Comments

Tuesday, November 13, 2012

ကိုယ်ခံစွမ်းအားကောင်းစေမည့် နည်းငါးသွယ်


ဘဝမှာကျန်းမာပျော်ရွှင်ချင်တယ် ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊ ဘဝတက်လမ်း၊အသည်းနဲ့ ဆက်ဆံရေးတွေမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာနဲ့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ။
သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့ ဖိစီးမှုဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။   အေးငြိမ့်နေတဲ့ သံစဉ်ဟာနားမှတစ်ဆင့် စိတ်ရှုပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ စိတ်ပြေလျော့သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ။
နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကိုတွေးတော လိုက်ရင် ကြည်နူးမှုကို ပိုမိုရရှိစေပါလိမ့်မယ်။ အတိတ်ရဲ့အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။ နာနတ်သီးမှာမှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ်အများအပြား ပါဝင်နေပါတယ်။
သင့်ဘဝတက်လမ်းကို အားဖြည့်ပါ။
အနက်ရောင် ဘယ်ရီသီးပါဝင်တဲ့ နံနက်စာကို စားပေးတာက အသက်မွေးဝမ်းကြောင်းအလုပ် လုပ်ကိုင်နေသူတွေမှာတခြားသူတွေထက် တွေးခေါ်မြော်မြင်မှု ပိုကောင်းပြီးပိုအောင်မြင် ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ။
အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။ ရုရှားလေ့လာ မှုအရ အရက်အလွန်အမင်းသောက်သူတွေဟာ အသည်းထိခိုက်နှုန်းများတတ်ပေမယ့် အရက်သောက်သော် လည်း ဒိန်ချဉ်သောက်သူတွေ မှာတော့ ခန္ဓာကိုယ်ရဲ့ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်းထိခိုက် မှု နည်းတာကို တွေ့ရှိရပါတယ်။
သင့်ဆက်ဆံရေးကို အားဖြည့်ပါ။
ငြီးငွေ့ဖွယ်ရာကောင်းတဲ့ အချိန်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာစိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။ သစ်သီးဖျော်ရည်မှာပါတဲ့ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့် စိတ်လန်းဆန်းသွားပါလိမ့်မယ်။
ကျန်းမာရေးစာစောင်မှ ကူးယူဖော်ပြထားတာပါ ...အားလုံးကျန်းမာပျော်ရွင်ပါစေ...။
(Credit:နှလုံးသားအဟာရ 's Blog)
Share:

ပညာရှင်တို့အဆိုအမိန့်များ


ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ
ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

( မန်လည်ဆရာတော် )
~~~~
ကောင်းတဲ့အသိုင်းအ၀ိုင်းမှာနေချင်ရင်
ကောင်းတဲ့ အသိုင်းဝိုင်းဖြစ်လာအောင်
အားလုံးကြိုးစားဖို့ လိုအပ်ပါတယ်။
အားလုံးကောင်းဘို့ အားလုံးမှာတာဝန်ရှိပါတယ်။
(ဆရာတော် ဦးဇောတိက)
~~~~
'သားမြေးတို့တွက် ကြိုးစားစို့ '
•ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

•ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

•အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

•သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

•ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )

~~~~
Share:

ဘ၀ အာမခံချက် ရှိနိုင်သည့် ဘွဲ့များ


ဘ၀အာမခံချက် ရှိနိုင်သည့် ဘွဲ့များ

ဆရာဝန် (ဆေးနဲ့သွား)
ဆေးနဲ့ သွားကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လေ့လာသင်ယူရတာ ခက်ခဲသလို၊ ဘွဲ့ရရင်လည်း အောင်မြင်တဲ့ ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ ကတော့ ဘ၀အာမခံချက် အရှိဆုံးဘွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်း ခံနေရဆဲဖြစ်ပါတယ်။ လူဆိုတာက အိုခြင်း နာခြင်းကင်းနိုင်တဲ့သူတွေ မဟုတ်တော့ ဆရာဝန်အလုပ်ဆိုတာ ခေတ်အဆက်ဆက် အာမခံချက်ရှိနေဦးမှာပါပဲ။ လစာကလည်း အတော်လေးကောင်းတယ်။ ဗြိတိန်ငွေ ပေါင်စတာလင်နဲ့ တွက်မယ်ဆိုရင် ပေါင် ၄၀၀၀၀ လောက် တစ်နှစ်ကိုဝင်ငွေရှိတယ်။ ဒါက အောင်မြင်နေတဲ့ ဆရာဝန်ကြီးတွေရဲ့ ဝင်ငွေပါ။ ဆရာဝန်ပေါက်စတွေတောင် တစ်နှစ်ကို ပေါင် ၂၂၀၀၀ လောက်ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ပေါက်ဈေးနဲ့ တွက်ရင် တစ်ဒေါ်လာကို ၁ ဒသမ ၆၁ ပေါင်နဲ့ ညီတယ်ဆိုတော့ တစ်နှစ်ကို ဆရာဝန်တစ် ယောက်ဟာ အနိမ့်ဆုံး ဒေါ်လာ ၃၅၄၂၀ လောက်ရတယ်ဆိုတဲ့သဘောပါ။ မြန်မာငွေနဲ့ တွက်ရင်တော့ တစ်နှစ် သိန်း ၃၀၀ ကျော်ပေါ့။ ငွေရပေါက်ကောင်းပေမယ့် သင်တန်းရက်ရှာကြာ၊ သင်ယူရတာခက်ခဲ၊ အောင်မြင်ဖို့လည်းခက်တာကြောင့် ဒီအလုပ်ကို စဉ်စားကြတယ်လို့ဆိုတယ်။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်ဝင်တန်း နဲ့ အမှတ်ကိုဖြတ်ချပြီးမှ ဆရာဝန်ဖြစ်နိုင်တာဆိုတော့ ဂုဏ်ထူးများမှ စိတ်ချရတဲ့သဘော ရှိနေပါတယ်။
 ဗိသုကာ
ဗိသုကာတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေဟာ စတာလင်ပေါင် ၃၉၇၅၁ ရှိတယ်လို့ဆိုပါတယ်။ ဗိသုကာတစ်ယောက် ဖြစ်ဖို့ အနည်းဆုံး ၇ နှစ်လောက် ပညာသင်ရတယ်။ BArch သို့မဟုတ် DipArch ဘွဲ့ရမှ မဟုတ်ရင် ရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါတောင် အရည်အချင်းကစကားပြောပါ တယ်။ ကျော်ကြားရင် ကျော်ကြားသလောက် ဘ၀အတွက် အာမခံချက် ရှိတာကြောင့်လည်း ရင်းနှီးသူတွေ ဒုနဲ့ဒေးရှိတယ်လို့ သိရပါတယ်။

အင်ဂျင်နီယာ
အင်ဂျင်နီယာဆိုတဲ့နေရာမှာ လိုင်းစုံကိုပြောတာပါ။ တစ်နှစ်ပျမ်းမျှလစာ စတာလင်ပေါင် ၃၉၅၂၈ လောက်ရတယ်။ မြို့ပြ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး အားလုံးပါတယ်။  နာနိုခေတ်ဖြစ်လာတော့ နာနိုနည်းပညာဆိုင်ရာ အင်ဂျင်နီယာတွေလည်း ရေပန်းစားတယ်။ ဟိုက်ဒြို အီလက်ထရောနစ်ဆည် တည်ဆောက်ရေး စနစ်တွေကလည်း မြို့ပြအင်ဂျင်နီယာတွေအတွက် စိန်ခေါ်စရာဖြစ်လာတယ်။ နေ့စဉ်ဘ၀မှာလည်း မြက်ခင်းကို ပြုပြင်ထိန်းသိမ်းတဲ့နေရာကအစ အဝတ်လျှော်စက်ပြုပြင်တဲ့အဆုံး အင်ဂျင်နီယာတွေ၊ စက်မှုလက်မှု ပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးဖြစ်နေတာကြောင့်  အင်ဂျင်နီယာအလုပ်လည်း လူကြိုက်အများ ဆုံးဖြစ်လာရပါတယ်။ ကွန်ပျူတာလောကမှာဆိုရင်လည်း ဆော့ဖ်ဝဲအင်ဂျင်နီယာဆိုသူတွေက အရေးအပါဆုံး ဖြစ်နေပါသေးတယ်။

ဓာတုဗေဒနှင့် စွမ်းအင်အင်ဂျင်နီယာ
အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့တွေကတော့ ထိပ်ဆုံးမှာ လူကြိုက်အများဆုံး ဘွဲ့တွေဖြစ် နေပါသေးတယ်။ လက်ရှိ အမေရိကန်မှာလည်း သိပ္ပံနဲ့ နည်းပညာ ကော်မတီက ဒီပညာရပ်တွေကိုပဲ အဓိကဦးစားပေး သင်ကြားပေးရန်နဲ့ ဒီဘာသာရပ် ဘွဲ့ရတွေကို နေရာပေးရန်ဆိုတဲ့ စီမံချက်တွေကို ရေးဆွဲပြီး အကောင်အထည်ဖော်နေကြတယ်။ သူတို့ အလေးထားပုံကတော့ “အလျှင် အမြန်၊ ချက်ချင်း” အဆင့်လို့တောင် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဓာတုအင်ဂျင် နီယာဆိုတာက စွမ်းအင်နဲ့လောင်စာ အရေးပါနေတဲ့ခေတ်မှာ အလုပ်မရှားပါဘူး။ တစ်နှစ်ကို ပေါင်စတာလင် ၃၈၅၃၈ လောက်ရတယ် ဆိုတာကြည့်ရင် အရေးပါပုံကို သိနိုင်ပါတယ်။

တောင်အာရှ ဘာသာရပ်လေ့လာခြင်း
ကမ္ဘာ့ဘာသာရပ်တစ်ခုအနေနဲ့ အိန္ဒိယနဲ့ တောင်အာရှဒေသ များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို လေ့လာရန်ဆိုတာ ပိုပြီးအရေးပါလာတယ်။ ဒါကြောင့် တောင်အာရှ ဘာသာစကားတွေကို ကျွမ်းကျင်စွာတတ် မြောက်သူတွေ အလုပ်မ ရှားဖြစ်လာတယ်။  ဘာသာဗေဒဆိုင်ရာ သဘော၊ တည်ဆောက်ပုံ၊ သဒ္ဒါအသုံး အနှုန်း လေ့လာခြင်းတွေအပြင် ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာတတ်ကျွမ်းသူတွေ နေရာရလာကြပါ တယ်။ အရှေ့တောင်အာရှ ကျွမ်းကျင်သူဆိုတဲ့ ရာထူးတွေကို ပိုင်ဆိုင် ထားသူတွေ တစ်နှစ်ကို လစာ စတာလင် ပေါင် ၃၈၅၁၆ လောက်ရတာတွေ့ရပါတယ်။

ဓာတ်သတ္တု နည်းပညာကျွမ်းကျင်
ဓာတ်သတ္တုနဲ့ သဘာဝ ဓာတ်ငွေ့တူး ဖော်ရေးကို အထူးပြုယူထားသူတွေရဲ့ ၃၃ ရာခိုင်နှုန်းလောက်ဟာ ကျောင်းပြီးတာနဲ့ အလုပ်ရ တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေမှာ အကြံပေးနိုင်သူတွေ သို့မဟုတ် ကျွမ်းကျင်ပညာရှင် တွေဖြစ်လာရင် တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက်ရတယ်လို့သိရတယ်။ ဒီလောကမှာ အမြင့်ဆုံးလစာ ကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တစ်ယောက်ဆိုရင် တစ်နှစ်လစာ စတာလင်ပေါင် ၄၂၃၀၅ လောက်ရရှိတယ်လို့ဆိုပါတယ်။

ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်
ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဆိုတာက လုပ်သား အင်အားစီမံခွဲဝေနိုင်မှု၊  အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူ၊ ဝန်ထမ်းနေရာချထားရေး လုပ်ငန်းတွေမှာ ကျွမ်းကျင် သူတွေ ဖြစ်ရပါလိမ့်မယ်။ သူ့သက်ဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်ဆိုင်ရာ ဘွဲ့တွေ ရရှိထားဖို့လိုပါတယ်။ ကျွမ်းကျင်စီမံခန့်ခွဲသူတွေဟာ တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက် ရရှိကြပါတယ်။

 မြို့ပြအင်ဂျင်နီယာ
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်ကျွမ်းကျင်တွေဟာ အထူးသဖြင့် STEM (science, technology, engineering, maths) လို့ သူတို့နိုင်ငံတွေမှာ အမွှမ်းတင်ထားတဲ့ ဘာသာရပ်တွေမှာ ဘွဲ့ရ ထားသူတွေဟာ ရွှေမရှား၊ ငွေမရှားဖြစ်နိုင်ပါတယ်။ မြို့ပြအင်ဂျင်နီယာတွေကို မြို့ကြီးပြကြီးတွေမှာ အလွန်လို အပ်နေပါတယ်။ တစ်နှစ်ကို ပေါင်စတာလင် ၃၆၉၀၄ လောက်ရကြပါတယ်။


 လုပ်ငန်း အကောင် အထည်ဖော်ရေး ကျွမ်းကျင်ပညာရှင်
သူတို့ဆီမှာတော့ operational research လို့ခေါ်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ဆောင်ရန်အတွက် အဆုံးအဖြတ် ပေးနိုင်သူများလို့ လန်ကက်စတာတက္ကသိုလ် စီမံခန့်ခွဲရေး ကျောင်းကတော့ အဓိပ္ပာယ်ဖွင့်ပါတယ်။ စီးပွားရေး ဆိုင်ရာ ဘွဲ့တစ်ခုခုကို ရရှိထားပြီး  လုပ်ငန်းနယ်ပယ်၊ ဈေးကွက်စတာတွေကို ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိပြီး လုပ်ငန်းအပေါ် များစွာအထောက်အကူပြုနိုင်သူတွေလို့ သတ်မှတ်ထားခြင်းခံရပါတယ်။  တစ်နှစ်ကို ပေါင်စတာလင် ၃၆၅၄၀ လောက်ရပါတယ်။

ဂျပန်ဘာသာကျွမ်းကျင်သူ
ဂျပန်ဘာသာဟာ နိုင်ငံခြားဘာသာ လေ့လာသူတွေစာရင်းမှာ ထိပ်တန်း ၁၀ ဘာသာစာရင်းဝင်ဖြစ်လာပါပြီ။ ဂျပန် ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ အနုပညာကို လေ့လာသူတွေ များလာတဲ့အလျောက် ဂျပန် ဘာသာကို သင်ကြားပေးနိုင်သူတွေ တစ်နှစ်လစာ စတာလင်ပေါင် ၃၆၄၃၇ လောက်ရနိုင်ကြောင်း သိရပါတယ်။ ဘွဲ့ရ တဲ့အချိန်ကနေ အသက် ၆၅ နှစ်လောက်အထိ ဂျပန်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတွေကို သင်ကြားပေးတဲ့ ဆရာအဖြစ် ရပ်တည်နိုင်တာကြောင့် ဝင်ငွေကောင်းပြီး ဘ၀အတွက်ပါ အာမခံချက်ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဂျပန်မှာတော့ ဥပဒေဘွဲ့ရတွေဟာ အမှတ်စဉ် ၃၇ လောက်ချိတ်ပါတယ်။ ဘွဲ့ရ ပြီးရင် အလုပ်အများဆုံးရနိုင်တဲ့ ဘွဲ့ကလည်း ရှေ့နေအလုပ်ဖြစ်နေပါတယ်။ ၄၆ ရာခိုင်နှုန်းလောက်ရတယ်လို့ဆိုပါတယ်။
မှတ်ချက်
အထက်ပါစာရင်းဇယားများကို ထုတ်ပြန်နိုင်ရန်အတွက် HESA (Higher Education Statistics Agency) မှ ဘွဲ့ရ ကျောင်းထွက်သွားသူ ၁ ဒသမ ၅ သန်းကို မေးခွန်းများ မေးမြန်းပြီး စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် မေးမြန်းဆောင်ရွက်သူ ၅၃ ဦးကို ခန့်ထားပြီး ဘွဲ့ရသည်မှ အသက် ၆၅ နှစ်အတွင်း လေ့လာချက်အရ ပြုစုထားသည့် ရလဒ်များဖြစ်ကြောင်း သိရသည်။ အချက်အလက်များကို http://www.bestcourse4me.com/ တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။

Credit::မောက္ခပညာရေးမဂ္ဂဇင်း

From : http://www.kzarboworld.com
Share:

Wednesday, October 3, 2012

Viber for PC




ဒီကောင်လေးကတော့ Viber for pc software လေးဖြစ်ပါတယ်--- မိမိတို့ ၇ဲ့ စက်ကနေပြီးတော့ ဖုန်းကို ခော်ဆို ၇န် အတွက် ဖြစ်ပါတယ်----- ဒီကောင်လေးကို အသုံးပြုမယ်ဆို၇င် အ၇င်ဆုံးသိထား၇မှာ ကတော့ မိမိတို့ ဆက်သွယ်ချင်တဲ့သူဆီမှာ viber ၇ှိ၇မှာဖြစ်ပါတယ်(နက်ချိတ်ပြီး)။ အ၇င်ဆုံး မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ အောက်က software လေးကို  run ရ မှာဖြစ်ပါတယ်--- ကွန်ပျူတာကနေ ဖုန်းကိုခော်ဆိုနိုင်လို့ ရတဲ့အပြင် pc to pc လဲ ခော်ဆိုလို့ ၇ပါတယ်--- ကျွန်တော့်လို  ဖုန်းမကိုင်နိုင်တဲ့ သူအတွက်တော့ အဆင်ပြေတယ်ဗျ ---- free call ခော်ဆို၇တာ ဖြစ်တဲ့ အတွက် ပြည်တွင်း ကော ပြည်ပ ကော ပိုက်ပိုက် ကုန်တော့ ဘူးပေါ့ဗျာ---- message ထဲကနေလဲ ပုံတွေပါ ပိုလို့ ရပါတယ် ခင်ဗျာ----အဓိက က နက်ချိတ်ဆက် ထားဖို့ နဲ့  လိုင်းလေး ကောင်း၇င် ကို အဆင်ပြေပါတယ် ခင်ဗျာ---
လိုချင်တဲ့ သူများ အောက်က လင့်လေးကနေ download ယူလိုက်ပါ--

လုပ်ပုံလုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ်-----
အ၇င်ဆုံး software လေးကို ကလစ်နစ်ချက်ပေးပြီး run လိုက်ပါ--- အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်--- (continue) ကို ကလစ်ပေးလိုက်ပါ--


ပြီး၇င် Install ကို ကလစ်ပေးပါ----



အောက်က ပုံလေး အတိုင်း install လုပ်ပါလိမ့်မယ်-----



Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်က ပုံလေး ပေါ်လာမှာဖြစ်ပါတယ်---- (app search) ကို ကလစ်ပေးလိုက်ပါ------


search box လေးထဲမှာ viber လို့ ၇ိုက်ထည့်ပါ---ပြီး၇င် enter ခေါက်လိုက်ပါ---



အောက်က လိုမျိုး viber free call လေးကို ကလစ်ပေးလိုက်ပါ---



ပြီး၇င်တော့ အောက်က ပုံလေး အတိုင်းသူဘာသာ install လုပ်ပါတယ်---- ပြီးတဲ့ အခါ back arrow key ပုံလေးကို နှိပ်လိုက်ပါ-----



အောက်က လိုမျိုး home မှာ  viber လေး ပေါ်လာမှာဖြစ်ပါတယ်--- ပြီး၇င်တော့ အဲကောင်လေးကို ဖွင့်လိုက်ပါ-----



အပေါ်က အဆင့်တွေ အကုန်ပြီးသွားပြီဆို၇င်တော့ Viber လုပ်ပုံလုပ်နည်းလေး အတိုင်းဆက်ပြီးလုပ်၇မှာ ဖြစ်ပါတယ်---- ဖုန်းနံပါတစ်ခုဖြည့်၇ပါတယ်--- ပြီး၇င် မိမိတို့ ၇ဲ့  viber code ကို အဲဖုန်းကို မတ်စေ့ပိုပါလိမ့်မယ့်----- ဖုန်းဆိုတဲ့ နေ၇ာမှာ မိမိတို့ ဖြည့်တဲ့ ဖုန်းဟာ နက်ချိတ်ဆက်ထားဖိုလဲ မလိုပါဘူး--- viber အကောင့်မဖောက်၇သေးတဲ့ ဖုန်းဖြစ်ဖို့ လိုပါတယ် --ဘာလိုလဲဆိုတော့ တခြားသူက မိမိကို viber ခော်မယ်ဆို၇င် မိမိဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ခော်ဆို၇မှာဖြစ်ပါတယ်---- အဲ့ချိန်မှာ မိမိတို့ ၇ဲ့ ဖုန်းကို viber call က မ၀င်ပါဘူး -- အဲဖုန်းနံပါတ်နဲ့ သုံးထားတဲ့ မိမိတို့ ကွန်ပျူတာက viber ကို ၀င်မှာဖြစ်ပါတယ်----

အားလုံးပြီ ပြီ ဆို၇င်တော့ အပေါ်က ပုံလေး အတိုင်း viber free call ခော်ဆိုလို့ ၇ပြီ ဖြစ်ပါတယ်------

From : http://soepae.blogspot.com/2012/08/viber-for-pc.html  မှကူးယူဖေါ်ပြပါသည်။
Share:

Monday, October 1, 2012

ဖုန်း free ခေါ်ကြမယ် SMS ပို့ကြမယ်


Aire Talk

Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။
 ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
Aire Talk: Free All in One Communication App အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

 Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။
 Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။
 App ကတော့ Aire Talk လို့ခေါ်ပါတယ်။
Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။
Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။

 အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့
၁. ဖုံးပြောလို့ရပါမယ်။ Voice/Video
 ၂. SMS ပို့လို့ရပါမယ်။
၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။
 ၄.Voice Message ပို့လို့ရပါမယ်။
၅. Photo တွေ ပို့လို့ရပါမယ်။
 ၆. File တွေ ပို့လို့ရပါမယ်။
၇. Location ကို Share လို့ရပါမယ်။
 Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။


Android အတွက် Direct Download Link http://www.airetalk.com/downloads/aire-android.apk Google Play Store Link https://play.google.com/store/apps/details?id=com.pingshow.amper iOS အတွက် iTunes Link http://itunes.apple.com/cn/app/isingfafa/id495640197?l=en&mt=8%22








Tine Htet Aung: TSJ Tech Team
 http://www.airetalk.com/
by: TechSpace Journal
Share:

မှန်ကြည့်တိုင်း ဆားဝက်ခြံတွေကြောင့် စိတ်ညစ်မနေနဲ့တော့နော်။ ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။


ပထမဆုံးအနေနဲ့ ဆားဝက်ခြံဆိုတာ ဘာလဲဆိုတာကို လေ့လာကြရအောင်။
ဆားဝက်ခြံ တွေဟာလည်း ၀က်ခြံတွေလိုပါပဲ…… အဆီပိုတွေကြောင့် ဖြစ်လာရတာပါ။
အဆီပိုတွေဟာ ချွေးပေါက်ထဲမှာ ပိတ်မိနေပြီး ဆဲလ်အသေတွေနဲ့
ပေါင်းစပ်သွားပါတယ်။ အဲဒီကမှတဆင့် မယ်လနင်တွေ ဓာတ်တိုးပြီး မဲမဲအဆံလေးတွေ
အဖြစ် တွေ့မြင်ကြရတာပါ။ အဆီပြန်တဲ့အသားအရေရှိသူတွေနဲ့ ပေါင်းစပ်အသားအရေ
ရှိသူတွေမှာ တွေ့ရပါတယ်။ ကဲ.. ဆားဝက်ခြံ ဘာကြောင့် ဖြစ်သလဲဆိုတာကို
သိပြီဆိုတော့ ဆားဝက်ခြံတွေကို ကာကွယ်ဖို့၊ ဖယ်ရှားဖို့
နည်းလမ်းရှိသွားပါပြီ။ လွယ်လွယ်လေးပါ.. သင့်ချွေးပေါက်ထဲက အဆီပိုတွေနဲ့
ဆဲလ်အသေတွေကို မှန်မှန်ဖယ်ရှားပေးရင်ရပါပြီ။

ဆားဝက်ခြံလေးတွေကို အလွယ်တကူ တိုက်ထုတ်ကြမယ်….
- ရေနွေးနွေးလေးနဲ့တစ်ရက်ကို အနည်းဆုံး (၂)ကြိမ် မျက်နှာသစ်ပါ။
ဆားဝက်ခြံတွေကို အစပျိုးပေးတဲ့ အဆီပိုတွေ မရှိအောင်ပေါ့။ ကိုယ့်
အသားအရေနဲ့ သင့်တော်မယ့် Facial Foam ကို သုံးပေးပါ။
- ချွေးပေါက်ကျဉ်းပြီး အသားအရေ တင်းရင်းလှပနေစေဖို့ Toner ကောင်းကောင်း
သုံးဖို့လည်း မမေ့နဲ့နော်။
- Oil Free Moisture ကိုပဲ သုံးပါ။
- ဆားဝက်ခြံတွေကို မမြင်ရအောင်မိတ်ကပ် အထူကြီးလိမ်းမလို့လား။
မလုပ်လိုက်နဲ့နော်..။ မိတ်ကပ် ထူထူလိမ်းရင် ချွေးပေါက်တွေပိတ်ပြီးတော့
ပိုဆိုးလာမှာ သေချာတယ်။ Oil Free Make-UP ကိုရွေးချယ်ပါ။ အဆီပြန်ပြီး
ဝက်ခြံ၊ ဆားဝက်ခြံ ရှိသူတွေက မိတ်ကပ်ကိုလိမ်းတာ နည်းလေ ကောင်းလေပါဘဲ။ The
Fewer you put on your face,the better!
- မိတ်ကပ်တွေ အကုန်ဖျက်ပြီးမှ အိပ်ရာဝင်ဖို့လည်း မမေ့နဲ့နော်။
- ရေကို အနည်းဆုံးတစ်နေ့ကို ရှစ်ဖန်ခွက်သောက်ပါ။ ကျန်းမာတဲ့
အသားအရေဖြစ်လာဖို့ ရေဓာတ်ကလည်း အရမ်းအရေးကြီးတယ်လေ။
- သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားဖို့လဲ လိုတယ်နော်။
- Mild Facial Scrub နဲ့ တစ်ပတ်ကိုနှစ်ကြိမ် မျက်နှာသစ်ပါ။ အဆီပိုတွေ၊
ဆဲလ်သေတွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေကို
ညီညာချောမွေ့စေပါတယ်။ Scrub နဲ့ မျက်နှာကို သန့်စင်တဲ့အခါမှာ
စက်ဝိုင်းပုံ ညင်ညင်သာသာ လေးတော့ နှိပ်ပေးဖို့တော့ လိုပါတယ်။ သတိထားရမှာက
အပြင်းစား Scrub တွေကို မသုံးမိဖို့နဲ့၊ မျက်နှာကို ညင်ညင်သာသာ
ကိုင်တွယ်ဖို့ပါ။
- အိမ်မှာလုပ်နိုင်တဲ့ Scrub နည်းလေးတွေလဲ ရှိပါတယ်။
    * ဆန်အနည်းငယ်ကို နွားနို့ထဲမှာ (၄) နာရီခန့် စိမ်ထားပါ။
    * ထို့နောက် ကြိတ်ပြီးရလာတဲ့ အနှစ်ကို Scrub အဖြစ်သုံးနိုင်ပါတယ်။
- တစ်ပတ်ကို တစ်ခါ မျက်နှာပေါင်းတင်ပါ။ အဆီပြန်သူတွေ အတွက်တော့ ရွှံ့စေး
မျက်နှာပေါင်းတင်ဆေး ဟာ အကောင်းဆုံးပါပဲ။ အလွန်အကျွံမသုံးမိဖို့
တော့လိုတယ်နော်။
- ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့ ကပ်ခွာလေးတွေ ကိုလည်း အသုံးပြုနိုင်ပါတယ်။
- ဆားဝက်ခြံတွေကို ညှစ်တတ်တဲ့ သူတွေကတော့ မညှစ်ခင်မှာ မျက်နှာကို
ရေနွေးငွေ့ခံပေးပါ။ သန့်ရှင်းတဲ့လက်နဲ့ တစ်ရှုး (သို့)
ဝါဂွမ်းကိုသုံးပြီး ညင်သာစွာညှစ်ပါ။ အားမသုံးရဘူးနော်။ အားသုံးရင်
ဆားဝက်ခြံလေးတွေက ထွက်မလာဘဲ အထဲကိုပိုဝင်သွားပြီး ပိုဆိုးနိုင်ပါတယ်။
လက်တွေ၊ တစ်ရှုးတွေ၊ ၀ါဂွမ်းတွေက မသန့်ရင်လည်း ပိုးဝင်နိုင်လို့
သန့်ရှင်းမှုကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။
- ပြီးတော့ ညှစ်ထုတ်လို့ မရရင်လည်း အတင်းမရမကညှစ်ဖို့တော့
မကြိုးစားနဲ့နော်။ နာနာတွေဖြစ်ပြီး လှလှတွေ ပျက်သွားနိုင်တယ်လေ။
- တကယ်လို့ ဆားဝက်ခြံတွေဟာ အရေပြားရဲ့ အတွင်းကျတဲ့နေရာမှာ ရှိမယ်၊
အရမ်းဆိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပဲ အားကိုးရပါလိမ့်မယ်။

ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ
- ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ
ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့
ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို
ချက်ချင်းမလိမ်းရဘူး။
- ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅
-၂၀ မိနစ်ခန့်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ
လူသုံးများပြီးအလွန်ထိရောက်မှုရှိပါတယ်။
- မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို
မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက်
ရေနွေးလေးနဲ့ ဆေးချပါ။
- ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှပ်ထအောင် ခေါက်ထားတဲ့
ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က
တစ်ရှုးလေးကပ်လိုက်ပါ။ နာရီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ
ဖြေးဖြေးလေးဆွဲခွာပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် Ok ပြီ။



 Myanmar Sky Link (Myanmar Health & Beauty Website) မှ
ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
Share:

Saturday, September 29, 2012

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး


~




ဒေါက်တာခင်လက်ျာ ~ 



            သဘာဝဖြေဆေး ရှောက်ဘီလူး
 
   ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မသွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ်တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

              ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။

                ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ ရွာပတ်ဝန်းကျင်တစ်ဝိုက်လောက်ပဲ သွားစရာရှိတာကြောင့် ကျွန်မတို့အဖွဲ့က ၇ နာရီ ထိုးလောက်ကျမှ ရွာထဲ ကော်ဖီထွက်သောက်ကြပါတယ်။

                     ကျွန်မက နောက်မှလိုက်လာမယ်ပြောလိုက်ပြီး ကျွန်မလေ့လာချင်တဲ့ ဈေးဘက်ကို ဦးတည်ပြီး တစ်ယောက်တည်း သွားလိုက်ပါတယ်။ ကျွန်မလျှောက်သွားရင်း လမ်းမတန်းကြီးရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်၊ ဆေးဆိုင်လေးတွေ စဖွင့်နေတာ တွေ့ရပါတယ်။

                      အမျိုးသမီး ပျိုပျိုရွယ်ရွယ် အသက်ကြီးပါမကျန် ဦးတည်သွားနေကြတဲ့ လမ်းကြားလေးနောက်ကို ကျွန်မ လိုက်သွားလိုက်ပါတယ်။ အမျိုးသမီးတွေဆိုတော့ ဈေးကိုပဲ သွားနေတာဖြစ်မှာပါ။

                      ကျွန်မထင်တာမမှားပါဘူး။ ကျွန်မဆယ်လှမ်းလောက်သာ လျှောက်သွားပြီးတာနဲ့ ဈေးဝင်းထဲကို ရောက်သွားပါတော့တယ်။ ဝင်လိုက်တယ်ဆိုရင်ပဲ အလယ်လူလျှောက်လမ်း တစ်ဘက်တစ်ချက်မှာ ခင်းကျင်းရောင်းချနေတဲ့ ဆိုင်တွေကို တွေ့ရတော့တာပဲ။

                     ဈေးသည်တွေက အုတ်ခုံအမြင့်မှာ ခင်းရောင်းနေတာကို တွေ့ရပါတယ်။ အခြောက်အခြမ်း၊ ဟင်းသီးဟင်းရွက်၊ မုန့်သည်တွေကို ကျွန်မ ကြည့်ရုံသာ ကြည့်သွားလိုက်ပါတယ်။ ကျွန်မတကယ် စိတ်ဝင်စားတာက ဒီလိုဈေးရုံတွေ အပြင်ဘက်ကွက်လပ်မှာ လာပြီးရောင်းတတ်ကြတဲ့ တောသည်တွေကိုပါ။

                     ကျွန်မ ဈေးရုံကထွက်လိုက်တော့ အလယ်ကွက်လပ်ထဲမှာ လူတွေက ကျိတ်ကျိတ်တိုးစည်နေပါပြီ။
                     ဟန်ကျတာပဲ။
                    ဝေးဝေး မသွားရဘဲ ဒီထဲရှိတော့ တစ်ပတ်တော့ ပတ်ကြည့်မယ်ဆိုပြီး ကျွန်မ ညာဘက်က စပတ်လိုက်ပါတယ်။

                 အလယ်ဘက်မှာ ကျောချင်းကပ် ရောင်းနေကြတာကတော့ အသားငါးတွေပါ။ ကျွန်မဝယ်နေကျ ဈေးတွေမှာရှိတတ်တဲ့ အသားငါးတန်းလို့ ခေါ်ရမှာပေါ့။ သူ့ရဲ့ဘေးပတ်လည် တစ်ဘက်တစ်ချက်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ တိုတိုထွာထွာ အသုံးအဆောင်လေးတွေ ချရောင်းနေတာ တွေ့ရပါတယ်။

                   သားငါးရောင်းတယ် ဆိုရာမှာတော့ ငါးနဲ့ပုစွန်တွေပါ။ ရန်ကုန်က ဈေးသည်တွေလိုများများစားစား ပုံရောင်းကြတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာက ကိုယ်တိုင်ဖမ်းလို့ ရတာလေးတွေ လာချရောင်းတာနဲ့ တူပါတယ်။

                   တချို့ဆိုရင် ဗန်းလေးထဲမှာ ငါးခူလေး ငါးကောင်၊ ငါးရံ့မြီးတို တစ်ကောင်၊ နှစ်ကောင်၊ ပုစွန်သေးသေး လေးတစ်ပုံ၊ နှစ်ပုံလောက်သာ တွေ့ရတာပါ။ ကျွန်မပတ်ကြည့်ရင်း တစ်တောင်လောက်ရှိတဲ့ ငါးသလောက်လေးကောင် ချရောင်းနေတာတွေ့တော့ ကျွန်မခြေထောက် အလိုလို ရပ်သွားပါတော့တယ်။
                ''အကောင်တွေက ကြီးလိုက်တာ''
                ''ရန်ကုန်မှာတောင် ဒီအရွယ် တွေ့ရခဲတယ်''
                 ''ဝယ်ပြီး ထမင်းဆိုင်မှာ ချက်ခိုင်းရင်ကောင်းမလား'' ဆိုပြီး ကျွန်မ တွေးဖြစ်သွားပါတယ်။
                 အနားရောက်သွားတော့မှ ငါးသလောက်တွေက ငါးဆားနယ်တွေမှန်း သိလိုက်ရပါတယ်။

                 ကလေး ရေစပ်စပ်စားချင်တာမို့ ဈေးမမေးဘဲ ဆက်လျှောက်သွားလိုက်ပါတယ်။
                ''ဆရာမကြီး၊ ငါးသလောက်တွေက ကိုယ်တိုင်လုပ်ထားတာပါ''
                ''စားကြည့်ပါဦး''
                ''ဒီရောက်တုန်း စားသွားပါ။ ခရမ်းချဉ်သီးနဲ့ချက်ရင် ပြေပြီး မတက်တော့ပါဘူး'' လို့ ပြောပြီး ရောင်းနေပါတော့တယ်။

                 တကယ်တော့ ကျွန်မက ငါးသလောက်စားရင် တက်တယ် ပြောပေမယ့် စားနေကျပါ။ ကြိုက်လဲကြိုက်ပါတယ်။ တက်စာမို့ ရှောင်တာမဟုတ်ပါဘူး။ ငါးဆားနယ် မစားချင်လို့ မဝယ်လိုက်တာပါ။

                 တက်စာလို့ပြောလိုက်တော့ ကျွန်မတို့အရွယ်တော်တော်များများက သွေးတိုးမှာ၊ တက်မှာ ကြောက်ကြတာကြောင့် ငါးသလောက်၊ ငါး ပြေမ၊ အုန်းနို့၊ မျှစ်ချဉ်စသည်တို့ကို ရှောင်ကြတာ သတိထားမိပါတယ်။ ကျွန်မတို့ အိမ်သားတွေ အားလုံးက အစားမရှောင်ကြပါဘူး။ သတိထား ချင့်ချိန်ပြီးတော့ စားကြတာပါ။

                 အစားအသောက် မရှောင်တဲ့သူပေမယ့် ကျွန်မ ဘန်ကောက်ရောက်စက အခက်ကြုံခဲ့ရတာပါ။ သူတို့ဟင်း တော်တော်များများက အုန်းနို့ထည့်ချက်ကြပါတယ်။ ဟင်းအရည် သောက်တောင်မှ အုန်းနို့ထည့်ချက်တာကိုး။

                  ဆိုင်တွေမှာ ကျွန်မအတွေ့များတာက ငါးပြေမ၊ မယ်ဇလီ၊ ဝက်သားနဲ့ မျှစ်ချဉ်တို့ကို အုန်းနို့နဲ့ ချက်ကြတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ငါးပြေမဆီပြန်ဟင်း ရိုးရိုးတောင် တစ်ကောင်နှစ်ကောင်ထက် ပိုပြီး မစားလိုကြဘူး။ အုန်းနို့ထည့်ချက် လိုက်ရင်တော့ လုံးဝစားဝံ့ကြမှာ မဟုတ်ပါဘူး။

                   ဝက်သားနဲ့ မျှစ်ချဉ်ဆိုလဲ သိပ်မစားရဲလှဘူး။ အုန်းနို့ပျစ်ပျစ်ရော ချက်ထားတော့ ပွဲကသိမ်းသွားတာပေါ့။ တက်ပြီးရင်း တက်သွားမယ့်ဟင်း ဖြစ်နေတာကိုး။

                   နောက်အနေကြာတော့ ထိုင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားကြတဲ့အခါမှာ မရှောင်သာတော့ ကျွန်မအုန်းနို့ပါတဲ့ ဟင်းတွေကို မြည်းစမ်းတဲ့သဘောနဲ့ စစားဖြစ်ပါတယ်။ သူတို့က အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတို့ကို အများဆုံးချက်ကြတာပါ။ ဟင်းသီးဟင်းရွက်တွေတော့ တချို့ဟင်းမှာ ရောချက်လေ့ ရှိပါတယ်။

                  ကျွန်မ ဟင်းခပ်တဲ့အခါ အနည်းအကျဉ်းသာခပ်ပြီး တခြားအုန်းနို့ မပါတာတွေစားတာကို သတိထားမိတဲ့ ထိုင်းသူငယ်ချင်းက ''ခင်အုန်းနို့ကြောက်လို့လား။ ဆီးချို၊ သွေးတိုးမရှိရင် ရဲရဲသာ စားလို့ရတယ်။ တို့တွေရဲ့ တိုင်းရင်းဆေးမှာသုံးတဲ့ Ma krut အသီးနဲ့ အရွက်(ရှောက်ဘီလူး)ကို ထည့်ချက်ထားတာ။ ရဲရဲသာစားပါ''လို့ တိုက်တွန်းနေပါတော့တယ်။

                    သူက တိုင်းရင်းဆေးလို့ ပြောလိုက်တော့ ကျွန်မသိချင်တာလေးတွေ ဆက်မေးမိသွားတာပေါ့။ သူ့ အပြောအရ Ma krut ခေါ်တဲ့ Kaffir Lime အသီးရဲ့ အခွံနဲ့ အရွက်မှာပါတဲ့အဆီက ဆေးဖက်ဝင်တာ တဲ့။ သူ့ဓာတ်ကအစာကို ကျေစေပြီး သွေးကျဆေးတွေမှာ ထည့်သုံးရတယ်လို့ ပြောပြပါတယ်။

                      ဒါကြောင့် အုန်းနို့ပါတဲ့ ဟင်းတွေမှာ Ma Krut အသီးအလုံးလိုက် အရွက်ကို ပါးပါးလှီးပြီး ထည့်ချက်ကြတယ်။ တချို့ကဆိုရင် အခွံနဲ့အရွက်ကို ကြမ်းကြမ်းဖဲ့ပြီး ချက်တာလဲ ရှိဆိုပဲ။ တချို့ဆို အရွက်လိုက် ထည့်လိုက်တာတွေ့ရသေးတယ်။

                 ဘာပဲဖြစ်ဖြစ် Ma Krut  ရဲ့ အသီးအရွက်တစ်ခုခု ပါတာကြောင့် သူတို့က အဖြေရှိတော့လဲ အုန်းနို့ဟင်းတွေကို အားရပါးရ စားရဲကြတာလို့ ကျွန်မထင်မိပါတယ်။

                သူငယ်ချင်း ပြောပြပြီးမှ ကျွန်မ သူတို့ရဲ့အုန်းနို့ထည့်ချက်ထားတဲ့ ဟင်းတွေကို လေ့လာကြည့်မိသွားပါတယ်။ သူတို့က ဟင်းထဲမှာ တကယ့်ကို Ma Krut သီးကို အလုံးလိုက်တွေ ထည့်ချက်တာတွေ့ရတယ်။ ဟင်းခပ်တဲ့အခါ ပါမလာတော့ ကျွန်မ နဂိုက မသိခဲ့ဖူးပေါ့။

                  Ma Krut အရွက်ကိုတော့ အရွက်လိုက် ထည့်ထည့်၊ ဖဲ့ပြီးထည့်ထည့်၊ ပါးပါးလေးလှီးထည့်ထည့် ဟင်းထဲမှာတွေ့နေရတော့ အရွက်သာ သုံးကြတယ်လို့ ပထမက ကျွန်မ ထင်မိခဲ့တာပါ။

                  ကျွန်မတို့ မြန်မာဟင်းတွေကို နိုင်ငံခြားသားတော်တော်များများက Very Oily- ဆီသိပ်များတယ်ဆိုပြီး လက်တွန့်ကြပါတယ်။ မြန်မာဟင်း၊ ထမင်းစားချင်တဲ့ သူငယ်ချင်းတွေ ရန်ကုန်လာတဲ့အခါ ဆီပြန်ချက်ပြီး ပန်းကန်ထဲခပ်တဲ့အခါ အနှစ်နဲ့ အသားပဲ ထည့်ပေးရပါတယ်။

                ဒီသူငယ်ချင်းတွေအဖွဲ့ပဲ ထိုင်းမှာ ထမင်းအတူသွားစားကြတော့ အုန်းနို့ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတွေ့လို့ အံ့သြနေမိတာ ခုမှ သူတို့က ရှောက်ဘီလူးထည့်ချက် ထားမှန်းသိပြီး ဒီရှောက်ဘီလူးအာနိသင်ကို သိထားတာကြောင့်ကိုး။

              အရင်အဖြေမသိခင်ကတော့ အိမ်မှာ အမေနဲ့ အဒေါ်ကို ဒီဟင်းတွေအကြောင်း ပြောတော့ ဟင်းချက်ဝါသနာပါတဲ့ မေမေက ''သမီးတို့ ဟင်းတွေကလဲ ကြောက်စရာ၊ လန့်စရာပါလား။ စားလိုက်တာနဲ့ ဗိုက်ထဲလဲရောက် သွေးနားထင်က ပေါက်ထွက်ပြီး ကိစ္စချောမယ့်ပုံပဲ'' တဲ့လေ။

                  ဟင်းချက်ကောင်းတဲ့ အဒေါ်ကတော့ ''ဒီဟင်းတွေမှာ ဖြေဆေ တစ်ခုခုတော့ သုံးထားပါလိမ့်မယ်'' လို့ ကောက်ချက်ချဖူးပါတယ်။

                 အဖြေမသိခင်ကတော့ ပဟေဠိပေါ့လေ။ အခုတော့ အဖြေသိတော့လဲ ရှင်းသွားပါပြီ။

ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

http://www.zaygwet.com/diary.php?id=40
Share:

Friday, September 28, 2012

လျှို့ဝှက် ကင်မရာကာကွယ်ရေး

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Myanmar Express
Share:

Wednesday, September 26, 2012

သွယ်လျ လှပချင်သူတို့အတွက် ဗိုက်သားလှုပ်အက



ဒေါက်တာခင်လက်ျာ ~



photo: http://www.shanghaiexpat.com

                အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းတွေနား ထောင်ကြလို့ သမီးတို့က ဘာကြောင့်  ဒီ Hip Hop သီချင်းတွေကြိုက်တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက သီချင်းဆိုတာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။ ဟုတ်မှာပါ။

             သူခေတ်နဲ့ သူလိုက်ပြီး သီချင်း နဲ့ အဆိုတော်တွေကတာ၊ ခုန်တာ၊ လှုပ်ရှားတာတွေကို ကြိုက်စမြဲပါ။ ကျွန်မတို့ခေတ်က Rock and Roll ဘုရင်လို့ တင်စားခေါ်ခဲ့ကြတဲ့ Elvis Presley ကို ကြိုက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။

            သူ့ခေတ်ပြီးသွားတော့ Pop King ဆိုပြီး ထင်ရှားတဲ့ Michael Jackson က ပေါ်လာခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများက သီချင်းနဲ့ လှုပ်ရှားမှုကို ကြိုက်စမြဲပါ။

              သီချင်းနဲ့ အကအကြောင်းတွေးမိရင်း ကျွန်မအလုပ်တာဝန်နဲ့ ဗီယက် နမ်၊ ဟိုင်နွမ်းမြို့မှာ ရှိစဉ်က ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ဂျပန်အမျိုးသမီး သူငယ် ချင်း Juniကို မျက်စိထဲမြင်မိသွားပါတယ်။

            တစ်နေ့ ဟိုင်နွမ်းမြို့ထဲမှာ Juni ကို ကျွန်မတွေ့လိုက်တော့ သူ့ကို ဖြုန်းခနဲ မမှတ်မိပါဘူး၊ လှမ်းလှမ်းက စမြင်ကတည်းက ကျွန်မစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာပါ။ သူ့ကိုအရင် ကျွန်မသိခဲ့စဉ်က Juni က ဝဝကစ်ကစ် လုံးလုံးလေးနဲ့ အင်မတန်သွက်လက်ပြီး ချစ်စရာကောင်းသူပါ။ အခုတော့ သူက ဒီလို မဟုတ်တော့ပါဘူး။ ပိန်ပိန် သွယ်သွယ် ဖြစ်နေပါတယ်။ အနားရောက်တော့ Juni ကစပြီး ''ခင် တို့ကို မမှတ်မိဘူးလား၊ အရင် လာအိုမှာတုန်းက သိခဲ့ကြတာ လေ'' လို့ နှုတ်ဆက်ပါတယ်။ သူ့အသံ ကြားလိုက်မှ ကျွန်မ Juni ကို မှတ်မိသွားပါတော့တယ်။

              ကျွန်မက အားရက်မို့ အတော် ဖြစ်သွားပြီး Juni ကလဲ အားကြောင်း  ပြောတာနဲ့ ကျွန်မတို့နှစ်ယောက် အနီးအနားရှိ ကော်ဖီဆိုင်ကို သွား လိုက်ကြပါတယ်။

        ကျွန်မတို့ ကြာကြာစကားပြောချင်တာကြောင့် အေးအေးဆေးဆေး စကားပြောကောင်းမယ့်နေရာကို ရွေးပြီး၊ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ဆိုင်က ကော်ဖီအပြင် မုန့်တွေကပါ နာမည်ကြီးဆိုတော့ ကျွန်မတို့ မုန့်နှစ်မျိုး၊ သုံးမျိုးမှာဖြစ်သွားတယ်။

          သူက ငယ်ငယ်ကတည်းက ငြိမ်ငြိမ်မနေဘဲ အမြဲလှုပ်ရှားနေတတ် သူဆိုတော့ ဘဲလေး-Ballet အကကို  လေးငါးနှစ်လောက် သင်ခဲ့တယ်။ နောက် အပျိုဖြစ်လာတော့ ခေတ်စား နေတဲ့ Rock and Roll တို့ Cha Cha Cha တို့ကို ကပြန်သတဲ့။ တက္ကသိုလ်ရောက်တော့ စာများပြီး သိပ်မကဖြစ်တော့ဘူးလို့ ပြောပါတယ်။

             အလုပ်ထဲဝင်တော့ အများလုပ်ကြတဲ့ အဲဒီခေတ်က သိပ်ခေတ်စား ခဲ့တဲ့ Aerobic ကိုယ်လက်လှုပ်ရှား မှုကို မနက် Video တိတ်ခွေဖွင့်ပြီး TV ရှေ့မှာ ကြည့်ပြီး လုပ်ခဲ့ရသေး တယ်တဲ့။

              ရုံးအားရက်တွေမှာ ပန်းခြံထဲသွားပြီး အများနဲ့အတူ စင်မြင့်ပေါ်က လုပ်ပြနေတဲ့သူကိုကြည့်ပြီး လိုက်လုပ်ရသေးတာလဲရှိသေး။

          အဲဒီဟာမျိုး ရိုးသွားတော့တစ်ခါ တရုတ်ရိုးရာ ဖြည်းဖြည်း နှေးနှေး လှုပ်ရှားရတဲ့ Tai Chi ကို ခေတ်နဲ့ အမီတို့ ဆက်လုပ်သေးတယ်။ အဲဒီနောက်တော့ တရားအားထုတ်တဲ့ ကျင့်စဉ်တစ်မျိုးဖြစ်တဲ့ yoga ကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်း အဖြစ် လုပ်လာတော့လဲ ထုံးစံအတိုင်း တို့ဝင်နွှဲလိုက်တာပေါ့။ အဲဒါကျတော့ ဆရာဝန်က အဆင်မသင့်ရင် အရိုးတွေ အကြောတွေ ဒဏ်ဖြစ်နိုင်တယ် ဆိုလို့ ကြောက်ပြီး ဆက်မလုပ်ဘဲ ဖြတ်လိုက်တယ်လေ။

              နောက် ယူနီဆက်မှာ အလုပ် ဝင်လုပ်တော့ မကြာခဏ ခရီးထွက် ခဲ့ရတယ်။ ဟိုတိုင်းပြည်ပြောင်း၊ ဒီ တိုင်းပြည်ပြောင်းနဲ့ အလုပ်တွေက များလာပြီး ကိုယ်လက်လှုပ်ရှားမှုနည်း လာတော့တာပေါ့။ ဒါကြောင့် ခင့်ကို သိခါစ လာအိုမှာတုန်းက ဝနေတာပေါ့ သူငယ်ချင်းလို့ ရှင်းပြပါတယ်။

                အသက်လေးကလဲ ရလာတော့ ကျန်းမာရေးကို ပိုဂရုစိုက်ခဲ့ရတယ်။ ဒါကြောင့် ရောက်တဲ့နိုင်ငံတွေမှာ Health Club ဝင်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ရတယ်။ Thread mill  ပြေးလိုက်၊ စက်ဘီးစီးလိုက်ပေါ့လို့ ပြောပါတယ်။

             ဒါပေမယ့် သူ့ခမြာ အချိန်နဲ့ ငွေသာကုန်သွားတယ်။ ကိုယ်အလေး ချိန်က မကျတဲ့အပြင် တက်တောင်လာသေးတာဆိုပဲ။ ကြာတော့ စိတ် ပျက်ပြီး ဆက်မလုပ်ချင်တာနဲ့ ရပ်လိုက်သတဲ့။

               သူခွင့်နဲ့ ဂျပန်ပြန်တော့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူတို့ Belly dance အက သင်တန်း တက်နေတာကို သိပြီး လိုက်သွား လိုက်တယ်။ Belly အကက ဂျပန်မှာ ခေတ်စားလာတာဆိုပဲ။

              Juniက ကျွန်မလိုပဲ ဒီအကက အရှေ့ အလယ်ပိုင်းနိုင်ငံတွေမှာသာ ခေတ်စားတယ် ထင်မိကြတယ်။ ဘယ်ဟုတ်ပါ့မလဲ။ ၁၉၇ဝ ခုနှစ် လောက်ကတည်းက အမျိုးသမီးများရဲ့ သဘာဝအလှကို ဖော်ထုတ်တဲ့ အကဆိုပြီး အမေရိကန်နိုင်ငံမှာ ကခဲ့ကြတာတဲ့လေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9owkkxKkwmecpktdiTf-NWpD6avX8Fji3xcoK32bRiPHJFe-ttWtSIAHcirnUl3os5wngkKlxz4YanFEMPkLIVJ-srOFZsHjEN7eqwO1ToEVEwE1OOKdQ4HwRpP0_7offNLMF0b3O6YI/s400/IMG_0111.jpg            
 photo: http://propercourse.blogspot.com

Juniအပြောအရ ဒီအကက အီဂျစ်ကတစ်ဆင့် တူရကီရောက်သွားပြီး ဖင်လန်၊ သြစတေးလျ၊ ဘရာဇီး၊ ကနေဒါတို့မှာတောင် ဒီအကသင် တန်းတွေရှိပြီး ကနေကြတယ်။ ဂျပန်မှာလဲ အကသင်တန်းတွေ ဖွင့်ထားတာကြောင့် သူ့သူငယ်ချင်းတွေ သင်နေတာကို သိခဲ့ရတယ်။

          သူပြောတာ နားထောင်ရင်း ကျွန်မအရင်သိထားတဲ့ Arabian Nights  ရုပ်ရှင်တွေမှာ ကကြတဲ့ အာရပ် အမျိုးသမီးလေးတွေအစား ဂျပန်မလေးတွေ၊ အမေရိကန်မလေးတွေကို အစားထိုးကြည့်တာ အမြင်ဆန်းသလိုလို ဖြစ်နေပါတော့တယ်။

             ကျွန်မတို့ ကြည့်နေကျ ကုလားကားထဲက ဆာရီနဲ့ ကုလားမလေးတွေ ဗိုက်ကလေး၊ ချက်ကလေး ဖော်ပြီး ကကြတဲ့ စတိုင်နဲ့တော့ သိပ် မကွာလှပါဘူး။

              သူငယ်ချင်းတွေကလဲ ဆွယ်တဲ့ အပြင် သူကိုယ်တိုင် လိုက်သွားရင်း စိတ်ဝင်စားတာကြောင့် အခြေခံ သင်တန်းတက်ဖို့ စာရင်းသွင်းပြီး ဂျပန်ရောက်တုန်း Juni က ဘယ်လီအက သင်ဖြစ်သွားတယ်။

            သူက ငယ်ငယ်က ဘဲလေး အကကို ကြာကြာလေး သင်ခဲ့တာ ဆိုတော့ ဘဲလေးအကနဲ့ ဘယ်လီ အက ကွာခြားတာကို ချက်ချင်းနား လည်လိုက်တယ်လို့ ပြောပြပါတယ်။  ဘဲလေးအကက ဇာတ်ကွက်တစ်ခုမှာ ကိုယ်က ကကွက်တစ်ခု ပါဝင်လှုပ်ရှားပြီး ကရတယ်။ ဘယ်လီအကကျတော့ တစ်ယောက်ချင်း ကိုယ့်ကိုကိုယ် ပေါ်လွင်အောင် ကသွားကြရတာတဲ့။

        နောက်တစ်ခု သူသတိထားမိတာက ဘဲလေးကစဉ်က ခြေဖျားထောက်ထောက်ပြီး ကရတာကြောင့် ခြေထိပ်လေးတွေတောင် ကွေးပြီး ပုံပျက်သွားခဲ့တယ်။ ဒီဘယ်လီကရဲ့ လှုပ်ရှားမှုက အမျိုးသမီးများ သဘာဝ လှုပ်ရှားမှုကို လိုက်ပြီး ကရတာ တဲ့။ ခန္ဓာကိုယ်ရှိ ကြွက်သားစုများကို လှုပ်ရှားပြီး ကရတာကြောင့် ကျန်းမာရေးအတွက် သိပ်အထောက်အကူ ပြုတာဆိုပဲ။

            Juni က ဘယ်လီကတဲ့အခါ ဗိုက်ရှိကြွက်သားတွေ၊ တင်ပါး၊ ရင်ပတ်၊ ခါးရိုး၊ လည်ပင်းရှိကြွက် သားများကို အတင်းအလျှော့လုပ်ပြီး ကကြရတယ်။ ဒီအခါမှာ အဆစ်တွေ အရွတ်တွေကလဲ တဖြည်းဖြည်း လှုပ်ရှားကြရပြန်တယ် တဲ့။

               ဒါကိုကြားတော့ ကျွန်မခါးနာတာကို ဆရာဝန်များ လုပ်ခိုင်းတဲ့ ကြွက်သား၊ အဆစ်လေ့ကျင့်ခန်းများ ကို မြင်မိသွားတယ်။ ကျွန်မက ကတာမဟုတ်ပေမယ့် ကြွက်သား များသန်မာလာအောင်လုပ်ရတဲ့ လေ့ကျင့်ခန်းများပါ။ Juni ပြောသလို ဒီလှုပ်ရှားမှုတွေက ကျန်းမာရေးအတွက် အထောက်အကူပြုတာကို ကျွန်မသိပြီးသားပါ။

               ဒီအက ကဖို့ တီးလုံးတို့ သီချင်း တို့ကလဲ ဆွဲဆောင်မှု အပြည့်ရှိတာလို့ သူက ဆက်ပြောပါတယ်။ သီချင်း သံကြားလိုက်ရင်ပဲ အလိုလိုကလာချင်တာဆိုပဲ။ သီချင်းတင်ဆွဲဆောင်မှုရှိတာလားလို့ မေးတော့ မဟုတ်ကြောင်း၊ အဝတ်အစားတွေ ဆင်ယင်ထုံးဖွဲ့မှုကလဲ အသားပါနေပြန်သတဲ့။

            ဒီအကက တစ်ကိုယ်လုံး နွဲ့နွဲ့ နှောင်းနှောင်း လှုပ်ရှားကရတာကြောင့်  ကတဲ့အခါ ကချက်နဲ့အတူ အသံစုံ လေးတွေ ထွက်လာအောင် ဝတ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့မှာ ခြူလေးတွေ၊ ခေါင်းလောင်း၊ ဒင်္ဂါးပြား၊ ပုတီး စေ့တွေ နှစ်သက်သလို ထည့်ချုပ်ထားကြတယ်။ ဒီတော့ ကလိုက်တိုင်း အသံတွေကမြည်ပြီး နားထောင်လို့ တစ်မျိုးကောင်း ပြန်တာပေါ့။ အသံသာမက သူ့ထက် သူလှအောင် ဒီဇိုင်းလုပ်ကြတယ်လို့ ပြောပါသေးတယ်။

            သူပြောတာနားထောင်ရင်း ဘယ်လူမျိုးပဲဖြစ်ဖြစ်အက ကကြတဲ့ အခါမှာ လှသထက်လှအောင် တီထွင်ကြတာပါ။ ဒါက လူ့သဘာဝပေကိုး၊ ကျွန်မတို့ မြန်မာအကမှာလဲ ခါးထောင်အင်္ကျီ၊ ရင်ခံ၊ ထိုင်မသိမ်းဆိုရင်လဲ ရွှေခြည်ငွေခြည်၊ ပုတီးစေ့၊ ပုလဲလုံး၊ Health Club အရောင်တွေ အမျိုးမျိုးနဲ့ လှအောင်ချုပ်ကြသေး တာပဲ။ အမျိုးသမီးသဘာဝအတိုင်း လှချင်ကြတာမဆန်းပါဘူး။



photo: http://shes-got-hips.com
 
        သူက ဒီဘယ်လီအကကို စသင်ပြီးနောက်မှာ ကိုယ်အလေးချိန်က တဖြည်းဖြည်း ကျသွားခဲ့တာဆိုပဲ။ အရင်က လေ့ကျင့်ခန်းလုပ်ဖို့ Sequin တွေ အစုံဝင်ခဲ့ဖူးတယ်။ ဘာမှ မထူးခြားဘူး။ နေ့စဉ် ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းတွေချည်း လုပ်ရတာ ငြီးငွေ့လာခဲ့တယ်။ အခု ဘယ်လီအကက သူတို့အခေါ် Raks Sharki က သူ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလို သဘော ထားလာခဲ့တယ်။ အလုပ်တွေများပြီး စိတ်ရှုပ်လာတဲ့အခါ အိမ်ပြန်ရောက်ရင် သီချင်းဖွင့်ပြီး ကလိုက်တယ်ဆိုရင် စိတ်ပေါ့ပါးသွားတာဆိုပဲ။

             ''ခင်လဲ ဒီအက ကကြည့်ပါလား။ တို့သင်ပေးမယ်၊ သိပ်မခက်ပါ ဘူး'' လို့ ပြောလိုက်တာနဲ့ ကျွန်မ အာမာန်မြို့ ယူနီဆက်မှာ တာဝန်ကျစဉ်က သိကျွမ်းခဲ့တဲ့ စာရေးမလေး မိသားစုကို သွားသတိရမိသွားတယ်။ သူ့သားငယ်က ''အန်တီ ဒီအကက သိပ်လွယ်ပါတယ်'' လို့ ပြောပြီး သင် ပေးခဲ့ပေမယ့် ကျွန်မ မတတ်ခဲ့ပါဘူး။

              အဲဒီကတည်းက ဒီအကကဖို့ စိတ်လျော့ခဲ့တာကြောင့် Juni ကို ''သူငယ်ချင်း တို့အရွယ်နဲ့ သင်လို့မဖြစ်တော့ဘူး၊ သင်ပေးမယ်ဆိုတာ ကျေးဇူးတင်ပါတယ်။ တခြားကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပဲ လုပ်တော့မယ်'' လို့ ဖြေလိုက်ရတယ်။

        ကျွန်မ အရှေ့အလယ်ပိုင်းတစ်ခွင်မှာ တာဝန်ကျတုန်းက သဲကန္တာရထဲ ကားကျွမ်းသုံးပတ်လည်ပြီး မှောက်သွားပြီးကတည်းက ရထားခဲ့တဲ့ဒဏ်ရာဟောင်းတွေကြောင့် အရိုးတွေ၊ အကြောတွေက သိပ်မကောင်း တော့လို့ ကျန်းမာရေး လေ့ကျင့်ခန်း တွေတောင် နေ့စဉ်မနည်း ကြိုးစားပြီး လုပ်နေရတာပါ။

               ဒီဘယ်လီကကိုများ ကလိုက်လို့ကတော့ အမလေးနော် တွေးတောင် မတွေးရဲပါဘူး။ တစ်ခုခုများဖြစ်သွားလို့ကတော့ လူကြားမကောင်း သူ ကြားမကောင်း ဆရာဝန်ဖြစ်လျက်နဲ့ ဒီအသက်အရွယ်ကျမှ ဘယ်လီက ကရတယ်လို့ဆိုပြီး မသနားဘဲ မေးငေါ့ကြမှာ မြင်ယောင်ပါသေးတယ်။


ဈေးကွက်ဂျာနယ် အွန်လိုင်းတွင် ဖော်ပြထားသောဆောင်းပါးဖြစ်သည်။

http://www.zaygwet.com/diary.php?id=43
Share:

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင်.သည်.အချက်မျာ;




မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
 
 
post from : facebook friend
—
Share:

Saturday, September 22, 2012

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း








မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်းအခုနော ခေတ်နဲ့ အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင် ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေး က ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှ လိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကို လေးစားလျှက်…
Good Idea


အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။

ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက် ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။PC ကနေသွားမယ် ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။

အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။
ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံ ပြီးရေးပါသည်။

ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိ လိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။


credit:http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef... မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။


DDF File အနေနဲ့သိမ်းထာခြင်းတယ်ဆို အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်ဗျ
http://www.mediafire.com/view/?3xiqpejhjb5x7my

သူငယ်ချင်းတွေ အဆင်ပြေပါစေဗျာ...
—
Share:

Monday, September 17, 2012

ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး



ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....
(ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည်လို့ အကြံပြု့ပါသည် )

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်ေလ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မော ကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန် စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ် သတ္တိကို လျော့ကျ စေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင် ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ် ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွား စေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-

အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ဒါတွေကြောင့် နေတိုင်းစားနေတယ်ဆိုပြီး ကျန်းမာရေးအတွက် ဂုဏ်ယူပြောကြားပေးလိုက်ပါလား ခင်ဗျာ။

by-Mg Mandalay
Share:

မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်

  ကိုလင်း - သလာဝတီ







မိမိတို့ Gmail ထဲကမှားဖျက်လိုက်တယ်... trash မှာလည်မတွေ့တော့ ဘူး... ဘယ်လိုမှပြန်ရှာမရတော့လျှင်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွယ်ပါတယ်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ


(1)(နောက်ပြီးတော့ setting ကို သွားပါ.....

(2) account and Import tab ထဲကို ၀င်လိုက်ပါ......

(3) add POP3 email account button ကို click လိုက်ပါ....

(4) ပြီးတာနဲ gmail အဟောင်းရဲ့ mail add ကိုထည့်လိုက်ပါ ....

(5) Next step ကို ကလစ်နှိပ်လိုက်ပါနော် ....

(6) Gmail အဟောင်းက password အဟောင်းကို ထည့်ပြီး Label Incoming massage box ရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ........

(7) ပြီးတာနဲ ကိုယ်ကြိုက်တဲ့ Dropdown မှာကိုယ်စိတ်ကြိုက် label
နာမည်ကို ပေးလိုက်နော် ...

(8) Add account မှာကလစ်နှိပ်ပြီး

(9) နာမည်ဖြည့်... Next step ကိုသွားနော်

(10) Send Verification button ကို click ပါ

(11) code ကိုထည့်ရန်နေရာနဲ Verification button တစ်ခုကျလာမယ်၊ code ကိုရရန်အတွက် မူလအကောက်ထဲ ပြန်ဝင်ပါ၊ Inbox မဟုတ် span mail ထဲသို့code နံပါတ်ပါသော မေးတစ်စောင်ရောက်ပါမယ်..

(12) code နံပါတ်ဖြည်ပြီး Verify လုပ်လိုက်ပါ မိနစ်ပိုင်းအတွင်း မေးရောက်လာပါလိပ်မယ်..

မှတ်ချက်......တော်ကြာ ဖျက်ထာတဲ့ ရည်စာစာတွေ ပြန်ပေါ်လာလို့ ကွိုင်တတ်ရင် ကျနော် မသိဘူးနော်...
ဟိဟိ
Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts