Comments

Wednesday, September 6, 2017

Search engine ရဲ့ ဆောင်ရွက်ချက်တွေက ဘာတွေလဲ



Search Engine Optimization (SEO) အကြောင်းပြောမယ်ဆိုရင်တော့ search engine ကအဓိကအကျဆုံးဖြစ်တဲ့အတွက် သူ့ရဲ့ဆောင်ရွက်ပုံတွေကို ပြန်ပြီးစဉ်းစားရပါလိမ့်မယ်။
အားလုံးသိထားသလို Search engine ဆိုတာ သူကိုယ်တိုင်က software အကြီးကြီးတခုလို့ဆိုနိုင်ပါတယ်။ အဲဒီ software ထဲမှာ သူ့အပိုင်းနဲ့သူ ဆောင်ရွက်နေတဲ့ sub-component/function/process တွေရှိပါတယ်။ အဲဒီ sub- တွေဟာ Internet searcher တွေရဲ့ query keyword/phrase (ဥပမာ-‘computer’/’myanmar website’/’how to get free domain’) တွေနဲ့ related ဖြစ်တဲ့ အကြောင်းအရာ webpages/websites တွေကို သက်ဆိုင်ရာ Algorithm တွေနဲ့ တွက်ချက်ဆန်းစစ်ပြီး အကြောင်းအရာနီးစပ်မှု အများအနည်းအလိုက် အစီအစဉ်အရ Internet user တွေရဲ့ရှေ့မှောက်ကိုပို့ဆောင်ပေးပါတယ်။ Search Engine တွေရဲ့ Result Page ရဲ့ ပထမဆုံးစာမျက်နှာရဲ့ ပထမဦးဆုံးသော link page ဟာ user ရဲ့ query keyword နဲ့ အကြောင်းအရာအနီးစပ်ဆုံး webpage ဖြစ်ပါတယ်။ အဲဒီ page ဟာ search engine တွေရဲ့ တွက်ချက်ဆန်းစစ်ချက်အရ page rank value ဟာ highest အဖြစ်ဆုံးအနေနဲ့ ထွက်လာတဲ့ အဖြေပါ။ Search engine ရဲ့အဓိက ဆောင်ရွက်ချက် function တွေကတော့-

Crawling
Web crawler (သို့) web spider (သို့) web robot လို့လည်း ခေါ်နိုင်ပါတယ်။ Crawler က Internet ထဲရှိ web server တွေထဲရှိတဲ့ webpage တွေအားလုံးကို သွားရှာပါတယ်။ အကြောင်းအရာအသစ်အဆန်း ဆိုရင်လည်း ရှာဖွေနိုင်ပါတယ်။ Popular ဖြစ်တဲ့ website တွေကစပြီးရှာပါတယ်။ Popular website ဆိုတာက အခြားသော ၀ါရင့် website များက သူ့ကို ပြန်ပြီး reference / back link လုပ်ထားတဲ့ အရေအတွက်အရ ဆုံးဖြတ်တာပါ။ Webpage တခုချင်းစီရဲ့ content တွေကို search engine database ထဲမှာ သိမ်းထားပါတယ်။ အဲဒီ page မှာ hyperlink တွေ ရှိတယ်ဆိုရင် အဲဒီ link တွေနောက်ကွယ်က webpage တွေထဲဆင်းပြီး အကြောင်းအရာတွေနဲ့ ဆက်လက်အလုပ်လုပ်ပါတယ်။ Webpage တစ်ခုပေါ်က hyperlink မှာ Internal link နဲ့ External link ဆိုပြီး ရှိပါတယ်။ Internal link ဆိုတာက same website အတွင်းရှိ other page ကို link လုပ်ထားခြင်းဖြစ်ပြီး External link က other website ရဲ့ page တခုခုကို link လုပ်ထားတာကိုဆိုလိုတာပါ။ Multi-threading technology ကို အသုံးပြုပြီး multiple website တွေကို တချိန်တည်း တပြိုင်တည်းမှာ Information အများကြီးရအောင် crawler က စုဆောင်းပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် search engines တွေဟာ website တွေရဲ့ hierarchical level သုံး၊ လေး ခုလောက်ထိပဲ ဆင်းပြီး crawl လုပ်ပါတယ်။ ဒါပေမယ့် Google ကတော့ depth level အတော်များများထိ ဆင်းပြီး အလုပ်လုပ်ပေးနိုင်ပါတယ်၊ အဲဒါကြောင့် Google ကို deep crawler လို့ သတ်မှတ်ကြပါတယ်။

Indexing
Webpage တွေရဲ့ content တွေ database ထဲစရောက်တာနဲ့ အဲဒီ content တွေထဲက မလိုအပ်တဲ့ stop word တွေဖြစ်တဲ့ a, an, the စတာတွေကို ဖယ်ထုတ်လိုက်ပြီး အဓိကကျန်တဲ့ keyword တွေကို catalog အနေနဲ့ဆောက်ပါတယ်။ ဘယ် keyword ဟာဒီ webpage မှာဘယ်နှစ်ကြိမ်တွေ့လဲဆိုတဲ့ ပါတဲ့အကြိမ်အရေအတွက်၊ Internal links အရေအတွက်၊ External links အရေအတွက်၊ back links အရေအတွက်တွေအရ sort လုပ်ပြီး သိမ်းထားပါတယ်။ Information တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ index ထောက်နိုင်အောင်ပါ။ နောက်ထပ် webpage ရောက်လာရင်လည်း သူရဲ့ content မှာပါတဲ့ keyword တွေအရ ခုနက catalog ကို update လုပ်ပါတယ်။ စာလုံးပေါင်းမှားတဲ့ word တွေ content မှာပါလာရင် တချို့ Indexer တွေဟာ dictionary လိုမျိုး lexicon တွေရဲ့ အကူအညီနဲ့ စာလုံးအမှန်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ Search engines တွေရဲ့ performance ကောင်းခြင်းဟာ index တွေကို ဘယ်လိုပုံစံနဲ့ ဆောက်ထားလဲဆိုတဲ့အပေါ်မှာ တစိတ်တပိုင်းမူတည်နေတဲ့အတွက် designer တွေဟာ Internet users တွေလိုချင်တဲ့ information တွေနဲ့ အနီးစပ်ဆုံး webpage တွေကို ပေးနိုင်ဖို့အတွက် indexing algorithms တွေကို အမြဲတမ်း optimize ဖြစ်အောင်ဆောင်ရွက်ကြပါတယ်။

Storage
Internet users တွေကို ပေးမယ့် content တွေကို retrieve လုပ်နိုင်တဲ့ ပမာဏဟာ search engines တွေမှာရှိတဲ့ storage space volume ပေါ်မှာ မူတည်နေတဲ့အတွက် Information တွေကို user ဆီကို မြန်မြန်ဆန်ဆန် အရောက်ပို့နိုင်ဖို့ Storage အပိုင်းကလည်း အရေးပါပါတယ်။ Google နဲ့ Yahoo! ဆိုရင် သူတို့ရဲ့ storage space ဟာ terabytes အထိရှိပါတယ်။

Ranking
Internet user တွေရဲ့ query keyword နဲ့ webpages တွေရဲ့ content တွေဟာ အကြောင်းအရာ ဘယ်လောက်ထိ ဆက်စပ်၊နီးစပ်မှုရှိလဲ တွက်ချက်ဖို့အတွက် algorithm အများကြီးကို သုံးရပါတယ်။ အကြောင်းအရာ ဆက်စပ်မှုအရှိဆုံး webpages တွေကို user ဆီကို ပေးနိုင်ဖို့အတွက်ပါ။ Website တခုရဲ့ page rank ကို တွက်ချက်ရာမှာ search engines တွေအနေနဲ့ အဓီကထားတဲ့ ranking factors နှစ်မျိုးရှိပါတယ်။ တမျိုးက content ပေါ်မှာ analysis လုပ်ပါတယ်၊ နောက်တမျိုးက link structure ပေါ်မှာ analysis လုပ်တာပါ။
  • Content analysis ကတော့ user က search လုပ်တဲ့ query keyword ဟာ webpage တွေပေါ်မှာ တွေ့ရတဲ့ အကြိမ်အရေအတွက် ဘယ်လောက်ရှိလဲ၊ webpage ရဲ့ title တို့ heading တို့ meta tag တို့မှာ အဲဒီ keyword သုံးထားသလား စတဲ့ အချက်အလက်တွေအရ စဉ်းစားပါတယ်။
  • Link structure analysis ကတော့ webpage တွေမှာရှိတဲ့ internal link နဲ့ external link အရေအတွက်၊ အဲဒီ့ hyper link တွေမှာ keyword သုံးထားပုံ၊ link လုပ်ထားသော webpage တွေရဲ့ popular ဖြစ်မှုအခြေအနေ၊ အခြားသော website များမှ အဲဒီ website ကို back link လုပ်ထားခြင်းရှိ၊ မရှိ၊ စသော အချက်အလက်များပေါ် အခြေခံပြီး တွက်ချက်ပါတယ်။ အကယ်၍များ search engine တွေက trusted (သို့) authorize (သို့) popular website ဟုသတ်မှတ်ထားတဲ့ website တခုခုကသာ မိမိတို့ရဲ့ website ကို link လုပ်ထားတယ် ဆိုရင် အဲဒီ back link ဟာ မိမိတို့ရဲ့ website ကိုတန်ဘိုးအရမ်းတက်စေပြီး higher page rank ရဖို့ နီးစပ်စေပါတယ်။ Authorized back link တခုရဖို့ မလွယ်ကူပေမယ့် ကြိုးစားရင် ရနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

အခုဆိုရင် စီးပွားရေးလုပ်ငန်း websites အတော်များများဟာ သူတို့ရဲ့ websites တွေကို search engines တွေမှာ higher page rank ရအောင်၊ အဲဒီ page rank ကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ထားနိုင်အောင် အထူးအာရုံစိုက်နေကြပါပြီ။ Myanmar websites များကို ရေးနေတဲ့ myanmar developers များကလည်း မိမိတို့ ဖန်တီးလိုက်တဲ့ webpage များ search engine တွေရဲ့ တွက်ချက်ဆန်းစစ်မှုတွေအောက်မှာ Organic Result Pages ရဲ့ higher page rank မှာရနိုင်အောင် သတိလက်လွတ်မဖြစ်စေဘဲ SEO tips/techniques တွေနဲ့ အသုံးချရေးစေလိုပါတယ်။
(စာဖတ်သူတွေရဲ့ comments တခုဟာ စာရေးသူကို ရှေ့တလှမ်းတက်ဖို့ ခွန်အားဖြစ်စေပြီး အရည်အသွေးကို တောက်ပြောင်စေဖို့ နည်းလမ်းကောင်းပါ)
ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

The four Essential SEO Techniques – Web Developer Must Know

1) Keyword optimization
2) Content optimization
3) Link optimization
4) Structure optimization

Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts