ထို့ပြင် နှစ်ဆယ်ကျော် ဖခင်ဘဝက
အမျိုးသားများအားအပြုအမူဆိုးများကို စွန့်လွှတ်စေသည် အစိတ် ကာလအတွင်း
သားဦးရရှိသူအမျိုးသားများထက် ၂၅ နှစ်မှ ၃ဝ ကျော်နှစ်များအတွင်း
သားဦးရရှိသူ အမျိုးသားများက ၄င်းတို့၏ အပြုအမူဆိုးများအား
ပိုမိုလျှော့ချလေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ
အသက်အရွယ်ပိုကြီးသူ အမျိုးသားများက ဖခင် ဘဝကို ပိုမိုနှစ်သက်ခုံမင်ပြီး
အပြုအမူဆိုးများအား လျော့ချ နိုင်ရန် ပိုမိုကြိုးစားကြခြင်းကြောင့်
ဖြစ်နိုင်ကြောင်း လေ့လာသူ များက မှတ်ချက်ပေးခဲ့သည်။ဖခင်ဘဝနှင့်
အပြုအမူဆိုးများ လျော့ကျမှု ဆက်စပ်နေခြင်းမှာ ''အရွယ်ရလာသည်နှင့်အမျှ
လူငယ်ဘဝ၏ အပြုအမူများအား လုပ်ဆောင်လိုမှု လျော့နည်းလာခြင်း''သည်လည်း
အကြောင်းရင်း တစ်ရပ်ပင်ဖြစ်ကြောင်း အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ
တွဲဖက်ပါမောက္ခဒေးဗစ်ကားရ်က ပြောကြားခဲ့သည်။
အခု လေ့လာမှုအရ အရင်က ဆိုးသွမ်းတဲ့
အပြုအမူတွေရှိခဲ့တဲ့ အမျိုးသားတွေမှာတောင် ဖခင် ဘဝ ရောက်ရှိတာဟာ အပြောင်းအ
လဲဖြစ်စေနိုင်တာ တွေ့ရပါတယ်။ အဲဒီအချိန်ဟာ ဖခင်အသစ်စက်စက်တွေဟာ ကောင်းတဲ့
ညွှန်ပြမှုတွေကို နားထောင်လက်ခံပြီး ကောင်းတဲ့ အပြုအမူတွေကို ပြောင်းလဲ
ကျင့်သုံးလိုတဲ့ အချိန်ဖြစ်တဲ့အတွက် အပြုအမူဆိုးတွေကို လျှော့ချဖို့
နားချချင်ရင် ဒီအချိန်ဟာ အကောင်းဆုံးပါပဲ''ဟု ကားရ်က ဆိုခဲ့ပါသည်။
0 comments:
Post a Comment