Comments

Sunday, April 1, 2018

"မလိုအပ်သည်များကို ခြစ်ပစ်လိုက်ပါ"



Social Media ဆိုတာတကယ်တော့ အမှိုက်ပုံကြီး
တစ်ခုလိုပါပဲ...သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေး
ဆိုသလိုပေါ့.....လူတွေနေ့တိုင်း တင်လိုက်တဲ့စာတစ်
ကြောင်း၊ Post တစ်ခုဟာ အားဆေးဖြစ်နိုင်သလို၊
ကျွန်တော်တို့စိတ်ကိုထိခိုက်နာကျင်စေနိုင်တဲ့ အရာ
တွေလည်းဖြစ်နိုင်ပါတယ်။


ဘုန်းကြီးကျောင်းရောက်သွားတဲ့ ငှက်က လိမ္မာယဉ်
ကျေးတဲ့စကားဆိုပြီး၊ ခိုးဆိုးလုယက်သူတွေလက်ထဲ
ရောက်သွားတဲ့ ငှက်ကလေးကတော့ ဆိုးသွမ်းရိုင်းစိုင်း
တဲ့ စကားတွေပြောဆိုတယ်ဆိုတဲ့ ငယ်ငယ်က သင်ခဲ့
ရတဲ့ကျေးညီနောင်ပုံပြင်ထဲကလိုပါပဲ...

Social Media ကိုကျွန်တော်တို့နေ့စဉ်အသုံးပြု
ကြတဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်တော်
တို့မဖြစ်မနေ တည်ဆောက်ရပါမယ်။ အဲ့လိုမှမဟုတ်
ရင်ကျွန်တော်တို့ အင်တာနက်သုံးတာကောင်းကျိုးထက်
ဆိုးကျိုးပိုများမှာပါ။

တကယ်လို့ ကိုယ့်ခေါင်းထဲကို မလိုအပ်တဲ့ အသုံးမ၀င်တဲ့
အမှိုက်တွေလာထည့်မယ့်သူတွေ၊ အမြဲတမ်းတိုက်ခိုက်ပြော
ဆိုနေတဲ့သူတွေ၊ စိုးရိမ်စိတ်ဝင်မယ့်အကြောင်းအရာတွေ
ပြောမယ့်သူတွေ ကိုယ့်အကောင့်ထဲမှာရှိနေရင်လစ်လျူရှု
တာပဲဖြစ်ဖြစ်၊ Block လုပ်တာပဲဖြစ်ဖြစ် လုပ်ရမှာပဲဖြစ်ပါ
တယ်။

ဦးနှောက်ထဲမှာ မလိုအပ်တဲ့အရာတွေမှတ်ပါများရင်လိုအပ်
တဲ့အရာတွေကို မှတ်သားတဲ့အခါမှာ ပိုမိုခက်ခဲစေနိုင်လို့ပဲ
ဖြစ်ပါတယ်။

အပူဆိုတာကူးတတ်သလို၊ အခြားသူတွေရဲ့ အပြုအမူလုပ်
ဆောင်ချက်တွေဟာ ကိုယ့်ဆီကူးစက်တတ်တဲ့သဘောရှိတာ
ကြောင့်ပဲဖြစ်ပါတယ်။........

ကျွန်တော် Facebook သုံးတဲ့အခါ အရင်က သူငယ်ချင်းတွေ
ထဲမှာတိုက်ခိုက်တဲ့သူတွေရှိတော့ တိုက်ခိုက်တတ်တဲ့စိတ်ဝင်
ဖူးတယ်။ တစ်ယောက်ယောက်က တစ်ခုခု Post တင်လိုက်ရင်
ငါ့ကိုများစောင်းပြောတာလား ငါလည်းပြန်ပြောမယ်ဆိုပြီးပြသ
နာတွေဖြစ်ခဲ့ဖူးတယ်။ သတင်းတွေဖတ်ပြီးတိုင်း တိုက်ခိုက်ဝေ
ဖန်မှု့တွေလုပ်ခဲ့ဖူးတယ်။ သူမှန်တယ် ငါမှန်တယ်လို့လည်း ငြင်း
ခဲ့ဖူးတယ်..... နောက်အခြားသူတွေကိုကြည့်ပြီး စိတ်အားငယ်
တာတွေ စိတ်ဓါတ်ကျတာတွေဖြစ်ခဲ့ဖူးတယ်...

Facebook တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်က မိတ်ဆွေသူ
ငယ်ချင်းတွေပိုမိုရင်းနှီးခင်မင်စေဖို့၊ ပတ်ဝန်းကျင်ကောင်း
တစ်ခုတည်ဆောက်ဖို့ နဲ့အဝေးဆုံးကသူငယ်ချင်းတွေအနီး
ဆုံးဖြစ်စေဖို့ပဲမဟုတ်ပါလား။.....

အခုတော့ ကျွန်တော်တို့ Facebook သုံးရင်း အမုန်းစကား
တွေပြောရင်း မိတ်ဆွေသူငယ်ချင်းတွေ ဝေးကွာကုန်ကြတာ
တော့ တကယ့်ကိုဝမ်းနည်းစရာကြီးပါပဲ။......

ကိုယ့်ပတ်ဝန်းကျင်ကောင်းရင် ကိုယ်ဟာတိုးတက်တဲ့လူတစ်
ယောက်ဖြစ်လာနိုင်သလို ကိုယ့်နိုင်ငံတိုးတက်ဖို့ကိုလည်းကူ
ညီနိုင်တဲ့လူတစ်ယောက်ဖြစ်လာနိုင်မှာပါ။

ဒါကြောင့် "မလိုအပ်သည်များကို ခြစ်ပစ်" ခြင်းဖြင့် ပတ်ဝန်း
ကျင်ကောင်းတစ်ခုကို Social Media မှာတည်ဆောက်ကြရ
အောင်........

Writer : Future Myanmar Leader(Mr.KyawSwar)
Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts