Comments

Thursday, September 7, 2017

အကောင်းမြင်သူလား အဆိုးမြင်သူလား

 ပြီးခဲ့တဲ့နှစ်က ကျွန်တော်တရုတ်ဘာသာစကားနဲ့ရေးသားထားပြီး MBA ပညာရပ်ကိုသင်ကြားပို့ချပေးနေတဲ့ Wechat Official Account တစ်ခုမှာဝင်ကြည့်ရင်းတွေ့ခဲ့ရတဲ့အကောင်းမြင်သူနဲ့ အဆိုးမြင်သူတွေကြား မတူညီတဲ့အချက်အလက်လေးတွေကို ပုံလေးတွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

သင်ဟာအကောင်းမြင်စိတ်ရှိသူတစ်ယောက်လား အဆိုးမြင်စိတ်ရှိသူတစ်ယောက်လားဆိုတာကို ပုံလေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ တကယ်လို့ကိုယ့်မှာ မကောင်းမြင်စိတ်ရှိခဲ့ရင်လည်း အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။













Share:

Wednesday, September 6, 2017

Marketing



MBAအတန်းသားတွေကို Marketingအကြောင်း စာသင်နေတယ်..Marketing Strategy ဘယ်နှစ်မျိုးရှိတယ်.. ဘာက ဘယ်လိုဆိုတာကို စာတွေ့တင် မဟုတ်ဘဲ မျက်လုံးထဲ ကွင်းခနဲ ကွက်ခနဲ မြင်ပြီး သဘောပေါက်သွားအောင် စာအုပ်ထဲက သီအိုရီတွေကို ပါတီပွဲက ကောင်မလေး အကြောင်းနဲ့ ယှဉ်ပြီး ပြောပြလိုက်တယ်..


"မင်းတို့ ပါတီပွဲတစ်ခုသွားတာ.. အဲဒီမှာ ငယ်ငယ်လှလှ ဆွဲဆောင်မှုရှိလွန်းတဲ့ မိန်းမချောလေးတစ်ယောက်ကို တွေ့လိုက်ရတယ်ဆိုပါတော့..

♥ 1. မင်းက ချက်ချင်းသွားပြီး "ငါက ချမ်းသာတယ်.. ငါ့ကို လက်ထပ်ပါ.." လို့ ပြောလိုက်တာ..

တိုက်ရိုက်စီးပွားရေး Direct Marketing လုပ်လိုက်တာပဲ..

♥ 2. အကယ်၍များ မင်းကိုယ်စား မင်းသူငယ်ချင်းက အဲဒီကောင်မလေးဆီသွားပြီး.. "ဒီကောင်က သိပ်ချမ်းသာတာ.. မင်း သူ့ကို လက်ထပ်ပါလား.." လို့ ပြောလိုက်တယ်ဆိုရင်တော့..

ဒါ ကြော်ငြာအားကိုးတာ.. Advertising ပေါ့ကွာ..

♥ 3. အဲဒီလိုတွေမှ မဟုတ်ဘဲ.. ကောင်မလေးက မင်းအနားကို လျှောက်လာပြီး.. "ရှင်က သိပ်ချမ်းသာတာပဲ.. ကျွန်မကို လက်ထပ်မလား.. " လို့ မေးလာခဲ့တယ်ဆိုရင်တော့..

ဈေးကွက်မှာ ကိုယ်က Brand Recognitionရနေပြီ.. နာမည်ရ Branded ပစ္စည်းဖြစ်နေလို့ မဆွတ်ခင်က ညွှတ်ချင်နေတာလေးတွေ ဝိုင်းနေတဲ့ သဘောပဲ တပည့်တို့ရေ....

♥ 4. နောက်ထပ် ဖြစ်နိုင်တာ တစ်ခုကတော့ကွာ..

ကောင်မလေးအနားသွားပြီး.. "ကိုယ်က အရမ်းချမ်းသာတာကွ.. မင်း ကိုယ့်ကို လက်ထပ်မလား.." လို့ မေးတာမှာ ပါးအရိုက်ခံလိုက်ရရင်တော့..

ဒါက သူ့ရဲ့ တုံ့ပြန်မှုပေါ့ကွာ.. Customer Feedbackဆိုတာ ဒါမျိုးကွ.. အခန့်မသင့်ရင် ပါး၂ဖက်လုံး ယောင်သွားမယ်..

♥ 5. မင်းက ကောင်မလေးကို "ကိုယ့်ကို လက်ထပ်မလား.. ကိုယ့်ပိုင်ဆိုင်မှုက တော်ရုံမဟုတ်ဘူးနော်.." လို့ ကြွားကောင်းတုန်းရှိသေး.. သူက သူ့ယောက်ျားခေါ်ပြီး မင်းနဲ့ မိတ်ဆက်ပေးလိုက်ရင်တော့..

ဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအား.. ချိန်ခွင်လျှာ တစ်ဖက်စောင်းနေတဲ့သဘောပဲပေါ့ကွယ်.. Market Demand and Supplyက ညီဖို့ ခက်တာကိုးကွ..

♥ 6. နောက်ထပ်အခြေအနေတစ်မျိုးက... မင်းမှာ ကောင်မလေးအနား ကပ်ပြီး "သိပ်ချမ်းသာတဲ့ ကိုယ့်လိုလူမျိုးကို မင်းလက်ထပ်မလား.." လို့တောင် မေးနိုင်တဲ့ အခွင့်အရေးမျိုး မရလိုက်သေးခင်မှာဘဲ.. မင်းရဲ့ မိန်းမက မင်းအနားကို ရောက်လာတယ်ဆိုရင်တော့...

ဈေးကွက်သစ် ဝင်ရောက်မယ့် မင်းရဲ့ အစီအစဉ်လေးတွေ အကုန်ရေစုန်မျောပြီဆိုတာ သိလိုက်သင့်ပြီ.. ဒါမျိုးက Restriction from Entering New Marketပဲ.. အလုပ်မစခင် ပြဿနာအရင်ရှင်း.. ပြဿနာမှ မရှင်းနိုင်ရင် အလုပ်မစနဲ့တော့ဆိုတာ သိထားတော့ပဲ.. "

ဒီလောက်ဆိုရင်.. Marketing Strategyက ဘာဆိုတာနဲ့ ဘယ်လိုဆိုတာ ကောင်းကောင်းသိကြရောပေါ့.. ဒီနေ့တော့ ဒီလောက်နဲ့ပဲ အတန်းဆင်းပြီကွယ်..

CD : Original Writer
Share:

Specialist လား Generalist လား



လူ့ဘ၀ရဲ့အချိန်​​တွေကအရမ်းတို​တောင်းပါတယ်​....အချို့ကပွဲမ၀င်​ခင်​ကြိုတင်​ပြင်​ဆင်​ဆိုတဲ့အတိုင်း ​လေ့လာသင်​ယူ​ပြီးမှသာ ပွဲဝင်​ကြပါတယ်​......

အဲ့ဒီ​နေရာမှာ​ ပညာဆိုတဲ့အရာ​တွေဟာ ယခင်​ကဆိုရင်​ လူသား​တွေရဲ့ ​တောင်းဆိုချက်​နည်းပါးတာ​ကြောင့်​ ဆင့်​ကဲ​ပြောင်းလဲမှု့ ဖြစ်​စဉ်​​တွေဟာလည်း ယ​နေ့​ခေတ်​လို မြန်​ဆန်​ခြင်းမရှိ​သေးပါဘူး....ပညာ​တွေမပုတ်​သိုးဘူး​ပေါ့ဗျာ....

ယ​နေ့​ခေတ်​မှာ နည်းပညာ​တွေ ဆင့်​ကဲ​ပြောင်းလဲမှု့မြန်​ဆန်​တဲ့ ဖြစ်​စဉ်​များ​ကြောင့်​ ပညာရပ်​​တွေမှာလည်း အချို့ပုတ်​သိုးလွယ်​ကုန်​ကြပါပြီ.....အဲ့ဒီအ​ကြောင်းကို ဆရာကြီးဦး​အောင်​သင်းက ကွန်​ပြူတာဝယ်​ရင်း ငြီးခဲ့ဖူးပါတယ်​....မင်းတို့ကွန်​ပြူတာအသစ်​​တွေက ​ခြောက်​လတစ်​ကြိမ်​​လောက်​ထွက်​​နေ​တော့ ငါဖြင့်​ပိုက်​ဆံစုရင်း ၀ယ်​စရာအသစ်​ဖြစ်​ရင်းမို့လိုက်​မမီ​တော့​ဘူးလို့ ဆိုခဲ့တာကိုမှတ်​မိပါ​သေးတယ်​.....

အချို့နည်းပညာ​တွေ​လေ့လာကြည့်​တဲ့အခါ သီအိုရီထဲမှာပဲ​တွေ့ပြီးအပြင်လက်​​တွေ့​လောကမှာ
သုံးမရ​တော့တာ နည်းပညာဆင့်​ကဲ​ပြောင်းလဲခြင်းအကျိုးရလဒ်​​တွေပါပဲ.....

ကျွန်​​တော်​အလုပ်​လုပ်​တဲ့အခါ အချို့ဘာမှမသိကြဘူး ... အလုပ်လုပ်ခွင့်ရလာ ကြုံလာတဲ့အခါမှာ ဟိုမေးဒီမေးလုပ်ရင်းကနေပင် သူတို့ရဲ့ လုပ်ငန်းများတွင် ကျင်လည်ကျက်စားလုပ်နိုင်ကိုင်နိုင်သွားကြ
တာကိုတွေ့ခဲ့ရပါတယ်။ ကျွန်​​တော်လည်းဘာမှမသိဘဲ ၀င်​လုပ်​ခဲ့ရတဲ့အလုပ်​​တွေရှိပါတယ်​ ။ထူးဆန်းတာက မတတ်​လို့မလုပ်​တာထက်​ လုပ်​ရင်းတတ်​​အောင်​သင်​သွားတာက ပိုမိုတတ်​လွယ်​သိလွယ်​ပြီး တကယ်​လုပ်​နို​င်​ခဲ့ကြတာပါပဲ.....

အင်္ဂလန်နိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲစီးပွားရေးပညာရှင်တစ်ဦးက"အခွင့်အရေးရရင်ခုန်ချလိုက်ပါ ပြီးမှသင်ယူပါ" ဟုပြောခဲ့ခြင်းဖြစ်ပါမယ်။ ကျွန်တော်တို့ငယ်စဉ်ကတည်းကရှေးဟောင်းအယူအ
ဆများကိုဖက်တွယ်ရင်းကြီးပြင်းလာကြတာမို့ အချို့အယူအဆများဟာ ခေတ်ကာလအခြေအနေအပေါ်မူ
တည်ပြီးပြောင်းလဲခဲ့ကြတာကို ကိုယ်တိုင်သတိမထားမိခဲ့ကြခြင်းဖြစ်ပါတယ်။

ယ​နေ့​ခေတ်​ကုမ္ပဏီလုပ်​ငန်းခွင်​​တွေမှာ အလုပ်​လုပ်​ကြတဲ့အခါ ကျွန်​​တော်​ဒါမသိဘူး မတတ်​ဘူးဆိုပြီး ငြင်း​နေလို့မရ​တော့ပါဘူးအဲ့လိုငြင်းလိုက်​ခြင်းဟာ သင့်​အခွင့်​အ​ရေးကို အခြားသူကိုလွဲ​ပေးလိုက်​တာနဲ့အတူတူပါပဲ....ယ​ခင်​ Specialist ကိုအားထားခဲ့ရာက​နေ ယခု Generalist​တွေက​ပိုမို​နေရာရလာပြီပဲ ဖြစ်​ပါတယ်​.....

ဒါ​ကြောင့်​ ဘယ်​ပညာပဲဖြစ်​ဖြစ်​ လုပ်​ရင်းနဲ့သင်​တာပိုထိ​ရောက်​မယ်​လို့ထင်​ပါတယ်​.....

Writer : Kyaw Swar Win
Share:

Search engine ရဲ့ ဆောင်ရွက်ချက်တွေက ဘာတွေလဲ



Search Engine Optimization (SEO) အကြောင်းပြောမယ်ဆိုရင်တော့ search engine ကအဓိကအကျဆုံးဖြစ်တဲ့အတွက် သူ့ရဲ့ဆောင်ရွက်ပုံတွေကို ပြန်ပြီးစဉ်းစားရပါလိမ့်မယ်။
အားလုံးသိထားသလို Search engine ဆိုတာ သူကိုယ်တိုင်က software အကြီးကြီးတခုလို့ဆိုနိုင်ပါတယ်။ အဲဒီ software ထဲမှာ သူ့အပိုင်းနဲ့သူ ဆောင်ရွက်နေတဲ့ sub-component/function/process တွေရှိပါတယ်။ အဲဒီ sub- တွေဟာ Internet searcher တွေရဲ့ query keyword/phrase (ဥပမာ-‘computer’/’myanmar website’/’how to get free domain’) တွေနဲ့ related ဖြစ်တဲ့ အကြောင်းအရာ webpages/websites တွေကို သက်ဆိုင်ရာ Algorithm တွေနဲ့ တွက်ချက်ဆန်းစစ်ပြီး အကြောင်းအရာနီးစပ်မှု အများအနည်းအလိုက် အစီအစဉ်အရ Internet user တွေရဲ့ရှေ့မှောက်ကိုပို့ဆောင်ပေးပါတယ်။ Search Engine တွေရဲ့ Result Page ရဲ့ ပထမဆုံးစာမျက်နှာရဲ့ ပထမဦးဆုံးသော link page ဟာ user ရဲ့ query keyword နဲ့ အကြောင်းအရာအနီးစပ်ဆုံး webpage ဖြစ်ပါတယ်။ အဲဒီ page ဟာ search engine တွေရဲ့ တွက်ချက်ဆန်းစစ်ချက်အရ page rank value ဟာ highest အဖြစ်ဆုံးအနေနဲ့ ထွက်လာတဲ့ အဖြေပါ။ Search engine ရဲ့အဓိက ဆောင်ရွက်ချက် function တွေကတော့-

Crawling
Web crawler (သို့) web spider (သို့) web robot လို့လည်း ခေါ်နိုင်ပါတယ်။ Crawler က Internet ထဲရှိ web server တွေထဲရှိတဲ့ webpage တွေအားလုံးကို သွားရှာပါတယ်။ အကြောင်းအရာအသစ်အဆန်း ဆိုရင်လည်း ရှာဖွေနိုင်ပါတယ်။ Popular ဖြစ်တဲ့ website တွေကစပြီးရှာပါတယ်။ Popular website ဆိုတာက အခြားသော ၀ါရင့် website များက သူ့ကို ပြန်ပြီး reference / back link လုပ်ထားတဲ့ အရေအတွက်အရ ဆုံးဖြတ်တာပါ။ Webpage တခုချင်းစီရဲ့ content တွေကို search engine database ထဲမှာ သိမ်းထားပါတယ်။ အဲဒီ page မှာ hyperlink တွေ ရှိတယ်ဆိုရင် အဲဒီ link တွေနောက်ကွယ်က webpage တွေထဲဆင်းပြီး အကြောင်းအရာတွေနဲ့ ဆက်လက်အလုပ်လုပ်ပါတယ်။ Webpage တစ်ခုပေါ်က hyperlink မှာ Internal link နဲ့ External link ဆိုပြီး ရှိပါတယ်။ Internal link ဆိုတာက same website အတွင်းရှိ other page ကို link လုပ်ထားခြင်းဖြစ်ပြီး External link က other website ရဲ့ page တခုခုကို link လုပ်ထားတာကိုဆိုလိုတာပါ။ Multi-threading technology ကို အသုံးပြုပြီး multiple website တွေကို တချိန်တည်း တပြိုင်တည်းမှာ Information အများကြီးရအောင် crawler က စုဆောင်းပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် search engines တွေဟာ website တွေရဲ့ hierarchical level သုံး၊ လေး ခုလောက်ထိပဲ ဆင်းပြီး crawl လုပ်ပါတယ်။ ဒါပေမယ့် Google ကတော့ depth level အတော်များများထိ ဆင်းပြီး အလုပ်လုပ်ပေးနိုင်ပါတယ်၊ အဲဒါကြောင့် Google ကို deep crawler လို့ သတ်မှတ်ကြပါတယ်။

Indexing
Webpage တွေရဲ့ content တွေ database ထဲစရောက်တာနဲ့ အဲဒီ content တွေထဲက မလိုအပ်တဲ့ stop word တွေဖြစ်တဲ့ a, an, the စတာတွေကို ဖယ်ထုတ်လိုက်ပြီး အဓိကကျန်တဲ့ keyword တွေကို catalog အနေနဲ့ဆောက်ပါတယ်။ ဘယ် keyword ဟာဒီ webpage မှာဘယ်နှစ်ကြိမ်တွေ့လဲဆိုတဲ့ ပါတဲ့အကြိမ်အရေအတွက်၊ Internal links အရေအတွက်၊ External links အရေအတွက်၊ back links အရေအတွက်တွေအရ sort လုပ်ပြီး သိမ်းထားပါတယ်။ Information တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ index ထောက်နိုင်အောင်ပါ။ နောက်ထပ် webpage ရောက်လာရင်လည်း သူရဲ့ content မှာပါတဲ့ keyword တွေအရ ခုနက catalog ကို update လုပ်ပါတယ်။ စာလုံးပေါင်းမှားတဲ့ word တွေ content မှာပါလာရင် တချို့ Indexer တွေဟာ dictionary လိုမျိုး lexicon တွေရဲ့ အကူအညီနဲ့ စာလုံးအမှန်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ Search engines တွေရဲ့ performance ကောင်းခြင်းဟာ index တွေကို ဘယ်လိုပုံစံနဲ့ ဆောက်ထားလဲဆိုတဲ့အပေါ်မှာ တစိတ်တပိုင်းမူတည်နေတဲ့အတွက် designer တွေဟာ Internet users တွေလိုချင်တဲ့ information တွေနဲ့ အနီးစပ်ဆုံး webpage တွေကို ပေးနိုင်ဖို့အတွက် indexing algorithms တွေကို အမြဲတမ်း optimize ဖြစ်အောင်ဆောင်ရွက်ကြပါတယ်။

Storage
Internet users တွေကို ပေးမယ့် content တွေကို retrieve လုပ်နိုင်တဲ့ ပမာဏဟာ search engines တွေမှာရှိတဲ့ storage space volume ပေါ်မှာ မူတည်နေတဲ့အတွက် Information တွေကို user ဆီကို မြန်မြန်ဆန်ဆန် အရောက်ပို့နိုင်ဖို့ Storage အပိုင်းကလည်း အရေးပါပါတယ်။ Google နဲ့ Yahoo! ဆိုရင် သူတို့ရဲ့ storage space ဟာ terabytes အထိရှိပါတယ်။

Ranking
Internet user တွေရဲ့ query keyword နဲ့ webpages တွေရဲ့ content တွေဟာ အကြောင်းအရာ ဘယ်လောက်ထိ ဆက်စပ်၊နီးစပ်မှုရှိလဲ တွက်ချက်ဖို့အတွက် algorithm အများကြီးကို သုံးရပါတယ်။ အကြောင်းအရာ ဆက်စပ်မှုအရှိဆုံး webpages တွေကို user ဆီကို ပေးနိုင်ဖို့အတွက်ပါ။ Website တခုရဲ့ page rank ကို တွက်ချက်ရာမှာ search engines တွေအနေနဲ့ အဓီကထားတဲ့ ranking factors နှစ်မျိုးရှိပါတယ်။ တမျိုးက content ပေါ်မှာ analysis လုပ်ပါတယ်၊ နောက်တမျိုးက link structure ပေါ်မှာ analysis လုပ်တာပါ။
  • Content analysis ကတော့ user က search လုပ်တဲ့ query keyword ဟာ webpage တွေပေါ်မှာ တွေ့ရတဲ့ အကြိမ်အရေအတွက် ဘယ်လောက်ရှိလဲ၊ webpage ရဲ့ title တို့ heading တို့ meta tag တို့မှာ အဲဒီ keyword သုံးထားသလား စတဲ့ အချက်အလက်တွေအရ စဉ်းစားပါတယ်။
  • Link structure analysis ကတော့ webpage တွေမှာရှိတဲ့ internal link နဲ့ external link အရေအတွက်၊ အဲဒီ့ hyper link တွေမှာ keyword သုံးထားပုံ၊ link လုပ်ထားသော webpage တွေရဲ့ popular ဖြစ်မှုအခြေအနေ၊ အခြားသော website များမှ အဲဒီ website ကို back link လုပ်ထားခြင်းရှိ၊ မရှိ၊ စသော အချက်အလက်များပေါ် အခြေခံပြီး တွက်ချက်ပါတယ်။ အကယ်၍များ search engine တွေက trusted (သို့) authorize (သို့) popular website ဟုသတ်မှတ်ထားတဲ့ website တခုခုကသာ မိမိတို့ရဲ့ website ကို link လုပ်ထားတယ် ဆိုရင် အဲဒီ back link ဟာ မိမိတို့ရဲ့ website ကိုတန်ဘိုးအရမ်းတက်စေပြီး higher page rank ရဖို့ နီးစပ်စေပါတယ်။ Authorized back link တခုရဖို့ မလွယ်ကူပေမယ့် ကြိုးစားရင် ရနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

အခုဆိုရင် စီးပွားရေးလုပ်ငန်း websites အတော်များများဟာ သူတို့ရဲ့ websites တွေကို search engines တွေမှာ higher page rank ရအောင်၊ အဲဒီ page rank ကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ထားနိုင်အောင် အထူးအာရုံစိုက်နေကြပါပြီ။ Myanmar websites များကို ရေးနေတဲ့ myanmar developers များကလည်း မိမိတို့ ဖန်တီးလိုက်တဲ့ webpage များ search engine တွေရဲ့ တွက်ချက်ဆန်းစစ်မှုတွေအောက်မှာ Organic Result Pages ရဲ့ higher page rank မှာရနိုင်အောင် သတိလက်လွတ်မဖြစ်စေဘဲ SEO tips/techniques တွေနဲ့ အသုံးချရေးစေလိုပါတယ်။
(စာဖတ်သူတွေရဲ့ comments တခုဟာ စာရေးသူကို ရှေ့တလှမ်းတက်ဖို့ ခွန်အားဖြစ်စေပြီး အရည်အသွေးကို တောက်ပြောင်စေဖို့ နည်းလမ်းကောင်းပါ)
ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

The four Essential SEO Techniques – Web Developer Must Know

1) Keyword optimization
2) Content optimization
3) Link optimization
4) Structure optimization

Share:

Mr.KyawSwar ရဲ့သူငယ်ချင်းများ

BTemplates.com

Powered by Blogger.

Contact Form

Name

Email *

Message *

Search This Blog

Blog Archive

Sponsor

ads

Recent Post

Gadget

Recent News

Pages

Popular Posts