Comments
Tuesday, November 27, 2012
ပါရာစီတမောသည် သွေးကင်ဆာများ နှင့် ဆက်နွှယ်မှု ရှိကြောင်း တွေ့ရှိ
ပါရာစီတမောတွင် ပါဝင်သော ဓာတုဓာတ် တစ်မျိုးသည် သွေးကင်ဆာ ရောဂါများ နှင့် ဆက်နွှယ် နေကြောင်း သုတေသန ပညာရှင်များ က တွေ့ရှိ ခဲ့သည်။ ပါရာစီတမော ပုံမှန် သုံးစွဲသူများ၌ သွေးကင်ဆာ ရောဂါများ ဖြစ် ပွားနိုင်ခြေ ပိုမို မြင့်မားသည်ဟု ဆိုသည်။ ပါရာစီတမော တွင် အက်စီတာ မီနိုဖင် ဟု ခေါ်သော ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းသည် သွေးကင်ဆာ ရောဂါများနှင့် ဆက်နွှယ်နေ ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။ အစောပိုင်း လေ့လာချက်များ အရ အက်စပရင် သည် အူကင်ဆာ ရောဂါ ဖြစ်ပွား ခြင်းကြောင့် သေ ဆုံးနိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိရ သော်လည်း သွေးထွက်စေသည့် အနာများ ဖြစ်ပေါ် နိုင်ခြေ မြင့် မားကြောင်း တွေ့ရှိရသည်။ အကိုက်အခဲ ပျောက်ဆေးများ အနက် ပါရာစီတမောတွင် ပါဝင်သော အစီတာ မီနိုဖင် သည် အခြား အရာများ နှင့် ကွဲပြား သည်ဟု ဆိုသည်။ စီတယ်ရှိ ဖရက်ဒ် ဟက်ချီဆင် ကင်ဆာသုတေသန ဌာနမှ အီမီလီဝှိုက်က ဦးဆောင်လျက် အဆိုပါ သုတေသနကို လုပ်ဆောင် ခဲ့ခြင်း ဖြစ် သည်။ သုတေသန ပညာရှင်များသည် ၀ါရှင်တန် ပြည်နယ်ရှိ အသက်ကြီး အုပ်စု များ၌ ရှိသော အမျိုးသား နှင့် အမျိုးသမီး ပေါင်း ၆၅,၀၀၀ ကို လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခဲ့မှုကို လေ့လာကာ သုတေသန ပြု ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
From : myawady.net.mm
ပါရာစီတမောသည် သွေးကင်ဆာများ နှင့် ဆက်နွှယ်မှု ရှိကြောင်း တွေ့ရှိ
ပါရာစီတမောတွင် ပါဝင်သော ဓာတုဓာတ် တစ်မျိုးသည် သွေးကင်ဆာ ရောဂါများ နှင့် ဆက်နွှယ် နေကြောင်း သုတေသန ပညာရှင်များ က တွေ့ရှိ ခဲ့သည်။ ပါရာစီတမော ပုံမှန် သုံးစွဲသူများ၌ သွေးကင်ဆာ ရောဂါများ ဖြစ် ပွားနိုင်ခြေ ပိုမို မြင့်မားသည်ဟု ဆိုသည်။ ပါရာစီတမော တွင် အက်စီတာ မီနိုဖင် ဟု ခေါ်သော ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းသည် သွေးကင်ဆာ ရောဂါများနှင့် ဆက်နွှယ်နေ ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။ အစောပိုင်း လေ့လာချက်များ အရ အက်စပရင် သည် အူကင်ဆာ ရောဂါ ဖြစ်ပွား ခြင်းကြောင့် သေ ဆုံးနိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း   တွေ့ရှိရ သော်လည်း သွေးထွက်စေသည့် အနာများ ဖြစ်ပေါ် နိုင်ခြေ မြင့် မားကြောင်း တွေ့ရှိရသည်။ အကိုက်အခဲ ပျောက်ဆေးများ အနက် ပါရာစီတမောတွင် ပါဝင်သော အစီတာ မီနိုဖင် သည် အခြား အရာများ နှင့် ကွဲပြား သည်ဟု ဆိုသည်။ စီတယ်ရှိ ဖရက်ဒ် ဟက်ချီဆင် ကင်ဆာသုတေသန ဌာနမှ အီမီလီဝှိုက်က ဦးဆောင်လျက် အဆိုပါ သုတေသနကို လုပ်ဆောင် ခဲ့ခြင်း ဖြစ် သည်။ သုတေသန ပညာရှင်များသည် ၀ါရှင်တန် ပြည်နယ်ရှိ အသက်ကြီး အုပ်စု များ၌ ရှိသော အမျိုးသား နှင့် အမျိုးသမီး ပေါင်း ၆၅,၀၀၀ ကို လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခဲ့မှုကို လေ့လာကာ သုတေသန ပြု ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
From : myawady.net.mm
Share:
သစ်တိုသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
သစ်တိုသီးကို ခရမ်းချဉ်သီး ဟင်းထဲ ထည့်ချက်စားလေ့ ရှိကြသလို ကိတ်မုန့်လို သရေစာ မုန့်တွေ မှာလည်း ထည့်သွင်းပြုလုပ်လေ့ ရှိပါတယ်။ သစ်တိုသီးမှာ အောက်ပါ အာဟာရ တန်ဖိုးတွေ ပါဝင်နေပါတယ်။ သစ်တိုပင်ရဲ့ အမြစ်၊ အရွက်နဲ့ အခေါက်တွေမှာလည်း အောက်ပါ ဆေးဖက်ဝင်တဲ့ အာနိသင်တွေ ရှိတယ်လို့ trifter.com မှာ ဖော်ပြထားပါတယ်။
- ယားယံမှုကို သက်သာစေခြင်း သစ်တိုရွက်ကို ကြိတ်ခြေပြီး ယားယံနေတဲ့ အရေပြားပေါ်မှာ အုံပေးထား ရင် အယား သက်သာစေပါတယ်။
- ဝမ်းလျှော သက်သာစေခြင်း သစ်တိုမြစ်ကို ဝမ်းလျှောတဲ့ ဝေဒ နာအတွက် အစွမ်းထက် အိမ်သုံးဆေးအ နေနဲ့ သုံးကြပါတယ်။
- အဖျားကျစေခြင်း လတ်ဆတ်တဲ့ သစ်တိုရွက်ကို အပူရှိန်တက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပေါ်မှာ ကပ်ပေးရင် ချွေးထွက်စေပါ တယ်။ သစ်ရွက်ပြုတ်ရည်နဲ့ ရေချိုးလေ့ ရှိကြပါတယ်။
- ဗိုက်အောင့်သက်သာစေခြင်း သစ်တိုပင်အမြစ်ကို ဗိုက်အောင့် သက်သာစေတယ်ဆိုပြီး ဆေးဖော်ကာ အသုံးပြုတတ်ကြပါတယ်။
Share:
အရေပြားအား ဒုက္ခပေးတတ်သည့် လက်ဝတ်ရတနာအတုများ
ယောင်္ကျား၊ မိန်းမ၊ ကလေး သူငယ်မရွေး ကိုယ်တွင် အလှဆင် ပစ္စည်းများဖြင့် တန်ဆာဆင် တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ယခုကဲ့သို့ လက်မှုပညာ တိုးတက် လာသည့်ခေတ် မတိုင်မီခင်ကပင် အဆင်တန်ဆာ အမျိုးမျိုးအား ပြုလုပ်ကာ ဆင်မြန်း လာခဲ့ကြသည်ပင်။
သို့သော်  အဆင်တန်ဆာ ၀တ်ဆင်သူ အများစုသည် ရွှေအစစ်၊ငွေအစစ် စသည့် အဆင်တန်ဆာ အစစ်များကို ၀တ်ဆင်သူများ အတွက်မူ ၀တ်ဆင်သူ၏ အသားအရည်အား မည်သို့မျှ ထိခိုက်မှု မရှိသော်လည်း  အကြောင်း အမျိုးမျိုးကြောင့် ရွှေ၊ငွေ စသည်များနှင့် အလား သဏ္ဍာန်တူသည့် အဆင်တန်ဆာ များကို ၀တ်ဆင်ပါက အချို့သော သူများ၏ အသားအရည်သည် အဆိုပါ အလားသဏာန်တူသည့် ပစ္စည်းများနှင့် ဓာတ်မတည့်မှုများ ဖြစ်ပွားတတ်သည်။
ထိုသို့ဖြစ်ခြင်းမှာ လူတို့၏ အရေပြားသည် တစ်ခါတစ်ရံတွင် လက်မခံနိုင်သည့် ပစ္စည်းများနှင့် ထိတွေ့ရသည့် အခါတွင် တုန့်ပြန်မှုများ ပြုလုပ် တတ်သောကြောင့် ဖြစ်သည်ဟု အရေပြား အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။ အဆင်တန်ဆာများနှင့် အရေပြား ဓာတ်မတည့်မှုသည် ပစ္စည်းအစစ်များနှင့် ထိတွေ့သည့်အခါတွင် ဖြစ်ပွားလေ့ မရှိဘဲ အလား သဏာန်တူ ပစ္စည်းများနှင့် ထိတွေ့မှသာ ဖြစ်ပွားခြင်းမှာ ယင်းအလား သဏာန်တူ ပစ္စည်းများတွင် နီကယ်ပါဝင်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ရွှေ၊ငွေ အစရှိသည့် ပစ္စည်းများသည် လူတို့၏ အရေပြားနှင့် ဓာတ်ပြုရန် ခဲယဉ်းသော်လည်း နီကယ်တွင် ပါဝင်သည့် ဓာတ်ပစ္စည်းများသည် လူ၏ အရေပြားနှင့် ထိတွေ့ပြီး ချွေးထွက်လာပါက ဓာတ်ပြုကာ ဓာတ်မတည့်မှုများ ဖြစ်ပွားတတ်သည်ဟု သိရသည်။
အရေပြားနှင့် ထိစပ်ပစ္စည်းများဖြင့် ဓာတ်မတည့်ခြင်းသည် ရွှေ၊ ငွေ၊ ကြေး၊ ပလပ်စတစ် အစရှိသည့် အရေပြားနှင့် ထိစပ်နိုင် သည့်ပစ္စည်းများ အားလုံး နှင့် ဖြစ်နိုင်သော်လည်း နီကယ်နှင့် ဓါတ်မတည့်မှုဖြစ်ခြင်းမှာ အများဆုံးဖြစ်သည်။
 “ထိတဲ့ပစ္စည်းက ရွှေတို့ ကြေးတို့ ကြောင့်လည်းဖြစ်တတ်တယ် ဖြစ်စရာတော့ အများကြီးပါ၊ အရေပြားက မတည့်တော့  ပထမတော့ ရဲလာမှာပေါ့။ နောက်တော့ ရဲမယ်၊ ယားမယ် ယောင်လာမယ် အဲဒီထက်ဆိုးမယ် ဆိုရင်တော့ အဖုတွေ ထလာမယ် အရည်ကြည်ဖုတွေ ဖြစ်လာမှာပေါ့”ဟု ရန်ကုန်ဆေးရုံကြီး အထူးအရေပြား ဌာနမှ အရေပြား အထူးကုဆရာဝန် ဒေါက်တာလင်းထက်က ပြောသည်။
 လက်ဝတ်လက်စား အဆင်တန်ဆာများအပြင် ခန္ဓာကိုယ်တွင် ဆင်မြန်းလေ့ရှိသည့် နာရီကဲ့သို့သော အသုံးအဆောင် ပစ္စည်းများတွင်လည်း အချို့မှာ နီကယ် ပါဝင်သဖြင့် ဓာတ်မတည့်မှုများ ဖြစ်ပွားနိုင်သည်။ထို့အပြင် အမျိုးသားများတွင် ဘောင်းဘီကျယ်သီးကြောင့် လည်းကောင်း အမျိုးသမီးများတွင် ဘောလီချိတ် များကြောင့်လည်း ကောင်းဓါတ်မတည့်မှုများဖြစ်ပွားတတ်သည်ဟုသိရသည်။
အထက်ပါ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း ဖြစ်ပွားမှုသည့် ယင်းပစ္စည်းများနှင့် ထိတွေ့သည် အချိန်အပေါ်တွင်လည်း မူတည်ကြောင်း သိရသည်။ ထိတွေ့ချိန် များလေလေ ဓာတ်မတည့်မှု ဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားလေပင် ဖြစ်သည်။ အရေပြားကို ဖောက်၍ အဆင်တန်ဆာများ ဆင်မြန်းခြင်းကြောင့် လည်း ဓာတ်မတည့်မှု ဖြစ်ပွားကာ  အရေပြားယောင်ရမ်း ပြည်တည်ခြင်းများ ဖြစ်ပွားတတ်သည်။ နီကယ်နှင့် ဓာတ်မတည့်မှု ဖြစ်ပွားခြင်းမှာ များပြားသဖြင့် နီကယ်နှင့် ဓါတ်မတည့် သူများသည် နီကယ်ပါသည့် အသုံးအဆောင် ပစ္စည်းများအား သတိထား၍ ရှောင်ရှား သုံးစွဲကြရန် လိုအပ်ကြောင်း သိရသည်။
သို့မဟုတ် မရှောင်နိုင်ပါက အရေပြားနှင့် တိုက်ရိုက် ထိတွေ့မှု မရှိစေရန် ကြားခံတစ်ခုခု အသုံးပြု၍ ကိုင်တွယ်ရမည် ဖြစ်ကြောင်း သိရသည်။    နီကယ်ပါသည့် ပစ္စည်းများမှာ နာရီ မျက်မှန်ကိုင်းနှင့် အခြား အသုံးအဆောင်များတွင်  ပါရှိတတ်သဖြင့် နီကယ်နှင့် ဓာတ်မတည့်သူများသည် ဖြစ်နိုင်ပါက အဆိုပါ ပစ္စည်းများကိုအသုံး ပြုမည်ဆိုပါက  နီကယ်ပါ၊မပါ သတိပြု ၀ယ်ယူသင့်သည်ဟု အရေပြားအထူးကုဆရာဝန်က အကြံပြု ပြောကြားသည်။
အရေပြားနှင့်  အဆင်တန်ဆာ ပစ္စည်းများ ဓာတ်မတည့်ခြင်းသည် ဖြစ်ပွားပါက ကာယကံရှင်သည် အသိမြန်သဖြင့် ဆိုးဆိုးဝါးဝါးဖြစ်ပွားလေ့ မရှိကြောင်း ဒေါက်တာလင်းထက်က ပြောသည်။ သို့သော် အရေပြားကို ဖောက်ကာ အဆင်တန်ဆာ ဆင်မြန်းသူများသည် ထိုသူတို့ ဆင်မြန်းသည့် အဆင်တန်ဆာ များနှင့် ဓာတ်မတည့်မှု ဖြစ်ပွားလျှင် အရေပြားတွင် အပေါက်ဖြစ်နေသဖြင့် ပိုးဝင်ရောက်ရန် လွယ်ကူကာ  ဓာတ်မတည့်ခြင်း ဖြစ်ပွားမှုမှာ  ပိုမိုပြင်းထန်လေ့ ရှိတတ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်မတည့်ခြင်း ဖြစ်ပါက မိမိနှင့်ဓာတ်မတည့်သည့် ပစ္စည်းအား နောက်တစ်ကြိမ်ထပ် မသုံးမိစေရန် သတိထားခြင်းဖြင့် ဓါတ်မတည့်မှု ထပ်မံ မဖြစ်ပွားရန် ကာကွယ်နိုင်ပြီး ဓာတ်မတည့်မှုကြောင့် ဖြစ်ပွားလာသည့် လက္ခဏာ များကိုလည်း စနစ်တကျ ကုသမှုပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် အရေပြားအားလည်း သန့်သန့်ရှင်းရှင်း ထားရှိရန်လိုအပ်သည်ဟု ဒေါက်တာလင်းထက်က ပြောသည်။
 ထိုသို့ အရေပြားနှင့် အဆင်တန်ဆာများ ဓာတ်မတည့်ခြင်းသည် ထိခိုက်လွယ်သည့် အရေပြား ပိုင်ရှင်များတွင် အဖြစ်များတတ်သည်။   ဖြစ်ပွားပါက လည်း  ဖြစ်ကာစတွင်  အလာဂျီဖြစ်သကဲ့သို့ပင် ဘာမီတွန် ကဲ့သို့သော  ဆေးများသောက်ခြင်း၊  ရေခဲကပ်ခြင်း စသည်များ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ထက် ပိုမိုပြင်းထန်လာပါက တတ်ကျွမ်းသည့် ဆရာဝန်နှင့် သင့်တော်သည့် ကုသမှုကို ခံယူသင့်သည်ဟု သိရသည်။ အလားတူ အဖြစ်များသည့် အထဲတွင် ပန်းနာရင်ကျပ် ရှိသူများ ဆီးချိုသွေးချို ရောဂါရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် အဆင်တန်ဆာများနှင့် အရေပြားဓာတ်မတည့်ခြင်းသည် ဆိုးဆိုးဝါးဝါး ဖြစ်ပွားတတ်သည့် ဝေဒနာမျိုး မဟုတ်သော်လည်း သတိမထားပါက အခါခါ ပြန်ဖြစ် တတ်သဖြင့် မိမိနှင့် မည်သည့် ပစ္စည်းမျိုး ဓာတ်မတည့် သည်ကို သိရှိကာ ကြိုတင်ကာကွယ်နိုင်လျှင်  အကောင်း ဆုံးဖြစ်သည်ဟု သိရသည်။
Share:
ဖခင်ဘဝက အမျိုးသားများအား အပြုအမူဆိုးများကို စွန့်လွှတ်စေသည်
အမျိုးသားများသည် ဖခင်များဖြစ်လာပြီးသည့်နောက်တွင် အရက်သေစာသောက်သုံးမှု၊ ဆေးလိပ်သောက်မှု သို့မဟုတ် ရာဇဝတ်မှုကျူးလွန်မှုတို့ လျော့နည်းလာကြကြောင်း ကာလရှည် လေ့လာမှု တစ်ရပ်က ဖော်ပြခဲ့ သည်။ ယခုလေ့လာမှုတွင် အသက် ၁၂ နှစ်မှ ၃၁နှစ်ကြား အပြုအမူဆိုးများ ကျူးလွန်နိုင်ခြေ အရှိဆုံး အမျိုးသား ၂ဝဝ ဦးအား လေ့လာခဲ့ခြင်းဖြစ်သည်။ ၄င်းတို့အား တစ်နှစ်တစ်ကြိမ် လေ့လာခဲ့သည်။ ယခင်လေ့လာမှုများက လက်ထပ်ပြီးသည့် အချိန်တွင် အမျိုးသားများ၏ အပြုအမူဆိုးများ လျော့ကျ လာကြောင်း တွေ့ရှိခဲ့ရသော်လည်း ဖခင်ဘဝ၏ လွှမ်းမိုးမှုကိုမူလေ့လာခဲ့ခြင်း မရှိသေးပေ။ယခု လေ့လာ မှု၏ တွေ့ရှိချက် အရဖခင်ဘဝကို ရောက်ရှိလာလျှင် ရာဇဝတ်မှုများ လျော့ပါးခြင်း၊ အရက်၊ ဆေး လိပ်သောက်သုံးမှုလျော့နည်းခြင်းတို့ ဖြစ်လာလေ့ရှိသည်။
ထို့ပြင် နှစ်ဆယ်ကျော် ဖခင်ဘဝက အမျိုးသားများအားအပြုအမူဆိုးများကို စွန့်လွှတ်စေသည် အစိတ် ကာလအတွင်း သားဦးရရှိသူအမျိုးသားများထက် ၂၅ နှစ်မှ ၃ဝ ကျော်နှစ်များအတွင်း သားဦးရရှိသူ အမျိုးသားများက ၄င်းတို့၏ အပြုအမူဆိုးများအား ပိုမိုလျှော့ချလေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ အသက်အရွယ်ပိုကြီးသူ အမျိုးသားများက ဖခင် ဘဝကို ပိုမိုနှစ်သက်ခုံမင်ပြီး အပြုအမူဆိုးများအား လျော့ချ နိုင်ရန် ပိုမိုကြိုးစားကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း လေ့လာသူ များက မှတ်ချက်ပေးခဲ့သည်။ဖခင်ဘဝနှင့် အပြုအမူဆိုးများ လျော့ကျမှု ဆက်စပ်နေခြင်းမှာ ''အရွယ်ရလာသည်နှင့်အမျှ လူငယ်ဘဝ၏ အပြုအမူများအား လုပ်ဆောင်လိုမှု လျော့နည်းလာခြင်း''သည်လည်း အကြောင်းရင်း တစ်ရပ်ပင်ဖြစ်ကြောင်း အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေးဗစ်ကားရ်က ပြောကြားခဲ့သည်။
အခု လေ့လာမှုအရ အရင်က ဆိုးသွမ်းတဲ့ အပြုအမူတွေရှိခဲ့တဲ့ အမျိုးသားတွေမှာတောင် ဖခင် ဘဝ ရောက်ရှိတာဟာ အပြောင်းအ လဲဖြစ်စေနိုင်တာ တွေ့ရပါတယ်။ အဲဒီအချိန်ဟာ ဖခင်အသစ်စက်စက်တွေဟာ ကောင်းတဲ့ ညွှန်ပြမှုတွေကို နားထောင်လက်ခံပြီး ကောင်းတဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးလိုတဲ့ အချိန်ဖြစ်တဲ့အတွက် အပြုအမူဆိုးတွေကို လျှော့ချဖို့ နားချချင်ရင် ဒီအချိန်ဟာ အကောင်းဆုံးပါပဲ''ဟု ကားရ်က ဆိုခဲ့ပါသည်။
Share:
အမျိုးသမီးများ၌ အရည်ရွှမ်းသော သစ်သီးများ စားသုံးခြင်းက လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင်
အရည်ရွှမ်းသော သစ်သီးများ၌ ပါဝင်သောဓာတ်ပေါင်း တစ်မျိုးက အမျိုးသမီး များတွင် လေဖြတ်နိုင်ခြေကို လျှော့ ချပေးနိုင်ကြောင်း သုတေသနတစ်ရပ်အရ သိရှိရသည်ဟု အမေရိကန် ပြည်ထောင်စု နှလုံးရောဂါ ဆိုင်ရာ အဖွဲ့အစည်း၏ ဂျာနယ်က ဖေဖော်ဝါရီလ ၂၃ ရက် နေ့တွင်ဖော်ပြသည်။ ယခုတွေ့ရှိချက်သည် Flavonoid ဓာတ်ပေါင်း အမျိုးအစား များနှင့် လေဖြတ်ခြင်း တို့အကြား ဆက်နွှယ်ချက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဖော်ထုတ်နိုင်ခဲ့ခြင်း လည်းဖြစ်သည်။ အဆိုပါ Flavonoid ဓာတ်များသည် အရည်ရွှမ်းသောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ချောကလက်နက်များနှင့် ဝိုင်အနီတို့၌ ပါဝင်သည်။
Share:
စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး
စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို အာဟာရလည်း ပြည့်ဝ ပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ ပေါများတဲ့ ရာသီမှာ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် စနစ်တကျ သိမ်းဆည်းနည်း တွေကို ဖော်ပြလိုက်ပါ။
- စတော်ဘယ်ရီသီးမှာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို အကျိုးပြုမယ့် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။
- ဒါ့အပြင် ဓာတ်တိုးပစ္စည်း (Free radicals) တွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ Phytonutrient တွေလည်း ပါဝင်ပါတယ်။ Free radicals တွေဟာ ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
- စတော်ဘယ်ရီသီးမှာ ဗီတာမင်ကေ၊ မန်းဂနိစ်၊ ဖောလစ်အက်စစ်၊ ပိုတက်စီယမ်၊ ဗီတာမင် B2၊ B6၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေလည်း ပါဝင်ပါတယ်။
- စတော်ဘယ်ရီသီးတွေဟာ အလွန်ပျက်စီးလွယ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ကြာကြာထားလို့ မရဘဲ ရက်အနည်းငယ်အတွင်း စားဖို့လိုပါတယ်။
- စတော်ဘယ်ရီသီးတွေကို တစ်နှစ်ပတ်လုံး မရတဲ့အတွက် ပေါ်တဲ့ရာသီချိန်မှာသာ လတ်လတ် ဆတ်ဆတ်စားလို့ ရပါတယ်။ တခြားအချိန်မှာတော့ စတော်ဘယ်ရီသီးတွေကို တာရှည်ခံအောင် ပြုပြင်အေးခဲ ထားတာကိုသာ စားနိုင်ပြီးအာဟာရဓာတ် အားလုံး မဆုံးရှုံးရင်တောင် အများအပြား ဆုံးရှုံးသွားရပါတယ်။
- စတော်ဘယ်ရီသီး ဝယ်တဲ့အခါ ပြည့်တင်းခိုင်မာပြီး မှိုကင်းစင်တာ အရောင်နီရဲနေတာကို ရွေးဝယ်ပါ။ တခြားအသီးတွေနဲ့ မတူတာက စတော်ဘယ်ရီသီးတွေ ခူးဆွတ်ပြီးတဲ့အခါ ဆက်ပြီးမှည့်သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် အမှည့်လွန်တာ မဟုတ်ဘဲ အမှည့်ဆုံးနဲ့ အရောင်အနီဆုံးကို ရွေးဝယ်ရင် အရသာလည်းကောင်းပြီး အာဟာရပါဝင်မှုလည်း အများဆုံး ဖြစ်ပါမယ်။
- ယေဘုယျအားဖြင့် အလယ်အလတ် အရွယ်အစားရှိတဲ့ စတော်ဘယ်ရီသီးတွေဟာ အရွယ်ကြီးတာတွေထက် ပိုချိုပြီး အရသာပိုကောင်း တတ်ပါတယ်။
-ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်တဲ့အခါ အလွန်တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို မဝယ်ပါနဲ့။ ကျပ်ကျပ်သိပ်သိပ် ထည့်ထားရင် စတော်ဘယ်ရီသီးတွေ ထိခိုက်ပျက်စီးနေတတ်တာကြောင့်ပါ။
- စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ဂရုစိုက်ကိုင်တွယ်ပြီး သေချာသိမ်းဆည်းပါ။ တခြားသစ်သီးတွေလိုပဲ စတော်ဘယ်ရီသီးတွေကို မစားခင် ဒါမှမဟုတ် မသိမ်းခင် သေသေချာချာ ရေဆေးသင့်ပါတယ်။ နာနေတဲ့ ဒါမှမဟုတ် မှိုတက်နေတဲ့ လက္ခဏာရှိတဲ့ စတော်ဘယ်ရီသီးတွေကို ချက်ချင်းလွှင့်ပစ်ပါ။ ချက်ချင်းမဖယ်မိရင် ဘေးနားက တခြားစတော်ဘယ်ရီသီးတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။
- စတော်ဘယ်ရီသီးတွေကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပလတ်စတစ်နဲ့ အုပ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်ပါတယ်။ လတ်လတ် ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ် ကြာအောင် သိမ်းဆည်းထား နိုင်ပါတယ်။
Share:
သံယောဇဉ် အမြစ်တွယ်စေမည့် အောက်ဆီ တိုစင်ဟော်မုန်း တိုးစေရန်
အောက်ဆီတို စင်ဆိုတာ အိမ်ထောင် တစ်ခုမှာ ဇနီးမောင်နှံ နှစ်ဦးကို ပိုမိုချစ်ခင် ကြင်နာစေဖို့ ချည်နှောင်ပေး တဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်း ရှိတာကြောင့် နာကျင် မှုကို လျော့ကျစေတာ၊ ပူပင်သောကလျော့ နည်းစေတာ၊ စိတ်ဖိစီးမှု လျော့ကျတာ၊ ကြီးထွားမှုနဲ့ အနာကျက်နှုန်းတိုးတာ၊ ယုံကြည်မှု ရှိတာနဲ့ အပြုသဘောဆောင်တဲ့ ဆက်နွှယ်မှုရှိတာတို့ကို ဖြစ်စေပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အောက်ဆီတိုစင်အထွက်တိုးစေဖို့ အောက် ပါနည်းတွေကို လိုက်နာပေးရပါမယ်။
(၁) ချစ်ခင်မှု
အောက်ဆီတိုစင်ဟာ ကလေးမွေး နိုင်အောင်နဲ့ မိခင်နို့ချိုအထွက်တိုးအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဇနီး မောင်နှံနှစ်ဦး အတူနေစဉ်မှာ အောက်ဆီ တိုစင် အထွက်တိုးပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ ယှဉ်တဲ့ Sex ဟာ Sexတစ်ခုတည်းထက် အောက်ဆီတိုစင် ထွက်နှုန်း ပိုများ စေသလို ပိုကြာကြာ ရှိစေပါတယ်။
(၂) ထိတွေ့မှု
အနှိပ်ခံတာကြောင့် သွေးကြောထဲမှာ အောက်ဆီတိုစင်ပမာဏ တိုးမြင့်စေ ပါတယ်။ ဒါ့အပြင် ချစ်ခင်တဲ့ ထိတွေ့မှု တွေဖြစ်တဲ့ လက်ချင်းဆုပ်ကိုင်တာ၊ ပွေ့ဖက်တာနဲ့ နမ်းတာတွေကလည်း အောက် ဆီတိုစင် ထွက်ရှိစေပါတယ်။
(၃) အိမ်ထောင်ဖက်အကြောင်း တွေးခြင်း
မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ လေ့လာမှုတစ်ရပ်အရ ပျော်ရွှင်စွာ လက် ထပ်ထားတဲ့ ဇနီးမယားတွေက သူတို့ခင် ပွန်းအကြောင်း စဉ်းစားတွေးတောလိုက် ရုံနဲ့ အောက်ဆီတိုစင် ခပ်မြန်မြန်ထွက်ရှိ လာတတ်ကြောင်း သိရပါတယ်။
(၄) အိမ်မွေးတိရစ္ဆာန်များအား ပွေ့ဖက်ခြင်း
တကယ်လို့ သင်က အိမ်ထောင်မရှိ သူဖြစ်ရင်လည်း စိတ်မပူပါနဲ့။ သင့်အချစ်တော် ခွေး ဒါမှမဟုတ် ကြောင်လေးကို ပွတ်သပ်ပွေ့ဖက် တာကြောင့် သွေးတိုး ကျကာ အောက်ဆီတိုစင် ထွက်နှုန်းမြင့်တက် စေပါတယ်။
(၅) အာရုံခံစားမှု
သင့်ကို သက်သောင့်သက်သာရှိစေ ပြီး သင် သဘောကျတဲ့ ရှုခင်း၊ အသံနဲ့ အနံ့တွေကို ခံစားတာကြောင့် အောက်ဆီတိုစင် အဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ အစားအသောက်အနံ့၊ ပင်လယ် လှိုင်းသံ၊ တချို့အလင်းရောင်တွေက အ ကောင်းမြင်တဲ့ ခံစားမှူကို ဖြစ်စေပါတယ်။
(၆) လှုပ်ရှားမှု
လမ်းလျှောက်တာ၊ ရေကူးတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေကြောင့် အောက်ဆီတိုစင် ထွက်စေပါတယ်။
(၇) အကြည်စိုက်ခြင်း
တစ်ဦးနဲ့ တစ်ဦး အကြည်စိုက်တာနဲ့ နက်နက်ရှိုင်းရှိုင်း ချစ်ခင်တာကလည်း အောက်ဆီတိုစင်အဆင့်ကို မြင့်တက်စေ ပါတယ်။
(၈) ဆုတောင်းခြင်းနှင့် တရားထိုင်ခြင်း
ဆုတောင်းတာနဲ့ တရားထိုင်တာ တွေက အောက်ဆီတိုစင်အဆင့် မြင့်တက် စေပါတယ်။
Share:
Friday, November 23, 2012
နက္ခတ္တဗေဒအခြေခံ
                             နက္ခတ္တဗေဒအခြေခံ (၁)     ဆရာမင်း မှတ်စု
   (၁၀)နာရီ အတွင်းဇာတာတစ်စောင်ကို ဖတ်တတ်ရမည်
နက္ခတ္တဗေဒ တွင်
(၁) တွက်ချက်မှု(ဂဏိတ)နှင့်
(၂) ဟောပြောမှု (ဖလိတ) ဟူ၍ နှစ်ပိုင်းရှိသည်။
ကျွန်ုပ်အနေဖြင့် ၊ ဗေဒင်ဆောင်းပါးများကိုဗဟုသုတအနေဖြင့် လေ့လာလိုသော ဗေဒင်ဝါသနာရှင်များအတွက်
ကိုသာရည်ရွယ်၍ ဤနက္ခတ္တဗေဒအခြေခံကို ဖော်ပြမည် ဖြစ်ပါသဖြင့် တွက်ချက်မှုပညာ (ဂဏိတဗေဒ)ကိုချန်လှပ်၍
ဟောပြောမှုပညာ(ဖလိတဗေဒ) ၏ အခြေခံများကိုသာရေးသားဖော်ပြပေးပါမည် ။
အထူးသဖြင့် ကျွန်ုပ်ဖော်ပြနေသော “ကုန်းဘောင်မင်းဆက်ဇာတာတော်များ” ကို အချိန်တိုအတွင်း
လွယ်ကူစွာလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။
**************************************************************************************
    ဤနေစကြာဝဠာတွင် Ecliptic ခေါ် နေ(sun)သွားရာ တစ်နှစ်ပတ် စက်ဝန်းလမ်းကြောင်းကို နောက်ခံကြယ်တာယာ
အစုအဝေး(နက္ခတ်)များအားအမှတ်အသားပြု၍ ၊ ၁၂ ပိုင်းညီညာစွာပိုင်းထားသည် ။
 ကျွန်ုပ်တို့ ကမ္ဘာ ကို အလယ်ဗဟိုထားသောဤ စက်ဝန်းသည် ၃၆၀ံ (၃၆၀ အံသာ) ရှိ သောကြောင့် ၊ ၁၂ ပိုင်းညီညာစွာ
ပိုင်းသောအခါ ၊တစ်ပိုင်းကို ၃၀ံ (၃၀ အံသာ) စီရှိသော အပိုင်း ၁၂ ပိုင်း ရရှိသည်။
                                                         ပုံ - ၁ -
မိဿ ရာသီမှ နာရီလက်တံပြောင်းပြန်(anticlockwise) ဦးတည်ဘက်အတိုင်းရေတွက်ပါသည်။
                       မိန်ရာသီနှင့်မိဿရာသီအစပ်သည် ၀ံ ဖြစ်သည်။
ရာသီအမည်              ရာသီသင်္ချာသင်္ကေတ
မိဿ                                ဝ
ပြိဿ                               ၁
မေထုန်                             ၂
ကရကဋ်                            ၃
သိဟ်                                ၎
ကန်                                 ၅
တူ                                   ၆
ၿဗိစ ၦာ                                ၇
ဓနု                                   ၈
မကာရ                              ၉
ကုမ်                                 ၁၀
မိန်                                  ၁၁
ဂြိုဟ်အမည်               သင်္ချာသင်္ကေတ
တနင်္ဂနွေ (နေ)    =         ၁
တနင်္လာ (စန်း)    =         ၂
အင်္ဂါ                 =         ၃
ဗုဒ္ဓဟူး               =        ၎
ကြာသပတေး     =        ၅
သောကြာ          =        ၆
စနေ                 =        ဝ
ရာဟု                =        ၈       (အရိပ်ဂြိုဟ်)
ကိတ်                =        ၉   
               ကသစ်ဂြိုဟ်(ရာသီသခင်ဂြိုဟ်(သို့) အိမ်ရှင်ဂြိုဟ် )
မိဿရာသီမှစတင်၍ “စ ၊ သာ ၊ ရွှေ ၊ ကူ ၊ အင်း ၊ ဝ ၊ သူ ၊ ဆန် ၊ ဖြူ ၊ တ ၊ တင်း ၊ ပေး ” ဟု အလွယ်မှတ်သားနိုင်သည်။
                                                 ပုံ - ၂                           
                                             လဂ်
ဇာတာခွင်တစ်ခုကိုကြည့်လျှင်  “လ” ဟူသောအက္ခရာကို တွေ့မည်ဖြစ်သည် ။
“လ” သည် “လဂ်” ၏အတိုကောက်ဖြစ်သည် ။ လဂ် သည် ပေါ်ပေါက်ခြင်း ၊ စတင်ခြင်း ဟုအဓိပ္ပာယ်ရသော သက္ကဋစကားလုံး “လဂ္ဂဏ”   ကိုအတိုကောက်ရေးထားခြင်းဖြစ်သည်။
ဗေဒင်ပညာတွင် “ဘဝစတင်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်သည် ။
မွေးဖွားချိန်အပေါ်မူတည်၍ တွက်ထားသော လဂ်ကို ဇနမလဂ် (တနည်း) ဥဒယလဂ် (တနည်း) မူလလဂ် ဟုခေါ်သည်။
                                        အတန့်       
လဂ် တည်သောရာသီမှ စတင်၍ ၁ တန့် ၊ ၂တန့် ၊ ၃တန့်……………………၊၁၂တန့် စည်ဖြင့် လက်ဝဲရစ် (anticlockwise)
အတိုင်းရေတွက်သည်။
                                                              ပုံ - ၃ -
                                               ဘာဝ
ဤအတန့်များကို ပင် ဘာဝဟုအောက်ပါအတိုင်းအမည်သတ်မှတ်ထားပါသည်။
၁တန့်ဘာဝ  =  တနုဘာဝ   ( ကျန်းမာရေး ၊ကိုယ်ခန္ဓာ၊ကိုယ်ရေးကိုယ်တာ၊အလုပ်ကိုင်၊သြဇာအာဏာ)
၂တန့်ဘာဝ  = ကဋုမ္ဗဘာဝ  ( အလုပ်အကိုင် ၊ စီးပွားဥစ္စာ ၊ အိမ်ထောင်ရေး၊စကားအပြောအဆို)
၃တန့်ဘာဝ =  သဟဇဘာဝ (ညီအကိုမောင်နှမ ၊ ဆွေမျိုး ၊ရဲစွမ်းသတ္တိ)
၎တန့်ဘာဝ =  ဗန္ဓုဘာဝ   (မိခင် ၊ မိတ်ဆွေ ၊ အကြံအစည်  ၊ အသည်း နှလုံး ၊
                                  ပညာရေး၊နေအိမ်နှင့်မရွေှ့ပြောင်းနိုင်သောအရာ)
၅တန့်ဘာဝ = ပုတြဘာဝ (သားသမီး ၊ ပညာရေး ၊ ဘုန်းတန်ခိုး ၊ ပစ္စုပ္ပန်ဘဝကံပါရမီ )
၆တန့်ဘာဝ = အရိဘာဝ  (ရန်သူ ၊အနှောက်အယှက်ခိုက်ရန်ဒေါသ၊အနာရောဂါ၊မိခင်ဘက်မှဦးလေး၊
                                 ဒေါ်လေး )
၇တန့်ဘာဝ =  ပထနီဘာဝ (လက်တပ်ခြင်း၊ အိမ်ထောင်ရေး ၊ အိမ်ထောင်ဖက်၏ကံကြမ္မာ ၊ သုခ)
၈တန့်ဘာဝ =  မရဏဘာဝ (ဖျားနာခြင်း ၊ ရောဂါဝေဒနာခံစားရခြင်း ၊သေဆုံးခြင်း  ၊နိုင်ငံခြားခရီး )
၉တန့်ဘာဝ =  သုဘဘာဝ (ဖခင် ၊ဘာသာရေး ၊ အကျင့်စာရိတ္တ ၊ အတိတ်ကံပါရမီ ၊ဆရာ)
၁၀တန့်ဘာဝ = ကမ္မဘာဝ (အလုပ်အကိုင် ၊ အကြံအစည် ၊ ခရီးယာယီ ၊ မင်း အစိုးရနှင့်ပတ်သက်သောကိစ္စ ၊
                                  နိုင်ငံရေးသြဇာအာဏာ၊ထင်ပေါ်ကျော်ကြားမှု)
၁၁ တန့်ဘာဝ = လာဘဘာဝ (လာဘ်ရွှင်ခြင်း ၊ လူချစ်လူခင်ပေါများခြင်း )
၁၂တန့်ဘာဝ  = ဗျာယဘာဝ ( ပျက်စီးခြင်း ၊ ရောဂါခံစားရခြင်း ၊ စိတ်ဆင်းရဲမှုခံစားရခြင်း၊နိုင်ငံခြားခရီး )
(လောလောဆယ် ၁တန့်ဘာဝ ၊ ၂တန့်ဘာဝ၊ ၃တန့်ဘာဝ စသည့် ကိန်း များဖြင့်မှတ် လျှင်ရပါပြီ)
                                    ဘာဝသခင်ဂြိုဟ်
 ဘာဝသခင်ဂြိုဟ် ဆိုသည်မှာ ၁တန့် ၊ ၂တန့် ………၁၂တန့် ကျသော ရာသီ၏    ရာသီသခင်ဂြိုဟ်ပင်ဖြစ်သည် ။
ဥပမာ ၁ ။        ။ လဂ် တည်သောရာသီသည် ကရကဋ်ရာသီ ဖြစ်ပါက
               ၁ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂)   (ကူ)  ကရကဋ်
               ၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁)  (အင်း)  သိဟ်
               ၃တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄)       ( ဝ )    ကန်
               ၄ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ )    တူ
               ၅ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃)       ( ဆန် )   ဗြိစ္ဆာ
              ၆ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅)   (ဖြူ)    ဓနု
               ၇တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀)             ( တ )   မကာရ
               ၈တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀)              ( တင်း)  ကုမ်
             ၉ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅)    ( ပေး )   မိန်
             ၁၀ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃)              (စ)    မိဿ
             ၁၁ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆)        (သာ)  ပြိဿ
             ၁၂ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄)            (ရွှေ)  မေထုန်
ဥပမာ ၂ ။        ။ လဂ် တည်သောရာသီသည် သိဟ်ရာသီ ဖြစ်ပါက
                   ၁တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁)           (အင်း)  သိဟ်
                   ၂တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄)               ( ဝ )    ကန်
                   ၃တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆)         ( သူ )    တူ
                   ၄ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃)             ( ဆန် )   ဗြိစ္ဆာ
                   ၅ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅)     (ဖြူ)    ဓနု
                   ၆ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀)               ( တ )   မကာရ
                   ၇  တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀)              ( တင်း)  ကုမ်
                   ၈ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅)    ( ပေး )   မိန်
                   ၉ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃)                (စ)    မိဿ
                   ၁၀ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆)        (သာ)  ပြိဿ
                   ၁၁ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄)              (ရွှေ)  မေထုန်
                   ၁၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂)           (ကူ)  ကရကဋ်
                          ၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
================================================================
                                       ဥစ် နှင့် နိစ်                                 
ြ၈ိုဟ်များနှင့် ၄င်းတို့၏ ဥစ်ရာသီများ၏
                              တနင်္ဂနွေ ၏ ဥစ်ရာသီ မှာ မိဿ ၊  
                              တနင်္လာ  ၏ ဥစ်ရာသီ မှာ ပြိဿ
                               အင်္ဂါ  ၏    ဥစ်ရာသီ မှာ မကာရ ၊
                               ဗုဒ္ဓဟူး  ၏ ဥစ်ရာသီ မှာ ကန်
                              ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
                              သောကြာ ၏ ဥစ်ရာသီ မှာ မိန်
                               စနေ ၏ ဥစ်ရာသီ မှာ တူ
                               ရာဟု ၏ ဥစ်ရာသီ မှာ မေထုန် နှင့်
                           ကိတ် ၏ ဥစ်ရာသီ မှာ ဓနု   ရာသီ
သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
                  (ကောင်း ၊ အောင် ၊သာ ၊ ဘယ် ၊ ညာ ၊ လက် ၊နှင့် ၊ ရေး )
                              ဟု အလွယ် မှတ်နိုင်သည်။
  (ကောင်း ၊ အောင် ၊သာ ၊ ဘယ် ၊ ညာ ၊ လက် ၊နှင့် ၊ ရေး )
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
                  ဥစ်၏ဆန့်ကျင်ဘက်သည် နိစ် ဖြစ်သည် ။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
တနင်္ဂနွေ ၏ နိစ်ရာသီ မှာ တူ  ၊    တနင်္လာ  ၏ နိစ်ရာသီ မှာ ဗြိစ္ဆာ
အင်္ဂါ ၏  နိစ်ရာသီမှာ ကရကဋ် ၊ ဗုဒ္ဓဟူး  ၏ နိစ်ရာသီ မှာ မိန်
ကြာသပတေး ၏ နိစ်ရာသီ မှာ မကာရ ၊ သောကြာ ၏ နိစ်ရာသီ မှာ ကန်
စနေ ၏ နိစ်ရာသီ မှာ မိဿ ၊ ရာဟု ၏ နိစ်ရာသီ မှာ ဓနု နှင့်
ကိတ် ၏ နိစ်ရာသီ မှာ မေထုန် ရာသီ အသီးသီး ဖြစ်ကြပါသည် ။
                                   (ပုံတွင်ရှု )
       ကသစ် ၊ဥစ် နှင့် နိစ် ဂြိုဟ်များသည် ပုံသေဖြစ်ပါသည်။
         အလွတ်မရသေးလျှင် ရာသီစက်နှင့်တိုက်ကြည့်ပါ ။
                 ဥပစ္စည်းအိမ်(ဥပစယ အိမ်)
လဂ် မှ ၃ တန့် ၊ ၆ တန့် ၊ ၁၀ တန့် ၊၁၁ တန့် ဘာဝ တို့ကို ဥပစ္စည်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို ဥပစ္စည်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
                    ကိန်းအိမ်
လဂ်မှ ၁ တန့် ၊ ၄တန့် ၊ ၇ တန့် ၊ ၁၀ တန့် ဘာဝ များကို ကိန်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
ကိန်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ ကိန်းအိမ်များသတ်မှတ်ကြည့်ပါ ။)
               တြိကောဏအိမ်
လဂ်မှ ၁ တန့် ၊ ၅ တန့် ၊ ၉တန့် ဘာဝ များကို တြိကောဏအိမ် ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
တြိကောဏအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ တြိကောဏအိမ်များသတ်မှတ်ကြည့်ပါ ။)
  ဥပစ္စည်းအိမ်ရှင်၊ ကိန်းအိမ်ရှင် ၊ တြိကောဏအိမ်ရှင် ဂြိုဟ်များသည်  လဂ်တည်သောရာသီအလိုက်ပြောင်းလဲနေမည်ဖြစ်သည် ။
                          ၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
                                    ဆက်လက်ဖော်ပြပါမည်။
   စကားကြောနည်းနည်းရှည်အုန်းမှ.
နက္ခတ္တဗေဒင်ပညာသည် လောကီနှင့်မကင်းသေးသော ပုထုဇဉ်တို့အတွက် အကုသိုလ်မဖြစ်သောပညာရပ်အနေဖြင့်တတ်ကောင်းသည်သာ။
လူတစ်ယောက်၏ ဘဝတိုးတက်၊အောင်မြင် ၊ဆုတ်ယုတ် ၊ဆုံရှုံး မှု အပေါင်းသည် ထိုသူ၏ အရည်အချင်းအပေါ်
၉၀% တည်မှီနေသော်လည်း ၊ ၁၀% သည် ၊ အချိန်( ကာလ) ၊ ဒေသ (နေရာ) ၊ပတ်ဝန်းကျင်အကြောင်းအခြင်းရာ
များအပေါ်မူတည်နေကြောင်း အရွယ်ရောက်ပြီးသူတိုင်းအသိဖြစ်ပါလိမ့်မည် ။
ဤ၁၀% သည် မျက်နှာသာမပေးလျှင် မိမိ၏အရည်ချင်း၉၀% သည် သွားတိုင်းခရီးမပေါက် ၊တချို့တွင်လုံးဝပျက်သုန်းသွားပြီး
ဝ% နှင့် အနှုတ်လက္ခဏာထိကျဆင်း သွားရသည်များ ၊ မိမိကိုယ်တိုင် နှင့် ပတ်ဝန်းကျင်တွင်ကြူံဘူးကြပါလိမ့်မည် ။
    ဤ အချိန်( ကာလ) ၊ ဒေသ (နေရာ) ၊ပတ်ဝန်းကျင်အကြောင်းအခြင်းရာ များကို ကြိုတင်ဟောကိန်းထုတ်နိုင်သော
ပညာရပ်များတွင် ဗေဒင်ပညာလောက် (၈၀%)မှန်ကန်သော ပညာရပ် ဤကမ္ဘာတွင်မပေါ်ပေါက်သေးသည်မှာလည်း၊အမှန်တရားတစ်ခု။
          ဤနေရာတွင် ဗုဒ္ဓဘုရားရှင်ဆုံးမဟောကြားချက်ကို ထဲထဲဝင်ဝင်မကျင့်ကြံ ၊မလေ့လာဘဲ ၊ပညာရှိတို့အဆိုကိုနားစွန်းနားဖျားကြား
ရုံမျှဖြင့် လူတစ်ယောက်၏ ဘဝတိုးတက်၊အောင်မြင် ၊ဆုတ်ယုတ် ၊ဆုံရှုံး မှု အပေါင်းသည် ကံကြောင့်ပါဟု ကံအပေါ်ချည်းလွှဲချတတ်သော
အယူတိမ်းနေသော(မိစ္ဆာဒိဌိအယူရှိကြကုန်သော) သူများအားကျွန်ုပ်ဘာမျှမပြောလို ။
လွင့်မောင်မောင်
********************************************************************************************
နက္ခတ္တဗေဒအခြေခံ ( ၂ )
 ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် နှင့် ဂြိုဟ်သမ္ဗန္ဓ  
         ဂြိုဟ်ပူး 
(၁) ယေဘုယျအားဖြင့်လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များ
     ရာသီဇာတာ၌ တစ်ရာသီတည်းတွင်အတူတကွရှိကြလျှင် ယင်းတို့ကို ပူးသည်ဟု ဆိုနိုင်ပါသည်။
 (၂) အတိအကျ ဆိုရလျှင် လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
     ဂြိုဟ်များတစ်ရာသီတည်းတွင်အတူတကွရှိကြ၍ ၄င်းတို့၏ အံသာခြားနားချက်မှာ ၈ အံသာ
     (တချို့ဆရာများက ၁၀ အံသာ ) အတွင်းရှိမှ ၄င်းတို့ကို ပူးသည်ခေါ်သည်။
( မည်သို့ဆိုစေဂြိုဟ်တို့သည်တစ်လုံးနှင့်တစ်လုံးအံသာနီးလေပေူးပေါင်းမှုအားကောင်းလေလေဖြစ်သည်။)
(၃) လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော      ဂြိုဟ်များသည်ရာသီဇာတာ၊နဝင်းဇာတာနှစ်ခုစလုံးတွင် တစ်ရာသီတည်း၌ အတူတကွရှိကြ
  လျှင် ပူးပေါင်းမှု အားကောင်းဆုံးဖြစ်သည် ။
   ဂြိုဟ်မြင်
 ဤနေရာတွင် မြင်မှုအားနည်းသော ၁ပါဒ် ၊ ၂ပါဒ် ၊ ၃ပါဒ် အမြင်များကို ချန်လှပ်၍ မြင်မှုအားကောင်းသော ရာနှုန်းပြည့် ၄ ပါဒ် အမြင်ကိုသာ ဖော်ပြပါမည် ။
တနင်္ဂနွေ မှ စနေ ဂြိုဟ် အထိ ဂြိုဟ်(၇)လုံးသည် ၁၂ရာသီစက်ဝန်းကို လက်ဝဲရစ် လှည့်ပတ်ကြသည်။  ထို့ကြောင့်ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင် ၄င်းတို့ရပ်တည်သောရာသီအိမ်မှစတင်၍ လက်ဝဲရစ်အတိုင်း ၁တန့် ၊ ၂တန့် စသည်ဖြင့် ရေတွက်ရပါမည် ။
(က) တနင်္ဂနွေ မှ စနေ အထိ ဂြိုဟ် (၇)လုံးသည် မိမိရပ်တည်သည့်ရာသီမှ (၇)တန့်ဘာဝ(သမသတ်ရာသီ) ကိုလည်းကောင်း၊ ၄င်းရာသီ၌ ရပ်တည်သော ဂြိုဟ်များနှင့် လဂ်ကိုသော်လည်းကောင်း (၄) ပါဒ်ပြည့် အမြင်ဖြင့် မြင်ကြလေသည် ။
 (ခ) အင်္ဂါဂြိုဟ်သည် (၄)တန့်ဘာဝ နှင့် (၈)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏ ။
(ဂ) ကြာသပတေးဂြိုဟ်သည် (၅)တန့်ဘာဝ နှင့် (၉)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
 (ဃ) စနေဂြိုဟ်သည် (၃)တန့်ဘာဝ နှင့် (၁၀)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
 ဂြိုဟ်တို့၏ အမြင်ကင်းသော ဘာဝတို့ မှာ ၁တန့် ၊ ၂ တန့် ၊ ၆ တန့် ၊ ၁၁ တန့် နှင့် ၁၂ တန့် တို့ဖြစ်ပါသည် ဂြိုဟ်အမြင်များကို မှတ်မိလွယ်စေရန် အောက်ပါဇယား ကို ကြည့်ပါ ။
(င) ရာဟု ဂြိုဟ်သည် ၁၂ရာသီစက်ဝန်းကို  လက်ယာရစ် လှည့်ပတ်သည်။
     ထို့ကြောင့် ရာဟုဂြိုဟ်၏ဂြိုဟ်အမြင်  တန့်ကိုရေတွက်လျှင်
       စသည်ဖြင့် ရေတွက်ရပါမည် ။
   ရာဟုဂြိုဟ်သည် ၅တန့် ၊ ၇တန့် ၊ ၉တန့် ၊ ၁၂တန့် ဘာဝတို့ကိုလည်းကောင်း ၊
                       ဂြိုဟ်ပူးထက် ဂြိုဟ်မြင်က ပို၍ အားကောင်းပါသည်။
                      (၁)နာရီ ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
                                   နက္ခတ္တဗေဒအခြေခံ ( ၃ )
                            ဂြိုဟ်သမ္ဗန္ဓ(ဂြိုဟ်အချင်းချင်းဆက်သွယ်မှု)
   ဂြိုဟ်သမ္ဗန္ဓ (၄)မျိုးရှိသည် ။
(၁) ဂြိုဟ်၂လုံးသည် ရာသီအိမ်ချင်းဖလှယ်၍ ရပ်တည်ကြလျှင် ၄င်းဂြိုဟ် ၂ လုံးတို့ ပထမသမ္ဗန္ဓပြုကြသည် ။  (ပုံ တွင်ရှု)
တနင်္ဂနွေသည် ကြာပတေးပိုင်မိန်ရာသီတွင်ရပ်တည် ၍ ကြာသပတေးသည် တနင်္ဂနွေပိုင် သိဟ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္ဂနွေနှင့် ကြာသပတေး တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-တနလာင်္သည် အင်္ဂါပိုင်မိဿရာသီတွင်ရပ်တညိ၍ အင်္ဂါသည် တနင်္လာပိုင် ကရကဋ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္လာ နှင့် အင်္ဂါ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-ထိုနည်းတူစွာ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
(၂) ဂြိုဟ်နှစ်လုံးတို့သည် တစ်လုံးကိုတစ်လုံး အပြန်အလှန်၎ပါဒ်အပြည့်မြင်ကြလျှင်  
                        (ပုံ တွင်ရှု)
-တနင်္လာ နှင့် သောကြာ တို့သည်အချင်းချင်း သမသတ်(၇တန့်)အမြင်ဖြင့် အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--အင်္ဂါသည် စနေကို ၄တန့် ဖြင့်လည်းကောင်း ၊ စနေသည် အင်္ဂါကို ၁၀တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--ကြာသပတေး သည် ရာဟုကို ၉တန့် ဖြင့်လည်းကောင်း ၊ ရာဟုသည် ကြာသပတေးကို ၅တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
(၃)ဂြိုဟ်တစ်လုံးသည်မိမိရပ်တည်သော အိမ်ရှင်ဂြိုဟ်ကိုမြင်၍ ၄င်းအိမ်ရှင်ဂြိုဟ်သည်   
 မိမိရာသီ၌ရပ်တည်သော ဂြိုဟ်ကိုမမြင်လျှင် ၄င်းဂြိုဟ်၂လုံးသည် တတိယသမ္ဗန္ဓ ပြုသည် ။
 (ပုံ တွင်ရှု)
 - ကြာသပတေး က တနင်္ဂနွေကို မြင်၍ တနင်္ဂနွေက သြပတေးကိုမမြင်ပါ ။
       ထို့ကြောင့် ကြာသပတေး နှင့် တနင်္ဂနွေ တတိယသမ္ဗန္ဓ ပြုသည် ။
     - စနေ က တနင်္လာကိုမြင်၍ တနင်္လာက စနေကိုမမြင်ပါ ။
       ထို့ကြောင့် စနေ နှင့် တနင်္လာ တတိယသမ္ဗန္ဓ ပြုသည် ။
(၄) ဂြိုဟ်၂လုံးသည် တစ်ရာသီတည်း၌ အတူရှိကြလျှင် ၄င်းတို့သည်စတုတ္ထသမ္ဗန္ဓပြုကြသည်။
                        ဖော်ပြပါအခြေခံသဘောတရားများကိုကြေညက်အောင်လေ့ကျင့်ပါ ။
                                                   ၁နာရီ အချိန်ယူပါ။
ပြီးလျှင် နက္ခတ္တဗေဒအခြေခံ ( ၁ )၊(၂) ၊(၃) ကိုအစအဆုံး ထပ်မံလေ့ကျင့်ပါ ။
                                         အချိန် ၁နာရီ ၃၀မိနစ်ခန့် ယူပါ ။
 ယခုစုစုပေါင်းအချိန် (၄)နာရီအတွင်း ဇာတာတစ်စောင်ကိုကြည့်လိုက်သည်နှင့် လဂ်၊စန်း ၊ ဂြိုဟ်တို့၏ ရပ်တည်သောရာသီနှင့်  အနေအထား(ကသစ် ၊ ကိန်း ၊ ဥပစ္စည်း ၊တြိကောဏ)
    ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် ၊သမ္ဗန္ဓပြုသော ဂြိုဟ်များ ကို သိမြင်နိုင်ပြီဖြစ်ပါသည် ။
       ယုဂ် များ (YOGAS )
 ဂြိုဟ်တို့၏ ရပ်တည်ခြင်း ၊ ပူးခြင်း ၊ မြင်ခြင်း ၊ သမ္ဗန္ဓပြု ခြင်း တို့ကိုအကြောင်းပြု၍ “ ယုဂ် ”
 ဖြစ်ပေါ်လာသည် ။
                                                                   ရာဇယုဂ်များ
     ရာဇယုဂ် ရသော ဇာတာရှင်သည် ကာလ ၊ဒေသ အကြောင်းကိစ္စအားလျှော်စွာ  ထင်ပေါ်ကျော်ကြားခြင်း ၊ လူအများ၏ကြည်ညို လေးစားခြင်း ၊ ပူဇော်ခံရခြင်း ၊ စည်းစိမ် သုခနှင့်ပြည့်စုံခြင်း ၊ ကိုယ် စိတ် နှစ်ပါး ချမ်းသာခြင်း ၊ အခြွေ အရံ များခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ အကျိုးကိုဆောင်ရွက်ခြင်း၊ ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ ချီးမြှင့် မြှောက်စားမှုကို ခံယူရခြင်း စိတ်သဘောထားပြည့်ဝခြင်း ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ ပညာဥာဏ်အမြော်အမြင်ရှိခြင်း ၊ မည်သည့်ပညာရပ်မဆို လွယ်ကူစွာတတ်မြောက်ခြင်း၊ ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခေါင်းဆောင်ဖြစ်ရခြင်း ၊ အမျိုး၌ထင်ပေါ်ခြင်း ၊
 စသည့်အကျိုးများခံစားရလေသည် ။
                                     ဗြို့ ဟဇ်ဇာတက ကျမ်းပြု ဝရဟမိဟိရ ၏အလိုရ ရာဇယုဂ်များ
၁။    မွေးဖွားချိန်တွင် ဂြိုဟ် (၂)လုံး သို့မဟုတ် (၃) လုံးသည် မိမိဥစ် အိမ် ၊ သို့မဟုတ်
      ကသစ်အိမ်တွင်ရပ်တည်ကြပြီး တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ  
      အနေအထားရှိလျှင် မင်းမျိုး ဖြစ်ပါက မင်းဖြစ်လိမ့်မည် ။
၂ ။   မွေးဖွားချိန်တွင် ဂြိုဟ်-၅လုံးနှင့်အထက်သည်  မိမိဥစ် အိမ် ၊ သို့မဟုတ် ကသစ်အိမ်တွင်ရပ်တည်ကြပြီး 
   တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ အနေအထားရှိလျှင် မင်းမျိုးမဟုတ်သူပင်  
   မင်းဖြစ်လိမ့်မည် ။ ဂြိုဟ် ၅-လုံးထက်နည်းလျှင် ပစ္စည်းဥစ္စာ ချမ်းသာမည် ။ မင်းကားဖြစ်မည်မဟုတ်ပေ ။
၃။  မွေးဖွားချိန်တွင် +တနင်္ဂနွေဂြိုဟ်သည် လဂ် စန်းနှင့်အတူ မိဿရာသီတွင်ရပ်တည်၍ အင်္ဂါဂြိုဟ်သည်
     ဥစ်အိမ် တွင်လည်းကောင်း ၊ စနေဂြိုဟ်သည် ကုံရာသီတွင်လည်းကောင်း ၊ ကြာသပတေးဂြိုဟ်သည်
     ဓနုရာသီတွင်လည်းကောင်း ရပ်တည်ကြလျှင် မင်းသားသည် မင်းဖြစ်လိမ့်မည် ။
၎။  မွေးဖွားချိန်တွင် သောကြာဂြိုဟ်သည် ၄-တန့်ဘာဝ မိမိပိုင်အိမ်တွင်လည်းကောင်း ၊ တနင်္လာဂြိုဟ်သည်
   ၉-တန့်ဘာဝ ၊ကျန်ဂြိုဟ်များသည်  ၁တန့် ၊၃ တန့် ၊၁၁တန့်ဘာဝများတွင်လည်းကောင်းရပ်တည်ကြလျှင်  
   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည်။
၅ ။  မွေးဖွားချိန်တွင် အားရှိသော သောမဂြိုဟ်တစ်လုံးသည် လဂ်တွင်ရပ်တည်၍
     အခြားသောမဂြိုဟ်တစ်လုံးသည် ၄-တန့်ဘာဝတွင်ရပ်တည်ပြီး ကျန်ဂြိုဟ်များသည် ၂တန့် ၊ ၃တန့် ၊
   ၆တန့် ၊ ၉တန့် ၊ ၁၀တန့် ၊ ၁၁တန့် ဘာဝတွင်ရပ်တည်ကြလျှင် မင်းမျိုးဖြစ်ကမင်းဖြစ်လိမ့်မည် ။
၆ ။  မွေးဖွားချိန်တွင် စန်း သည် လဂ်နှင့်အတူ ပြိဿရာသီတွင်ရပ်တည်၍ စနေဂြိုဟ်သည် ၆တန့်ဘာဝတွင် 
      လည်းကောင်း အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်း ရပ်တည်ကြလျှင်  
     ဇာတာရှင်သည်   မင်းဖြစ်လိမ့်မည် ။
၇။  မွေးဖွားချိန်တွင် ကြာသပတေးဂြိုဟ်သည် ၄တန့်ဘာဝတွင်လည်းကောင်း တနင်္ဂနွေဂြိုဟ်နှင့် 
   တနင်္လာဂြိုဟ်တို့သည် ၁၀တန့် ဘာဝ ၊ စနေဂြိုဟ်သည် ၁တန့်ဘာဝ တွင်လည်းကောင်း   
အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်းရပ်တည်ကြလျှင်  ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
 ၈။ မွေးဖွားချိန်တွင် တနင်္လာဂြိုဟ်သည် ၁၀တန့် ၊ စနေဂြိုဟ်သည် ၁၁တန့် ၊
    ကြာသပတေးဂြိုဟ်သည် ၁တန့် ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူးဂြိုဟ်
   တို့သည် ၂ တန့် ၊ တနင်္ဂနွေနှင့် သောကြာဂြိုဟ်တို့သည် ၄တန့်ဘာဝ များတွင် ရပ်တည်ကြလျှင်  
   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၉။  မွေးဖွားချိန်တွင် အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ၁တန့် ၊ တနင်္လာဂြိုဟ်သည် ၄ တန့် ၊
    ကြာသပတေးဂြိုဟ်သည် ၇တန့် ၊သောကြာဂြိုဟ်သည် ၉တန့် ၊ တနင်္ဂနွေဂြိုဟ်သည် ၁၀တန့် ၊ 
    ဗုဒ္ဓဟူးဂြိုဟ်သည် ၁၁တန့် ဘာဝများတွင်ရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
                        (ဗြို့ဟဇ်ဇာတက ကျမ်း မှ ကောက်နှုတ်ထားပါသည် )
    တခြားကျမ်းများမှဖော်ပြသောရာဇယုဂ်များကိုလက်လှမ်းမီသမျှ စုစည်း၍ ဆက်လက်ဖော်ပြပေးပါမည် ။
From : http://www.lwintmgmg.com
Share:
Tuesday, November 20, 2012
ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)
တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေတီး” ကို “အချစ်ဆိုတာ ဘာလဲ”လို့
မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ “အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု”ကို
ခူးစေခဲ့တယ်။
ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး
နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို
ကျွန်တော်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး
မခူးခဲ့ဘဲ
ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ
လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်” လို့ ပြောတော့
ဆိုကရေတီးက “အဲဒါ..အချစ်” လို့ ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို “လက်ထပ်ခြင်းဆိုတာ ဘာလဲ”လို့ မေးပြန်သတဲ့။
ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
“အကောင်းဆုံး ထင်းရူးပင် တစ်ပင်”ကို ယူစေခဲ့တယ်။
သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။
နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။
“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေတီးက မေးတော့
“တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။
ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့
ပြောတော့
ဆိုကရေတီးက “အဲဒါ လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို “တိတ်တိတ်ပုန်း”ဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။
ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ “အလှဆုံး ပန်းတစ်ပွင့် “ကို ယူခိုင်းစေခဲ့တယ်။
ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။
(၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့
အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။
“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေတီးက မေးတော့
“၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို
ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။
အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့
ပြောတော့ ဆိုကရေတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။
တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ “အလှဆုံး ပန်းတစ်ပွင့် “ကို ယူခိုင်းစေခဲ့တယ်။
သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။
သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။
“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့
ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
“ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။
“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”
“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။
ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။
ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး
သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”
“အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေတီးက ပလေတိုကို
ပြောခဲ့တယ်။
Share:
Tuesday, November 13, 2012
ပဲနို့ကြိုက်တဲ့ ကိုကို ပျိုပျိုတို့ သတိထားဖို့ ပါ။
From : Good Health
ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုးဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို  သတိပြု ရှောင်ရှားသင့်ပါသည်။
၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရဓာတ်ကို ဆုံးရှုံး သွားစေတတ်ပါသည်။
၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ်မိသောအခါ အနှစ်သာရပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေတတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။
၃။မကျက်တကျက် ပြူတ်ပြီး မသောက်သင်
ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံးပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှောတတ်ပါသည်။
၎။ဓာတ်ဘူးနဲ့ မတည့်
ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွားစေတတ်၍ ကျန်းမာရေးက အထူး ထိခိုက်စေပါသည်။
Myanmar Express
Share:
ရှားရှားပါးပါး နှာခေါင်းကြီးနေတဲ့ မျောက်မျိုးစုလေးတွေ
ဒီမျောက်မျိုးနွယ်စုကိုတော့ (proboscis monkey) လို့ ခေါ်ကြပြီး.... တစ်နည်းအားဖြင့် နှာခေါင်း
ကြီးတဲ့မျောက်တွေလို့လည်း မှတ်ယူနိုင်ပါတယ် ။ ရေကူးရာမှာ ကျွမ်းကျင်ကြပြီး ကမ္ဘာ့အရှားပါး ဆုံး
မျောက်မျိုးစုတွေထဲမှာလည်းပါဝင်ပါတယ် ။ ဒီမျောက်လေးတွေကို အင်ဒိုနီးရှားနိုင်ငံ ဘော်နီအို
ကျွန်းစုက သစ်တောတွေထဲမှာ တွေ့နိုင်ပါတယ် ။
post by- နေမင်းဇွဲမာန်
Share:
Thomas Edison
Thomas Edison...  သူကို အခုကနေ နောက်ပြန်ရေတွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ကျော်လောက်က Milan, Ohioမှာ မွေးဖွားခဲ့တယ်။
ငယ်ငယ်ကတဲက စပ်စုတတ်လွန်းခဲ့တယ်။ သူ့အသက် ၃ နှစ်ကျော်မှာ သူအိမ်က ကြက်မကြီးက ကြက်ဥတွေကို ဘာကြောင့်ဝပ်သလဲ၊ ဘာလိုအကောင်ပေါက်သလဲသိချင်လို့ ကြက်မကြီးကို ဖယ်ပြီး သူက အဌားဝပ်ပေးသတဲ့..
နောက်ပြီး စပါးကျီထဲကို လှည်းတွေနဲ့ စပါးတွေ သယ်ထည့်တာကို ကြည့်ပြီး စပါးတွေ စပါးကျီထဲမှာ ဘယ်လောက်ရှိမလဲ တက်ကြည့်တာ စပါးကျီထဲ လိမ့်ကျဖူးတယ်။ ပျားအုံကို လေ့လာတာလွန်လို့ ပျားတုပ်ခံရတာလည်း အကြိမ်မနည်းဘူးတဲ့။
၆-နှစ်သားအရွယ်ရောက်တော့ ရှာရှာကြံကြံ သူကသိချင်ပြန်တယ်။ ကြံခင်းကြီးကို ကြည့်ပြီး သူမိသားစုနဲ့ အိမ်နီးနားချင်းတွေ ပျော်နေတာကို ကြည့်ပြီး သူက စမ်းသပ်မှုတစ်ခုလုပ်ခဲ့မိတယ်။ အဲဒီတုန်းက သူလုပ်ခဲ့တာက ကြံခင်းကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ မီးရှိုရသလဲလို့ သူ့ကို မေးတော့ “ကြံခင်း မီးလောင်ရင် လူတွေ ဘယ်လိုနေမလဲ သူသိချင်လို့ ဖြစ်ပါတယ်”တဲ့။
အဖြေကို တကယ်ပဲ သူသေသေချာချာသိသွားရပါတယ်။ သူရှိုခဲ့တဲ့ မီးကြောင့် သူတို့အိမ်နားနီးချင်းတွေရော၊ သူတို့မိသားစုရော ဒုက္ခရောက်ခဲ့ရတယ်။ ၆-နှစ်သားသူ့ကို သူ့အဖေက လူအများရှေ့မှာ မီးလောင်မှုရဲ့တရားခံအဖြစ် ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီပတ်ဝန်းကျင်ကနေ Michigan ကို သူတို့ ပြောင်းရွေ့ခဲ့ရတယ်။
နေရာအသစ်ကို ရောက်တော့ သူဖျားနေတာမို့ အသက် ရှစ်နှစ်ထိအောင် ကျောင်းမနေရဘူး။ သူကို ကျောင်းအပ်တော့ ဆရာစကားနားမထောင်သူ ကလေးအရိုင်းအစိုင်းအဖြစ် ပြဿနာ မကြာခဏတက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆရာမပြောတာထက် သူသိချင်တာကိုပဲ လျှောက်မေးနေခဲ့လို့ ဖြစ်ပါတယ်။ နောက်တော့ သူအမေကပဲ သူ့ကို စာသင်ပြီး စာဖတ်တဲ့အတတ်ကို သင်ပေးခဲ့ရတယ်။
သူက သိပ္ပံစာအုပ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ၁၁- နှစ်သား ဖြစ်တော့ သူမှာ ကိုယ်ပိုင် labလေးတစ်ခု ပိုင်နေပြီ ဖြစ်ပါတယ်။ တနေ့တော့ မိုးပျံပူဖောင်းအကြောင်းကို ဖတ်ရင်း သူက ဓါတုဗေဒ ဆေးဆိုင်မှာ ပစ္စည်းအချို့ကို သွားဝယ်ခဲ့တယ်။ ပြီးတော့ သူက ပစ္စည်းတစ်ချို့ကို ရောပြီး ပစ္စည်းတစ်ခု ဖော်စပ်တယ်။ ပြီးတော့ သူအိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်ကောင်လေးကို သောက်ခိုင်းတယ်။ သူဖော်တဲ့အရာက မိုးပျံပူဖောင်းလိုပဲ လူပျံအောင် စွမ်းတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတယ်လို့ ပြောပါတယ်။ ကောင်လေးက သူခိုင်းသလိုသောက်ပြီးနောက် မိုးပေါ်တော့ ပျံတက်မသွားပဲ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ သူအဖေ အရောက်စောပြီး ဆေးရုံတင်လို့သာပေါ့၊ မဟုတ်ရင် အဲဒီကောင်လေး သေသွားမှာ သေချာတယ်။ သူက အဲလို စူးစမ်းချင်သူဖြစ်ခဲ့တယ်တဲ့..။
၁၂ နှစ်သားအရွယ်ရောက်တော့ ကျောင်းစာလုပ်မယ့်အစား အလုပ်လုပ်ဖို့ပဲ သူတောင်းဆိုခဲ့တယ်။ ဒါနဲ့ မီးရထားပေါ်မှာ သတင်းစာ၊ ချိုချဉ်ရောင်းရင်း ပိုက်ဆံစုခဲ့တယ်။ စာအုပ်တွေဝယ်ဖတ်တယ်၊ နောက်တော့ ရထားပေါ်မှာ သူ့ရဲ့ labကိုယ်ပိုင်ခန်းဖွင့်နိုင်ခဲ့တယ်။ နောက်ပိုင်း ရထားမှာ သွားရင်း မတော်တဆဖြစ်လို့ သူရဲ့နားကန်းသွားခဲ့တယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျခဲ့တဲ့ သူက ဒီလိုပြောခဲ့တယ်။
“ကျွန်တော် ကံကောင်းသွားတာဗျ။ အခုဆို စာကို တိတ်တိတ်ဆိတ်ဆိတ် အာရုံစူးစိုက် ပိုဖတ်နိုင်တယ်ဗျာ။”
အဲဒါကတော့ တခြားသူမဟုတ်ပါဘူး နာမည်ကျော်သိပ္ပံပညာရှင်ကြီး Thomas Edisonပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ သူ့ကို ဘယ်သူက အခုလို နာမည်ကျော်ပညာရှင်ကြီးရယ်လို့ ထင်ခဲ့ပါ့မလဲနော်။ သူရဲ့ အကောင်းမြင်စိတ်၊ စူးစပ်လိုစိတ်က သူများကို အနည်းအကျဉ်း ဒုက္ခရောက်စေကောင်း ရောက်ခဲ့စေပေမဲ့ နောင်တချိန်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးအောင် သူပဲ တီထွင်ပေးခဲ့တာမို့လား။ နောက်ထပ်လည်း သူအများကြီးတီထွင်ခဲ့သေးတယ်လေ..။
ရွှေအိမ်စည်
Thomas Edison was born in Milan, Ohio, and grew up in Port Huron, Michigan. He was the seventh and last child of Samuel Ogden Edison, Jr. (1804–96, born in Marshalltown, Nova Scotia, Canada) and Nancy Matthews Elliott (1810–1871, born in Chenango County, New York).[2]  [citation needed] His father had to escape from Canada because he took part in the unsuccessful Mackenzie Rebellion of 1837.[citation needed] Edison reported being of Dutch ancestry.[3] 
In school, the young Edison's mind often wandered, and his teacher, the Reverend Engle, was overheard calling him "addled". This ended Edison's three months of official schooling. Edison recalled later, "My mother was the making of me. She was so true, so sure of me; and I felt I had something to live for, someone I must not disappoint." His mother taught him at home.[4]   Much of his education came from reading R.G. Parker's School of Natural Philosophy and The Cooper Union.
Edison developed hearing problems at an early age. The cause of his deafness has been attributed to a bout of scarlet fever during childhood and recurring untreated middle-ear infections. Around the middle of his career, Edison attributed the hearing impairment to being struck on the ears by a train conductor when his chemical laboratory in a boxcar caught fire and he was thrown off the train in Smiths Creek, Michigan  , along with his apparatus and chemicals. In his later years, he modified the story to say the injury occurred when the conductor, in helping him onto a moving train, lifted him by the ears.[5]  [6] 
Edison's family moved to Port Huron, Michigan after the railroad bypassed Milan in 1854 and business declined;[7]   his life there was bittersweet. He sold candy and newspapers on trains running from Port Huron to Detroit, and he sold vegetables to supplement his income. He also studied qualitative analysis, and conducted chemical experiments on the train until an accident prohibited further work of the kind.[8] 
He obtained the exclusive right to sell newspapers on the road, and, with the aid of four assistants, he set in type and printed the Grand Trunk Herald, which he sold with his other papers.[8]   This began Edison's long streak of entrepreneurial ventures, as he discovered his talents as a businessman. These talents eventually led him to found 14 companies, including General Electric, which is still one of the largest publicly traded companies in the world.
"Genius is one percent inspiration, ninety-nine percent perspiration."
Thomas Alva Edison, Harper's Monthly (September 1932 edition)
Born Thomas Alva Edison
February 11, 1847
Milan, Ohio  , U.S. Died October 18, 1931 (aged 84)
West Orange, New Jersey, U.S. Nationality American Education School dropout Occupation Inventor, businessman Religion Deist Spouse
Mary Stilwell (m. 1871–1884)
Mina Miller (m. 1886–1931) Children Marion Estelle Edison (1873–1965)
Thomas Alva Edison Jr. (1876–1935)
William Leslie Edison (1878–1937)
Madeleine Edison   (1888–1979)
Charles Edison (1890–1969)
Theodore Miller Edison (1898–1992) Parents Samuel Ogden Edison, Jr. (1804–1896)
Nancy Matthews Elliott (1810–1871) Relatives Lewis Miller (father-in-law) Signature  
Credit....From Wikipedia, the free encyclopedia
Shwe Eaim Si
Share:
အံသြဖွယ်ရာ သခွားသီး အစွမ်းများ
အံသြဖွယ်ရာ သခွားသီး အစွမ်းများ
၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။
၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။
၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။
၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။
၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။
၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။
၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။
၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။
၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။
၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။
၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။
From : https://www.facebook.com/photo.php?fbid=249201215178687&set=a.1...
Share:
အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။
ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။
ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။
လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -
၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။
၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။
၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။
၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။
အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။
ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..
Share:
ကောင်းနေသော မြန်မာနိုင်ငံမှလူငယ်တို့၏ အနာဂတ်
ကျွန်တော့်ညီ အသက်၁၈ မပြည့်သေးဘူး ၊ ဆေးလိပ်ပေါ်ပေါ်တင်တင်သောက်နေပြီ။ Night Club တွေတတ်နေပြီ၊ ပါတီတွေ တတ်တယ်၊  အရက်တွေသောက်နေပြီ။ အဲဒါတွေ သိတော့မှ အသိတရားရတယ်။ အစက ကိုယ်နဲ့မဆိုင်သလိုပဲ ဂရုမစိုက်ခဲ့ဘူး။အတ္တကြီးတယ်ပဲ ပြောရတော့မှာပေါ့။ သူ့လို လူငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ လို့။
ဝန်ခံပါတယ်။ ကျွန်တော်လည်း ၁၀ တန်းကျောင်းသား ဘ၀မှာ ဆေးလိပ်စသောက်တယ် အရက်စသောက်နေပြီ။ဒါတောင် ကျွန်တော် ၁၀တန်းမှ ဒါတွေ စလုပ်တာ နောက်တောင်ကျနေပြီ၊ ကျောင်းက တစ်ခြားသူတွေဆို ချောင်းဆိုးပျောက်ဆေးတွေ သောက်တယ်၊ကျောင်းကို Beer ယူပြီးသောက်တာ မိလို့ ကျောင်းတွေထုတ်ခံရတယ်။
ရှိုးပွဲသွားတယ် Beer ခွက်နဲ့ တစ်ခါတစ်လေ ဘယ်ကနေဘယ်လို ရမှန်းမသိတဲ့ ဆေးခြောက်၊ မသောက်ရင်ပဲ  စတိုင် မရှိ ခေတ်နောက်ကျမှာ ဆိုးလို့ သောက်တယ် လုပ်တယ် အမောပဲ။Show ပွဲ ပြီး ရင် ညဘက် ကလပ်တက်ပါတယ် လူကြီးတွေနဲ့ ရောယောင်ပြီးတော့။ ယုံလားတော့ မသိဘူး။ ၁၀တန်းကျောင်းသား ပိန်ပိန်သေးသေး ဘယ်လိုမှ ၁၈ မဟုတ်မှန်း သိသာ တယ်။ ဒါပေမဲ့ ဘာဖြစ်လည်း ကိုယ်နဲ့ပါလာတဲ့အကြီးတွေက VIP တွေလေ ဘယ်လောက်တောင် အဲ့မှာ သုံးဖြုန်းထားမှန်းမှမသိတာ။အေးဆေးပေါ့ ရင်ကော့ပြီးလိုက်ဝင်သွားတယ်။
၁၀တန်းပြီးတယ် ပိုလွတ်လပ်တယ်။ အိမ်မကပ်တော့ဘူး။ အရက်နဲ့ ဆေးလိပ်ကို ပိုခုံမင်လာတယ်။ ညဘက် ကလပ်တတ်ရတာ၊ Show ပွဲသွားရတာ၊ ပါတီတွေတတ်ရတာ၊ မူးရူး ပြဲကွဲ ၊ ပြီးရင် ရန်တွေလိုက်ဖြစ်ရတာ ပျော်လာတယ်။
ဘယ်တတ်နိုင်မလဲ   ဈေးပေါပေါ နဲ့ လွယ်လွယ် ရနေတာကို။
နောက်ပိုင်းအပေါင်းအသင်းနည်းနည်းများလာ တော့ မူးယစ်ဆေးဝါး စ စမ်းလာပါတယ်။
"ယာမ"  အဲ့ဒါမှ လွဲရင်ကျန်တာ ဘာမှမလုပ်။ အကြိုက်ဆုံးပဲ ၊ အားရှိတယ် တတ်ကြွတယ်၊ စဉ်းစားအားရှိတယ် ဆင်ခြင်မျိုးစုံနဲ့  နှစ်အတော်အကြာ လုပ်ခဲ့တယ်။ ဈေးကြီးတယ်ပြောတယ် ဒါပေမဲ့ နေ့တိုင်းအလကားနီးပါးရတယ်၊ လုံးဝ မကြောက်မရွံ့ ခဲ့ဘူး။ ရန်ကုန်မြို့ မှာ နံမည်ထွက် ဒိတ်ဒိတ်ကြဲ နာမည်ကြီး အလိုချင်ဆုံးစာရင်း ထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တရင်းတနှီးကို ရှိခဲ့ ပြီး ကိုယ်ကိုယ်တိုင်တောင် ရောင်းတဲ့သူ နံမည်စာရင်းထဲမှာတောင်ပါခဲ့တယ်။
သိုင်းလောက လို့ နာမည်ပြောင်ပေးထားတဲ့ အဲ့ အသိုင်းအ၀ိုင်း အဲ့လောကမှာ တော်တော်လေးကြာကြာကို ဦးတည်ရာမဲ့ ပြီး တစ်နေ့တစ်နေ့ အဲ့ဒါနဲ့ အချိန်တွေကုန် ခဲ့တယ်။ အမှားအမှန်ကို လုံးဝ မစဉ်းစားဘူး၊ ဘယ်သူ့ကိုမှလဲ ထည့်မတွက်ဘူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာအကုန်လုံး ဆုတ်ယုတ်လာတယ်။မိဘမျက်ရည်ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် ဆွေမျိုး မိသားစု ကိုယ့်ကြောင့် ဂုဏ်သိက္ခာတွေ ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် အရင် ကအပေါင်းအသင်းတွေ ငယ်သူငယ်ချင်းတွေ ကိုယ့် ကို  မပေါင်းရဲတော့ တာလည်း မစဉ်းစားခဲ့ဘူး
ဒီလိုနဲ့ ပဲ.. ကြာလာပြီလေ .. နံမည်တွေက အနံ့ ထွက်လာပြီ၊ ကံအရမ်းကောင်းပါတယ် အဲ့နေ့ က ကျွန်တော် အပြင်မလိုက်သွားတော့ အဖမ်းမခံလိုက်ရပါဘူး။ ကံမကောင်းစွာပဲ အဖမ်းခံလိုက်ရတဲ့ နှစ်ယောက် က ကျွန်တော့်ကို ညီ တစ်ယောက်လို အငယ်တစ်ယောက်မို့ ချစ်ကြတယ် ၊ ရဲတွေ မေးတော့ လိုက်တော့ ကျွန်တော့်ကို လုံးဝ မသက်ဆိုင်ကြောင်း အကာအကွယ်အပြည့် ပေးပြီး ပုတ်ထုတ်သွားတယ်၊ နောက်အေးအေးဆေးဆေးမှ သွားတွေ့ တော့ ကျွန်တော့်ကို အကြောင်းစုံ ပြောပြတယ် ပြီးတော့ သူတို့ ကို သင်ခန်းစာ ယူတော့၊ နောက်မူးယစ်ဆေးဝါးကို ဘယ်တော့မှ မလုပ်နဲ့တော့၊ သူမှာ ရွေးချယ်စရာ စီးပွားရေး မရှိတဲ့အတွက် ဒါကိုလုပ်ရတာဖြစ်ပြီး ကျွန်တော့်မှာ တက်လမ်းတွေး အခွင့်အရေးတွေ ရွေးချယ်စရာတွေ အများကြီးရှိတယ် ဆိုပြီး ကျွန်တော့် ကို ဆုံးမ ပါတယ်။ သူတို့ ကျေးဇူးရှိပါတယ်။
ဒါနဲ့  အရင်လို မဟုတ်တော့ပဲ ဦးတည်ချက်တွေ ပြန်ရှိလာခဲ့ပါတယ်။
ကျွန်တော် အများကြီး ကံကောင်းခဲ့ ပါတယ်။ ကျွန်တော့်လို ကံမကောင်းခဲ့တဲ့ လူငယ်တော်တော်များများ ဟာ ထောင်နန်းစံပြီး ဘ၀ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ ကြတယ်။ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့် ရဲ့ အရိပ်မည်းကြီး နဲ့ မြန်မာနိုင်ငံ လူငယ်တွေရဲ့ မူးယစ်ဆေးဝါး အခြေအနေတွေပါ။
ဒါတွေမှာ ကျွန်တော့် အမြင်ကို ပြောရရင်-
မူးယစ် အစ ဆေးလိပ်က ဆိုတဲ့ စကား လုံးဝမှန်ပါတယ်.
၁၈ နှစ်မပြည့်သေးတဲ့ သူတွေအတွက် ပိုက်ဆံ ရရင် ပြီးရော လို့ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေရှိနေတယ်၊
စတိုးဆိုင်တွေရှိတယ်၊
ဘီယာဆိုင်တွေ ရှိတယ်၊ ရှိုးပွဲ မှာ ဘီယာတွေကို ရောင်းချင်သလိုရောင်းတယ်၊
ပါတီပွဲတွေ များလာတယ်၊ ၁၈ နှစ်အောက်တွေကို ပေးဝင်တယ်၊ အရက်ပါသောက်ခွင့်ပေးတယ်၊
နိုက်ကလပ်တွေ ပိုက်ဆံရ ရင်၊ အသိုင်းအ၀ိုင်းကြီးတွေမှာ ၁၈ နှစ်အောက်တွေပါလာရင် ပေးဝင်တယ်၊
စစ်ဆေးအရေးယူမဲ့ ရဲတွေ မရှိခဲ့ဘူး၊ ဥပဒေ တင်းကြပ်မှုမရှိဘူး။ ရဲတွေစီကတောင် မီးညှိ ဖို့ မီးခြစ်တောင်တောင်းဖူးသေးတယ်။
ဆေးလိပ်၊အရက် ဘီယာဈေးတွေ ပေါပေါလောလော ရတယ် ကိုယ့်မုန့်ဖိုးနဲ့ တောင် ကိုယ်ဝယ်လို့ရတယ်။
မူးယစ်ဆေးဝါးပြသနာမှ ဆိုရင်လည်း လာဘ်ပေး ခြစား အာဏာ အလွဲသုံးစားတွေ၊ နောက်ဆုံးပြည်ထဲရေး ရုံးထဲ က ၀န်ထမ်းတွေ ဆီကပါ ကိုယ်ကိုယ်တိုင် ၀ယ်ခဲ့ဘူးတယ်၊ အများကြီးကြုံတွေ့ခဲ့ ရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ၊ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေ လွတ်ပြီး ပြစ်ဒဏ်သေးတဲ့ သူတွေ အပြစ်ပုံချ ခံရလို့ ပြစ်ဒဏ်ပိုကြီးသွားတာတွေ ကိုယ်ကိုယ် တိုင် ရုံးချိန်းတော်တော် များများလိုက်နားထောင်ဖူးလို့ မြင်တွေ့ ခဲ့ရတယ်။
မူးယစ်ဆေးဝါးရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့  အားကစား ကို လိုက်စားဖို့ အခြေအနေတွေမပေးခဲ့ဘူး။
ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကအခြေအနေတွေပါ။
အခု အခြေအနေတွေကို ပြောရ ရင်
ခေတ်ကလည်းမှီလာပြီ၊ ပွင့်လည်းပွင့်လင်းလာပြီ၊ ဆက်သွယ်ရေး၊စီးပွားရေး တွေကလည်းကျယ်ပြန့်လာပြီ ဆိုတော့
နိုင်ငံခြား ဆေးလိပ်ကုမ္ပဏီ၊ အရက်ကုမ္ပဏီ၊ ဘီယာကုမ္ပဏီ စက်ရုံတွေ ၀င်လာပြီး ရင်းနှီးမြုပ်နှံမဲ့သတင်းတွေ၊ ကြားရပါတယ်၊ အရာရှိဝန်ကြီး တစ်ယောက်ကလည်း မြန်မာနိုင်ငံသားတွေ အဆင့်မြင့် အရက်ကောင်း၊ အရက်သန့် ၊အရက်စစ်တွေ သောက်ရတော့မယ်ဆိုပြီး မီဒီယာတွေကို စကားဦးသန်းထားပါတယ်၊
အရက်တွေ ဈေးထက်ကြမယ်ဆိုတဲ့ အရိပ်အယောင်တွေ၊
ပါတီပွဲ၊ ရှိုးပွဲတွေ အရင်ကထက် များလာပါတယ်
Bar၊ Night Club၊ Beer ဆိုင် တွေ အသစ်တွေ ပေါ်လာပါတယ်
အသက် ၁၈ နှစ် အောက်တွေ ပေးဝင်ထားတုန်း၊ အရက်၊ဘီယာနဲ့  ဆေးလိပ်တွေကို ပေးသောက်မြဲ၊ လွယ်လွယ်နဲ့ ရောင်းမြဲ၊ စည်းကမ်းတင်းကြပ်မှု၊ အရေးယူမှုတွေ လျော့ရဲနေမြဲ တွေတွေ့နေရပြီး
မူးယစ်ဆေးဝါးမှာ ဆိုရင် လည်း အရင်ကထက် မြန်မာနိုင်ငံထဲကို ၀င်ရောက်မှု တွေ များလာတယ် ဆိုတာ ကို Report တွေ မှာတွေ့နေရပါတယ်။
အဆုံးရွားဆုံး ကတော့ အင်တာနက်လူမှုရေး စာမျက်နှာပေါ်တွေ မှာ မူးယစ်ဆေးဝါးသုံးစွဲနေပုံ၊ မူးယစ်ဆေးဝါးပုံတွေ ကို ဂုဏ်ယူဝင့်ကြွားစွာ တင်လာပြီး ထို လူငယ်တွေကပဲ ကောင်းချီးသြဘာပေး  တောင့်တမှု အရိပ်အယောင်တွေ ကို တွေ့လာရပါပြီ။
တာဝန်ရှိသူများ ခင်ဗျား။
နိုင်ငံတိုးတတ်လာပြီး ဖွံဖြိုးပြောင်းလဲနေတဲ့ ဒီမြန်မာနိုင်ငံ ကြီးဟာ  နောင်နှစ်ပေါင်းများစွာတွေမှာ လူငယ်တွေက လူကြီးတွေနေရာကို ၀င်ရောက်ပြီး တာဝန်ယူကြရမဲ့  အနာဂတ် လူသားအရင်းအမြစ်တွေပါ။
ဒီလူငယ် လူသားအရင်းအမြစ်တွေ ရဲ့ အနာဂတ်ကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။
ဒါ့ကြောင့်အသက် ၁၈ နှစ် အောက်တွေ မူးယစ်သေစာ သုံးစွဲ ခွင့်ကို စည်းကမ်းတင်းကြပ်ပြီး ပြန်လည် ထိန်းသိမ်းပေးပါ။
ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ အတိုင်း ဘယ်သူကို မဆို ဥပဒေ ချိုးဖောက်လျှင်ထိထိရောက်ရောက် အရေးယူပေးပါ။ ပညာပေးစည်းရုံးပါ။
Night Club များ၊ Bar များကို သေချာတင်းကြပ်ပေးပါ။ နိုင်ငံတိုင်းတွင် သတ်မှတ်ထားသော စည်းကမ်းများရှိပါသည်။
မည်သူ့ ပိုင်လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းတိုင်း၊ နေရာတိုင်း ကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပါ။ အသက်မပြည့်သေးတဲ့ လူငယ်တွေ ဥပဒေချိုးဖောက်မှုတွေ ကို လိုက်လံ အရေးယူ ပညာပေးမှုတွေ လုပ်ပါ။ ကူညီ သူများ၊ ရောင်းချသူများကို ပိုမို အရေးယူပါ။ လွယ်လွယ်ရောင်းချတတ်သိ ဆိုင်များကို ပညာပေးမှု များလုပ်ပါ။
ဆေးလိပ်မသောက်ရ နယ်မြေ တွေ သတ်မှတ်ပေးပါ။ မူးယစ်ခွန်တွေကို စိစစ်သတ်မှတ်ပေးပါ။
အားကစားနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန များပူးပေါင်း၍  အားကစားလိုက်စားမှုကို မြှင့်တင်ရန် စီမံကိန်းများ ချမှတ်ပါ။ အားကစား လွယ်လွယ်နဲ့ လိုက်စားတတ်အောင် အစစ အရာရာ ပံ့ပိုးပေးပါ။
မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြှင့်တင်ပြီး ဋ္ဌာန အတွင်း လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု၊ Rule of Law တို့ကို သေချာစိစစ်ပါ။
နိဂုံးချုပ် အဖြစ်ပြောရပါလျှင် ယခု ဖွံဖြိုးတိုးတတ်နေချိန်တွင် လူငယ်တို့ ၏ အနာဂတ်အား ယခု ချိန်တည်းကစပြီး သေသေချာချာ ကြပ်မတ်ပေးပါမှ နောင်လာမည် ခေတ်မှီ ဖွံဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး ကို တည်ဆောက်၍ ရမည် ဟုလို့တော့ ကျွန်တော်ယုံကြည်မိပါသည်။
ခေါင်းစဉ်တွင် "ကောင်းနေသော မြန်မာနိုင်ငံမှ လူငယ်တို့၏ အနာဂတ်" မှ "ကောင်း" ဟူသော ဝေါဟာရအား မူးယစ်ဆေးဝါးသူစွဲသူများသုံးလေ့ ရှိသော ဗန်းစကား အရ အရှိန်တတ်နေ သည် ဟူသော အဓိပ္ပါယ် အစား၊  ကောင်းကောင်းမွန်မွန် အကောင်းဆုံးဟူသော  အဓိပ္ပါယ်  အသုံး အနှုန်း အမြန်ဖြစ်ပေါ်လာပါတော့မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
နိုင်ဧရာ
၁၁.၉.၂၀၁၂
ဒီဆောင်းပါးမိတ္တူအား-
-နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ အကြံ ပြုစာအဖြစ်လည်းကောင်း
- NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသို့ အကြံ ပြုစာအဖြစ်လည်းကောင်း
-ပြည်တွင်းဂျာနယ် တိုက် သို့ ဆောင်းပါးအဖြစ်လည်းကောင်း
ပေးပို့ပြီး
-
-
-      #ရာဇာဓိရာဇာ ၏ ဖေ.ဘွတ်မှ#
Share:
Mr.KyawSwar ရဲ့သူငယ်ချင်းများ
BTemplates.com
Powered by Blogger.
Contact Form
Name
Email *
Message *
Search This Blog
Blog Archive
Sponsor
ads
Recent Post
Gadget
Recent News
Pages
Popular Posts
Blog Archive