Comments

Tuesday, August 21, 2012

လောကဓါတ်သိပ္ပံပညာရှင်တွေတောင် အဖြေရှာမရတဲ့သတင်းလေးပါ..


အိန္ဒိယ၌ နှစ်ပေါင်း ၂၅၀၀ ကျော်တိုင် ရှင်သန်နေဆဲဗောဓိပင် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ဂေါတမ ဘုရားရှင် ပွင့်တော်မူသော အချိန်ကတည်းက ဖြစ်သည့် ဗောဓိပင်ကြီးတစ်ပင်သည် ယခုတိုင်အောင် ရှင်သန်ဖွံ့ဖြိုး နုပျိုနေဆဲဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားသည်။ အဆိုပါ ဗောဓိပင်ကြီးသည် တစ်ပင်လုံး နုပျိုစိမ်းလန်းနေလျက်ရှိကြောင်း ဥတ္တာရာခန်းပြည်နယ် ဒီရာဒွန်ရှိ သစ်တောသုတေသနအဖွဲ့မှ သိပ္ပံပညာရှင် ဆတ်ဟက်စ်နျူတီယာက ပြောကြားခဲ့သည်။ ယင်းဗောဓိပင်ကြီးသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီယာပြည်နယ်၏ မြို့တော် ပတ္တနားမှ ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ဗုဒ္ဓဂယာတွင် တည်ရှိသည်။ သိပ္ပံပညာရှင်များသည် အဆိုပါ ဗောဓိပင်ကြီးအား လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် အပင်၏ ခြေရင်းရှိ ဘိလပ်မြေ ချပ်ပြားများနှင့် အခြားသော အပင်များကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း၊ ဗောဓိပင်ကြီး ဆက်လက် ရှင်သန်နိုင်ရန်အတွက် အပင်၏ အမြစ်များတွင် လိုအပ်သည့် ရေနှင့် အစာအာဟာရများ ရရှိရန် ကူညီပေးခဲ့ကြောင်း သိပ္ပံပညာရှင် နျူတီယာက ဆက်လက်ပြောကြားသည်။ အထွတ်အမြတ်ထားသည့် အဆိုပါ ဗောဓိပင်၏နောက်ရှိ နှစ်ပေါင်း ၁၅၀၀ ခန့်က ရပ်တော်မူဘုရားသို့ ကမ္ဘာတစ်ဝန်းမှ ခရီးသည် အများအပြား နှစ်စဉ် လာရောက်လည်ပတ် ဖူးမြောက်လျက်ရှိသည်ဟု သိရသည်။ (ခေတ်လူငယ်မှ)
Share:

0 comments:

Post a Comment

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts

Blog Archive