Comments

Tuesday, September 11, 2012

လက်ကောက်ဝတ်ရိုးကျိုးခြင်း (Fractured Scaphoid)


ထိခိုက်ဒဏ်ရာရတာကြောင့် လက်ကောက်ဝတ်ရိုးကျိုးတာပါ။ လက်ပုံသဏ္ဍာန် ပျက်နေတာကြောင့် အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
ရောဂါလက္ခဏာ
လက်ကောက်ဝတ် နာကျင်ပြီး အထိမခံနိုင်ခြင်း၊ လက်မအောက်ခြေနေရာမှာ ပိုပြီး သိသာပါတယ်။
ရောဂါကြာချိန်
ကုသမှုခံယူရင် ရှစ်ပတ်အကြာမှာ အရိုးပြန်ဆက်တတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
လက်ဆန့်တန်းပြီး လိမ့်ကျတာကြောင့် လူငယ်တွေမှာ အဖြစ်များပါတယ်။
အိမ်မှာ ဘယ်လိုကုမလဲ
အကိုက်အခဲပျောက်ဆေးတိုက်ထားပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
အရိုးကျိုးတယ်လို့ သံသယဝင်ရင်
ဆရာဝန်ဘာလုပ်ပေးမလဲ
ဆေးရုံသို့ သွားခိုင်းပြီး လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်ခိုင်းပါမယ်။ တချို့လူတွေမှာ ဓာတ်မှန်မှာ အရိုးကျိုးတာ မပေါ်တတ်တဲ့အတွက် ၁၀ ရက်အကြာမှာ ဓာတ်မှန် ပြန်ရိုက်ရပါတယ်။
လက်ချောင်းလေးတွေကို လွတ်လွတ်လပ်လပ်ထားပြီး လက်ကောက်ဝတ်ကို ပလတ်စတာ (POP) ကိုင်ပေးပါတယ်။ Scaphoid အရိုးကို သွေးရောက်ရှိမှုနည်းရင် ဒါမှမဟုတ် (POP) ကိုင်တာနောက်ကျရင် အရိုးဆက်တာလည်း နှေးသွားနိုင်ပါတယ်။
Ref: Good Health
Share:

ပုံမှန်ထက် ပိုမိုတောက်ပသော မျက်နှာအပြင်အဆင် ဖြစ်စေရန်


မျက်နှာအလှ ပြင်ဆင်ရာမှာ ပုံမှန်ထက် ပိုပြီး တောက်ပတဲ့ ပြင်ဆင်မှု ဖြစ်စေဖို့အတွက် အရောင်တူရောစပ်မှုတွေကို ပြုလုပ်ရမှာပါ။ အနီရောင်နဲ့ လိမ္မော်ရောင်ကတော့ မျက်နှာကို ပိုပြီးတောက်ပနေစေတဲ့ အရောင်မျိုးဖြစ်ပြီး နှုတ်ခမ်းကို ထပ်မံဖြည့်စွက်ပြီး ဆိုးပေးလို့ရတဲ့ အရောင်မျိုးတွေပဲ ဖြစ်ပါတယ်။ သင့် အသားအရေအရောင်ပေါ်မူတည်ပြီး အရောင်ရွေးချယ်ရမယ်ဆိုပေမယ့် အရောင်ရောစပ်မှုကြောင့်လည်း သင့်မျက်နှာကို ပိုပြီးတောက်ပကာ လှပနေစေမှာပါ။
အနီနဲ့လိမ္မော်ရောင် ရောစပ်မှု
အနီရောင်နှုတ်ခမ်းနီကို အရင်ဆုံး ဆိုးပြီးမှ လိမ္မော်ရောင်သန်းတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို အနားသတ်ဆိုးပေးတာကြောင့် သင့်နှုတ်ခမ်းသားအရောင်ကို ပိုမိုတောက်ပနေအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။ မျက်လုံးတစ်ဝိုက်ကို ခြယ်သမယ်ဆိုရင်လည်း အနီရောင် အရင်ဆိုးပြီးမှ လိမ္မော်ရောင်နဲ့ လိုက်ညှိပေးပါ။
ခရမ်းရောင်ကို ပိုမိုတောက်ပအောင်
ခရမ်းရောင်လို၊ သစ်ခွရောင်လို အရောင်မျိုးတွေကို ရွေးချယ်မယ်ဆိုရင် ပထမဆုံး ပုလဲပါတဲ့ ခရမ်းရောင်မျိုးကို မျက်ခွံအနှံ့ခြယ်သပြီးမှ ပုလဲမပါတဲ့ ခရမ်းရောင်ကို မျက်ခွံတစ်ဝိုက်နေရာအတွက် သုံးပေးပါ။ မျက်ခမ်းစပ်တစ်လျှောက်ကိုတော့ အနက်ရောင်ခဲတံနဲ့ ဆွဲပေးတာက ပိုပြီးတောက်ပတဲ့အသွင်ကို ရစေပါတယ်။
အဝါရောင်ရွေးချယ်မှု
အဝါရောင်လို၊ စိမ်းဝါရောင်လို အရောင်တွေက တောက်ပနေပေမဲ့ အေးမြမှုအသွင်ကို ဆောင်ပါတယ်။ အဝါရောင်ကို ရွေးမယ်ဆိုရင်တော့ ပုလဲမပါတဲ့ ရှဲဒိုးကို အရင်ဆုံးလိမ်းခြယ်ပြီးမှ ပုလဲပါဝင်တဲ့ ရှဲဒိုးကို အပေါ်ကထပ်မံ ခြယ်သပေးပါ။
အပြာရောင်ရွေးချယ်မှု
အပြာရောင်ဟာလည်း အဝါရောင်လိုပဲ ပုလဲမပါတာကို အရင်ဆုံးခြယ်သပေးရမှာပါ။ အပြာရောင်ကို ပိုပြီးတောက်ပဖို့ အနက်ရောင်ခဲတံနဲ့ မျက်ဝန်းအိမ်တစ်ဝိုက်ကို ဆွဲပြီးမှ Mascara ထပ်ဆိုးပါ။
ပါးနီအရောင်ပိုတောက်အောင်
ပါးနီကိုလည်း အနီနဲ့လိမ္မော်ရောစပ်ပြီး လိမ္မော်ရောင် အရင်ခြယ်သပြီးမှ အနီရောင်ကို ခပ်ပြေပြေလေး ထပ်မံခြယ်သပေးပါ။ ပါးအရောင်က နှုတ်ခမ်းနီအရောင်လောက် တောက်ပနေစရာမလိုပါဘူး။
အညိုရောင်ရွေးချယ်မှု
မျက်ဝန်းအတွက် အညိုရောင် ရွေးချယ်မယ်ဆိုရင် ပုလဲပါတဲ့အညိုရောင် ခပ်ဖျော့ဖျော့ကို အရင်သုံးပြီးမှ ပုလဲမပါတဲ့အညိုရောင်ကို မျက်ခွံတစ်ဝိုက် ခြယ်သပေးပါ။ ပုလဲပါတဲ့အညိုရောင်ပဲ မသုံးပါနဲ့။ မျက်ကွင်းညိုတယ်လို့ ထင်ရနိုင်တာကြောင့်ပါ။
Ref : Good Health
Share:

ပိုမို လှပရလေအောင်


သဘာဝဆန်တဲ့ လက်သည်းနီအရောင်
သံလွင်ဆီရောက် လက်သည်းဆိုးဆေးဟာ ဘယ်အရေပြားအသားအရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့ အရောင်ပါ။ နောက်ထပ် ရွေးသင့်တာက အညိုရောင် ပျော့ပျော့နဲ့ ရောင်ပြေးအသားရောင် လက်သည်းဆိုးဆေးတွေကို ရွေးချယ်ပါ။
ဆံပင်ပုံစံ ကြာရှည်ခံချင်ရင်
ဂျယ်ပါဝင်တဲ့ ခေါင်းလိမ်းဆီ အမျိုးအစားကို ဆံသားတွေ ခေါင်းလျှော်ပြီးလို့ ရေမခြောက်ခင်ကတည်းက လိမ်းပေးပြီး ပုံသွင်းကာ အခြောက်ခံလိုက်ပါ။ ဆံပင်မာဆတ်ဆတ်ကြီး ဖြစ်မနေဘဲ ပျော့ပျောင်းကာ ဆံပင်ပုံစံလည်း ကြာရှည်ခံစေပါတယ်။
နှုတ်ခမ်းနီအလွယ် ဖျက်နည်း
နှုတ်ခမ်းနီအရောင်ရင့်ရင့်တွေဆိုးထားရင် Petroleum Jelly (ရေနံဂျယ်လီ)ကို နှုတ်ခမ်းမှာ သုတ်လိမ်းပြီး မိနစ်အနည်းငယ်စောင့်ကာ ဂွမ်းလေးနဲ့ ပွတ်ဖျက်ပေးပါ။ နှုတ်ခမ်းနီအရောင်တွေကို အလွယ်တကူ ပျက်စေတဲ့အပြင် ရေဓာတ်လည်း ရရှိစေပါတယ်
Ref : Good Health
Share:

Saturday, September 8, 2012

လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေး

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း... ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်) မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....
Share:

Thursday, September 6, 2012

အာလူး ငါးဖယ်လိပ်ကြော်


ပါဝင်ပစ္စည်းများ
အာလူး၊
ငါးဖယ်ခြစ်၊
ဂျင်း၊
ကြက်သွန်ဖြူ၊
ငရုတ်ကောင်း၊
ဆား၊
ဆီ၊
ဟင်းခတ်မှုန်။
ပြုလုပ်နည်း
အာလူးခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီး အလွှာပါးပါးလေးတွေ ရအောင် လှီးထားပါ။ ငါးဖယ်ကို ညက်နေအောင် ထောင်းထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီး အနည်းငယ် ထောင်း ပေးပါ။
ပြီးရင် ပါးပါးလွှာထားတဲ့ အာလူးထဲကို အရသာသွင်းထားတဲ့ ငါးဖယ်ထည့်လိပ်ပါ။ အလိပ်မပြည်သွားအောင် ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးပါ။ အလိပ်လေးတွေ လိုသလောက် ရပြီဆိုရင် ဆီအိုးကိုတည်ပါ။
ဆီပူလာရင် ငါဖယ်လိပ်လေးတွေကို ထည့်ကြော်ပါ။ အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာရင် အိုးထဲက ဆယ်လို့ရပါပြီ။ ဒါဆိုရင် တော့ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ အရသာ ရှိလှတဲ့ အာလူးငါးဖယ်လိပ်ကြော်ရပါပြီ။
Share:

California Roll


ပါဝင်ပစ္စည်းများ
ရေညှိအပြားကြီး၊
ဆူရှီထမင်း၊
ပုစွန်ဥ၊
ပုစွန်၊
ကဏန်းချောင်း၊
ဂျပန်သခွားသီး၊
ထောပတ်သီး၊
ဆလတ်ရွက်၊
တရုတ်မျှစ်၊
မယောနိစ်၊
ရှလကာရည်။
ပြုလုပ်နည်း
ဆူရှီထမင်းရဖို့ ထိုင်းဆန်ကို ရှလကာရည် အနည်းငယ်နဲ့နှပ်ပြီး ချက်ပါ။ ရလာတဲ့ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်တင်ပြီး ကပ်သွားအောင် လက်နဲ့ တဖြည်းဖြည်းနှိပ်ပေးပါ။ ပြီးရင် ထမင်းပေါ်ကို အချောင်းသေးသေးလေး ဖြတ်ထားတဲ့ တရုတ်မျှစ်၊ သခွားသီး၊ ကဏန်းချောင်း၊ ဆလတ်ရွက်၊ ပုစွန်နဲ့ ထောပတ်သီးတို့တင်ပြီး လိပ်ပါ။ ရလာတဲ့ ထမင်းလိပ်ကို ပုစွန်ဥတွေနဲ့ရောမွေပြီး ခြောက်တုံး၊ ခုနစ်တုံးခန့် လှီးလိုက်ပါ။ တည်ခင်းဖို့အတွက် ပန်းကန်ထဲသို့ လှလှပပ စီထည့်ပြီး မယောနိစ်နဲ့ ပုစွန်ဥကို အပေါ်က ထပ်တင် ပြီးပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။ ပုစွန်ဥကျွတ်ကျွတ်လေးနဲ့ အရမ်းကိုနူးညံ့ပြီး ခပ်စိမ့်စိမ့်အရသာရှိတဲ့ ထမင်း၊ ပြီးတော့ ထည့်ထားတဲ့ အသားနဲ့ အသီးအရွက် တွေအားလုံးဟာ စားရတာ တကယ်ပဲအစပ်အဟပ် တည့်လှပါတယ်။
Share:

ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်


ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။
(၁) ကြိုတင်ပြင်ဆင်ပါ အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေလေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ ပြောရရင် စာမေးပွဲမဖြေခင် ကောင်း ကောင်းလေ့လာထားသလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင်ရတော့မယ့်အရာ တစ်ခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဥာဏ်ရည် ထက်မြက်နေမှာဖြစ်သလို အရာရာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။
(၂) ပူပင်သောကများကို ချရေးပါ မိမိခံစားနေရတဲ့ ပူပင်သောက ဖြစ်စရာအကြောင်းအချက်တွေကို ၁၀မိနစ်လောက် ချရေးလိုက်တာက ပူပင်မှုတွေ လျော့ပါးသွားပြီး စိတ်အေးချမ်းမှု ရရှိစေပါတယ်။ ပူပင်သောကနဲ့ ကြောက်ရွံ့မှုတို့ ခံစားနေရတဲ့အချိန်မှာ ဦးနှောက်ထဲက ကြောင်းကျိုးဆင်ခြင် နိုင်စွမ်းနဲ့ ဆုံးဖြတ်ဖြေရှင်းနိုင်စွမ်းစတဲ့ လုပ်ငန်းဆောင်တာတွေက ရှုပ်ထွေးနေပြီးမှ ဥာဏ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ အဖြေမှန်ရွေးရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအဖို့ ပိုမို အမှားအယွင်းများစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၃) အသက်ပြင်းပြင်းရှူပါ အံ့အားသင့်စရာ ကောင်းတဲ့အချက် က တစ်ခုခုကို ရင်ဆိုင်ဖြေရှင်းရတော့ မယ့်အခြေအနေမှာ စိတ်ဖိစီးမှုရှိတာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရှိတာက သင်္ချာဖြေဆိုရတဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်တာကို တွေ့ရ တယ်လို့ စိတ်ခံစားမှုဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းရမယ့်အရာတစ်ခုခုကို မကြုံတွေ့ခင်မှာ စိတ်ဖိစီးမှုရှိတာက ကောင်းပေမယ့် ရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာ အဆင်ပြေပါ့မလား၊ အောင်မြင်ပါ့မလား စသဖြင့် တွေးတော ပူပင်နေတာကတော့ မကောင်းပါဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ စိတ်အေးချမ်း တည်ငြိမ်မှုရှိစေဖို့ အသက်ပြင်းပြင်း ရှူပေးသင့်ပါတယ်။ ဒါမှမဟုတ် သင့်မျက်လုံးကို တစ်မိနစ်လောက်မှန်ထဲမှာ စိုက်ကြည့်ပြီး ''အောင်မြင်ရမယ်'' ဆိုတဲ့ စိတ်ကိုသွင်းပေးလိုက်ပါ။
(၄) စိတ်ခံစားချက်ကို ဆန်းစစ်ပါ ရင်ဆိုင်ဖြေရှင်းရတော့မယ့် အရာ တစ်ခုအတွက် အဆိုးဆုံးအခြေအနေကိုလည်း ကြိုတင်တွေးတောပြီး အဲဒီအခြေအနေမှာ ကိုယ့်စိတ်ခံစားချက်က ဘယ်လိုရှိမလဲဆိုတာ ပြင်ဆင်ထားပါ။ အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထားနိုင်တယ်ဆိုရင် ဘယ်လိုစမ်းသပ်မှုမျိုးကိုမဆို ဖြေရှင်းရဖို့ နောက်တွန့်နေတော့မှာ မဟုတ်ပါဘူး။ အကောင်းတွေကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ကြံ့ကြံ့ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားတာက ပူပင်သောကတွေ လျော့ပါးစေနိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်း ဖြစ်ပါတယ်။
Share:

ချောကလက်နို့၏ ကျန်းမာရေး အကျိုးကျေးဇူး


ဆိုင်တွေရောက်လို့ ဘာမှာရမလဲ မသိရင် ချောကလက်နို့ ပူပူတစ်ခွက်ကိုသာ မှာပြီးသောက်လိုက်ပါ။ ချောကလက်နို့တစ်ခွက်မှာ ကျန်းမှာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။
ကယ်လ်စီယမ်ပါဝင်မှု မြင့်မားခြင်း
ချောကလက်နို့ကို သောက်လိုက်တဲ့အခါ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူပြီး အဆီလျော့ကျအောင်နဲ့ အရိုးသန်မာအောင် လုပ်ဆောင်ပေးကြောင်း လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
ချောကလက်နို့မှာ ကယ်လ်စီယမ် ပါဝင်မှုမြင့်မားတာကြောင့် ခန္ဓာကိုယ်မှ အဆီစုပ်ယူနိုင်စွမ်းဟာလည်း လျော့ကျသွားပါတယ်။
ဗီတာမင်ဒီ ပါဝင်ခြင်း
ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ အဆီလျော့ကျအောင် လက်တွဲလုပ်ဆောင်ကြပါတယ်။ ဗီတာမင်ဒီဟာ စားလိုက်တဲ့ အစားအသောက်မှ ကယ်လ်စီယမ်စုပ်ယူအားကောင်းအောင် ပံ့ပိုးပေးပါတယ်။ နို့မှာ ဗီတာမင်ဒီများစွာ ပါဝင်တဲ့အတွက် ချောကလက်နို့သောက်တာဟာ နေရောင်ခြည်ထဲနေတာလိုပဲ ဗီတာမင်ဒီကို ရရှိစေပါတယ်။
အမောခံနိုင်ခြင်း
ချောကလက်နို့သောက်တာဟာ အမောခံနိုင်ပြီး သက်လုံကောင်းစေပါတယ်။ ဒါဟာ နို့မှာပါတဲ့ ဓာတ်ဆား(Electrolytes)တွေဟာ အချိန်ကြာကြာ ရေဓာတ်ပြည့်ဝနေစေတာကြောင့်ပါ။
အားကစားမလုပ်ခင်မှာ ရိုးရိုးရေသောက်တာထက် ချောကလက်နို့သောက်တာဟာ ကြွက်သားတွေကို စွမ်းအင်ပိုရရှိစေပြီး လန်းဆန်းကာ သက်လုံကောင်းစေပါတယ်။
အသားဓာတ်ပါဝင်ခြင်း
ချောကလက်နို့ ရှစ်အောင်စတစ်ခွက်မှာ အသားဓာတ်ရှစ်ဂရမ်ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွက်သားမျှင်အသစ်တည်ဆောက်နိုင်ဖို့ အသားဓာတ် ၁၀ ဂရမ်လိုအပ်တာကြောင့် ချောကလက်နို့ကို ရှစ်အောင်စသုံးခွက်သောက်ပေးးပါက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကောင်းကာ တစ်နေ့လုံး သန်မာပြီး မမောမပန်း အလုပ်လုပ်နိုင်ပါလိမ့်မယ်။
Share:

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ကျန်းမာရေး ဗဟုသုတ


လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။
လက်မထပ်ခင် ဆေးစစ်ခြင်း
လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။
ရောဂါတွေ့ခဲ့လျှင်
ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
သားသမီးရယူရေး
အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။
သားသမီးဦးရေ
ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။
စောင့်ထိန်းမှု
အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။
Ref: Good Health
Share:

Tuesday, August 21, 2012

အလူမီနီယံများဖြင့်ပြုလုပ်ထားတဲ့ အမျိုးသမီးဝတ် အတွင်းခံ



Aluminum-Underwear











Aluminum-Underwear-3







Aluminum-Underwear-5



Aluminum-Underwear-7



Aluminum-Underwear-8

ဒါက  ဒီဇိုင်နာ Ingrid Goldbloom Bloch   က စွန့်ပစ် ပစ္စည်တွေကို ဘယ်လို အသုံးပြုရမလဲဆိုတာကို နည်းလမ်းအသစ်လေးနဲ. အလူမီနီယံတွေကို အတွင်းခံ များအဖြင့်ပြန်လည် ပြုလည်ထားတာပါ ။
Share:

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား

Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။

အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ်
ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။

၂၊ ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။

IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။ စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။ selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။

၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။ Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။ အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့ သတ်မှတ်လိုက်ပါ။

၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ ရှင်းပြရမယ်။

၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။ အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။ လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့်  IT သမားက End users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့  ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။

၇၊ multitask လုပ်နိုင်ရမယ်
တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။

၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား
IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။ ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။ CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....

၉၊ နည်းပညာတွေ မကြိုက်ဘူးလား
ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊  ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...

၁၀၊ ဖုန်းပိတ် အိပ်တတ်သလား
IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့မယ်။  မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။ သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူးလည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက် အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီး သင်နဲ့ IT နဲ့ ....

သင့်အမြင်ကော ဘယ်လိုရှိလည်း comment ပေးထားနိုင်ပါတယ်။ IT သမားဘက်က အမြင်တွေကိုပဲ ရေးထားတာပါ။ တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ။


Ref:techrepublic

ကိုဘလိတ် <Credit :မောက္ခပညာရေး မဂ္ဂဇင်း မှ)
From~>ကိုဇွဲသီ
Share:

လျစ်လျူ မရှုသင့်သော HEART ATTACK လက္ခဏာ ၇ ခု

Heart attack လက္ခဏာတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် မတူညီ ကြ ပါဘူး။ ကျွန်ုပ်တို့ ထင်မှတ်ထားသလို
Heart attack ရခဲ့ရင် ရင်ဘတ်ပေါ် ဆင်ကြီး တစ်ကောင် ဖိပြီး ထိုင်ထားသလိုမျိုး ခံစားရတာဟာ အမျိုးသမီးတွေမှာ ထက် အမျိုးသားတွေမှာ အဖြစ်များ တတ် ပါတယ်။ အမှန်မှာတော့ Heart attack ဖြစ်နေတဲ့ အမျိုးသမီးတွေ ရဲ့ ၄၃ ရာခိုင် နှုန်း ဟာ ရင်ဘတ်မှာ နာကျင်မှု မရှိကြပါဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီး တွေအနေ နဲ့ အမျိုးသားတွေ လောက် အရေးပေါ်ဌာနကို မြန်မြန်သွားလေ့ မရှိဘဲ သူများကို ဒုက္ခ မပေးချင်တာ ကြောင့် အချိန်စောင့်လေ့ ရှိကြပါတယ်။
ဒါဟာ အသက်အန္တရာယ် ရှိပါတယ်။ သင်ဟာ Heart attack ဖြစ်နေတာကို သုံးနာရီ အတွင်း ကုသခဲ့ရင် အသက်ရှင်နှုန်း ၂၃ ရာခိုင်နှုန်း ရှိပြီး တစ်နာရီ အတွင်း ကုသနိုင်ပါက အသက်ရှင်နှုန်း ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် သင့်မှာ အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ရင် အရေးပေါ်ဌာနကို ချက်ချင်းသွားပါ။
၁။ ရင်ဘတ်မအောင့်ခြင်း ရင်ဘတ်မှ ဆုပ်ဆွဲပြီး ဖိထားသလိုမျိုး မဖြစ်ဘဲ နောက်ကျော အပေါ်ပိုင်း ပခုံး၊ လည်ပင်း
ဒါမှမဟုတ် မေးရိုးမှာ အနည်းငယ်သာ နာကျင်တတ်ပါတယ်။
၂။ မောပန်းခြင်း Attack မရခင် တစ်ပတ် အလိုမှာ မောပန်းနွမ်းနယ် နေတတ်ပြီး attack ရတဲ့ အမျိုးသမီးတွေ ၇၁
ရာခိုင်နှုန်း မှာ တုပ်ကွေး လိုမျိုး လက္ခဏာတွေ ဖြစ်ပေါ် တတ်ပါတယ်။ တစ်ရက် အလိုမှာ Lap-top ကွန်ပျူတာကို
သယ်နိုင်တဲ့ အား တောင် မရှိတော့ဘူး လို့ ဆိုပါတယ်။
၃။ ချွေးထွက်ခြင်း သင့်မှာ တခြား ဘာအကြောင်းမှ မရှိဘဲ ရုတ်တရက် ချွေးထွက်များ နေရင် နဲ့ သင့်မျက်နှာ
ဖြူဖပ်ဖြူရော် ဖြစ်နေရင် သတိထားပါ။
၎။ ပျို့ခြင်း သို့မဟုတ် ခေါင်းမူးခြင်း Attack ရနေ စဉ်မှာ ခေါင်းမူးပြီး အန်ချင်သလို ဖြစ်တတ် ပါတယ်။
၅။ အသက်ရှူမ၀ခြင်း Attack ရတဲ့ အမျိုးသမီး ၅၈ ရာခိုင်နှုန်းဟာ စကားဆုံးအောင် မပြောနိုင်ကြ ပါဘူး။
၆။ အိပ်မပျော်ခြင်း Attack မရခင် တစ်လ အလိုမှာ အမျိုးသမီး ထက်ဝက်ခန့်ဟာ အိပ်မပျော် တတ်ကြ ပါဘူး။
၇။ စိုးရိမ်စိတ်များခြင်း Heart Attack မရခင်မှာ အမျိုးသမီးတွေ အနေ နဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ် နေတတ်
ကြပါတယ်။ ဒါဟာ ခန္ဓာကိုယ်က သင် အလေးထားရမှာ ကို သတိပေးနေတဲ့ လက္ခဏာတွေ ပါ။
Credit: http://swesonemedia.org/index.php?q=738
Share:

တုန်လှုပ်ခြောက်ခြားဖွယ် သစ်ပင်လူသား


အသက် ဆယ့်ငါးနှစ်အရွယ်တုန်းက Dede Koswara ဟာ ငါးဖမ်းသမားတစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ် ။ သူဟာ အဆောက်အဦးတွေ ဘယ်လိုတည်ဆောက်သလဲဆိုတာကိုလည်း လေ့လာယူသင်ယူခဲ့တယ် ။ အင်ဒိုနီး ရှားနိုင်ငံ မှာ ပျော်ရွှင်စရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့ ။ အဲဒီနောက်ပိုင်း . . သူဟာ သူ့ဒူးခေါင်း ကိုဖြတ်ပစ်ခဲ့ရတယ် ။ အဲဒီကနေစလို့ ကံကြမ္မာဆိုးကြီးတစ်ခုဟာ ဘ၀တစ်ခုလုံး ကို ဗြောင်းပြန် ဆန်အောင် မွှေနှောက် ပစ်ခဲ့တယ် ။

သူ့ဒူးခေါင်းဟာ အချိန်အကြာကြီးတိုင်အောင် အနာကျက်ဖို့ခဲယဉ်းနေသလို ပွန်းပဲ့ရာလေးတစ်ခုကနေစပြီး ကြွက်နို့လေး တစ်ခုဖြစ်ပေါ်လာခဲ့တယ် ။ အဲဒီနောက်ပိုင်းမှာ ကြွက်နို့တွေဟာ ပတ်ပတ်လည် များပြားလာ ခဲ့ရတယ် ။ အဲဒီလိုနဲ့သူဟာ ငါးဖမ်းသမားတစ်ယောက်အနေနဲ့ ဆောက်လုပ်ရေးသမားတစ်ဦးအနေနဲ့ အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေ သားသမီးတွေ ထွန်းကားခဲ့တယ် ။ ဒါပေမယ့် ပြဿနာဟာ တဖြည်းဖြည်း ဆိုးသထက်ဆိုးရွားလာခဲ့ရတယ် ။ နှစ်တွေကြာလာတဲ့အခါ ကြွက်နို့တွေဟာ မြင် မကောင်းလောက်အောင်ပွား များလာခဲ့တယ် ။ ပြည်တွင်းဆရာဝန်တွေနဲ့ ကုသပေမယ့်လည်း Dede ဟာ ကြွက်နို့ တွေ အလွန်အမင်းများပြားလာတဲ့အတွက် နာမည်သစ်တစ်ခုတွင်ခဲ့ပါတယ် ။ “ သစ်ပင်လူသား ” တဲ့

Dede ဟာ ဒီလိုအနေအထားနဲ့ နှစ်ပေါင်း ၂၀ ကြာနေထိုင်ခဲ့တယ် ။ ဒါဟာတကယ်တော့ HPV လို့ခေါ်တဲ့ Human Papilloma Virus ကူးစက်ခံရခြင်းဖြစ်ပြီး ပိုဆိုးသွားစေတဲ့အချက်ကတော့ ဒီဒီရဲ့ ကိုယ်ခံအား စနစ်ကြောင့်ပဲဖြစ်ပါတယ် ။ အမေရိကန်ဆရာဝန်တွေ လာရောက်စဉ်က ဒီဒီကို AIDS ကူးစက်ခံရတယ်လို့ ယူဆခဲ့ကြပါသေးတယ် ။ ကဲ ဒါဆို ဒီဒီရဲ့ ကိုယ်ခံအားစနစ်ဘာကြောင့် ရုတ်တရက်ကြီး ထိုးကျသွားခဲ့ရပါသလဲ ။ စမ်းသပ်မှုတွေမှာတော့ ဒီဒီမှာ AIDS မရှိသလို သူ့ရဲ့ ကိုယ်ခံအားစနစ်ဟာ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီတစ် ပုဒ်သဖွယ်ဖြစ်လို့နေခဲ့တယ် ။ သူ့ရဲ့ ဒီကြွက်နို့တွေဟာနာကျင်မှုမရှိခဲ့ဘူး ။ ဒါပေမယ့်တဖြည်းဖြည်း ကြီးထွား လာလိုက်တာ သစ်ခေါက်တွေနဲ့ ဆင်တူလာပြီး သူ့ခြေထောက်တွေကိုကြည့်ကြပါဦး ဘယ်လောက် သနားစ ရာကောင်းသလဲလို့ ။ သူ့လက်ဟာ အစာစားလို့မရနိုင်လောက်အောင် ဆိုးရွာပြင်းထန်လာခဲ့တယ် ။ သူဟာ သူ့ကလေးတွေကို ထိတွေ့ကိုင်တွယ်လို့မရတော့ဘူး ။ တကယ်တော့ သူ့မိသားစုမှာ ကြွက်နို့ တစ်လုံး တလေ မှမရှိပါပဲ သူတစ်ယောက်တည်းပဲဖြစ်နေရခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် ကြီးထွားပျံ့နှံ့မှုနှုန်းက အ ရမ်းမြန်တော့ သူဟာ ဘာခံစားမှုမှမခံစားရတော့ပါဘူး ။
ဒါနဲ့ပဲ အမေရိကန်မှ အရေပြားအထူးကုဆရာဝန် Anthony Gaspari ဟာ အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်းပြီး ဒီဒီကို ကုသဖို့ ဆုံးဖြတ်ခဲ့တယ် ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ဒီဒီရဲ့ ကြွက်နို့ ၄ ပေါင်မှ ၁၂ ပေါင်အတွင်းကို ခွဲစိတ်မှုပေါင်း ၈ ခုလုပ်ပြီး ဖယ်ရှားပေးခဲ့တယ် ။ ခွဲစိတ်မှု ၄ ခုလုပ်ပြီးတဲ့အခါမှာ သူဟာ ဘောပင်ကို ကိုင်နိုင်လာခဲ့တယ် ခက်ရင်းကိုလည်းကိုင်နိုင်ပြီး အနည်းဆုံးတော့ သူ့ခြေထောက်ပုံသဏ္ဍာန်လေးကို ပုံမြင်လာခဲံတယ် ။ မမျှော်လင့်ပဲ ဆရာဝန်တွေက ဒီဒီရဲ့ အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ အာမခံချက်မပေးနိုင်ခဲ့ကြဘူး ။ Gaspari မျှော်လင့်တာကတော့ ဒီဒီဟာ အမေရိက ဗီဇာ ရရှိပြီး အမေရိကားမှာ လာရောက်ကုသဖို့ပါပဲ ။ အကယ်၍သာ သူဟာ ခုခံအားစနစ်ကို ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် HPV ကို တိုက်ထုတ်နိုင်မယ်ဆိုရင် သူ့ကြွက်နို့ တွေဟာ ဆက်လက်ကြီးထွားလာတော့မှာမဟုတ်ပါဘူး ။ ယခုအချိန်အထိတော့ ခွဲစိတ်ကု သပြီး တာတောင် ကြွက်နို့တွေက ကျန်သေးတုန်းပါပဲ ။ဆ က်လက်ကြီးထွားနေတုန်းပါပဲ ။
ဒီဒီမျှော်လင့်တာကတော့ သူ့ကို တစ်နေ့နေ့ကုသပေးမယ့် ဆရာဝန်နဲ့ သူ့ကိုနား လည်ပြီး လက်ထပ်ပေး မယ့်အမျိုးသမီးတစ်ဦးကိုပါတဲ့ ။ ဘာကြောင့်လဲဆိုတော့ ကလေးတွေအမေ သူ့ပထမမိန်းမဟာ ဒီဒီရဲ့ ကြွက်နို့တွေ ကြီးထွားလာတာနဲ့ သူ့ကို စွန့်ခွာသွားတဲ့အတွက်ဖြစ်ပါတယ် ။
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts