Comments

Thursday, August 10, 2017

အောင်မြင်သော ခေါင်းဆောင်မှု လျှို့ဝှက်ချက်များ



 မကောင်းမြင်တတ်သူများအဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။ မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင်လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ်လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာကြခြင်းသာ ဖြစ်သည်။ မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့်သာ ခေါင်းဆောင်နေရာတွင် ရပ်တည်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သောသဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။ ခေါင်းဆောင်ဖြစ်လာမှုနှင့် ပတ်သက်ပြီး Nature လား၊ Nurture လား ဆိုသည့် မေးခွန်းကို အမြဲ မေးလေ့ရှိကြသည်။ nature ကတော့ ဖွံ့ဖြိုးဆဲများ အလေးထားကြသည်။ သဘာဝကိုက ခေါင်းဆောင်ပါရမီ ပါလာသည့်သဘော ဖြစ်သည်။ တောက်မည့်မီးခဲ အရှိန်နှင့် တရဲရဲ သဘောမျိုး ဖြစ်သည်။ နဂိုရှိမှ နဂိုင်းထွက်သည့် သဘောလည်း ဖြစ်သည်။ Nurture ကတော့ ခေါင်းဆောင်မွေးယူခြင်း ဖြစ်သည်။ Nature က မှန်သလား၊ Nurture က မှန်သလားဟု ဆိုလျှင် နှစ်ခုစလုံး မှန်ပါသည်။ ခေါင်းဆောင်မှု သင်တန်းများကို တက်ရောက်သူများကို ကြည့်လျှင် ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူများသာ တက်ရောက်ကြသောကြောင့်သာ ဖြစ်သည်။ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူသည် Nature ဖြစ်သည်။ ခေါင်းဆောင်မှု သင်တန်းအရ ခေါင်းဆောင်များ မွေးထုတ်ခြင်းသည် Nurture သာ ဖြစ်သည်။ မဆိုင်သော်လည်း ဆက်စပ်မှု ရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်း ရွယ်တော့မဟာနွယ်၊ ညားတော့ဈေးသည် အဆင့်လောက်ခေါင်းဆောင်မျိုးသာ ရရှိပါသည်။ ခေါင်းဆောင် အရည်အချင်း ရှိသူများကို လေ့လာမည်ဆိုလျှင် သူတို့ လုပ်ကိုင်နေသော လုပ်ရပ်များကို ကြည့်ပြီး အကဲခတ်နိုင်ကြသည်ဟုလည်း ဆိုကြပါသည်။ သူတို့ရဲ့ သိသာနိုင်သော လျှို့ဝှက်ချက်များကို လေ့လာမည် ဆိုပါက အသိအမှတ်ပြုတတ်ပါစေ ခေါင်းဆောင်တစ်ဦး၏ မလွဲမသေ လုပ်ရမည့် တာဝန်များတွင် Recognition ခေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ 


အလုပ်ကို အသိအမှတ် ပြုမှာလား၊ လူကို အသိအမှတ် ပြုမှာလားဟူသော မေးခွန်းသည် ထိုခေါင်းဆောင်၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်။ အလုပ်ကို မွေးသော ခေါင်းဆောင်သည် တာဝန်ကျေပွန်သူက မြှောက်စားသည်။ အလုပ်တာဝန် မကျေပွန်သူကို သတိပေးသည်။ လူကို မွေးသော ခေါင်းဆောင်သည် ကိုယ်နှင့် တည့်သည့်လူကို မြှောက်စားသည်။ မတည့်သည့်လူကို ချောင်ထိုးသည်။ ပိုစိတ်ချရအောင် နှိပ်ကွပ်ထားသည်။ တစ်ဖန် ခေါင်းဆောင်ဆိုသည်မှာ လူကြောင့် ဖြစ်လာသည်လား၊ အလုပ်ကြောင့် ဖြစ်လာသည်လား ဟူသော မေးခွန်းကို လူတွေကြောင့် ခေါင်းဆောင်ဖြစ်လာသည်ဟုသာ ထင်တတ်ကြသည်။ အမှန်တော့ အလုပ်အရသာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးတို့ ဖြစ်လာကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ်စီးပွားရေး စနစ်တွင် စုံစီနဖာ၊ တောက်တိုမယ်ရ ခေါင်းဆောင်ဆိုသည်ကား မရှိ၊ အလုပ် တာဝန်ဝတ္တရား Division of Labour or Specialization ပေါ် မူတည်ပြီးမှသာ ခေါင်းဆောင်ဖြစ်လာခြင်းသာ ရှိသည်။ အဖွဲ့အစည်းမှ ဖြစ်လာသော ခေါင်းဆောင်သာလျှင် ရှိသည်။ ထိုခေါင်းဆောင်သည် ထိုအဖွဲ့အစည်း မရှိတော့လျှင် ထိုခေါင်းဆောင်လည်း မရှိတော့သည့် သဘောမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြန်သုံးသပ်လျှင် အလုပ်ကိုလည်း မွေးရမည်။ အလုပ်နှင့်ပတ်သက်သော လူများကိုလည်း မွေးရမည်သာ ဖြစ်ပါတော့သည်။ အလုပ်သပ်သပ် မွေးလို့တော့ မရနိုင်ပါ။ အလုပ်နှင့် တွဲပြီး လူမွေးရပါသည်။ သို့သော်လည်း အလုပ်သပ်သပ်ဖြင့် လူမွေးလို့ရော ရနိုင်ပါသလားဟူသော မေးခွန်းလည်း ရှိပါသည်။ အလုပ်သပ်သပ်ဖြင့်လည်း လူမွေး၍ ရနိုင်ပါသည်။ သို့သော်လည်း အဖွဲ့အစည်းအတွက်တော့ စိတ်မချရပါ။ အဖွဲ့အစည်း ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။ အဖွဲ့အစည်း ပျက်သွားလျှင် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း မရှိတော့ပါ။ အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင်လည်း တွေးဆစရာများလည်း ရှိပါသည်။ ရပ်တည်နေသော အဖွဲ့အစည်းနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာအားဖြင့် - လူ၏ ခန္ဓာကိုယ်ကို အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်လိုက်မည် ဆိုလျှင် အစား စားနေချိန်တွင် အစားစားခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းသည် ခေါင်းဆောင် ဖြစ်လာပါသည်။ ပါးစပ်၊ လက်၊ မျက်စိ စသည့် အပိုင်းများ ဖြစ်လာပါသည်။ လမ်းလျှောက်တော့မည် ဆိုလျှင်လည်း ခြေထောက်၊ မျက်စိ စသည်တို့သည်လည်း ခေါင်းဆောင်မှု အပိုင်းတွင် ဖြစ်လာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် မည်သူက ခေါင်းဆောင်ဖြစ်မလဲ ဟူသော အတွေးသည် သိပ်စဉ်းစားစရာ မလိုပါ။ အသိအမှတ် ပြုခြင်းနှင့်သာ ဆိုင်ပါသည်။ စားနေချိန်တွင် စားခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အသိအမှတ် ပြုသင့်ပါသည်။ 

လမ်းလျှောက်နေချိန်တွင် လမ်းလျှောက်ခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းများကို အသိအမှတ် ပြုတတ်ရပါမည်။ စားနေချိန်တွင် ခြေထောက်ကို မြှောက်စားနေမည်၊ လမ်းလျှောက်ချိန်တွင် ပါးစပ်ကို အမွှမ်းတင်နေမည် ဆိုပါက အသိအမှတ်ပြု လွဲနေပါတော့မည်။ ယင်းကို Leadership တွင် Supervision Means ဟု ခေါ်ဆိုကြသည်။ စီမံခန့်ခွဲတတ်ပါစေ စီမံခန့်ခွဲမှုနှင့် ပတ်သက်လာလျှင် စုပေါင်းလုပ်တတ်မှု ရှိစေရန် သွန်သင်တတ်ရမည် ဖြစ်သည်။ များသောအားဖြင့် စီမံခန့်ခွဲမှုသည် အချင်းချင်း ရန်တိုက်ပေးတတ်လျှင် စီမံခန့်ခွဲမှု ကျွမ်းကျင်သည်ဟု အရပ်စကားဖြင့် ပြောတတ်ပါသည်။ ယင်းသည် ကိုယ့်ပိုက်ကွန်ကို ကိုယ့်အတွက် ထောင်သည်ဟု ယူဆသူများလည်း ရှိလာပါသည်။ မည်သည့် အယူအဆက မှန်သည်ဟု ဆိုရန် ခက်လှပါသည်။ အခြေအနေပေါ် မူတည်ပြီး မှန်နေသောကြောင့် ဖြစ်သည်။ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ကို ထိန်းထားနိုင်သရွေ့တော့ ထိုစီမံခန့်ခွဲမှုသည် အောင်မြင်နေမည်သာ ဖြစ်သည်။ သို့သော်လည်း ဂိတ်ဆုံးလျှင် ဒုတိယ အယူအဆသည် မှန်လာပါတော့သည်။ စီးပွားရေး လုပ်ငန်းတစ်ခုတွင် ဖြစ်သည်။ ကြော်ငြာအားဖြင့် လှုပ်ရှားနေရသော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် ကြော်ငြာနှင့်ဆိုင်သော ပညာရှင်များလည်း ရှိသည်။ သတ်ပုံနှင့်ဆိုင်သော ပညာရှင်များလည်း ပါသည်။ သို့သော်လည်း လုပ်ငန်းရှင် အနေဖြင့် ကြော်ငြာမှု အပိုင်းတွင် အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့် အချက်ပေါင်း များစွာကို ဂရုစိုက်ရသည်။ မားကက်တင်းအတွက် သူတို့သည် အသက်ဖြစ်သည်။ ပြီးလျှင် စကားလုံးဖွဲ့စည်းမှု၊ ကျစ်လျစ်စွာ သတင်း အင်ဖော်မေးရှင်း ပေးနိုင်မှု၊ ထိရောက်စွာ သတင်းပေးနိုင်မှု စသည့် အချက်များက ပြုစုပြီးလျှင် သဒ္ဒါအမှား အမှန်အတွက် သဒ္ဒါစိစစ်ရေး အဖွဲ့ကို ပေးလိုက်ပါသည်။ ကြော်ငြာ ပြုစုပျိုးထောင်ရေး အဖွဲ့အနေဖြင့် သဒ္ဒါစိစစ်ချိန်ကို ပေး၍ မရပါ။လူတိုင်း ခံစားဖူးပါသည်။ သဒ္ဒါကိုသာ ဂရုစိုက်လွန်း အားကြီးလျှင် အိုင်ဒီယာ ပျောက်တတ်ပါသည်။ အိုင်ဒီယာကိုသာ ဂရုစိုက်မည် ဆိုလျှင်လည်း သဒ္ဒါ လှည့်မကြည့်အားပါ။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားပင်လျှင် သူ့နာမည်ကို အမျိုးမျိုး ရေးတတ်သည်ဟု ဆိုပါသည်။ စာလုံးပေါင်း ၆ မျိုးလောက် ရှိသည်ဟု ဆိုပါသည်။ မည်သည့်ဟာ အမှန်ကိုပင် ပြောရန် ခက်သည်ဟု ဆိုပါသည်။ အချို့ကတော့ တို့ကတော့ အိုင်ဒီယာလည်း ကောင်းတယ်၊ Grammar လည်း ကောင်းသည်ဟု ဆိုပါသည်။ အရူးစကား ဖြစ်ပါသည်။ ကိုယ်ရည် သွေးလွန်းသောကြောင့် အရူးဟု ပြောလိုခြင်း ဖြစ်သည်။ လင်းတလောက်တော့ ငှက်တိုင်းလှရုံဖြင့် သွေးနားထင် ရောက်သော စကားဖြစ်သည်။ တစ်နည်းအားဖြင့် Specialization ဆိုတာလည်း နားမလည်၊ Division of labour ဆိုတာလည်း နားနှင့်ဝေးနေသော So-called ပညာရှိများ၊ ကြက်ဆူတော ပညာရှိများသာ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်း နားလည်သော လုပ်ငန်းရှင်သည် ထိုပညာရှင် နှစ်အုပ်စုကို စုစည်းပြီး အသိအမှတ် ပြုမည့်အစား သွေးခွဲ အုပ်ချုပ်လာသောကြောင့် တစ်အုပ်စုနှင့် တစ်အုပ်စု ငါနှင့်ငါသာ နှိုင်းစရာများ ဖြစ်လာပါတော့သည်။ အလုပ်မမွေးဘဲ လူမွေးသောကြောင့် အလုပ် “ကျ” ပြီး၊ လူ “ထ” လာပါတော့သည်။ ထိုအခါ မထိရောက်သော ကြော်ငြာများ၊ ပိုးသာကုန် မောင်ပုံ စောင်းမတတ်သော ကြော်ငြာများ ဖြစ်လာပါသည်။ အဓိကတော့ လုပ်ငန်းရှင်သည် အလုပ်ကို မမွေးတတ်ဘဲ လွယ်ကူလွန်းသည့် “လူမွေး” ခြင်းကိုသာ နားလည်သောကြောင့်သာ ဖြစ်ပါတော့သည်။ ယင်းကို Leadership တွင် Management Means ဟု ခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါး နားလည်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

Writer:  ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)



Share:

Tuesday, August 8, 2017

စလုံးကြောင့် စလုံးဖြစ်ခဲ့ရတဲ့အကြောင်း.........

အစကတော့ ဒီ Blog မှာ ဆရာ့ဆရာကြီးတွေရဲ့ အသိပညာတွေ၊ ဗဟုသုတတွေကို ကူးယူဖော်ပေးဖို့ပဲလုပ်
ထားတာဖြစ်ပေမယ့် ကိုယ်ပိုင် Blog လေးမှာကိုယ်တိုင်ရေးတဲ့စာလေးတစ်ပုဒ်မှမရှိပြန်ရင်လည်း မကောင်း
တာမို့ ကျွန်တော်အမြင် (Opinion) လေးကိုချပြရေးသားရခြင်းဖြစ်ပါတယ်။......

စူးစမ်းတဲ့စိတ်(စလုံး)ကြောင့်........စံနှုန်းဆိုတဲ့(စလုံး)ဖြစ်ပေါ်ခဲ့ရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။......လူရယ်
လို့ဖြစ်လာပြီဆိုရင် စိတ်ခံစားချက်ဆိုတာကြီးကလည်းမပါမဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာပါ
တယ်။...

စိတ်ကြောင့်လူတွေဟာ ၀မ်းသာကြ၊ ၀မ်းနည်းကြ၊ ပျော်ကြ၊ စိတ်ညစ်ကြ၊ အောင်မြင်ကြ၊ ကျဆုံးကြ၊ ချစ်ကြ၊
မုန်းကြ၊ ယုံကြည်ကြ၊ သံသယဖြစ်ကြ စတဲ့ခံစားချက်ပေါင်းများစွာတို့ နေ့စဉ်နဲ့အမျှကျွန်တော်တို့ကြုံတွေ့ခံစား
နေရတာလည်းအားလုံးအသိပဲဖြစ်ပါတယ်။.......

ငယ်ငယ်ကဖတ်ဖူးတဲ့ ဂမ္ဘီရစာအုပ်တွေထဲမှာတော့ စိတ်ကလောကရဲ့အကြီးမြတ်ဆုံးပဲစိတ်ကိုအောင်မြ
င်အောင်ထိန်းချုပ်နိုင်ရင် မြေလျှိုးမိုးပျံ၊ ကိုယ်ရောင်ဖျောက်၊၀ိဥာဉ်လွှင့်၊ကိုယ်ပြောင်းလဲချင်တဲ့ပုံစံပြောင်း
လဲခြင်း စတဲ့အစွမ်းသတ္တိတွေရနိုင်တယ်လို့လည်းဆိုပြန်တယ်......
ဒါဟာမဖြစ်နိုင်ဘူးလို့ အခြားသူတွေထင်ကြပေမယ့် ကျွန်တော်ကတော့ ဒီကိစ္စဟာဖြစ်နိုင်တယ်လို့ ယုံကြည်မိပြန်တယ်လူတွေမှာ မတူညီတဲ့စိတ်စွမ်းအင်တွေရှိကြပါတယ်.....အချိန်တိုင်းစက္ကန့်တိုင်း
မှာပြန့်လွှင့်လွယ်တဲ့ စိတ်ကိုမထိန်းချုပ်နိုင်တဲ့အတွက် မသုံးနိုင်ကြခြင်းပဲဖြစ်ပါတယ်.... ဥပမာ...
ငယ်ငယ်ကခွေးလိုက်ကိုက်တာကြုံဖူးကြမယ်ထင်ပါတယ်.....အဲ့လိုအခါမျိုးမှာ ကျွန်တော်တို့သာ
မန်အချိန် မကျော်လွှားနိုင်တဲ့ ကြီးမားတဲ့ရေမြောင်းတွေကိုလည်း ဖြတ်ကျော်နိုင်ခဲ့ကြတာကိုအံ့သြ
ဖွယ်တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်.... ဒါဟာစိတ်စွမ်းအင်ပါပဲ.......

ပြောနေတာနဲ့လိုရင်းမရောက်တော့ဘူး......တကယ်ဆိုလိုချင်တာကတော့ .........မတူညီတဲ့စိတ်
ရှိတဲ့......မတူညီတဲ့မျိုးရိုး...မတူညီတဲ့အရပ်ဒေသကလူတွေတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်
လို့ဘာလို့ရနေကြပါသလဲ..

ဒါဟာ......စံဆိုတဲ့သတ်မှတ်ချက်တစ်ခုကြောင့်ပဲဖြစ်ပါတယ်......မတူညီတဲ့ စိတ်တွေကြောင့် လူတွေဟာတီထွင်ဖန်တီးမှု့ သတ်မှတ်ချက်တွေမတူညီနိုင်ပါဘူး..... ဒါကြောင့် ကွန်ပြူတာ
တွေစပေါ်ခဲ့တုန်းက ထုတ်လုပ်တဲ့ကုမ္ပဏီတွေမတူညီတဲ့အခါမှာ တစ်ခုခုပြသနာပေါ်လာတဲ့
အ ခါမှာ ကျွန်တော်တို့နီးစပ်ရာကနေ အလွယ်တကူခေါ်ယူပြုပြင်လို့မရနိုင်ပါဘူး.....သက်
ဆိုင်ရာ ကုမ္ပဏီရဲ့ ၀န်ဆောင်မှု့ကသာသက်ရောက်မှု့ရှိတာမို့ စီးပွားရေးလုပ်ငန်းတွေဟာ
လည်း ကွန်ပြူတာနဲ့အလုပ်လုပ်ဖို့တော်တော်လေးစဉ်းစားရခက်နေကြတာပေါ့ဗျာ......
ဒီလိုပဲ ကွန်ပြူတာတစ်လုံးနဲ့တစ်လုံး File တွေ Data တွေကို အလွယ်တကူထိုင်ရာကမထလွဲ
ပြောင်းနိုင်ဖို့ ရယူအသုံးပြုနိုင်ဖို့အတွက် ကွန်ရက်(Network) ချိတ်ဆက်ဖို့စတင်ခဲ့ချိန်တုန်းက
လည်း မတူညီတဲ့ Network Protocol တွေကြောင့်သက်ဆိုင်ရာကုမ္ပဏီက ကွန်ပြူတာတွေ
အချင်းချင်းပဲ ချိတ်ဆက်နိုင်ကြလို့......Network ဆိုတာကြီးက LAN(Local Area Network)
 ဆိုတဲ့ ရုံးတွင်း၊ အခန်းတွင်းထဲမှာပဲချိတ်ဆက်အသုံးပြုနိုင်ခဲ့ကြပါတယ်.....အဲ့ဒီတော့ လူတွေ
ဟာစဉ်းစားကြရင်းနဲ့ တစ်ကမ္ဘာလုံးရှိ ကွန်ပြူတာတိုင်းကို လွှမ်းခြုံလို့ ရနိုင်တဲ့ Network စံသတ်မှတ်ချက်စနစ် Internet Protocol(IP)ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်.....

Protocol ဆိုတာကတော့ Network ပေါ်မှာအသုံးပြုနိုင်တဲ့ဘာသာစကားတစ်မျိုးပဲပေါ့ဗျာ..
ဒါကြောင့် တစ်ဖက်ကွန်ပြူတာက ပေးပို့လိုက်တဲ့ (Transmit Data Package) လေးတွေကို
ဒီဘက်ကွန်ပြူတာက(Receive Data Package)တွေအဖြစ်လက်ခံနိုင်ဖို့အတွက် IP ဘာသာ
စကားအပေါ်အခြေခံပြီးခံစားသိရှိနိုင်တာပဲဖြစ်ပါတယ်........

စံစနစ်ဆိုတာကကွန်ပြူတာတွေ Network တွေမှာမှရှိတာမဟုတ်ပါဘူး။ ဘာသာစကား
တိုင်းမှာရှိသလိုမျိုး၊ အခုကျွန်တော်တို့လေ့လာနေကြတဲ့ Digital Marketing၊ Business
Management၊ Marketing Management၊ HR Management၊ Admin၊ Business
English အစရှိတဲ့ ပညာရပ်ပေါင်းများစွာမှာလည်းပါဝင်ပါတယ်။....
အဲ့ဒီစံတွေနဲ့တိုင်းတာပြီး ကျွန်တော်တို့လုပ်ဆောင်ချက်တွေအောင်မြင်တယ်မအောင်မြင်ဘူး
......သင်ထားတဲ့အရာတွေမှန်တယ်မမှန်ဘူး....လက်တွေ့လောကကြီးနဲ့ယှဉ်တွဲစဉ်းစားလုပ်
ဆောင်ကြရတာပဲမဟုတ်ပါလား.....တကယ်လို့သာ စံစနစ်တစ်ခုသာမရှိခဲ့ဘူးဆိုရင်လူသား
တွေ စက်ပစ္စည်းတွေ တီထွင်ကြံဆမှု့တွေ စာပေရေးသားခြင်း ကဗျာရေးသားခြင်းတွေကအစ
အဆင်ပြေမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်မြင်မိပါတယ်.........စံစနစ်တစ်ခုအပေါ်အခြေခံပြီး အသစ်အသစ်သောစံစနစ်ကောင်းတွေလည်းဖန်တီးနိုင်ခဲ့ကြတာလည်း အားလုံးအမြင်ပါပဲ...

နိုင်ငံတကာမှာ တိုးတက်ခေတ်မီဖို့အတွက် စူးစမ်းမှု့ သုတေသနတွေ အဆင့်ဆင့် လုပ်ဆော
င်နေကြပေမယ့် မြန်မာနိုင်ငံမှာတော့စူးစမ်းမှု့အားအလွန်းနည်းသလို သုတေသနလုပ်ငန်း
တွေကိုလည်း အားပေးမှု့ထောက်ပံ့ပေးမှု့လုံးဝမရှိသလောက်ဖြစ်နေတာဟာလည်းစိတ်မ
ကောင်းစရာအဖြစ်တွေ့မြင်ရပါတယ်..........
ဒါကြောင့် စံစနစ်ဆိုတာ နေရာတိုင်းမှာရှိပြီး လူသားတိုင်းအတွက်အရေးကြီးတာမို့လို့ စံ
စနစ်တွေဟာအရေးကြီးလာပြီဖြစ်ကြောင်းရေးသားဖော်ပြလိုက်ရပါတယ်......ကိုယ်ပိုင်
အမြင်သာဖြစ်တာမို့ အမှားပါရင်ကြိုတင်တောင်းပန်ပါရစေ......လူကြီးမင်းတို့ရဲ့အမြင်
လေးတွေကိုလည်း Comment မှာဝေမျှပေးရင်း အသိပညာတွေတိုးတက်ပွားများနိုင်စေ
ဖို့ကူညီပေးကြရန် ဖိတ်ခေါ်ပါရစေ..

Writer : Kyaw Swar Win



Share:

မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ



Self-Confidence ကိုလူတော်တော်များများသိကြလိမ့်မယ်လို့ထင်ပါတယ်။
သို့သော်လည်းလိုက်နာမှု အားနည်းရခြင်းကြောင့် အမှန်တကယ် ကိုယ်ရှိ
နေတဲ့ Level ကိုယ်သိထားတဲ့ Knowledge တွေက ကျားဖြစ်နေသော်လည်း လုပ်ဆောင်ချက်တွေမှာ ကြောင်သာသာ ဖြစ်နေရတာတွေ တွေ့ကြရမှာပါ။ 
ကျွန်တော်တို့တွေရဲ့ ဘ၀ ရှုထောင့်ကဏ္ဍပေါင်းစုံမှာ Self-Confidence ရဖို့
 နေ့စဉ်နဲ့ အမျှ လှုပ်ရှားရုန်းကန်နေကြရပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက
 လူတွေမှာ Self-Confidence ချို့တဲ့အတွက် စက်ဘီးစီးရာမှာဘီးပေါက်တယ်
ဆိုတဲ့ အပြစ်အနာအဆာလေး တစ်ချက်ကြောင့် လိုရာကို လွယ်လွယ်ကူကူ 
မရောက်နိုင်သကဲ့သို့ အောင်မြင်မှုပန်းတိုင်ကို ရရှိဖို့ ဘ၀မှာ ခက်ခဲနေကြတာ တွေ့ကြရမှာပါ။ 

ဒီလိုခက်ခဲမှုရလဒ်တွေ ကြုံတွေ့လာရပြီးနောက် အလားတူ ပန်းတိုင်မျိုး ဆွတ်
ခူးဖို့ စိတ်မပါတော့ဘဲ ကြောက်ရွံ့တွန့်ဆုတ်မှုတွေ၊ စမ်းတ၀ါးဝါး လုပ်ဆောင်
မှုတွေ၊ အလွန်အမင်း ငြင်းဆန်တောင်းပန်လာမှုတွေကို ဇောင်းပေး အသား
ပေး လာပါတော့တယ်။ ဒါဆိုသင်ဟာ ယုံလွယ်အောင်ပြောတတ်တဲ့ တစ်ပါး
သူရဲ့ စည်းရုံးမှုအောက်မှာ သူသိထားတာကိုပဲ လုပ်လုပ် မသိတာကိုပဲလုပ်
လုပ် သင်ကတော့ ထောက်ခံဖို့ အသင့်ဖြစ်နေတော့တာပါဘဲ။

Self-Confidence ကို တည်ဆောက်ဖို့ အရေးကြီးဆုံးသော အခြေခံသော့ချက်
က Courage သတ္တိပါဘဲ။ “Courage is when you are scared, and in spite
 of your fear, you do what has to be done.” ကြောက်ပင်ကြောက်သော်
လည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဟာ သတ္တိပါဘဲ။ တကယ်တော့ ယုံကြည်မှုခွန်အားရစေရန် သတ္တိရှိဖို့လိုသလို သတ္တိရှိဖို့အတွက် ယုံကြည်မှုခိုင်
ခိုင်မာမာတော့ ရှိရမှာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရားပါဘဲ။

ကျွန်တော်တို့ဟာ လူတွေကို လှုံ့ဆော်ဖို့ ငွေဆိုတာ အရေးတကြီးလိုအပ်မယ်
မထင်ဘူး။ တရားနည်းလမ်းကျတဲ့ လှုံ့ဆော်မှုရှိဖို့ အဓိကအရေးကြီးဆုံးက မိမိ
ကိုယ်မိမိ ယုံကြည်မှုတည်ဆောက် လိုက်တာပါဘဲ။ မိမိရဲ့ ပရိသတ်၊ သူငယ်
ချင်း၊ အထက်လူကြီး၊ ဖောက်သည်၊ အဆင့်အတန်းတူသူ စသဖြင့် သူတို့နဲ့ပလဲ
ပနံသင့်အောင် ပေါင်းနိုင်ဖို့ Self-Confidence ရှိကိုရှိရပါမယ်။ သူတို့ဆီက 
ယုံကြည်မှု ရရှိပြီဆိုတာနဲ့ သင်ဟာ အောင်မြင်မှု တံခါးပေါက်ရဲ့ သော့ချက်
ကို ရှာတွေ့လိုက်တာပါဘဲ။ 

Self-Confidence ရှိလာတာနဲ့ စန္ဒီမြင့်လွင် သီချင်းထဲကလို “စကားလုံးလှလှလေးနဲ့ လာမချုပ်နဲ့” မဟုတ်တော့ စကားလုံးလှလှလေးနဲ့ လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ စကားလုံးလှလှလေးတွေ ပြောတတ်ဖို့အတွက် အတိုကောက် 7C ကိုအလွယ်တကူ မှတ်သားထားနိုင်ပါတယ်။ Clear, Correct, Complete, Concise, Consistent, Courtesy, Convincing တို့ပါဘဲ။ Clear သင်ပြောတဲ့ စကားလုံးတွေက ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ 

        Correct သင်ပြောတဲ့ ရှင်းလင်းတဲ့ စကားလုံးတွေက အမှန်တွေဖြစ်ရပါမယ်။ 
Complete သင်ပြောတဲ့ အမှန်တွေက ကျစ်လစ်ပြည့်စုံရပါမယ်။ Concise သင်ပြော
တဲ့ ပြည့်စုံမှုဟာ လိုတိုရှင်းဖြစ်ရပါမယ်။ Consistent သင်ပြောတဲ့ လိုတိုရှင်းစကား
လုံးဟာ ဗရမ်းဗတာ မဟုတ်ဘဲ ရှေ့နောက်ညီရပါမယ်။ 

Courtesy သင်ပြောတဲ့ ရှေ့နောက်ညီစကာလုံးတွေဟာ တစ်ပါးသူ နားမှာ နားဝင်
ချိုပြီး ယဉ်ကျေးသိမ်မွေ့နေရပါမယ်။ Convincing သင်ပြောတဲ့ ယဉ်ကျေးသိမ်မွေ့
မှုဟာ အများ နားလည် သဘောပေါက် ယုံကြည်စိတ်ချရမယ် ဆိုတာပါဘဲ။

သင့်ရဲ့ Self-Confidence အဆင့်အတန်းကို သင့်ရဲ့ နေထိုင်မှု အလေ့အကျင့်၊ လက်ဟန်ခြေဟန် စကားပြောပုံအနေအထား၊ ဘယ်လိုစကားပြောသလဲ၊ ဘာတွေကိုပြောသလဲ စသဖြင့် နည်းလမ်းများစွာဖြင့် ပြသနိုင်ပါတယ်။

Self-Confidence ရှိသူမှာ တခြားသူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေပျက်ရယ်ပြုမှု
တွေရှိနေတာတောင်မှ မိမိယုံကြည်ရာကို လုပ်ကြတယ်။ စွန့်လွှတ်စွန့်စားလုပ်
ရတဲ့ အလုပ်မျိုးကို လိုလိုလားလားလက်ခံပြီး အောင်မြင်အောင် လုပ်ပြကြတယ်။ 

လုပ်ခဲ့သမျှ မှားယွင်းမှုတွေကို ၀န်ခံပြီး အမှားတွေထဲက သင်ခန်းစာယူတတ်ကြ
တယ်။ လုပ်ဆောင်ချက် ပြီးမြောက်မှုအပေါ် အခြားလူတွေရဲ့ ချီးကျူးထောပနာ
 ပြုမှုကို စောင့်ဆိုင်း နေတတ်ကြတယ်။ တစ်ပါးသူတွေရဲ့ ချီးမွမ်းစကားကို“ကျွန်
တော်တကယ်ပဲ အဲဒီအပေါ်မှာ ကြိုးစားပြီးလုပ်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ အရည်
အချင်းကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးပါဘဲ”လို့ ချစ်ခင်နှစ်သက်ဖွယ် ပြန်
ပြောတတ်ကြတယ်။ ဒါမှမိမိကိုမိမိ အားရကျေနပ်လာမယ်၊ယုံကြည်မှုတွေတိုးပွား
လာမယ်။

 အကောင်းထဲကအဆိုးအနေနဲ့ Over Self-Confidence မိမိကိုယ်ကိုယုံကြည်မှု လွန်ကဲလွန်းရင်လည်း ပညာလွန်တော့ မာနဖြစ်ရပါတယ်။ မောက်မာဝင့်ကြွား
တာမျိုး မဖြစ်စေဖို့ Remind သတိကပ်ဖို့တော့ လိုတာပေါ့။ Remind လုပ်ဖို့ Result ရလဒ်နဲ့ Review ပြန်လည်ဆန်းစစ်ဖို့တော့ လုပ်ရမှာပါ။

Self-Confidence နဲ့ Self-Confidence လွန်ကဲနေတတ်တဲ့ သူတွေမှာ ရှိတတ်တဲ့ ပုဂ္ဂလအရည်အချင်းတွေက ဒွန်တွဲနေတတ်တယ်။ ပြောဆိုပြုမှုပုံတွေပေါ်မူတည်ပြီး ခွဲခြားကြည့်ရမှာပါ။ အောက်ပါအချက်များဖြင့်တိုင်းတာကြည့်ပါမယ်။

1. ပုဂ္ဂိုလ်ရေး အရည်အချင်းရှိခြင်း၊
2. ဥာဏ်ပညာကြီးမားခြင်း၊
3. တရားမျှတခြင်း၊
4. စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်း၊
5. ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊
6. ပရိယာယ်ကြွယ်ဝခြင်း၊
7. သွက်လက်ဖျတ်လတ်ခြင်း၊
8. ခွန်အားကြီးမားခြင်း၊
9. ရုပ်ရည်ချောမောလှပခြင်း၊
10. အရွယ်ရောက်ခြင်း၊
11. ဥစ္စာဓနကြွယ်ဝခြင်း၊
12. မျိုးရိုးမြင့်မြတ်ခြင်း

နံပါတ်(၁)ကနေ(၇)ထိက Self-Confidence ရှိသူတွေရဲ့ Intelligence ဥာဏ်
ပညာနဲ့ Effort ကြိုးစားအားထုတ်မှုဖြစ်လို့ လုံးဝသေချာပေါက်ဖြစ်ပြီး တချို့တွေ
မှာ နံပါတ်(၈)ကနေ(၁၂)က ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းပေါ် အားကိုးပြီး Self-Confidence လွန်ကဲတတ်ကြပါတယ်။

ဟီရိသြတ္တမရှိတဲ့ အရှက်တရား non-modesty ဟာ Self-Confidence လွန်ကဲ
မှုရဲ့ ရလဒ်ပဲဖြစ်ပြီး တစ်ခုခုလုပ်ရမှာ၊ ပြောလိုက်ရမှာ၊ မိမိသွင်ပြင် အနေအထား
ကို သိမ်ငယ်ပြီး ရှက်နေတဲ့ အရှက်တရား Shame ကတော့ Low Self-Confidence
ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ Low Self-Confidence တွေရဲ့ အကြောက်တရား
နှစ်မျိုးကအကြောင်းရင်းကိုသိလို့ကြောက်တဲ့ အကြောက်တရား Fear နဲ့အကြောင်း
ရင်းလည်း မသိဘာမှန်းလဲမသိတဲ့ ခဲမှန်ဘူးတဲ့ စာသူငယ်ကဲ့သို့ အကြောက်တရား Dread တို့ဘဲဖြစ်ပါတယ်။ 

Low Self-Confidence ရှိသူတွေနဲ့ အကြောက်တရားတွေကို နေ့စဉ်တွန်းလှန်ဖို့ မိမိကိုယ်ကို လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လူဆိုတာကတော့ ပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ မရှိသေးတဲ့ ပြည့်စုံမှုအတွက် မိမိစရိုက် လက္ခဏာ Characteristic တွေ
ကို ပြင်ယူလေ့ကျင့်ယူ ရတာဖြစ်ပါတယ်။ လေ့ကျင့်မှုများလာရင် အလေ့အထ Habit ဖြစ်လာပြီး မိမိစရိုက် လက္ခဏာအနေနဲ့ အသွင် ပြောင်းသွားတော့တာပါဘဲ။ 

ကိုယ်မထိတွေ့ဘူးတဲ့ အရာ ကိုယ်မသိသေးတဲ့ အရာတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုး
မှာလည်း Low Self-Confidence ဖြစ်တတ်ကြပါတယ်။ ဒါကသဘာဝကျနိုင်ပြီး စူးစမ်းလေ့လာဖို့ သတ္တိနဲ့ အချိန်တစ်ခုတော့လိုပါလိမ့်မယ်။

Low Self-Confidence ရှိသူတွေမှာ အခြားလူ တွေးထားသမျှ ညွှန်ပြသမျှကိုပဲ 
အခြေခံပြီး ကိုယ်ပိုင်အတွေးအခေါ် မထုတ်ဘဲ အသင့်စားလုပ်ဆောင် တတ်ကြ
တယ်။ စွန့်စားမှုတွေနဲ့ ကျရှုံးသွားမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေကြုံတွေ့
ရမှာစိုးသောကြောင့် သက်သောင့် သက်သာပဲရှိတဲ့ မလုပ်မရှုပ်မပြုတ်ထဲမှာပဲ နေတတ်ကြတယ်။ အမှားတွေကို ဖုံးကွယ်ဖို့ ကြိုးစားပြီး တစုံတယောက်မသိ
ခင် ကိုယ့်ဘာသာကို ဖြေရှင်းလိုက်နိုင်မှာပဲလို့ မျှော်လင့်ထား တတ်ကြတယ်။ 

မိမိရဲ့ လက်ကိုင်တရားဟာ အခြားလူတွေကဲ့သို့ ဖြစ်နိုင်ခြေရှိကြောင်း မကြာ
ခဏဆိုသလို မိမိဘာသာထုတ်ဖော် ချီးကျူးနေတတ်တယ်။ “အဲဒါက အမှန်
တကယ်က ဘာမှမဟုတ်ပါဘူးကွာ ဘယ်သူမဆို လုပ်တတ်တာပဲ” လို့ တပါး
သူရဲ့ ချီးကျူးထောပနာပြုမှုကို ပယ်ရှားပစ်တတ်ကြတယ်။ မိမိကိုယ်ကို ကျိုးနွံ
စွာနေတာ၊ ချီးမွမ်းမခံရဲတာတွေဟာ ကြာလာတာနဲ့အမျှ Low Self-Confidence ဖြစ်လာတော့တာပါဘဲ။ မြောက်လုံးပင့်လုံးတွေကိုလည်း ကြောက်ရွံ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

လူတော်တော်များများက ကျိုးနွံစွာနေတာ သိမ်ငယ်စွာနေတာကို ရောင့်ရဲတတ်
တယ်လို့ အရှေ့တိုင်းသားတွေက မှတ်ယူပြီး အမှတ်ပေးကြတယ်။ အမှန်တ
ကယ်က အရှိကို အရှိအတိုင်းမြင်ပေးရမှာပါ၊ လူတစ်ယောက်ဟာ ချီးမွမ်းထိုက်
တယ်ဆိုရင် မြောက်လုံးပင့်လုံးမပါဘဲ ချီးမွမ်းပြီး၊ ချီးမွမ်းခံရသူဟာလည်း မိမိ
လုပ်ဆောင်ချက်အပေါ် မိမိအားရကျေနပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတွေဟာ 
ပိုပြီး တိုးတက်ဖို့ရာပဲရှိမယ်။ ပင်ကိုအရည်အချင်းထက် ကြိုးစားမှု ၀ီရိယကို အသိအမှတ်ပြုတာက ပိုကောင်းမယ်ထင်တယ်။ အရမ်းကို Sensitive ဖြစ်
လွန်းတဲ့ Low Self-Confidence ရှိသူတွေဟာ အဆိုးဆုံးပြောရရင် ပြသာနာ
ကို ရင်မဆိုင်ရဲပဲ မိမိကိုယ်ကို သေကြောင်းကြံစည်မှုကြီးတွေပါ လုပ်ကြတာ
ကို တွေ့ကြရမှာပါ။

Self-Confidence မှာ Self-efficacy မိမိကိုယ်စွမ်းကိုယ်စနှဲ့Self-esteem မိမိကိုယ်ကိုတန်ဖိုးထားမှုတို့ ရှိနေတယ်။ Self-efficacy မှာ မိမိကျွမ်းကျင်
တတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ ပန်းတိုင်ကို ရရှိမယ် လိမ့်မယ်လို့ မိမိအရည်အချင်းကို အာရုံသိဖြစ်နေကြတယ်။ လေ့လာသင်ယူမှုနဲ့ ပြင်း
ပြင်းထန်ထန် ကြိုးစားအားထုတ်ရင် အောင်မြင်လိမ့်မယ် ယုံကြည်ကြတယ်၊ 

ဒီယုံကြည်မှုပေါ်မူတည်ပြီး လူတွေကို ဦးဆောင်ဖို့ရာ ခက်ခဲလွန်းတဲ့ စိန်ခေါ်
မှုတွေနဲ့ ရင်ဆိုင်ရမယ့် အဟန့်အတားတွေရှိနေလိမ့်မယ်လို့ လက်ခံထားကြ
တယ်။ Self-esteem မှာ ယေဘုယျအားဖြင့် မိမိတို့ရဲ့ ဘ၀ရှင်သန်မှုကို နိုင်
နိုင်နင်းနင်း ထိန်းကျောင်းနိုင်မယ်၊ ပျော်ရွှင်မှုတွေ အမှန်တကယ်ရှိလာလိမ့်
မယ်လို့ အာရုံသိဖြစ်နေကြတယ်။ ပျော်ရွှင်မှုတွေရဖို့ရာ အသိလေးမြင့်ဖို့ တန်ဖိုးထားလာကြတယ်။ မိမိကိုယ်ကိုတန်ဖိုးထားလာတာနဲ့ အမျှ ယုံကြည်
မှုတွေ လက်ခံနိုင်စွမ်းတွေ မြင့်တက်လာတယ်။

How to build Self-Confidence? မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်
ဆောက်ကြမလဲ။

** ဘ၀မှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိယုံကြည်မှု တည်ဆောက်ဖို့ အချက်တွေကတော့

(၁) ဘာတွေကို အောင်မြင်ခဲ့ဖူးပြီးပြီလဲဆိုတာကို မြင်ကြည့်ပါ
(၂) သင်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို သုံးသပ်ကြည့်ပါ (SWOT Analysis)
(၃) ဘာတွေက သင့်အတွက် အရေးကြီးဆုံးလဲဆိုတာနဲ့ ဘယ်နေရာကို သွားဖို့ သင်အလိုရှိတာလဲ တွေးပါ
(၄) သင်ရဲ့စိတ်ကို အနုတ်သဘောဆောင်တဲ့ အပြောအဆိုတွေရှောင်ကြဉ်ဖို့ တွေးပါ
(၅) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် သင့်ကိုသင် ကတိပေးပါ
(၆) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် လိုအပ်တဲ့ အသိပညာကို ရှာဖွေစုဆောင်းပါ
(၇) အခြေခံကျမယ့် အချက်အလက်တွေအပေါ်မှာသာ အာရုံစူးစိုက်ပါ
(၈) ပန်းတိုင်ကြီးကြီး မရောက်ခင် ပန်းတိုင်ငယ်လေးတွေ ခွဲထုတ်ပြီး အောင်မြင်မှု ရယူကြည့်ပါ
(၉) ကျရှုံးမှုကို ကြံ့ကြံ့ခံမယ့် စိတ်ဓာတ်မျိုး ထိန်းသိမ်းမွေးမြူပါ
(၁၀) အပေါ်က အချက်တွေကို လိုက်နာပြီး အောင်မြင်မှုဆီသို့ အရှိန်အဟုန်ဖြင့် ရွှေ့ပါ

** ဘ၀မှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစားရသူတွေနဲ့
 တွေ့ဆုံတဲ့အခါ မိမိကိုယ်မိမိ ယုံကြည်ရှိစေဖို့ နည်းလမ်းတစ်ချို့ကတော့

(၁) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှုနည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်မလှမပ မတင့်မတယ်ဖြစ်တာ၊ နောင်တရခဲ့ရတာစတဲ့ မချင့်မရဲ ဖြစ်ခဲ့ရသမျှ စာရွက်တစ်ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက် စာရွက်နဲ့ မျက်ရည်သုတ်ပစ်ပြီး အားရအောင် စုတ်ဖြဲပစ်လိုက်ပါ၊ အားလုံးကို စာရွက်ထဲမှာ မေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့်အချက်တွေကို သတ်မှတ်လုပ်ဆောင်ပါ

(၂) မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ်နားလည်ပေးနိုင်သူနဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှုတိုးစေပါတယ်

(၃) လူဆိုတာ အမှားနဲ့ ကင်းတာမှ မရှိတာ၊ ဒါကြောင့် အမှားတွေပေါ်မှာပဲ ယူကြုံးမရဖြစ်ပြီး သိမ်ငယ်မနေပါနဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး ရှေ့ချီတက်ပါ

(၄) သင့်ရဲ့ အောင်မြင်ခဲ့မှုတွေကို အဓိပ္ပါယ်ရှိရှိ သတ်မှတ်ပါ၊ လူဆိုတာက တစ်နေရာမဟုတ် တစ်နေရာထူးချွန်တာချည်းပါဘဲ၊ တစ်ချို့က အားကစားမှာတော်တယ်၊ တစ်ချို့က အနုပညာမှာတော်တယ်၊ တစ်ချို့က စာပေဗဟုသုတကောင်းတယ် စသဖြင့် မိမိကိုယ်မိမိသတ်မှတ်ပြီး အားရကျေနပ်မှု ယူပါ

(၅) မိမိမှာရှိတာတွေကို ကံအရ ဖြစ်ဖြစ်၊ ဘုရားသခင်ကပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်လိုက်ပါ၊ ပြည့်စုံတဲ့ မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနားအိမ်ကြီးမှာ နေရတာစသဖြင့် ဘ၀မှာ လူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ

(၆) အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ

(၇) တစ်ပါးသူရဲ့ ချီးမွမ်းတာကို ချီးမွန်းခံရဲပြီး အပြုံးနဲ့ ကျေးဇူးတင်ကြောင်းတုံ့ပြန်ပါ

(၈) နေ့စဉ် မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်မျက်နှာကို ကြည့်ပြီး စိတ်ပါပါ ပြုံးကြည့်ပါ

(၉) အယောင်ဆောင် ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ပါးပါး လုပ်ရပ်မျိုးကို တစ်ပါးသူကို ပျော်ရွှင်အောင်စပါ၊ မိမိလည်း ပျော်ရွှင်လာပြီး ယုံကြည်မှု တိုးလာပါလိမ့်မယ်

(၁၀) မိမိရဲ့ စံနမူနာ အလေ့အထ ကောင်းသော အလေ့အကျင့်တွေကို လိုက်နာပါ၊ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့်…. ကိုယ့်ကျင့်တရား ထိန်းကြည့်ပါ

(၁၁) ပတ်ဝန်းကျင်မှာရှိတဲ့ တပါးသူနဲ့ အပြန်အလှန် အကူအညီပေးပါ၊ ယူပါ၊ ကျေးဇူးပဲလို့ပြောပါ

(၁၂) မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှ ရှောင်ကြဉ်ပါ၊ သင့်ရဲ့ ပန်းတိုင်ကို ထိန်းသိမ်းပါ

ဒါမှ ကျွန်တော်တို့ဟာ လူအချင်းချင်း Face to Face ပြောရဲလာမယ်၊ မျက်လုံး
ချင်း Eye Contact ရှိလာမယ်၊ မိမိပေးလိုတဲ့ Message တွေဟာလည်း ပိုပြီး ယုံကြည်စိတ်ချဖွယ်ဖြစ်လာပါလိမ့်မယ်၊ ဘာသာရေး ယုံကြည်မှုတွေဟာလည်း မိမိကိုယ်မိမိ ယုံကြည်စေရတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ မိမိ
ကိုယ်မိမိ ယုံကြည်မှုတိုးပွားပြီး ဘ၀မှာ အညွှန့်တလူလူတက်နေသော လူငယ် လူရွယ်များ ဖြစ်ကြပါစေဗျာ။
.............................................................
Ucs Jugger
Share:

Monday, August 7, 2017

HR Manager လား Admin Manager လား

                အရင်တုံးကလည်း ဟောပြောပွဲတွေမှာ ကြုံရင်ကြုံသလို ခဏခဏ ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ မကြားမိလိုက်သူတွေ မသိလိုက်ရသူတွေ များနေသေးဟန်တူတော့ ထပ်ပြောရပြန်ပါပြီ။HR Manager နဲ့ Admin Manager တို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကွဲကွဲပြားပြား သိရှိထားသူ အရေအတွက်များများ ထပ်လို
နေသေးတယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာ HR နဲ့ ပတ်သက်ပြီး ပထမဦးဆုံး အင်တာဗျူးတစ်ခု ရှိခဲ့ပါ
တယ်။ အင်တာဗျူးသူကတော့ ဦးလူသာကျော်ဖြစ်ပြီး ဖြေဆိုသူကတော့ စာရေးသူ ကိုယ်တိုင်ပါဘဲ။ ၂၀၀၁ ခုနှစ်လောက်က ဖြစ်ပါတယ်။ အဲဒီတုံးက UMCCI အဖွဲ့ကြီး (UMFCCI မဖြစ်သေးပါ) ကထုတ်ဝေတဲ့ (Business) ဆိုတဲ့ မဂ္ဂဇင်းလေးအတွက် ဗျူးတာ ဖြစ်ပါတယ်။

           အဲဒီအင်တာဗျူးမှာကတည်း HR နဲ့ Admin ရဲ့ ခြားနားချက်ကို မြန်မာပြည် ပုံနှိပ်မီဒီယာလောကမှာ ပထမဦးဆုံး (dounmented) မှတ်တမ်း တင်ခဲ့ပြီးပါတယ်။ ပြီးတော့ ၂၀၀၄ ခုနှစ်မှာ MRTV4 ကနေ (Management Talk) အစီအစဉ်အတွက် ရုပ်သံရိုက်ကူးဖို့ ဆက်သွယ်လာပါတယ်။ မေးမြန်းသူက ဦးမျိုးမြတ်သူ ဖြစ်ပြီး စာရေးသူက HRM နဲ့ ပတ်သက်လို့ မြန်မာပြည်နဲ့ ပထမဦးဆုံး ရုပ်သံမီဒီယာ အစီအစဉ်အနေနဲ့ ဖြေကြားခဲ့စဉ်ကလည်း တစ်ခါ ထပ်ပြောခဲ့ပါသေးတယ်။ ပြီးတော့ ၂၀၀၇ ခုနှစ်၊ မတ်လအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ HRM Seminar ဟောစဉ်ကတစ်ခါ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှာဘဲ HRD ခေါင်းစဉ်နဲ့ ဟောပြောစဉ်က တစ်ခါ၊ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း UMFCCI မှာ(Human Capital Management) ခေါင်းစဉ်ကို ဟောပြောစဉ်က တစ်ခါထပ်ပြီး ခွဲခြားပြခဲ့ပါ
တယ်။ ဒါပေမဲ့ အခုထပ်ပြောဖို့ တောင်းဆိုလာတဲ့ အခြေအနေတွေ ရှိလာလို့ ထပ်ပြောရပြန်ပါပြီ။ HR နဲ့ Admin ရောထွေးမှုရဲ့ မူလအခြေခံ အကြောင်းအရင်း ၁၉၈၉ ခုနှစ် ကုမ္ပဏီမှတ်ပုံတင် စတင်လက်ခံလို့ ဖွဲ့စည်းခဲ့ကြစဉ်မှာ HR Manager ရာထူးနဲ့ အလုပ်စတင် လက်ခံလို့ ဖွဲ့စည်းခဲ့ကြစဉ်မှာ HR Manager ရာထူးနဲ့ အလုပ်စတင် ခန့်ထားတာ လုံးဝ(လုံးဝ) မရှိခဲ့ပါ။ အဲဒီတုံးက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ Chairman, Vice Chairman, MD,Dy-MD နဲ့ Executive Director တွေနဲ့ GM တွေ တော်တော်များများ
ဟာဌာနဆိုင်ရာ အရာရှိကြီး ဘဝကနေ အငြိမ်းစား ယူထားကြသူတွေ ဖြစ်ကြပါတယ်။ သူတို့တစ်တွေဟာ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးဌာန(Admin) ကနေ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်တယ်ဆိုတဲ့ အသိနဲ့ ခေါက်ရိုးကျိုးလာကြတော့ ကုမ္ပဏီထောင်တဲ့ အခါမှာလည်း ဝန်ထမ်းရွေးချယ် ခန့်ထားတဲ့အခါ သင်တန်းပေးဖို့ကိစ္စ ကြုံလာတဲ့အခါ၊ ခွင့်ပေးဖို့ ရှိလာတဲ့အခါ အရင် ဌာနဆိုင်ရာမှာတုံးကလိုဘဲ အုပ်ချုပ်
ရေးဌာန(Admin) ကဘဲတာဝန်ယူဆောင်ရွက်စေပါတယ်။ “ငါတို့ အရင်တုံးကလည်း ဒီလိုဘဲအောင်အောင်
မြင်မြင် လုပ်လာနိုင်ခဲ့တာပဲ” ဆိုတဲ့ သဘောထား ရှိကြပါတယ်။

          နောက်တစ်ချက်က ၁၉၈၉ ခုနှစ် ကုမ္ပဏီတွေ စတင်တည်ထောင်ခွင့် ပေးတဲ့အချိန်မှာ ကမ္ဘာ့ခေတ်မီ စီးပွားရေး စီမံခန့်ခွဲမှု ပညာတွေထဲက “လူစွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုပညာ (HRM) ဆိုတဲ့ ဘာသာရပ်
ကိုအထူးပြုပြီး ဒီပလိုမာတွေ၊ ဘွဲ့တွေ အောင်မြင်မှု ရရှိလာသူလည်း မရှိကြသေးတော့ ဝန်ထမ်းရေးရာကိစ္စ
ကို(Admin) ကဘဲ ကိုင်တွယ်နေတာ ဟုတ်သလိုလို ရှိခဲ့ပါတယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး Admin ဆိုတာ သက်မဲ့ပစ္စည်းနဲ့ပဲ ဆိုင်တယ်။ ဝန်ထမ်းဆိုတာဟာ သက်ရှိ(လူ) ဖြစ်တဲ့အတွက် (Emotion, Feeling,
Reaction)အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရှိတာမို့ အဲဒါကို နားလည်းခံစားပေးနိုင်တဲ့ (HR) သမား
တွေကပဲ တာဝန်ယူရမယ်လို့ မြန်မာပြည်အတွက် ပထမဦးဆုံး ကွဲပြားခြားနားမှုကို စာရေးသူ နေရာတော်
တော်များများမှာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ရုံးစားပွဲတင်ပေါ်က ကွန်ပြူတာတစ်လုံးကို အခြားစားပွဲပေါ် ပြောင်းရွှေ့လိုက်ရင် ကွန်ပျူတာက ဘာမှပြောမှာ မဟုတ်ပါဘူး။ ဝန်ထမ်းတစ်ယောက်ကို သူမသွားချင်
တဲ့နေရာ၊ မသွားချင်တဲ့ ဌာနခွဲတစ်ခုခုကို ဇွတ်ပြောင်းလိုက်မယ် ဆိုရင်တော့ ရွှေ့ပြောင်းသူ အထက်အရာ
ရှိကို အမိန့်စာ လက်ထဲကိုင်ပြီး ရုံးချိန်အတွင်းမှာ ကိုယ်ထိလက်ရောက် အသက်အန္တရာယ် ပေးလိုက်တာမျိုး ကြားဖူးလာရပါပြီ။

           ဒီအချက်ဟာ လူဆိုတဲ့ ဝန်ထမ်းတွေကို စားပွဲ ကုလားထိုင်၊ ဘီဒိုတွေလို သက်မဲ့ပစ္စည်း တစ်ခုအဖြစ် သဘောထားလို့ မရတော့ဘူးဆိုတဲ့ သက်သေပြလိုက်တာပါဘဲ။ သြော် လက်စသတ်တော့ သူက HR သမား မဟုတ်ပါလား နည်းနည်းတော့ ကြာပါပြီ။ ခင်မင်ရင်းနှီးရတဲ့ တပည့်တစ်ဦးက ဖုန်းဆက်လာပါတယ်။ “ဆရာ
ဆီကို ကျွန်တော်တို့ရုံးမှာ အသစ်ခန့်လိုက်တဲ့ HR Manager တစ်ယောက် လာတွေ့ပါလိမ့်မယ်။ သူလိုအပ်
တာကို တတ်နိုင်သလောက် ကူညီပေးဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ချိန်းဆိုထားတဲ့ နေ့ရက်၊ ချိန်းဆိုထား
တဲ့အချိန်နာရီမှာ အဲဒီပုဂ္ဂိုလ် ရောက်လာပါတယ်။ အပြန်အလှန် မိတ်ဆက်ကြပြီးတော့ ကျွန်တော်က မေးပါ
တယ်။ အရင် HR အလုပ်ကို ဘယ်မှာ လုပ်ခဲ့ဘူးပါသလဲ။ HR ပညာကို ဘယ်မှာ သင်ခဲ့ပါသလဲ ဆိုတာပါ။

     သူက အရင် Hotel ကြီးတစ်ခုမှာ HR Manager လုပ်ခဲ့ကြောင်း ဖြေပါတယ်။ စကားပြောရင်းပြောရင်းနဲ့ သူအရင်အလုပ်မှာ ဘယ်ဝန်ထမ်းတွေကို ဘယ်လိုနှိပ်ကွပ် ကိုင်တွယ်ခဲ့တယ်၊ မလှုပ်နိုင်အောင် ဘယ်လို ထိန်းချုပ်ခဲ့တယ်ဆိုတဲ့ စကားတွေ ပါလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က သိလိုက်ပါပြီ။ သူဟာ HR သမား မဟုတ်ပါ။ “အုပ်မယ် ချုပ်မယ်” ဆိုတဲ့ Admin သမား ဖြစ်နေပါတယ်။ အဲဒါကြောင့် သူအကူအညီလာ
တောင်းတဲ့ ကိစ္စဖြစ်တဲ့ သူ့ရဲ့ လက်ထောက်အဖြစ် (HR Executive) တစ်ယောက် လာတောင်းတာကို MHR မှာရှိတဲ့ HR ဒီပလိုမာ အတန်းတွေထဲက အလုပ်လုပ်ချင်ပါတယ်လို့ ပြောထားသူ ရှိပါလျှက်နဲ့ ထည့်
မပေးလိုက်ပါ။ ကိုယ့်လူတွေ တစ်နှစ်ခွဲလောက်ကို HR ဘာသာရပ်ပေါင်း ၁၀ ခုကျော် သင်ယူဖြေဆိုလာ
ခဲ့ရတာကို ဓာတ်ကူးပြီး ပျက်သွားမှာစိုးလို့ ဖြစ်ပါတယ်။ သူလည်း HR Manager မဟုတ်ပါလား သိပ်မကြာ
ခင်အခမ်းအနားတစ်ခုမှာ တပည့်တစ်ယောက် မိတ်ဆက်ပေးလို့ ကုမ္ပဏီတစ်ခုရဲ့ HR Manager ဆိုသူနဲ့ စကားပြောဖြစ်ပါတယ်။ စာရေးသူက “ဘယ်လိုလဲ HR သမား လုပ်ရတာ ကျေနပ်အားရရဲ့လား” လို့ မေးလိုက်တော့ သူက ဒီလို ပြန်ဖြေပါတယ်။ “စိတ်ညစ်စရာ ကောင်းပါတယ် ဆရာရယ်။ ဝန်ထမ်းတွေက တစ်ယောက်ကို ပြဿနာ တစ်မျိုးစီနဲ့မို့လို့ တစ်ရက် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းနေ
တာကြောင့် ဒီအလုပ်လုပ်ရတာ စိတ်ပျက်နေပါပြီ” ကဲ မှတ်ကရော။ စာရေးသူ ချက်ခြင်း ခံစား နားလည်
မိလိုက်ပါတယ်။ လက်စသတ်တော့ သူက HR သမား မဟုတ်ပါဘူး။

            စာရေးသူ သင်တန်းတွေ တော်တော်များများမှာ ပြောလေ့ ရှိပါတယ်။ “လူလည်း လာပါ။ ပြဿနာ
လည်း ခေါ်လာပါ။ကျွန်တော် HR သမားပါ” ဆိုတဲ့ စကားလေးပါဘဲ။လူမှန်ရင် ပြဿနာနဲ့ မကင်းပါ။အနည်း
နဲ့အများ၊ အကြီးနဲ့အသေးသာ ကွာမှာပါ။ HR သမားဆိုတာ လူတွေကို စိတ်ဝင်စားသူ၊ လူတွေနဲ့ ပေါင်းသင်း
ဆက်ဆံရတာ ပျော်မွေ့သူ၊ လူတွေကို ကူညီချင်သူ၊ လူတွေ တိုးတက်အောင်မြင်တာကို ကြည့်မြင်စိတ် မရှိ
ရင် HR လုပ်ငန်းနယ်ပယ်ကနေ စောစောစီးစီး ထွက်ခွာတာက ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

    ဘာလို့လဲဆိုတော့ အဲဒီစိတ် မရှိတဲ့သူဟာ ဘာဘွဲ့ရထားပါစေ vice-president(HR) နဲ့ (Chief Human Resource Executive) ရာထူးအဆင့် တိုးဖို့မပြောနဲ့ လက်ရှိ HR မန်နေဂျာရာထူးကနေ အလုပ်ပြုတ်တော့
မှာမို့လို့ ဖြစ်ပါတယ်။ HR သမားတွေဟာ လစာဖြတ်ဖို့ဘဲ သိတယ် ဟိုတစ်လောက ကြားလိုက်ရတဲ့ သတင်း
တစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး ခံစားလိုက်ရပါတယ်။ ကုမ္ပဏီကြီး(အသစ်) တစ်ခုမှာ Boss က HR ဆိုပြီး ခန့်ထားတဲ့ အမျိုးသမီးငယ်လေး(၃) ယောက်ကို ဝန်ထမ်းတွေ ရုံးတက် နောက်ကျတာနဲ့၊ ရုံးစော
ဆင်းတာကို နာရီ၊ မိနစ် အတိအကျ မှတ်ထားပြီး လစာထုတ်တဲ့အခါ ဖြတ်ဖို့ အမိန့်ပေးထားလို့ သူတို့ခမျာမှာ ခိုင်းတဲ့အတိုင်း လုပ်ရင်းနဲ့ ကျန်တဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ ညိုညင်ဆူဆောင့်ခြင်း ခံရပြီး အလုပ်ကနေ အား
လုံး ထွက်လိုက်ကြရတဲ့ ဘဝကို ရောက်သွားရပါတယ်။ သြော် လက်စသတ်တော့ အဲဒီ Boss ရော၊ သူတို့
လေးတွေရော HR ရဲ့ အနှစ်သာရနဲ့ အခြေခံ သဘောတရားတွေ ဘာမှ မသိကြပါလားလို့ တွေးမိရင်း HR ပညာရပ်ကြီးတော့ အထင်လွဲ ခံနေရပြီလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ တကယ်တော့ နေ့စဉ် ရုံးတက်၊ ရုံး
ဆင်း ကိစ္စနဲ့၊ လစာကိစ္စဟာ HR ရဲ့ တာဝန်ဝတ္တရားတွေထဲက သေးငယ်လှတဲ့ အစိတ်အပိုင်း ဖြစ်တဲ့အပြင် HR ပညာရပ် နယ်ပယ်ကြီးထဲက အောက်ခြေအဆင့် လုပ်ရတဲ့ လုပ်ငန်းအနိမ့်စားလေး (Operational Level) လေးသာ ဖြစ်ပါတယ်။ နောက်ထပ် ရရှိတဲ့ သတင်းတစ်ခုကတော့ ကုမ္ပဏီကြီးတစ်ခုက HR Manager ကြီးဟာ တစ်ရက်တစ်ရက် နေ့စဉ် ရုံးတက်၊ ရုံးဆင်း အချိန်တွေ စစ်ဆေးရတာနဲ့၊ လစာ ဖြတ်
တောက်မှုကို အလေးအနက်ထား အချိန်ပေးပြီး အားရပါးရ လုပ်ကိုင်နေတယ် ဆိုတာပါဘဲ။

       HR Manager အတုအယောင်များ စက်ရုံမှာ အခြေခံဝန်ထမ်းငယ်(shop Floor Workers) များစွာကို အုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံ ရှိတာမို့ HR Manager ရာထူးလောက်ကတော့ ဝင်လုပ်ရင် ရတယ်ဆိုပြီး အလုပ်
လာလျှောက်တဲ့(Foremen) တစ်ယောက်ကို တွေ့ဘူးပါတယ်။ “ကျွန်တော်က ဌာနဆိုင်ရာမှာတုံးက အုပ်ချုပ်
ရေးအရာရှိ (Admin Officer) အဖြစ် လုပ်သက် အနှစ် ၂၀ ကျော် လုပ်လာခဲ့တာမို့ အခု HR Manager Post ကို လာလျှောက်တာပါလို့ ပြောသူကိုလည်း အင်တာဗျူးခဲ့ဘူးပါတယ်။ ကိုယ့်ပြိုင်ဖက် ကုမ္ပဏီမှာ (HR Department) ဖွဲ့ပြီး HR Manager ခန့်လိုက်တဲ့ သတင်းကြားလို့ Boss တစ်ယောက်က သူ့ကုမ္ပဏီက Admin Manager ကို ချက်ခြင်း HR Manager အဖြစ် ပြောင်းခန့်လိုက်တာမျိုးလည်း ကြားဘူးရပါပြီ။

       Admin အလုပ်ဟာ တာဝန်များပြား ကျယ်ပြန့်လှတာမို့ လေးစားမှု ထားရှိတာ အမှန်ဖြစ်ပေမယ့် သူက (Intuition) နဲ့ လုပ်လို့ရတယ်။ လုပ်သက် (by experience)နဲ့ လုပ်လို့လည်း တော်တော်လေး ရပါတယ်။ ဒါပေမဲ့ HR ပညာက Principles ဖြစ်လို့ သင်ယူမှကို ရပါတယ်။ မွေးကတည်းက လုံးဝ(လုံးဝ) မတတ်ခဲ့ပါ။ လုပ်ရင်းကိုင်ရင်းနဲ့ ပြည့်စုံအောင် မတတ်မြောက်နိုင်ပါဘူး။ HR ပညာဟာ Marketing ပညာလိုပါဘဲ။ စနစ်တကျ သင်ယူမှသာ အနှစ်သာရကို ရမှာပါ။

            လုပ်ငန်းခွင်ထဲမှာ သင်မယ်ဆိုရင်လည်း ရတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ခက်တာက HR ပညာကို တော်တော်လေး ခရီးပေါက်နေပြီ ဖြစ်တဲ့အချိန်က Trader Hotel ရဲ့ Director of HR ဒေါ်မဉ္စူချစ်လိုပြီးပြည့်
စုံအောင် လက်တွေ့ ကျွမ်းကျင်သူက တော်တော်လေး ရှားနေပါပြီ။ MBL နဲ့ RPMM က HR Manager တွေ
ကတော့ တော်တော်လေး HR ပညာ ပြည့်ဝကြ၊ တော်ကြပါတယ်။


 ဦးအေးကျော် (MHR) By HR Journal 14 February, 2011 - 12:59

http://news.yatanarpon.com.mm/news/article-6111

Cheap Offers: http://bit.ly/gadgets_cheap
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts