အစိမ်းရောင်ရွှေ (Golden Green)
စိမ်းရောင်ရွှေဆိုလို့ မြတွေ၊ ကျောက်စိမ်းတွေကိုဆိုလိုခြင်းမဟုတ်ပါ။ အံ့သြဖွယ်ရာ
ကွမ်းရွက်ရဲ့ ကျန်းမာရေးနဲ့အာဟာရတန်ဖိုးကိုခေတ်မှီနည်းများဖြင့်သုတေသနပြုတွေ့ရှိ
တဲ့အတွက် အိန္ဒိယနိုင်ငံအစားအသောက်နဲ့စိုက်ပျိုးရေးဌာနမှ အစိမ်းရောင်ရွှေ လို့တင်စားမှဲ့ခေါ်လိုက်တာပါ။
ကွမ်းရွက်ရဲ့ဆေးဖက်ဝင်ပုံတွေကို မြန်မာတိုင်းရင်းဆေးတော်တော်များများမှာ တွေ့ရပါတယ်။ ကျမငယ်ငယ်က ချောင်းဆိုးတိုင်း ကွမ်းရွက်ပြုပ်ရည်သောက်ခဲ့ရပါတယ်။ ညီမလေးတွေ နေကောင်းခါစမှ ကွမ်းရွက်ပြုပ်ရည်နဲ့မေမေရေချိုးပေးတာတွေ့ခဲ့ပါတယ်။ တူလေးငယ်ငယ်ကလည်း ၀မ်းချုပ်လေ့ရှိတာမို့ ကွမ်းရိုးနဲ့ ချူပေးတာတွေ့ပါတယ်။
စာရေးဆရာသာဂဒိုးရဲ့စူလာနဖာ စာအုပ်မှာမျက်စိအားနည်းတာ၊နားလေးတာတွေကို
ကွမ်းရွက်နဲ့ကုသနည်းတွေ၊ ၎င်းကိုယ်တိုင် ဟတ်အတက် (heart attack) ရတဲ့အခါ အလွယ် တကူရှိနေတဲ့ ကွမ်းရွက်ကိုပဲ နှလုံးနေရာမှာ ကပ်ထားခြင်းဖြင့် သက်သာရာရ ခဲ့ ကြောင်းများ ရေးထား ပါတယ်။ ဒါပေမဲ့ ကွမ်းရွက်မှာဘာတွေရှိလို့ ဒီရောဂါတွေပျောက်ရတာလဲ။ တိုက်ဆိုင်မှုလား၊ ဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာပါတယ်။ဒီမေးခွန်းတွေကို ဖြေနိုင်မဲ့ ခေတ်မှီ သုတေသနပြု ချက်များ ကြောင့် သိပ္ပံနည်းကျကျဖြေနိုင်ပါပြီ။
လပ်ဆပ်သောကွမ်းရွက်တွင်ပါဝင်သောအာဟာရဓါတ်များ။
၁။ ရေ ၈၅-၉၀%။
၂။ အသားဓါတ် (Protein) ၃-၃.၅%။
၃။ အဆီ (Fat) ၀.၄ -၁.၀%။
၎။ သတ္ထုဓါတ် (Minerals) ၂.၃-၃.၃%။
၅။ အမျှင်ဓါတ် (Fibre) ၂.၃%။
၆။ အစိမ်းရောင်ဓါတ် (Chlorophyll) ၀.၀၁-၀.၂၅%။
၇။ ကဆီဓါတ် (Carbohydrate) ၀.၅-၆.၁%။
၈။ ဗီတာမင် အေ ၁.၉-၂.၉ mg/100g။
၉။ ဗီတာမင် စီ ၀.၀၀၅-၀.၀၁%။
၁၀။ ဗီတာမင် ဘီ ၁ (Thiamine) ၁၀-၇၀ mg/100g။
၁၁။ ဗီတာမင် ဘီ ၂ (Riboflavin) ၁.၉-၃.၀ mg/100g။
၁၂။ ဗီတာမင် ဘီ ၃ (Nicotinic acid) ၀.63-၀.၈၉ mg/100g။
၁၃။ Astringent (Tannin) ၀.၁-၁.၃%။
၁၄။ Nitrogen ၂-၇%။
၁၅။ Phosphorus ၀.၀၅-၀.၆%
၁၆။ Potassium ၁.၂-၄.၆%
၁၇။ Calcium ၀.၂-၀.၅%
၁၈။ Iron ၀.၀၀၅-၀.၀၀၈%
၁၉။ Iodine ၃.၄ mg/100g။
၂၀။ Essential oil ၀.၀၈-၀.၂%
၂၁။ Energy ၄.၄ Kcal/100gm၊
ကွမ်းရွက်ရဲ့အာဟာရတန်ဖိုးများ။
၁။ ကွမ်းရွက်မှာဗီတာမင်းနဲ့သတ္ထုဓါတ်များ များစွာပါဝင်ပါတယ်။ ကွမ်းရွက် ၆ ရွက်မှာပါဝင်တဲ့
ဗီတာမင်းနဲ့သတ္ထုဓါတ်ဟာ နွားနို့ ၃၀၀ cc မှာပါတာနဲ့တူညီတယ်လို့ဆိုပါတယ်။
post by : achitsone.blogspot.com
0 comments:
Post a Comment