ်ကိုသိလိမ့်မယ်” ဟုသာပြန်ဖြေရင်း ဆိုက်ကားကိုသာ လှိမ့်နင်း လာလေတော့သည်။

ဒီလိုနဲ့ နန်းတော့်ရှေ့သို့ ရောက်လာခဲ့သည်။ အစောင့်တွေကို သူတရားစွဲဆိုမည့်အကြောင်း ပြောတော့ နည်းနည်းပါးပါး စစ်ဆေးပြီး အစောင့်တစ်ယောက်က ဘုရင်ကြီးဆီသို့ သူ့ကိုခေါ်ဆောင် ခဲ့လေသည်။ နန်းတွင်း သူ နန်းတွင်းသားတွေသည်လည်း ထူးမခြားနား အားလုံးက ခေါင်းတုံး(ဂတုံး) ချည်းသာ ဖြစ်သည်။ ဒီလိုနဲ့ ဘုရင်ကြီးရှေ့ကိုရောက်လာတော့ ခွိ ခနဲ တစ်ချက် သူရယ်မိသွားသည်။ အော်ရယ်ချင်စိတ်ကိုလည်း မနည်း အောင့်ထားရသည်။ ဟုတ်တယ်လေ ဘုရင်ကြီးကလည်း ခေါင်းတုံး(ဂတုံး) မိဘုရားကြီးလည်း ခေါင်းတုံး (ဂတုံး)။ မျက်လုံးထဲမှာ ကန့်လန့်ကြီး ဖြစ်နေသည်။ ဒါကို ဘုရင်ကြီးက သိပုံရသည်။ မျက်နှာလည်း သိပ်မကောင်း…

“ ကျွန်ုပ်က ဟမ်မူယာဘီ(Hammurabi)ဖြစ်ပါတယ် အသင်က မည်သည့် အရပ်က လာရောက်ပါသလဲ နောက်ပြီး ဘာအတွက် တရားစွဲဆိုလိုပါသလဲ ”

“ ဟင်…ဟမ်မူယာဘီ(Hammurabi) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး လက်တစ်ဖက်အတွက် လက်တစ်ဖက် ဆိုတဲ့ ကိုဒ ဥပဒေ(Code of Laws)ကို ပြဌာန်းခဲ့တဲ့ ဘုရင်ကြီး ဟမ်မူယာဘီလားဗျ”

သူအံသြသင့်စွာ ပြန်မေးမိလိုက်သည်။

“ အမှန်ပါပဲ မိတ်ဆွေ”

“ ဒါဆို… ကျွန်တော်ရောက်နေတာ ဘေဘီလုံမြို့ပေါ့။ ဒါပေမယ့် စာထဲမှာဖတ်ဖူးတာ ဘေဘီလုံက ခေါင်းတုံး(ဂတုံး)တွေ လို့မပါပါလားဗျ ဘယ်လိုဖြစ်ကုန်ကြတာလဲဗျာ ”

ဟမ်မူယာဘီ ဘုရင်ကြီးက သက်ပြင်းရှည်ကြီးချပြီး လေးပင်စွာပြောသည်။

“ ကျွန်ုပ်တို့မြို့ကို လူတစ်ယောက်ရောက်လာတာကစတာပါပဲ”

ထို့နောက် တစ်မြို့လုံး ခေါင်းတုံး(ဂတုံး)ဖြစ်ရခြင်း (ဝါ) ခေါင်းတုံး(ဂတုံး)မြို့တော် ဖြစ်တည်လာ ခြင်းကို ဇာတ်စုံခင်း ပြောပြလေသည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(၂)

ဂန္ဒီရောက်ရှိလာခြင်း

“ ဒီထက်တရားတဲ့ တရားဥပဒေ ရှိနိုင်ပါ့မလားကွာ ”

“ ဒါဟာ မှားယွင်းတဲ့ ဥပဒေတစ်ခုဆိုတာ ဘုရင်ကြီးမကြာခင်သိလာမှာပါ ”

လူစိမ်းက ပြုံးပြီးပြောသည်။ ထို့နောက် ဘုရင်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ သူပြန်သွားပြီး နောက် ဘုရင်ကြီး စိတ်လက်မအီမသာ ဖြစ်ကျန်ခဲ့သည်။ သူဥပဒေကို မှားယွင်းကြောင်း ပြောခံရတာ ဒါပထမ ဆုံးဖြစ်သည်။

ထိုလူစိမ်း သူ့ကိုတွေ့ခွင့်တောင်းစဉ်က သာမန်တရားစွဲဆိုမည့်သူတစ်ဦးဟု သူထင်ပြီး လက်ခံတွေ့ဆုံ ခဲ့သည်။ တစ်ကယ်တမ်းတွေ့တော့ သူ၏ ဥပဒေကို မှားယွင်းကြောင်း အကိုးအကားများစွာဖြင့် လာပြောသူတစ် ဦး ဖြစ်နေသည်။ သူ့ကိုယ်သူ မိတ်ဆက်ပေးမှုအရ သူ၏အမည်မှာ ဂန္ဒီ ဖြစ်ကြောင်း သိရသည်။ သူပြောသွား သည့် အချက်များကို ဘုရင်ကြီး အနေဖြင့် သိပ်မရှင်းလင်း နားမလည်သော်လည်း သူ၏ အခိုင်အမာ ရဲဝံ့စွာ ပြောသွားပုံ ကြောင့် တွေးစရာများစွာဖြင့်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ဒီလိုနဲ့ ဂန္ဒီ တစ်ယောက် ဘေဘီလုံမြို့တွင် ဆံပင်ညှပ်ဆိုင်လာဖွင့်သည်။ ဆိုင်ပထမဆုံးဖွင့်သည့်နေ့ တွင်ပင် ပြဿနာစတက်ပါတော့သည်။

နန်းတော်ထဲသို့ လူတစ်ယောက် ခေါင်းတုံး(ဂတုံး)ဖြင့် ဝင်လာပြီး ဂန္ဒီကိုတရားစွဲလိုကြောင်းပြောသည်။ သူဖြစ်ကြောင်းကုန်စင်ပြောလို့ မဆုံးခင်မှာပင် နောက်ထပ်ခေါင်းတုံး(ဂတုံး)တစ်ယောက် ထပ်ဝင်လာပြီး ဂန္ဒီကို ပင်တရားစွဲလိုကြောင်းပြောပြန်သည်။ နှစ်ယောက်စလုံးကပြောကြသည်မှာ ဂန္ဒီ၏ ဆံပင်ညှပ်ဆိုင်သို့ ဆံပင် သွားညှပ်ကြရာမှ ဂန္ဒီက ခေါင်းတုံး တုံးလိုက်ခြင်းကို မကျေနပ်ကြ၍ ဖြစ်သည်။ ဘုရင်ကြီးလည်း အမှုစစ်ရန် ဂန္ဒီကို အခေါ်လွှတ်ရလေသည်။ ရဲမက်တွေ ဂန္ဒီ၏ ဆံပင်ညှပ်ဆိုင်ကိုရောက်သွားချိန်မှာတော့ ဂန္ဒီက တတိယမြောက် ခေါင်းတုံး (ဂတုံး)ကို တုံးပြီး၍ ထိုသူနှင့်ပင် ရန်ဖြစ်နေလေပြီ….။

ဒီလိုနဲ့ ဘုရင်ကြီး၏ရှေ့မှောက်၌ ခေါင်းတုံး(ဂတုံး)သုံးယောက်နှင့်ဂန္ဒီတို့ အမှုစစ်ခံရလေ၏။ ဂန္ဒီ၏ မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် မြင်မကောင်း။ အပြန်အလှန် စစ်ဆေးပြီးသောအခါ ဆုံးဖြတ်ချက် အောက်ပါအတိုင်း ထွက်လာသည်။

ပထမခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ ပထမခေါင်းတုံး(ဂတုံး)က ဂန္ဒီကို မျက်လုံးတစ်ဖက်ရောင်ကိုင်းအောင် ထိုးခဲ့သည့်အတွက် သူ့မျက်လုံးကို ရောင်ကိုင်းအောင်ပြန်ထိုးစေရမည်။

ဒုတိယခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ ဒုတိယခေါင်းတုံး(ဂတုံး)က ဂန္ဒီကို နှာခေါင်းသွေးထွက်အောင် ထိုးခဲ့သည့်အတွက် သူ့ကိုနှာခေါင်းသွေးထွက်အောင် ပြန်ထိုးစေရမည်။

တတိယခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ တတိယခေါင်းတုံး(ဂတုံး)က ဂန္ဒီကို သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့သည့်အတွက် သူ့ကို သွားတစ်ချောင်း ပြန်နှုတ်စေရမည်။

ဘုရင်ကြီး ဟမ်မူယာဘီ၏ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသောအခါ ခေါင်းတုံး(ဂတုံး)သုံးကောင် လည်း မျက်လုံးပြူးကုန်ကြလေ၏။ ကန့်ကွက်သံများလည်း ဆူညံကြကုန်လေ၏။

“ ဘုရင်ကြီး မတရားဘူး သူကနဂိုထဲက ခေါင်းတုံး(ဂတုံး)လေ”

“ ဟုတ်တယ် ကျွန်တော်တို့က ခေါင်းတုံး(ဂတုံး)ဖြစ်ချင်တာမဟုတ်ဘဲ ဖြစ်ရတာ”

“ ကျွန်ုပ် မတရားတာဘာများ လုပ်မိလို့တုန်းမောင်မင်းတို့ ဒါဟာ တရားဥပဒေ အတိုင်းဆုံးဖြတ်တာပဲ။ မောင်မင်းတို့ ပြောပြချက်အရ ဂန္ဒီက လက်ပြန်တောင် ပြန်မရွယ်ဘူးဆို။ နောက်ဆုံးအမှုဆို ရဲမက်တွေ တောင် မျက်မြင်ရှိသေးတယ်”

ထိုအခါ ဂန္ဒီက ပြုံး၍တစ်ခုဝင်ပြောသည်။

“ အရှင်မင်းကြီး သူတို့ကသာ ကျွန်တော့်ကို တရားစွဲဆိုတာဖြစ်ပါတယ် ကျွန်တော်က သူတို့ကို ပြန်တရားမစွဲပါဘူး ဒါကြောင့် တရားခံဖြစ်တဲ့ ကျွန်ုပ်ကိုသာ အပြစ်ပေးတော်မူပါ”

ဒီလိုနှင့် ဂန္ဒီကို ခေါင်းတုံးသုံးကြိမ် တုံးပြီး အမှုသည်လည်း မအီမလည်နှင့် ပြီးသွားရလေ၏။ ခေါင်းတုံး တွေက မကျေနပ်လှသော်လည်း ဂန္ဒီသာ ဝင်မကယ်လျှင် သူတို့မစားသာသည့် အဖြစ်ကိုတွေးပြီး ဂန္ဒီကိုပင် ကျေးဇူးတင်ရမလိုလို ဖြစ်ကုန်၏။ ထို့နောက်ဂန္ဒီက သူတို့ကို တောင်းပန်ပြီး သူ၏ဆံပင်ညှပ်ဆိုင်ရှိ ပစ္စည်းများ ကို ခေါင်းတုံး(ဂတုံး)သုံးယောက်အား လက်ဆောင်ပေးခဲ့ပြီး ဆိုင်ပိတ်ကာ မြို့မှထွက်ခွာသွားလေတော့သည်။

@@@@@@@@@@@@@@@@@@@@@

အခန်း(၃)

ဟမ်မူယာဘီ နှင့် ဒီမိုကရေစီစနစ်

“ အဲဒီ ဂန္ဒီ ဆိုတဲ့လူပြန်သွားပြီး နောက်ပိုင်းက ပြဿနာစတော့တာပါပဲ ဂန္ဒီ တုံးခဲ့တဲ့ ခေါင်းတုံး(ဂတုံး)သုံးယောက်က သူတို့ မကျေနပ်တဲ့သူတွေကို ဂတုံးပြန်တုံးကြရော..ဒီလိုနဲ့ပဲ…”

ဘုရင်ကြီးပြောပြသည်မှာ ခေါင်းတုံး(ဂတုံး)သုံးယောက်က အစပြု၍ ခေါင်းတုံး တုံးသည့်အမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ကြောင်း။ အစပိုင်းက လာရောက်တိုင်ကြားကြသော်လည်း ခေါင်းတုံး တစ်လုံး အတွက် ခေါင်းတုံး တစ်လုံးသာဖြစ်ရမည့် သူ၏ ကိုဒ ဥပဒေ(Code of laws)ကြောင့် ကြာတော့ မည်သူမျှ အထူး တလည် မတိုင်ကြားကြတော့ကြောင်း။ နောက်တော့ နေရာအနှံ့အပြား ခေါင်းတုံး တုံးမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး အခကြေးငွေဖြင့် ခေါင်းတုံး တုံးပေးသော လူမိုက်ဂိုဏ်းဆန်ဆန် အဖွဲ့တစ်ခုပင် ပေါ်ပေါက်ခဲ့သေး

ကြောင်း။

နောက်တော့ ခေါင်းတုံး တုံးခံရမည်ကိုကြောက်၍ ရှောင်ရှားရင်း အလုပ်ပျက် အကိုင်ပျက် ဖြစ်ကုန်ကြကြောင်း။ တစ်ချို့ကတော့ လာမယ့်ဘေးပြေးတွေ့ဟု သဘောဆောင်ကာ သူများတုံး သည်အထိ မစောင့်တော့ပဲ ကိုယ့်ဘာသာကိုယ် ခေါင်းတုံး တုံးပစ်သူများလည်း ရှိကြောင်း။

နောက်ဆုံး ခေါင်းတုံး ပြဿနာသည် နန်းတွင်းထိ ကူးစက်လာကာ နန်းတော်တစ်ခုလုံးလည်း

ခေါင်းတုံးတွေ ဖြစ်ကုန် ကြောင်း။ နောက်ဆုံး မိဘုရားကြီး အိပ်ပျော် နေစဉ် နန်းတွင်းသူတွေစုပြီး အလစ်အငိုက် ခေါင်းတုံး တုံးခဲ့ရာမှ မိဘုရားကြီးခေါင်းတုံးဖြစ်သွားရပြီး သူမက ရှက်တော်မူသဖြင့် အဖော်ရအောင် သူပါ ခေါင်းတုံး လိုက်တုံးလိုက်ခြင်းဖြစ်ကြောင်း။ (ကြည့်ရတာ ဟမ်မူယာဘီ ဘုရင်ကြီး လည်း မိန်းမကြောက်ရပုံရသည်။) ထိုမှစ၍ မည်သူမျှ ဆံပင်အရှည် မထားဖြစ်တော့ပဲ ထားသည့် သူကို အားလုံးက ဝိုင်းချုပ်၍ ခေါင်းတုံး တုံးကြခြင်းဖြင့် ရယ်စရာလုပ်ကြကြောင်း။

“ နောက်တော့ မြို့ကိုလာတဲ့ ဧည့်သည်တွေကိုပါ ခေါင်းတုံး တုံးပြီးရယ်စရာလုပ်ကြပြန်ရော။ ကြာလာတော့ အပြိုင်အဆိုင်ဖြစ်လာကြတယ်။ အဲဒီကိစ္စကိုလည်း ဂုဏ်ယူစရာအဖြစ်အားလုံးက တစ်ညီတစ်ညွတ်တည်း ယူဆလာကြပြီး သူတို့ ဧည့်သည်ဘယ်နှစ်ယောက်ကို ခေါင်းတုံး(ဂတုံး)တုံး ဖူးကြောင်းကြွားဝါကြတယ်။ သူတို့ရခဲ့တဲ့ ဆံပင်တွေကိုလည်း သေချာသိမ်းဆည်ထားလေ့ရှိပြီး အချင်းချင်း ပြိုင်ဆိုင်ကြလေ့ရှိတယ်။ ခုဆိုရင် ကျွန်ုပ်တို့ မြို့အကြောင်းကိုသိတဲ့ လူတွေက မလာဝံ့ ကြတော့ဘူး။ ဒါကြောင့် ကုန်သွယ်ရေးမှာလည်း ကျွန်ုပ်တို့ကပဲ သွားရောက်ကုန်သွယ်ရတဲ့အတွက် စားရိတ်စားက ပိုများလာပြီး စီးပွားရေးလည်း ကျဆင်းလာတယ်။ ဒါတောင် ကျွန်ုပ်တို့ မြို့သူမြို့သား တွေက နောင်တမရသေးပဲ ဧည့်သည်တွေကို စောင့်ပြီးခေါင်းတုံး တုံးခြင်းကို ပြုလုပ်နေကြတုန်းပဲ။ အိမ်နီးချင်းနိုင်ငံတွေကလည်း ကျွန်ုပ်တို့ကို ခေါင်းတုံး(ဂတုံး)မြို့တော်၊ ကျွန်ုပ်ကိုလည်း ခေါင်းတုံး(ဂတုံး) ဘုရင်ကြီး စသဖြင့် နောက်ပြောင်ခေါ်ဝေါ်ကုန်ကြပြီ။ ”

ဘုရင်ကြီးသည် သူ့ကို အများကြီးရှင်းပြလိုက်ရ၍ မောသွားပုံရသည်။ သက်ပြင်းရှည်ကြီးချပြီး တစ်နေရာကို အဓိပ္ပါယ်မဲ့ ငေးမောနေလေသည်။ သူလည်း သူ၏တရားစွဲဆိုမှုသည် အချည်းနှီးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“ ဒါနဲ့…ဂန္ဒီက တစ်ခေါင်းလုံး ခေါင်းတုံး တုံးနေတာကို အတုံးခံရတဲ့သူတွေက မသိဘူးလား အားလုံးပြီးမှပဲ သိသလားဗျာ ” သူက မရှင်းသည့်အချက်ကို မေးမိသည်။

“ အင်း ကျွန်ုပ်လည်း အဲ့ဒါကို ပထမတော့ အံ့သြတာပဲ။ ဒီလိုပါမိတ်ဆွေ… ဂန္ဒီက ဆံပင်စညှပ်ထဲက သူတို့ကို ကွာလတီမဂ္ဂဇင်းစာအုပ်လို့ ခေါ်တဲ့အရာတွေကို လက်ထဲထည့်ပေးထားပါတယ်။ သူတို့တွေလည်း အဲ့ဒီ မဂ္ဂဇင်းထဲက ပုံတွေကြည့်ရင်း သတိလက်လွတ်ဖြစ်ပြီး ခေါင်းတုံး အတုံးခံရတာကို ပြီးမှပဲ သိကုန်ကြတာပါ။ အဲဒီစာအုပ်တွေကိုတော့ သက်သေအနေနဲ့ ကျွန်ုပ်ကပဲ သိမ်းထားပါတယ် ”

မိဘုရားကြီး မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သည်ကို သူတွေ့လိုက်ရသည်။ ဟိုတစ်လောက ပန်ဆိုးတန်းမှာ စာအုပ်အဟောင်းရောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပြောတာကို ခုမှသွားသတိရသည်။ သူ့ဆိုင် ကို ဂန္ဒီလာသွားကြောင်းနှင့် မဂ္ဂဇင်းအဟောင်းတွေ လာဝယ်သွားကြောင်း သူပြောပြတုန်းက ကိုယ်က မယုံခဲ့။ ခုတော့ အားလုံးသဘောပေါက်သွားသည်။ မိတ်ကပ်နှင့် ဖိုတိုရှော့(Photo Shop)အစွမ်းပေါင်းစပ်ပြီး လှချင်တိုင်း လှနေသော (ကွာလတီမဂ္ဂဇင်းခေါ် ကြော်ငြာမဂ္ဂဇင်းများထဲမှ) ပေါင်တံဖြူ မမတွေကို သတိလက်လွတ် ငမ်းရာမှ ဘေဘီလုံသား သုံးကောင် ခေါင်းတုံး တုံးခံလိုက်ရခြင်းဖြစ်ကြောင်းတွေးမိပြီး သူပြုံးလိုက်သည်။ အကြံပိုင်သော ဂန္ဒီပင် ဖြစ်သည်။

“ ခုဆိုရင် ကျွန်ုပ်ရဲ့ အုပ်ချုပ်ရေးစနစ်ကို အားလုံးက ဝေဖန်နေကြပြီ။ ဒီထက်ပိုကောင်းတဲ့ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ဖို့ အကြံပြုချက်တွေလည်း နားမဆန့်အောင်ပါပဲ”

ဘုရင်ကြီးက ညည်းညည်းညူညူပြောသည်။

“ အဟမ်း.. ဒါကဒီလိုရှိပါတယ်ဗျ။ ဘုရင်ကြီးအနေနဲ့ စိတ်ဝင်စားမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ပြောင်းပြီးကျင့်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ခေတ်မှာဆို ကမ္ဘာ့နိုင်ငံတော်တော် များများဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြတယ်ဗျ”

“ ဒီမိုကရေစီစနစ်…”

“ ဟုတ်တယ်ဗျ… ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက အုပ်ချုပ်တဲ့သဘောပေါ့ ”

“ မဖြစ်နိုင်တာဗျာ… ကျွန်ုပ်တို့ နန်းတွင်းက လူနည်းနည်းလေးကို ပြည်သူအားလုံးက ပြန်အုပ်ချုပ်ရင် သူတို့အမိန့်တွေနာခံရတာနဲ့ ကျွန်ုပ်တို့အားလုံး ပင်ပန်းပြီး သေဖို့ပဲရှိတယ် ”

“ ဟာ…အဲ့ဒီလိုမျိုးမဟုတ်ဘူးဗျ။ ဒီမိုကရေစီစနစ် ဆိုတာ……………………..”

သူလည်း ဒီမိုကရေစီစနစ်အကြောင်းကို ရှည်လျားစွာရှင်းပြလိုက်သည်။ ဘုရင်ကြီးလည်း ပထမတော့ မျက်မှောင်ကြီးကျုံ့ပြီး သူရှင်းပြတာကို နားထောင်နေသည်။ နောက်တော့ တစ်ဖြည်းဖြည်းချင်းပြုံးလာပြီး သူ့စကားဆုံးသွားတော့ ဝမ်းသာအားရဖြင့်

“ ဟာဗျာ ကောင်းလိုက်တဲ့ ဒီမိုကရေစီစနစ်ဗျာ…နောက်နေ့ပဲစပြီ အမတ်တွေနဲ့တိုင်ပင်ပြီး အခြေခံဥပဒေစရေးတော့မယ် ပြီးရင်ပါတီထောင်မယ်ဗျာ…ဒါနဲ့ မိတ်တွေတို့ဆီမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီပေါ့နော် ”

“ ဒါပေါ့ဗျ..လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ကျင့်သုံးတာ” သူက ဂုဏ်ယူစွာ ပြန်ပြောသည်။

“ ဟာဗျာ…ဒီလောက်ကောင်းတဲ့စနစ်ကို ဘာလို့များ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ စပြီး ကျင့်သုံးရတာလဲဗျာ။ အချိန်တွေ နှမြောဖို့ကောင်းလိုက်တာ။ ဒါထက် လွှတ်တော်အမတ်တွေ အာလုံးကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ကြတာပေါ့နော် ”

“ အင်း…အဲ…ဆိုပါတော့ ”

“ သူတို့တွေက ကိုယ့်ဒေသအသီးသီးအတွက် အကျိုးရှိတဲ့အဆိုတွေတင်သွင်းကြ။ အကျိုးရှိတဲ့ ဥပဒေတွေပြဌာန်းကြ…. ဟာ…တွေးရင်းတောင် ပျော်စရာကောင်းတယ် မိတ်ဆွေနဲ့ တွေ့တာ နောက်ကျလိုက်တာဗျာ.. ”

သူ ဘာစကားမှပြန်မပြောတော့ပဲ ပြုံးရုံသာပြုံးပြလိုက်သည်။ ထို့နောက် ဟမ်မူယာဘီ ဘုရင်ကြီးက ဒီမိုကရေစီစနစ် အကြောင်းကို သူသိလိုသမျှ အငမ်းမရမေးပါတော့သည်။ သူလည်း ခွေးအကြီးလှည်းနင်း ဖြစ်နေပြီး သူသိသလောက် တတ်သလောက် မှတ်သလောက်ဖြင့် ဒီမိုကရေစီစနစ် အကြောင်းကို ထော့ကျိုး ထော့ကျိုး ရှင်းပြနေရလေသည်။ နောက်တော့ ဘုရင်ကြီးက သူ့ကို အလွန်ကျေးဇူးတင်ပြီး ဂုဏ်ပြုညစာစားပွဲ လုပ်ပေးရန် စီစဉ်ခိုင်းလေသည်။ သို့သော်သူက ညအိပ်၍မဖြစ်ကြောင်း၊ ဧည့်စာရင်းတိုင်ရန် မှတ်ပုံတင်မပါလာ ကြောင်းပြောရာ ဟမ်မူယာဘီက အံသြသွားပြီး ဒီမိုကရေစီစနစ်မှ ဧည့်စာရင်း တိုင်ခြင်းအကြောင်းကို မေးပြန်သဖြင့် (မပြောချင်ပြောချင်ဖြင့်) ရှင်းပြရပြန်လေသည်။ သို့နှင့်…..

@@@@@@@@@@@@@@@@@@@@@

ဒီလိုနဲ့ ခေါင်းတုံး(ဂတုံး)မြို့တော်မှ သူပြန်လာခဲ့သည်။ သူမျက်နှာကိုကြည့်ရတာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပုံရသည်။

(ခေါင်းတုံး(ဂတုံး)အတုံး ခံလိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။)

Credit : လင်းနစ်
PM 3:02
6.9.12
Original Post ► http://on.fb.me/PvuLsB
 
Photo: ခေါင်းတုံး(ဂတုံး)မြို့တော်   Mg Linnith

.
.
.
.
 
Share:

စတိဂျောကဗုဒ္ဓဘာသာနင့်လူသိနည်းသောသူဘဝအကြောင်းများ

 Innovation မှာတူမတူအောင်စွမ်းဆောင် နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆိုမသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့ လူသိနည်းတဲ့အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။

၂။စတိဗ်ဂျော့ဟာ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာအဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်းဖြစ်ပြီးတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ ရဲ့ ပိုင်ဆိုင်မှုဟာ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။

၃။စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့သူ့ရဲ့ Annual Salary ဟာ၁ ဒေါ်လာပဲ ရှိပါတယ်။သူ့ ရဲ့ အဓိကဝင်ငွေက သူပိုင်သော Disneyမှဖြစ်ပြီးဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူဖြစ
်ပါတယ်။

၎။စတိဗ်ဂျော့ဟာကျောင်းထွက်ခဲ့သူဖြစ်ပါတယ်။Reed ကောလိပ်မှာsemester တစ်ခုသာဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

၅။စတိဗ်ဂျော့ရဲ့ တကယ့်ဝါသနာအစစ်က နည်းပညာဘက်မှာမဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။စာလုံးကိုပုံစံလှလှရေးပြီး ယင်းစာရွက်များကိုစုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။

၆။HP ကွန်ပျူတာကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်းက စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲရှိပါသေးတယ်။သူဟာ အသက်ငယ်ငယ်နဲ့နည်း ပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

၇။ဂျော့ဟာမွေးစားသားဖြစ်ပါတယ်။သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့အခြားမိဘများကပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။

၈။ဂျော့ဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာဖြစ်ပြီးထေရ၀ါဒမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။

၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာအာရုံစူးစိုက်မှု အားနည်းသောရောဂါ ဖြစ်ပါတယ်။Dyslexia မှာ အကြားအားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်းတို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာအားနည်းသူ ဖြစ်ပါတယ်။ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက်ရှိတယ် လို့ဆိုကြပြီးအိုင်းစတိုင်းဟာလည်းDyslexia ရောဂါသည်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

၁၀။ ဂျော့မှာ အဆီးရီးယားသွေးတစ်ဝက်ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယားလူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများဖြစ်တယ်လို့ သိရပါတယ်။မိခင်ကတော့ အမေရိကန်

လူဖြူဖြစ်ပါတယ်။

Share:

Tuesday, September 11, 2012

လက်ကောက်ဝတ်ရိုးကျိုးခြင်း (Fractured Scaphoid)

ထိခိုက်ဒဏ်ရာရတာကြောင့် လက်ကောက်ဝတ်ရိုးကျိုးတာပါ။ လက်ပုံသဏ္ဍာန် ပျက်နေတာကြောင့် အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
ရောဂါလက္ခဏာ
လက်ကောက်ဝတ် နာကျင်ပြီး အထိမခံနိုင်ခြင်း၊ လက်မအောက်ခြေနေရာမှာ ပိုပြီး သိသာပါတယ်။
ရောဂါကြာချိန်
ကုသမှုခံယူရင် ရှစ်ပတ်အကြာမှာ အရိုးပြန်ဆက်တတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
လက်ဆန့်တန်းပြီး လိမ့်ကျတာကြောင့် လူငယ်တွေမှာ အဖြစ်များပါတယ်။
အိမ်မှာ ဘယ်လိုကုမလဲ
အကိုက်အခဲပျောက်ဆေးတိုက်ထားပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
အရိုးကျိုးတယ်လို့ သံသယဝင်ရင်
ဆရာဝန်ဘာလုပ်ပေးမလဲ
ဆေးရုံသို့ သွားခိုင်းပြီး လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်ခိုင်းပါမယ်။ တချို့လူတွေမှာ ဓာတ်မှန်မှာ အရိုးကျိုးတာ မပေါ်တတ်တဲ့အတွက် ၁၀ ရက်အကြာမှာ ဓာတ်မှန် ပြန်ရိုက်ရပါတယ်။
လက်ချောင်းလေးတွေကို လွတ်လွတ်လပ်လပ်ထားပြီး လက်ကောက်ဝတ်ကို ပလတ်စတာ (POP) ကိုင်ပေးပါတယ်။ Scaphoid အရိုးကို သွေးရောက်ရှိမှုနည်းရင် ဒါမှမဟုတ် (POP) ကိုင်တာနောက်ကျရင် အရိုးဆက်တာလည်း နှေးသွားနိုင်ပါတယ်။
Ref: Good Health
Share:

ပုံမှန်ထက် ပိုမိုတောက်ပသော မျက်နှာအပြင်အဆင် ဖြစ်စေရန်

မျက်နှာအလှ ပြင်ဆင်ရာမှာ ပုံမှန်ထက် ပိုပြီး တောက်ပတဲ့ ပြင်ဆင်မှု ဖြစ်စေဖို့အတွက် အရောင်တူရောစပ်မှုတွေကို ပြုလုပ်ရမှာပါ။ အနီရောင်နဲ့ လိမ္မော်ရောင်ကတော့ မျက်နှာကို ပိုပြီးတောက်ပနေစေတဲ့ အရောင်မျိုးဖြစ်ပြီး နှုတ်ခမ်းကို ထပ်မံဖြည့်စွက်ပြီး ဆိုးပေးလို့ရတဲ့ အရောင်မျိုးတွေပဲ ဖြစ်ပါတယ်။ သင့် အသားအရေအရောင်ပေါ်မူတည်ပြီး အရောင်ရွေးချယ်ရမယ်ဆိုပေမယ့် အရောင်ရောစပ်မှုကြောင့်လည်း သင့်မျက်နှာကို ပိုပြီးတောက်ပကာ လှပနေစေမှာပါ။
အနီနဲ့လိမ္မော်ရောင် ရောစပ်မှု
အနီရောင်နှုတ်ခမ်းနီကို အရင်ဆုံး ဆိုးပြီးမှ လိမ္မော်ရောင်သန်းတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို အနားသတ်ဆိုးပေးတာကြောင့် သင့်နှုတ်ခမ်းသားအရောင်ကို ပိုမိုတောက်ပနေအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။ မျက်လုံးတစ်ဝိုက်ကို ခြယ်သမယ်ဆိုရင်လည်း အနီရောင် အရင်ဆိုးပြီးမှ လိမ္မော်ရောင်နဲ့ လိုက်ညှိပေးပါ။
ခရမ်းရောင်ကို ပိုမိုတောက်ပအောင်
ခရမ်းရောင်လို၊ သစ်ခွရောင်လို အရောင်မျိုးတွေကို ရွေးချယ်မယ်ဆိုရင် ပထမဆုံး ပုလဲပါတဲ့ ခရမ်းရောင်မျိုးကို မျက်ခွံအနှံ့ခြယ်သပြီးမှ ပုလဲမပါတဲ့ ခရမ်းရောင်ကို မျက်ခွံတစ်ဝိုက်နေရာအတွက် သုံးပေးပါ။ မျက်ခမ်းစပ်တစ်လျှောက်ကိုတော့ အနက်ရောင်ခဲတံနဲ့ ဆွဲပေးတာက ပိုပြီးတောက်ပတဲ့အသွင်ကို ရစေပါတယ်။
အဝါရောင်ရွေးချယ်မှု
အဝါရောင်လို၊ စိမ်းဝါရောင်လို အရောင်တွေက တောက်ပနေပေမဲ့ အေးမြမှုအသွင်ကို ဆောင်ပါတယ်။ အဝါရောင်ကို ရွေးမယ်ဆိုရင်တော့ ပုလဲမပါတဲ့ ရှဲဒိုးကို အရင်ဆုံးလိမ်းခြယ်ပြီးမှ ပုလဲပါဝင်တဲ့ ရှဲဒိုးကို အပေါ်ကထပ်မံ ခြယ်သပေးပါ။
အပြာရောင်ရွေးချယ်မှု
အပြာရောင်ဟာလည်း အဝါရောင်လိုပဲ ပုလဲမပါတာကို အရင်ဆုံးခြယ်သပေးရမှာပါ။ အပြာရောင်ကို ပိုပြီးတောက်ပဖို့ အနက်ရောင်ခဲတံနဲ့ မျက်ဝန်းအိမ်တစ်ဝိုက်ကို ဆွဲပြီးမှ Mascara ထပ်ဆိုးပါ။
ပါးနီအရောင်ပိုတောက်အောင်
ပါးနီကိုလည်း အနီနဲ့လိမ္မော်ရောစပ်ပြီး လိမ္မော်ရောင် အရင်ခြယ်သပြီးမှ အနီရောင်ကို ခပ်ပြေပြေလေး ထပ်မံခြယ်သပေးပါ။ ပါးအရောင်က နှုတ်ခမ်းနီအရောင်လောက် တောက်ပနေစရာမလိုပါဘူး။
အညိုရောင်ရွေးချယ်မှု
မျက်ဝန်းအတွက် အညိုရောင် ရွေးချယ်မယ်ဆိုရင် ပုလဲပါတဲ့အညိုရောင် ခပ်ဖျော့ဖျော့ကို အရင်သုံးပြီးမှ ပုလဲမပါတဲ့အညိုရောင်ကို မျက်ခွံတစ်ဝိုက် ခြယ်သပေးပါ။ ပုလဲပါတဲ့အညိုရောင်ပဲ မသုံးပါနဲ့။ မျက်ကွင်းညိုတယ်လို့ ထင်ရနိုင်တာကြောင့်ပါ။
Ref : Good Health
Share:

ပိုမို လှပရလေအောင်

သဘာဝဆန်တဲ့ လက်သည်းနီအရောင်
သံလွင်ဆီရောက် လက်သည်းဆိုးဆေးဟာ ဘယ်အရေပြားအသားအရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့ အရောင်ပါ။ နောက်ထပ် ရွေးသင့်တာက အညိုရောင် ပျော့ပျော့နဲ့ ရောင်ပြေးအသားရောင် လက်သည်းဆိုးဆေးတွေကို ရွေးချယ်ပါ။
ဆံပင်ပုံစံ ကြာရှည်ခံချင်ရင်
ဂျယ်ပါဝင်တဲ့ ခေါင်းလိမ်းဆီ အမျိုးအစားကို ဆံသားတွေ ခေါင်းလျှော်ပြီးလို့ ရေမခြောက်ခင်ကတည်းက လိမ်းပေးပြီး ပုံသွင်းကာ အခြောက်ခံလိုက်ပါ။ ဆံပင်မာဆတ်ဆတ်ကြီး ဖြစ်မနေဘဲ ပျော့ပျောင်းကာ ဆံပင်ပုံစံလည်း ကြာရှည်ခံစေပါတယ်။
နှုတ်ခမ်းနီအလွယ် ဖျက်နည်း
နှုတ်ခမ်းနီအရောင်ရင့်ရင့်တွေဆိုးထားရင် Petroleum Jelly (ရေနံဂျယ်လီ)ကို နှုတ်ခမ်းမှာ သုတ်လိမ်းပြီး မိနစ်အနည်းငယ်စောင့်ကာ ဂွမ်းလေးနဲ့ ပွတ်ဖျက်ပေးပါ။ နှုတ်ခမ်းနီအရောင်တွေကို အလွယ်တကူ ပျက်စေတဲ့အပြင် ရေဓာတ်လည်း ရရှိစေပါတယ်
Ref : Good Health
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Blog Archive