ဘဝမှာကျန်းမာပျော်ရွှင်ချင်တယ်
ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊ ဘဝတက်လမ်း၊အသည်းနဲ့ ဆက်ဆံရေးတွေမှာ
ကိုယ်ခံစွမ်းအား ကောင်းမွန်စွာနဲ့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ဖို့
လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ။
သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့
ဖိစီးမှုဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။ အေးငြိမ့်နေတဲ့
သံစဉ်ဟာနားမှတစ်ဆင့် စိတ်ရှုပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ
စိတ်ပြေလျော့သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ။
နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကိုတွေးတော လိုက်ရင် ကြည်နူးမှုကို ပိုမိုရရှိစေပါလိမ့်မယ်။
အတိတ်ရဲ့အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။
နာနတ်သီးမှာမှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ်အများအပြား
ပါဝင်နေပါတယ်။
သင့်ဘဝတက်လမ်းကို အားဖြည့်ပါ။
အနက်ရောင် ဘယ်ရီသီးပါဝင်တဲ့ နံနက်စာကို စားပေးတာက
အသက်မွေးဝမ်းကြောင်းအလုပ် လုပ်ကိုင်နေသူတွေမှာတခြားသူတွေထက်
တွေးခေါ်မြော်မြင်မှု ပိုကောင်းပြီးပိုအောင်မြင် ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ။
အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယားပါဝင်တဲ့
ဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။ ရုရှားလေ့လာ မှုအရ အရက်အလွန်အမင်းသောက်သူတွေဟာ
အသည်းထိခိုက်နှုန်းများတတ်ပေမယ့် အရက်သောက်သော် လည်း ဒိန်ချဉ်သောက်သူတွေ
မှာတော့ ခန္ဓာကိုယ်ရဲ့ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်းထိခိုက် မှု
နည်းတာကို တွေ့ရှိရပါတယ်။
သင့်ဆက်ဆံရေးကို အားဖြည့်ပါ။
ငြီးငွေ့ဖွယ်ရာကောင်းတဲ့ အချိန်မှာ လူတွေနဲ့
ပေါင်းသင်းဆက်ဆံရမှာစိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။
သစ်သီးဖျော်ရည်မှာပါတဲ့ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့်
စိတ်လန်းဆန်းသွားပါလိမ့်မယ်။
ကျန်းမာရေးစာစောင်မှ ကူးယူဖော်ပြထားတာပါ ...အားလုံးကျန်းမာပျော်ရွင်ပါစေ...။
(Credit:နှလုံးသားအဟာရ 's Blog)
0 comments:
Post a Comment