Comments

Thursday, September 7, 2017

အကောင်းမြင်သူလား အဆိုးမြင်သူလား

 ပြီးခဲ့တဲ့နှစ်က ကျွန်တော်တရုတ်ဘာသာစကားနဲ့ရေးသားထားပြီး MBA ပညာရပ်ကိုသင်ကြားပို့ချပေးနေတဲ့ Wechat Official Account တစ်ခုမှာဝင်ကြည့်ရင်းတွေ့ခဲ့ရတဲ့အကောင်းမြင်သူနဲ့ အဆိုးမြင်သူတွေကြား မတူညီတဲ့အချက်အလက်လေးတွေကို ပုံလေးတွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

သင်ဟာအကောင်းမြင်စိတ်ရှိသူတစ်ယောက်လား အဆိုးမြင်စိတ်ရှိသူတစ်ယောက်လားဆိုတာကို ပုံလေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ တကယ်လို့ကိုယ့်မှာ မကောင်းမြင်စိတ်ရှိခဲ့ရင်လည်း အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။













Share:

Wednesday, September 6, 2017

Marketing



MBAအတန်းသားတွေကို Marketingအကြောင်း စာသင်နေတယ်..Marketing Strategy ဘယ်နှစ်မျိုးရှိတယ်.. ဘာက ဘယ်လိုဆိုတာကို စာတွေ့တင် မဟုတ်ဘဲ မျက်လုံးထဲ ကွင်းခနဲ ကွက်ခနဲ မြင်ပြီး သဘောပေါက်သွားအောင် စာအုပ်ထဲက သီအိုရီတွေကို ပါတီပွဲက ကောင်မလေး အကြောင်းနဲ့ ယှဉ်ပြီး ပြောပြလိုက်တယ်..


"မင်းတို့ ပါတီပွဲတစ်ခုသွားတာ.. အဲဒီမှာ ငယ်ငယ်လှလှ ဆွဲဆောင်မှုရှိလွန်းတဲ့ မိန်းမချောလေးတစ်ယောက်ကို တွေ့လိုက်ရတယ်ဆိုပါတော့..

♥ 1. မင်းက ချက်ချင်းသွားပြီး "ငါက ချမ်းသာတယ်.. ငါ့ကို လက်ထပ်ပါ.." လို့ ပြောလိုက်တာ..

တိုက်ရိုက်စီးပွားရေး Direct Marketing လုပ်လိုက်တာပဲ..

♥ 2. အကယ်၍များ မင်းကိုယ်စား မင်းသူငယ်ချင်းက အဲဒီကောင်မလေးဆီသွားပြီး.. "ဒီကောင်က သိပ်ချမ်းသာတာ.. မင်း သူ့ကို လက်ထပ်ပါလား.." လို့ ပြောလိုက်တယ်ဆိုရင်တော့..

ဒါ ကြော်ငြာအားကိုးတာ.. Advertising ပေါ့ကွာ..

♥ 3. အဲဒီလိုတွေမှ မဟုတ်ဘဲ.. ကောင်မလေးက မင်းအနားကို လျှောက်လာပြီး.. "ရှင်က သိပ်ချမ်းသာတာပဲ.. ကျွန်မကို လက်ထပ်မလား.. " လို့ မေးလာခဲ့တယ်ဆိုရင်တော့..

ဈေးကွက်မှာ ကိုယ်က Brand Recognitionရနေပြီ.. နာမည်ရ Branded ပစ္စည်းဖြစ်နေလို့ မဆွတ်ခင်က ညွှတ်ချင်နေတာလေးတွေ ဝိုင်းနေတဲ့ သဘောပဲ တပည့်တို့ရေ....

♥ 4. နောက်ထပ် ဖြစ်နိုင်တာ တစ်ခုကတော့ကွာ..

ကောင်မလေးအနားသွားပြီး.. "ကိုယ်က အရမ်းချမ်းသာတာကွ.. မင်း ကိုယ့်ကို လက်ထပ်မလား.." လို့ မေးတာမှာ ပါးအရိုက်ခံလိုက်ရရင်တော့..

ဒါက သူ့ရဲ့ တုံ့ပြန်မှုပေါ့ကွာ.. Customer Feedbackဆိုတာ ဒါမျိုးကွ.. အခန့်မသင့်ရင် ပါး၂ဖက်လုံး ယောင်သွားမယ်..

♥ 5. မင်းက ကောင်မလေးကို "ကိုယ့်ကို လက်ထပ်မလား.. ကိုယ့်ပိုင်ဆိုင်မှုက တော်ရုံမဟုတ်ဘူးနော်.." လို့ ကြွားကောင်းတုန်းရှိသေး.. သူက သူ့ယောက်ျားခေါ်ပြီး မင်းနဲ့ မိတ်ဆက်ပေးလိုက်ရင်တော့..

ဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအား.. ချိန်ခွင်လျှာ တစ်ဖက်စောင်းနေတဲ့သဘောပဲပေါ့ကွယ်.. Market Demand and Supplyက ညီဖို့ ခက်တာကိုးကွ..

♥ 6. နောက်ထပ်အခြေအနေတစ်မျိုးက... မင်းမှာ ကောင်မလေးအနား ကပ်ပြီး "သိပ်ချမ်းသာတဲ့ ကိုယ့်လိုလူမျိုးကို မင်းလက်ထပ်မလား.." လို့တောင် မေးနိုင်တဲ့ အခွင့်အရေးမျိုး မရလိုက်သေးခင်မှာဘဲ.. မင်းရဲ့ မိန်းမက မင်းအနားကို ရောက်လာတယ်ဆိုရင်တော့...

ဈေးကွက်သစ် ဝင်ရောက်မယ့် မင်းရဲ့ အစီအစဉ်လေးတွေ အကုန်ရေစုန်မျောပြီဆိုတာ သိလိုက်သင့်ပြီ.. ဒါမျိုးက Restriction from Entering New Marketပဲ.. အလုပ်မစခင် ပြဿနာအရင်ရှင်း.. ပြဿနာမှ မရှင်းနိုင်ရင် အလုပ်မစနဲ့တော့ဆိုတာ သိထားတော့ပဲ.. "

ဒီလောက်ဆိုရင်.. Marketing Strategyက ဘာဆိုတာနဲ့ ဘယ်လိုဆိုတာ ကောင်းကောင်းသိကြရောပေါ့.. ဒီနေ့တော့ ဒီလောက်နဲ့ပဲ အတန်းဆင်းပြီကွယ်..

CD : Original Writer
Share:

Specialist လား Generalist လား



လူ့ဘ၀ရဲ့အချိန်​​တွေကအရမ်းတို​တောင်းပါတယ်​....အချို့ကပွဲမ၀င်​ခင်​ကြိုတင်​ပြင်​ဆင်​ဆိုတဲ့အတိုင်း ​လေ့လာသင်​ယူ​ပြီးမှသာ ပွဲဝင်​ကြပါတယ်​......

အဲ့ဒီ​နေရာမှာ​ ပညာဆိုတဲ့အရာ​တွေဟာ ယခင်​ကဆိုရင်​ လူသား​တွေရဲ့ ​တောင်းဆိုချက်​နည်းပါးတာ​ကြောင့်​ ဆင့်​ကဲ​ပြောင်းလဲမှု့ ဖြစ်​စဉ်​​တွေဟာလည်း ယ​နေ့​ခေတ်​လို မြန်​ဆန်​ခြင်းမရှိ​သေးပါဘူး....ပညာ​တွေမပုတ်​သိုးဘူး​ပေါ့ဗျာ....

ယ​နေ့​ခေတ်​မှာ နည်းပညာ​တွေ ဆင့်​ကဲ​ပြောင်းလဲမှု့မြန်​ဆန်​တဲ့ ဖြစ်​စဉ်​များ​ကြောင့်​ ပညာရပ်​​တွေမှာလည်း အချို့ပုတ်​သိုးလွယ်​ကုန်​ကြပါပြီ.....အဲ့ဒီအ​ကြောင်းကို ဆရာကြီးဦး​အောင်​သင်းက ကွန်​ပြူတာဝယ်​ရင်း ငြီးခဲ့ဖူးပါတယ်​....မင်းတို့ကွန်​ပြူတာအသစ်​​တွေက ​ခြောက်​လတစ်​ကြိမ်​​လောက်​ထွက်​​နေ​တော့ ငါဖြင့်​ပိုက်​ဆံစုရင်း ၀ယ်​စရာအသစ်​ဖြစ်​ရင်းမို့လိုက်​မမီ​တော့​ဘူးလို့ ဆိုခဲ့တာကိုမှတ်​မိပါ​သေးတယ်​.....

အချို့နည်းပညာ​တွေ​လေ့လာကြည့်​တဲ့အခါ သီအိုရီထဲမှာပဲ​တွေ့ပြီးအပြင်လက်​​တွေ့​လောကမှာ
သုံးမရ​တော့တာ နည်းပညာဆင့်​ကဲ​ပြောင်းလဲခြင်းအကျိုးရလဒ်​​တွေပါပဲ.....

ကျွန်​​တော်​အလုပ်​လုပ်​တဲ့အခါ အချို့ဘာမှမသိကြဘူး ... အလုပ်လုပ်ခွင့်ရလာ ကြုံလာတဲ့အခါမှာ ဟိုမေးဒီမေးလုပ်ရင်းကနေပင် သူတို့ရဲ့ လုပ်ငန်းများတွင် ကျင်လည်ကျက်စားလုပ်နိုင်ကိုင်နိုင်သွားကြ
တာကိုတွေ့ခဲ့ရပါတယ်။ ကျွန်​​တော်လည်းဘာမှမသိဘဲ ၀င်​လုပ်​ခဲ့ရတဲ့အလုပ်​​တွေရှိပါတယ်​ ။ထူးဆန်းတာက မတတ်​လို့မလုပ်​တာထက်​ လုပ်​ရင်းတတ်​​အောင်​သင်​သွားတာက ပိုမိုတတ်​လွယ်​သိလွယ်​ပြီး တကယ်​လုပ်​နို​င်​ခဲ့ကြတာပါပဲ.....

အင်္ဂလန်နိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲစီးပွားရေးပညာရှင်တစ်ဦးက"အခွင့်အရေးရရင်ခုန်ချလိုက်ပါ ပြီးမှသင်ယူပါ" ဟုပြောခဲ့ခြင်းဖြစ်ပါမယ်။ ကျွန်တော်တို့ငယ်စဉ်ကတည်းကရှေးဟောင်းအယူအ
ဆများကိုဖက်တွယ်ရင်းကြီးပြင်းလာကြတာမို့ အချို့အယူအဆများဟာ ခေတ်ကာလအခြေအနေအပေါ်မူ
တည်ပြီးပြောင်းလဲခဲ့ကြတာကို ကိုယ်တိုင်သတိမထားမိခဲ့ကြခြင်းဖြစ်ပါတယ်။

ယ​နေ့​ခေတ်​ကုမ္ပဏီလုပ်​ငန်းခွင်​​တွေမှာ အလုပ်​လုပ်​ကြတဲ့အခါ ကျွန်​​တော်​ဒါမသိဘူး မတတ်​ဘူးဆိုပြီး ငြင်း​နေလို့မရ​တော့ပါဘူးအဲ့လိုငြင်းလိုက်​ခြင်းဟာ သင့်​အခွင့်​အ​ရေးကို အခြားသူကိုလွဲ​ပေးလိုက်​တာနဲ့အတူတူပါပဲ....ယ​ခင်​ Specialist ကိုအားထားခဲ့ရာက​နေ ယခု Generalist​တွေက​ပိုမို​နေရာရလာပြီပဲ ဖြစ်​ပါတယ်​.....

ဒါ​ကြောင့်​ ဘယ်​ပညာပဲဖြစ်​ဖြစ်​ လုပ်​ရင်းနဲ့သင်​တာပိုထိ​ရောက်​မယ်​လို့ထင်​ပါတယ်​.....

Writer : Kyaw Swar Win
Share:

Search engine ရဲ့ ဆောင်ရွက်ချက်တွေက ဘာတွေလဲ



Search Engine Optimization (SEO) အကြောင်းပြောမယ်ဆိုရင်တော့ search engine ကအဓိကအကျဆုံးဖြစ်တဲ့အတွက် သူ့ရဲ့ဆောင်ရွက်ပုံတွေကို ပြန်ပြီးစဉ်းစားရပါလိမ့်မယ်။
အားလုံးသိထားသလို Search engine ဆိုတာ သူကိုယ်တိုင်က software အကြီးကြီးတခုလို့ဆိုနိုင်ပါတယ်။ အဲဒီ software ထဲမှာ သူ့အပိုင်းနဲ့သူ ဆောင်ရွက်နေတဲ့ sub-component/function/process တွေရှိပါတယ်။ အဲဒီ sub- တွေဟာ Internet searcher တွေရဲ့ query keyword/phrase (ဥပမာ-‘computer’/’myanmar website’/’how to get free domain’) တွေနဲ့ related ဖြစ်တဲ့ အကြောင်းအရာ webpages/websites တွေကို သက်ဆိုင်ရာ Algorithm တွေနဲ့ တွက်ချက်ဆန်းစစ်ပြီး အကြောင်းအရာနီးစပ်မှု အများအနည်းအလိုက် အစီအစဉ်အရ Internet user တွေရဲ့ရှေ့မှောက်ကိုပို့ဆောင်ပေးပါတယ်။ Search Engine တွေရဲ့ Result Page ရဲ့ ပထမဆုံးစာမျက်နှာရဲ့ ပထမဦးဆုံးသော link page ဟာ user ရဲ့ query keyword နဲ့ အကြောင်းအရာအနီးစပ်ဆုံး webpage ဖြစ်ပါတယ်။ အဲဒီ page ဟာ search engine တွေရဲ့ တွက်ချက်ဆန်းစစ်ချက်အရ page rank value ဟာ highest အဖြစ်ဆုံးအနေနဲ့ ထွက်လာတဲ့ အဖြေပါ။ Search engine ရဲ့အဓိက ဆောင်ရွက်ချက် function တွေကတော့-

Crawling
Web crawler (သို့) web spider (သို့) web robot လို့လည်း ခေါ်နိုင်ပါတယ်။ Crawler က Internet ထဲရှိ web server တွေထဲရှိတဲ့ webpage တွေအားလုံးကို သွားရှာပါတယ်။ အကြောင်းအရာအသစ်အဆန်း ဆိုရင်လည်း ရှာဖွေနိုင်ပါတယ်။ Popular ဖြစ်တဲ့ website တွေကစပြီးရှာပါတယ်။ Popular website ဆိုတာက အခြားသော ၀ါရင့် website များက သူ့ကို ပြန်ပြီး reference / back link လုပ်ထားတဲ့ အရေအတွက်အရ ဆုံးဖြတ်တာပါ။ Webpage တခုချင်းစီရဲ့ content တွေကို search engine database ထဲမှာ သိမ်းထားပါတယ်။ အဲဒီ page မှာ hyperlink တွေ ရှိတယ်ဆိုရင် အဲဒီ link တွေနောက်ကွယ်က webpage တွေထဲဆင်းပြီး အကြောင်းအရာတွေနဲ့ ဆက်လက်အလုပ်လုပ်ပါတယ်။ Webpage တစ်ခုပေါ်က hyperlink မှာ Internal link နဲ့ External link ဆိုပြီး ရှိပါတယ်။ Internal link ဆိုတာက same website အတွင်းရှိ other page ကို link လုပ်ထားခြင်းဖြစ်ပြီး External link က other website ရဲ့ page တခုခုကို link လုပ်ထားတာကိုဆိုလိုတာပါ။ Multi-threading technology ကို အသုံးပြုပြီး multiple website တွေကို တချိန်တည်း တပြိုင်တည်းမှာ Information အများကြီးရအောင် crawler က စုဆောင်းပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် search engines တွေဟာ website တွေရဲ့ hierarchical level သုံး၊ လေး ခုလောက်ထိပဲ ဆင်းပြီး crawl လုပ်ပါတယ်။ ဒါပေမယ့် Google ကတော့ depth level အတော်များများထိ ဆင်းပြီး အလုပ်လုပ်ပေးနိုင်ပါတယ်၊ အဲဒါကြောင့် Google ကို deep crawler လို့ သတ်မှတ်ကြပါတယ်။

Indexing
Webpage တွေရဲ့ content တွေ database ထဲစရောက်တာနဲ့ အဲဒီ content တွေထဲက မလိုအပ်တဲ့ stop word တွေဖြစ်တဲ့ a, an, the စတာတွေကို ဖယ်ထုတ်လိုက်ပြီး အဓိကကျန်တဲ့ keyword တွေကို catalog အနေနဲ့ဆောက်ပါတယ်။ ဘယ် keyword ဟာဒီ webpage မှာဘယ်နှစ်ကြိမ်တွေ့လဲဆိုတဲ့ ပါတဲ့အကြိမ်အရေအတွက်၊ Internal links အရေအတွက်၊ External links အရေအတွက်၊ back links အရေအတွက်တွေအရ sort လုပ်ပြီး သိမ်းထားပါတယ်။ Information တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ index ထောက်နိုင်အောင်ပါ။ နောက်ထပ် webpage ရောက်လာရင်လည်း သူရဲ့ content မှာပါတဲ့ keyword တွေအရ ခုနက catalog ကို update လုပ်ပါတယ်။ စာလုံးပေါင်းမှားတဲ့ word တွေ content မှာပါလာရင် တချို့ Indexer တွေဟာ dictionary လိုမျိုး lexicon တွေရဲ့ အကူအညီနဲ့ စာလုံးအမှန်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ Search engines တွေရဲ့ performance ကောင်းခြင်းဟာ index တွေကို ဘယ်လိုပုံစံနဲ့ ဆောက်ထားလဲဆိုတဲ့အပေါ်မှာ တစိတ်တပိုင်းမူတည်နေတဲ့အတွက် designer တွေဟာ Internet users တွေလိုချင်တဲ့ information တွေနဲ့ အနီးစပ်ဆုံး webpage တွေကို ပေးနိုင်ဖို့အတွက် indexing algorithms တွေကို အမြဲတမ်း optimize ဖြစ်အောင်ဆောင်ရွက်ကြပါတယ်။

Storage
Internet users တွေကို ပေးမယ့် content တွေကို retrieve လုပ်နိုင်တဲ့ ပမာဏဟာ search engines တွေမှာရှိတဲ့ storage space volume ပေါ်မှာ မူတည်နေတဲ့အတွက် Information တွေကို user ဆီကို မြန်မြန်ဆန်ဆန် အရောက်ပို့နိုင်ဖို့ Storage အပိုင်းကလည်း အရေးပါပါတယ်။ Google နဲ့ Yahoo! ဆိုရင် သူတို့ရဲ့ storage space ဟာ terabytes အထိရှိပါတယ်။

Ranking
Internet user တွေရဲ့ query keyword နဲ့ webpages တွေရဲ့ content တွေဟာ အကြောင်းအရာ ဘယ်လောက်ထိ ဆက်စပ်၊နီးစပ်မှုရှိလဲ တွက်ချက်ဖို့အတွက် algorithm အများကြီးကို သုံးရပါတယ်။ အကြောင်းအရာ ဆက်စပ်မှုအရှိဆုံး webpages တွေကို user ဆီကို ပေးနိုင်ဖို့အတွက်ပါ။ Website တခုရဲ့ page rank ကို တွက်ချက်ရာမှာ search engines တွေအနေနဲ့ အဓီကထားတဲ့ ranking factors နှစ်မျိုးရှိပါတယ်။ တမျိုးက content ပေါ်မှာ analysis လုပ်ပါတယ်၊ နောက်တမျိုးက link structure ပေါ်မှာ analysis လုပ်တာပါ။
  • Content analysis ကတော့ user က search လုပ်တဲ့ query keyword ဟာ webpage တွေပေါ်မှာ တွေ့ရတဲ့ အကြိမ်အရေအတွက် ဘယ်လောက်ရှိလဲ၊ webpage ရဲ့ title တို့ heading တို့ meta tag တို့မှာ အဲဒီ keyword သုံးထားသလား စတဲ့ အချက်အလက်တွေအရ စဉ်းစားပါတယ်။
  • Link structure analysis ကတော့ webpage တွေမှာရှိတဲ့ internal link နဲ့ external link အရေအတွက်၊ အဲဒီ့ hyper link တွေမှာ keyword သုံးထားပုံ၊ link လုပ်ထားသော webpage တွေရဲ့ popular ဖြစ်မှုအခြေအနေ၊ အခြားသော website များမှ အဲဒီ website ကို back link လုပ်ထားခြင်းရှိ၊ မရှိ၊ စသော အချက်အလက်များပေါ် အခြေခံပြီး တွက်ချက်ပါတယ်။ အကယ်၍များ search engine တွေက trusted (သို့) authorize (သို့) popular website ဟုသတ်မှတ်ထားတဲ့ website တခုခုကသာ မိမိတို့ရဲ့ website ကို link လုပ်ထားတယ် ဆိုရင် အဲဒီ back link ဟာ မိမိတို့ရဲ့ website ကိုတန်ဘိုးအရမ်းတက်စေပြီး higher page rank ရဖို့ နီးစပ်စေပါတယ်။ Authorized back link တခုရဖို့ မလွယ်ကူပေမယ့် ကြိုးစားရင် ရနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

အခုဆိုရင် စီးပွားရေးလုပ်ငန်း websites အတော်များများဟာ သူတို့ရဲ့ websites တွေကို search engines တွေမှာ higher page rank ရအောင်၊ အဲဒီ page rank ကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ထားနိုင်အောင် အထူးအာရုံစိုက်နေကြပါပြီ။ Myanmar websites များကို ရေးနေတဲ့ myanmar developers များကလည်း မိမိတို့ ဖန်တီးလိုက်တဲ့ webpage များ search engine တွေရဲ့ တွက်ချက်ဆန်းစစ်မှုတွေအောက်မှာ Organic Result Pages ရဲ့ higher page rank မှာရနိုင်အောင် သတိလက်လွတ်မဖြစ်စေဘဲ SEO tips/techniques တွေနဲ့ အသုံးချရေးစေလိုပါတယ်။
(စာဖတ်သူတွေရဲ့ comments တခုဟာ စာရေးသူကို ရှေ့တလှမ်းတက်ဖို့ ခွန်အားဖြစ်စေပြီး အရည်အသွေးကို တောက်ပြောင်စေဖို့ နည်းလမ်းကောင်းပါ)
ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

The four Essential SEO Techniques – Web Developer Must Know

1) Keyword optimization
2) Content optimization
3) Link optimization
4) Structure optimization

Share:

Thursday, August 24, 2017

စီးပွားရေးလုပ်ငန်းတို့ ဖြစ်လေ့ရှိသော အမှားများ




အောင်မြင်သော စီးပွားရေးလုပ်ငန်းတိုင်း၌ ပြောစရာဇာတ်လမ်း ရှိကြမြဲ ဖြစ်သည်။ အလယ်အလတ်လောက် အနေအထားမှ စတင်ပြီး ပျံတက်နိုင်သော အားကို ရရှိကြသည်။ ထိုမတိုင်ခင် ဆုံးရှုံးမှုများ၊ နောင်တရစရာ ပုံပြင်လည်းများစွာ ရှိခဲ့ရှိဆဲ ဖြစ်ပေမည်။ မတားမြစ်သင့်ခဲ့သော အဖိုးတန်လှသည့် စိတ်ကူး အယူအဆ တစ်ခုကို လက်လွတ်ခဲ့သည်များ၊ ယင်းက လုပ်ငန်းကို အလှည့်ပြောင်း ဖြစ်အောင် တွန်းတင်နိုင်သည်များ စသည်တို့မှာ အများအားဖြင့် ဖြစ်လေ့ရှိသော မဖြစ်သင့်သော အမှားတို့ ဖြစ်သည်။ ဖြစ်လေ့ရှိသော်လည်း သာမန် အမှားလေးပါဟု ပြောလို့မရ။ စီးပွားရေး လုပ်ငန်းရှင်တို့၏ ကြိုးပမ်းအားထုတ်မှုတို့ကို အဆုံးသတ်သွားနိုင်၍ ဖြစ်သည်။ ထိုသို့ လုပ်ငန်းငယ်တို့ ဖြစ်လေ့ရှိသော အမှားငါးမျိုးကို ဖော်ပြထားသည်။ 

အစုစပ် ပါတနာ ပြဿနာ လူမှန်ကို ရွေးချယ်နိုင်ခြင်းသည် လုပ်ငန်းကို လမ်းညွှန်နိုင်သော အကြံအစည်တို့ ရပြီး အောင်မြင်မှုသို့ ဦးတည်နိုင်သဖြင့် ထိုအချက်က အရေးပါသည်။ ဘဝတစ်သက်တာ အတွက် အိမ်ထောင်ဖက် ရွေးခြင်းကဲ့သို့ ဖြစ်သည်။ ကံမကောင်းစွာပင် လုပ်ငန်းများစွာတို့၌ အစုစပ် လုပ်မှုကို ပထမဆုံး ဖွဲ့စည်းရာတွင် ပုံစံမကျခဲ့ဘဲ ရှင်းလင်းဆွေးနွေးမှုမျိုး လုပ်ဖို့ပင် ကျော်ခဲ့ကြသည်။ ရေရှည် ခရီးယှဉ် ပြိုင်ပွဲထဲ၌ မည်သို့ လိုက်ဖက်အောင် လုပ်မည်ဆိုသည်ကို အနည်းငယ်သာ စဉ်းစားကြသည်။ ကျွမ်းကျင်သူများစွာက အကြံပေးသည်မှာ ပွင့်ဖူးကာစ စီးပွားရေး လုပ်ငန်းရှင်တို့ အနေဖြင့် အစုစပ် ဖြစ်လာမည့် သူများတွင် မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေများကို ရှောင်သင့်သည်ဟု ဆိုသည်။ ဆုံးဖြတ်ချက်ကောင်းများ ချနိုင်ရန် လိုအပ်သော နယ်နိမိတ်ကို မှုန်ဝါးစေနိုင်၍ ဖြစ်သည်။ စွန့်စားရမည့် အခြေအနေ၌ ရှုပ်ထွေး ခက်ခဲမှုကြောင့် ရှုံးနိမ့်မှု ဖြစ်အောင် ပြုလုပ်နိုင်သည်။ တကယ် လက်တွဲဖော် ပါတနာများစွာသည် လုပ်ငန်းအတွက် အလွန်ကောင်းသော ပါတနာများ ဖြစ်လေ့ရှိသည်။ ထိုသို့ မဟုတ်ဘဲ စည်းစိမ် ငွေကြေး အမြောက်အမြား ရနိုင်မည် မဟုတ်ပေ။ 

အရေးမကြီးသော ကိစ္စများတွင် စကားများ ရန်ဖြစ်လေ့ရှိသော မိသားစုဝင် ပါတနာတို့ကြောင့် ဒေဝါလီ ခံရသည်အထိ အမှား လုပ်မိခဲ့သော နမူနာ လုပ်ငန်းတို့ ရှိကြသည်။ ယနေ့ တရားရုံးများ၌ ရင်ဆိုင်ဖြေရှင်းနေကြသော ဖြစ်ရပ်များစွာတွင် နစ်နာမှုအတွက် လျော်ကြေး၊ ပိုင်ဆိုင်မှုကို ခွဲဝေခြင်း၊ အနာဂတ်တွင် ပြဿနာ ဖြစ်နိုင်သည်ကို ဆင်ခြင်နိုင်မှု မရှိ၍ ဖြစ်ကြောင်း စသည်ဖြင့် တွေ့ရရာ အစုစပ်ပါတနာ ရွေးချယ်ရာတွင် ရှောင်ရမည်ကို မရှောင်၍ ဖြစ်သည်။ မိမိ၏ အမြင်ကို မျှဝေနိုင်သောသူမျိုးသာ အစုစပ်တစ်ဦး အနေနှင့် အကျိုးအမြတ်ရှိသော လုပ်ငန်းတစ်ခု အဖြစ်သို့ အတူ လိုက်ပါနိုင်မည် ဖြစ်သည်။ မူပိုင်ခွင့်အတွက် မကျေနပ်ခြင်း ကိုယ်၏ ထုတ်ကုန်၊ လုပ်ငန်း အယူအဆအတွက် အာမခံထားသော တရားဝင်ပိုင်ခွင့်သည် အရေးကြီးပြီး မည်သူ တစ်ဦးမှ ပိုင်ဆိုင်ခွင့်အဖြစ် မတောင်းဆိုနိုင်အောင် ကျိန်းသေရန် လိုသည်။ မူပိုင်ခွင့် ဥပဒေကြောင့် အမှုအခင်းများမှာ နာမည်ကြီး အမှတ်တံဆိပ်များတွင် ရှုပ်ထွေးပြီး ထိန်းမနိုင်အောင် ပျံ့နှံ့နေသည်။ ဥပမာ ဆမ်ဆောင်းနှင့် Sharp၊ မိုက်ခရိုဆော့နှင့် Saleforce.com ကဲ့သို့ ကိစ္စမျိုးတို့ ဖြစ်သည်။ 

မိမိ၏ အယူအဆ အိုင်ဒီယာဖြစ်ကြောင်း တောင်းဆိုမှု ရှင်းလင်းရေရာမှု မရှိသမျှ လွတ်သည့်ငါး ကြီးသော ဝေဒနာကို ခံစားရမည်။ ကုမ္ပဏီငယ်များသည်လည်း ထုတ်လုပ်မှု၊ ဈေးကွက်၊ အိုင်ဒီယာ ရောင်းချမှုတို့၏ လုပ်ပိုင်ခွင့်အပေါ် ပြင်းထန်စွာ တိုက်ပွဲဝင်လေ့ ရှိသည်။ အစီအစဉ်တကျ ကျိန်းသေအောင် လုပ်နိုင်လျှင် ကိုယ်ပိုင် အိုင်ဒီယာ၊ မူပိုင်ခွင့်၊ အမှတ်တံဆိပ် စသည်တို့သည် တကယ်တမ်းလည်း ကိုယ်ပိုင်အဖြစ် ကျန်ရစ်မည်။ အစီအစဉ်တကျ ကျိန်းသေအောင် လုပ်ခြင်းက ကိုယ့်လုပ်ပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်သော အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ ရောဘတ်ကီအန်ဆိုသော ကားရှေ့မှန်ရေသုတ်တံ တီထွင်ခဲ့သူသည် သူဘဝတစ်လျှောက်လုံး သူတီထွင်ခဲ့သော ပစ္စည်းအတွက် မူပိုင်ခွင့်ကို တရားရုံး၌ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးကျမှ သူ့အယူအဆ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ 

မည်သူမှ သူ့လို ကြုံချင်ကြမည် မဟုတ်ပါ။ ထိန်းချုပ်ရန် သတိမထားမိခြင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးသောအခါ အုပ်ချုပ်မှု အပိုင်းက ပါတနာများ သို့မဟုတ် ယုံကြည် အပ်နှံထားသော ကျွမ်းကျင်သူများသို့ လွှဲပြောင်းပေးလိုက်သည်။ သို့သော်လည်း မှတ်တမ်းများအရ ထိုလုပ်ဆောင်မှုသည် မကြာခဏ ဆိုသလို ကုန်ကျစရိတ် ကြီးမားသော အမှားမျိုးဖြစ်ကြောင်း တွေ့ရသည်။ အထူးသဖြင့် ပြိုင်ပွဲ၌ သုံးစွဲရန်၊ ရင်းနှီးရန် ငွေကြေးများကို သုံးစွဲနိုင်ခွင့် ရှိနေ၍ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းငယ် တစ်ခုတွင် တစ်ဦးတည်းပိုင် ဖြစ်လျှင် သို့မဟုတ် ကော်ပိုရေးရှင်းနှင့် သက်ဆိုင်သော ငွေကြေးတို့၌ ကြီးမားစွာ တာဝန်ရှိသူ ဖြစ်လျှင် နောက်ဆုံး၌ ထိုတာဝန်ရှိမှုအရ ငွေကြေးများ ကို အမြော်အမြင်ရှိစွာ သုံးစွဲမည် ဖြစ်သည်။ လက်မှတ်ထိုးရမည့် ကိစ္စအတွက် ချက်လက်မှတ်ကို မစစ်ဆေးဘဲ ဘယ်တော့မှ မပေးခြင်း၊ ဝန်ထမ်းတစ်ဦး၏ အွန်လိုင်းပေါ်မှ ငွေစာရင်းများ၏ တန်ဖိုးကို ကြည့်ရှုစစ်ဆေးခြင်းတို့လို မရိုးသားသော လှုပ်ရှားမှု ဖြစ်နိုင်သော၊ အန္တရာယ်ဖြစ်နိုင်သော အချက်တို့ကို သတိပြုရမည် ဖြစ်သည်။ 

ကုမ္ပဏီများစွာတို့သည် အတွင်းပိုင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရန် အားနည်းမှုဒဏ်ရာကို ခံစားရလေ့ ရှိသည်။ ကုမ္ပဏီကို တိုးတက်စေလိုလျှင် စာရင်းအင်းဆိုင်ရာနှင့် ဌာနတို့တွင် စာရင်းအင်းဆိုင်ရာ အမြင့်ဆုံး အဆင့်ရှိအောင် ထိန်းနိုင်ရန် အရေးကြီးဆုံး ဖြစ်သည်။ စွန့်စားမှုအားလုံးကို ရှောင်ရှားခြင်း ရှယ်ယာအီကွီတီတို့ အတွက် ငွေကြေးပေးရန် လိုအပ်လျှင် သေချာသော အခြေခံကို ပေးနိုင်မှ ယုံကြည်မှုရမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့် ပါတနာတို့က လုပ်ငန်းထဲသို့ ရင်းနှီးရန်ခွင့် ပြုကြမည် ဖြစ်သည်။ ထိုသို့ မလုပ်နိုင်လျှင် တိုးတက်ကြီးထွားမှု ဆုံးရှုံးနိုင်သည်။ မိမိကုမ္ပဏီ တိုးတက်မှု မရှိဘဲ ရပ်တန့်သွားအောင် ပြုသလိုမျိုး နောက်ပိုင်းကာလတွင် ဖြစ်လာမည်။ အစပိုင်း ချဉ်းကပ်ရာတွင် ပေးနိုင်သော ရဲစွမ်းသတ္တိရှိမှ ရင်းနှီးမြှုပ်နှံသူများနှင့် အစုစပ်များ၏ အရင်းအနှီးများအပေါ် အမြင်ရှုထောင့်မှာ ရှေ့သို့ ဆက်သွားနိုင်ရန် သင့်ကို လိုအပ်သည်ဆိုသော သဘောထား ဖြစ်မည်။ 

ထိုအချက်က ကိုယ်ပိုင် အရင်းအနှီးကို စွန့်စားရမှု အနည်းဆုံးဖြစ်အောင် ကုမ္ပဏီ၏ လုပ်ငန်းစဉ်များနှင့် အစဉ်အလာကို ဆက်ထိန်းအောင် လုပ်နိုင်သည်။ မိမိလုပ်ငန်းတွင် ကိုးကွယ်ရမည့် ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြနိုင်သည်နှင့် အမျှ လိုအပ်သော အရင်းအနှီးများလည်း ရရှိလာမည် ဖြစ်သလို ထိုကွန်ရက်၊ လျှို့ဝှက်သဘောတူညီမှုမျိုး ရေးသားပြင်ဆင်ထားခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထိုသဘောတူညီမှု အမျိုးအစားကို “မဖော်ထုတ်အပ်သော သဘောတူညီမှု” (NDA) ဟုခေါ်သည်။ စာတစ်မျက်နှာစာရှိ ထိုအာမခံ ကန်ထရိုက်က သင်၏ စီးပွားရေး အလေ့အထတို့ကို မီဒီယာ သို့မဟုတ် အခြားလုပ်ငန်းထု အထူးသဖြင့် ပြိုင်ဘက်များက ထုတ်ဖော်ခြင်း မပြုနိုင်အောင်၊ မရရှိနိုင်အောင် အကာအကွယ် ပေးသည်။ အများနှင့်ဆိုင်သော (NDA) နမူနာတို့ကို အွန်လိုင်းမှ ရယူနိုင်ပြီး လုပ်ငန်းလိုအပ်ချက်နှင့် လိုက်ဖက်အောင် ဥပဒေပိုင်းကျွမ်းကျင်သူ၏ မှတ်ချက် အကြံဉာဏ် ရဖို့လည်း ကြိုးစားရမည် ဖြစ်သည်။ 

နိဂုံးချုပ်ရလျှင် အခြားသူတို့၏ ဆုံးရှုံးမှုများကို သင်ခန်းစာယူပြီး စီးပွားရေး လုပ်ငန်းများတွင် ကြီးမားစွာ မှားယွင်းနေသော ဖြစ်လေ့ရှိသော ယခု အမှားတို့ကို ရှောင်ရှားနိုင်မှ လုပ်ငန်းတွင် အောင်မြင်သူများ ဖြစ်လာပေမည်။ ထိုအချက်တို့က တန်ဖိုးလည်း မကြီးမားလှပါ။ ကြိုတင်ပြင်ဆင်ခြင်းကသာ မမျှော်လင့်သည်တို့ ဖြစ်မလာအောင် ရှောင်နိုင်ပြီး တရားရုံး အရှုပ်အထွေးတို့ဖြင့် လမ်းချော်သွားခြင်းမျိုး မဖြစ်အောင် ရှောင်နိုင်သည်။



Share:

စွမ်းရည်မြင့်မား ဝန်ထမ်းများ စုစည်း ထားရန်



မြန်မာ့ ရေမြေ သယံဇာတ၊ ဒေသ ပထဝီဝင်၊ ပတ်ဝန်းကျင်နှင့် နိုင်ငံရေး စီးပွားရေး အဆောက် အဦး ဖြစ်ပေါ် ပြောင်းလဲမှုများသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု “ခေတ်ဆန်ချိန်”သို့ မကြာမီ ရောက်ရှိ နိုင်ကြောင်း ခန့်မှန်း နိုင်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တည်ငြိမ်ပြည့်စုံ လာလျှင် ပြည်ပစီးပွားရေးအင်အားစုများသည် လည်း ဝင်ရောက်လာကြပေလိမ့်မည်။ FDI (Foreign Direct Investment) ပြည်ပမှ ရင်းနှီးမြှုပ် နှံမှုများ သည် Capital Investment Power ကောင်းပါသည်။ အဆင့်မြင့်နည်း ပညာ High-Tech များအသုံးပြုကြ မည်ဖြစ်ပါသည်။
Menagement and Business Administration ကောင်းများကို ကျင့်သုံးကြမည်ဖြစ် ပါသည်။ ၄င်းတို့အတွက် ကာလတို အခက်အခဲဖြစ်ဖွယ်ရှိသော အရည် အသွေးကောင်းရှိသူ ဝန်ထမ်းများ၊ လုပ်သားများရရှိရေးအတွက် Agencies, Recruiters နှင့် Head hunters များ၏ပူးပေါင်းဆောင်ရွက်မှု ရယူ၍ HRM ကိုထူထောင်ကြမည် ဖြစ်ပါသည်။

လုပ်သားများ၊ ဝန်ထမ်းများအနေ ဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် အခွင့်အလမ်းသာသော ခံစားခွင့်၊ လစာများနှင့်ကာလရှည်တွင် တိုး တက်နိုင်မှုစသည့် “အတိုင်းအတာစံ” များဖြင့် အလုပ်အကိုင်အခွင့်အလမ်း ကောင်းကို ရွေးချယ်လုပ်ကိုင်ကြမည် ဖြစ်ရာ မိမိကုမ္ပဏီအဖွဲ့အစည်း အတွင်းမှ ဝန်ထမ်းကောင်းများ ပြောင်းရွှေ့ထွက်ခွာသွားပါက နစ်နာ ဆုံးရှုံးမှုနှင့်အခက်အခဲများ ကြုံတွေ့ ရနိုင်ပါသည်။ သို့ဖြစ်၍ ဝန်ထမ်း ကောင်း များအခြားသို့ ပြောင်းရွေ့မသွားစေရန် ပြည့်စုံကောင်းမွန်သော အစီအစဉ်များချမှတ်ဆောင်ရွက်ရန် လိုပါသည်။

How to retain your best people

ကုမ္ပဏီအတွက် အောင်မြင်မှု များရယူပေးနိုင်သည့် ဝန်ထမ်း ကောင်းများ (most valuable person) များစွာမွေးထုတ်ရာတွင် skill, experience & knowledge တို့ကို အခြေခံစဉ်းစား သည်သာမက ဝန်ထမ်း၏ Activities နှင့် Performances များကို လည်း ခွဲခွဲခြားခြား သုံးသပ် ရွေးချယ်ရန်လိုပါသည်။ လုပ်ငန်းခွင်အတွင်း လှုပ်ရှားဆောင်ရွက်မှုများ မနားမနေ ထုတ်ဖော်ပြသနေသည့်တိုင် လုပ်ငန်းဦးတည်ချက်ကို ရောက်ရှိအောင်မြင်မှု မရှိပါက end result ကောင်းမဟုတ် ပါ။ Performances ကောင်းသည်ဟု သတ် မှတ် မရပါ။ လုပ်ငန်း၏ nature ကျင့်သုံးသည့် Cuture တို့ကိုအကျွမ်း တဝင်ရှိပြီး ရည်မှန်းချက်အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်လေ့ရှိသည့် ဝန်ထမ်းကောင်း လုပ်သားကောင်းများကို မိမိအဖွဲ့အစည်းအတွင်း ထိန်းသိမ်းထား တတ်ရန် အထူးလို အပ်ပါသည်။

ထိပ်တန်း အရည်အသွေးရှိ ဝန်ထမ်းကောင်းများ ဘာကြောင့် ထွက်ခွာသွားကြသလဲဟူသော အမေး ရှု့ထောင့်မှ သုံးသပ်ကြည့်နိုင် ပါသည်။ Why top quality people leave?) ဤအချက်ကို ဆန်းစစ်လျှင် ဝန်ထမ်း များ(လုပ်သားများကိုလည်း ညွှန်းဆိုပါ သည်) သည် more money, better benefit, their satisfiers များကို အစဉ် ဦးစားပေး ရှာဖွေနေလေ့ရှိကြ ပါသည်။

မိမိအား အသိအ မှတ်ပြု တန်ဖိုးထားမှု ရှိ မရှိဆိုသည့်အချက် အပေါ်မူတည်၍ ပြောင်းရွှေ့နုတ် ထွက်ခြင်းလည်း ပြုလုပ်တတ်ပါ သည်။ မိမိဘဝအတွက် Career prospect မရှိလျှင် Limited opportunity ဖြစ်နေလျှင် ၄င်းတို့သည် လက်ရှိ လုပ်ငန်းခွင်ကို စွန့်ခွာ ကြမည် ဖြစ်ပါသည်။

ဝန်ထမ်းကောင်းများသည် Good supervision ကိုလိုလားပြီး positive response ကို ပေးတတ်ကြသည့် အပြင်အဖြစ် လည်း ရပ်တည်လိုတတ်ကြပါသည်။

အထက်ဖော်ပြပါ သဘောသဘာဝများကို စီမံခန့်ခွဲသူများ သတိမူမိကြရန် လိုအပ်သည့်အပြင် Jop employee များနှင့်ဆက်ဆံ ရေးကို အလေးထားလျက်ခိုင်မာစွာတည် ဆောက်ထားရန်လိုပါသည်။ (Develop a relationship plan for each top employee)

မိမိလုပ်ငန်းသည် စွမ်းရည် မြင့်မားသော ဝန်ထမ်းကောင်းများ စုစည်းထားရှိနိုင်ပါက တိုးတက် အောင်မြင်မှုများ မလွဲမသွေရရှိမည် ဖြစ်သကဲ့သို့ Top employee, Best employee, Prized employee များ၏ nature, actitude များကို သိရှိ သဘောပေါက်လျက် ကာလရှည် လက်တွဲနိုင်စေရန် အောက်ဖော်ပြပါ အချက်များကို စီမံသင့်၊ ဆောင်ရွက်သင့်ပါသည်။

လူ့အစွမ်းအစထုတ်ဖော်မှုကို စိန်ခေါ်သည့် လုပ်ငန်းတာဝန်များ Challenging goals ကို လုပ်ငန်း ကာလအပိုင်းအခြားဖြင့် reasonable deadline တာဝန်ပေးအပ်မှုလုပ်ရပါမည်။ မိမိအလုပ်ခွင်တွင် မျှော်မှန်း ချက် မြင့်မြင့်မားမားထားနိုင်သည့် အခြေအနေ high expectation ရှိရ ပါမည်။ HR policies ကောင်းများ ကျင့်သုံးရန် အထူးလိုအပ်ပါသည်။

ထိုက်တန်စွာ ရာထူးတာဝန် တိုးမြှင့်ပေးမှုရှိရပါမည်။ (Promotion is a powerful morale booster) ကြိုးပမ်းအားထုတ်မှု effort နှင့် အောင်မြင်မှုအတွက် ချီးမြှင့်မှု give full credit for achievement တို့ကို တန်ဖိုးထားကြောင်း ပြသနိုင်ရ ပါမည်။ တာဝန်သိမှု၊ တာဝန်ရှိမှုအတွက် လုပ်ဆောင်ပိုင်ခွင့်ကို လိုအပ်ချက်နှင့်အညီ အပြည့်အဝ ကျင့်သုံးခွင့် ပြုရပါမည်။ (Delegate authority)

ထူးထူး ခြားခြား စွမ်းဆောင်မှု၊ ထူးချွန်မှု excellence ကို စံမမီသော ရလဒ်များဖြင့် ခွဲခွဲခြားခြား မှတ်တမ်းတင် ဂုဏ်ပြုရပါမည်။ (not to accept second rate workmanship)

အသင်းအဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်အောင်မြင်မှုကို ဖန်တီး ဖော်ထုတ်ပေးရပါမည်။ (practise teamwork, keep the team running successfully)

စွန့်စားတီထွင်လုပ်ကိုင်မှုကို ပံ့ပိုးပေးရန်၊ အားပေးရန်လိုပါသည်။ (encourage risk-taking and innovation) ၀န်ထမ်းများ၏ အောင်မြင်မှု အတွက် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရပါမည်။ (provide to get whatever they need)

ဝန်ထမ်းများ၏ အပြုသဘော သုံးသပ်အကြံပြုချက်၊ ထင်မြင်ယူဆချက်များအပေါ် အလေးတယူဆောင် ရွက်ပေးရပါမည်။ (act on employee suggestions)

ဝန်ထမ်းများနှင့်စပ်လျဉ်းသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၄င်းတို့ပါဝင် စဉ်းစားဆုံးဖြတ်နိုင်ခွင့်ကို လိုအပ်သည့် အတိုင်းအတာ ဖြင့် လမ်းဖွင့်ပေးခြင်းမျိုး ပြုလုပ်ရပါမည်။ (let workers participate in making decisions that directly effect them)

ဝါရင့်ဝန်ထမ်းများမှ အတွေ့အကြုံကောင်း ဝေငှပေးသည့် အစီအစဉ်ကို လုပ်ငန်းခွင်အတွင်း ဖော် ထုတ်ပေးရပါမည်။ (encourage experienced workers to become mentors)

ရိုးရှင်းမျှတမှန်ကန်သော လုပ်ခွင်စည်းကမ်းများကို လိုအပ်သမျှ သာ ချမှတ်ပြဋ္ဌာန်းရန်နှင့်ရှုပ်ထွေး ကျပ်တည်းသော ပြဋ္ဌာန်းချက် များကို ကျင့်သုံးခြင်း ရှောင်ကြဉ်ရပါမည်။ (workplace rules few and simple)

အရည်အသွေးတိုးတက် မြင့်မားစေရန် အစဉ်သင်ယူလေ့လာမှု အခွင့်အလမ်းများကို ထူထောင်ပေး နိုင်ရပါမည်။ (promote life-long learning)

အဖွဲ့အစည်းကောင်းတစ်ခု ၏ Image ဖြစ်သော ကျင့်စဉ်အလေ့ အထကောင်းများ သက်ဝင်ရှင်သန်နေ စေရပါမည်။ (cultivate organizational culture: value to hardwork, fairplay, honesty, mutural respect etc;)

လန်းဆန်းပျော်ရွှင်ဖွယ် လုပ် ငန်းခွင်တစ်ခုဖြစ်နေစေရပါမည်။ (have fun at work) အထက်ဖော်ပြပါ အချက်များ ဖြင့် ဝန်ထမ်း ကောင်းများ စုစည်း ရှင်သန်ကျက်စားရာ အဖွဲ့အစည်း တစ်ရပ်အဖြစ် မိမိလုပ်ငန်းကို ထူထောင်လျက် ‘Perfect competion’ ကာ လတွင်း ဝယ် အောင်မြင်မှု အထိမ်းအမှတ်များ စိုက်ထူနိုင်စေရန် အကြံပြုဖော်ပြလိုက် ရပါသည်။

ဒေါက်တာကျော်ဝင်း (Finance)

Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts